စားမယ်ဝါးမယ် ;P

13:31 Posted by ကျောပိုးအိတ်


ဒီမုန့် ကိုကျတော့ နာမည်ပေးတတ်ဘူးရယ်။ ဒီတော့ ကျောပိုးအိတ်စားတဲ့မုန့် ပေါ့။

အဟဲ

;P



ဒါက ဒူးရင်းသီးခြောက်။ မမှည့်သေးတဲ့ ဒူးရင်းသီးကို ကြော်ထားတာ။ ဒီမှာက ဒူးရင်းသီးကို မှည့်သွားရင် (ပျော့သွားရင်) မစားဘူး။အာလူးကြော်လိုဘဲကြော်ထားတာ။ ပထမ စားကာစက အရသာမရှိဘူး။ ဒါပေမယ့် ၃ဖက်လောက်

စားပြီးဆိုတာနဲ့ မောင်ကျန်တစ်တို့ လို ဖြစ်တော့တာဘဲ။ စားလေ အရသာရှိလေဘဲ။

;)



ဒါကတော့ တရုတ်မုန့် ။ဘယ်လိုပြောရမလဲ။တရုတ်လမုန့် လိုပုံစံမျိုး။

;)



ဒါက မက်မန်းသီးရယ်၊ ဇီးသီးရယ်၊ ပြီးတော့ နို့ ချောင်းလိပ်ရယ်။

ကြိုက်တာစား။

;)



ထမင်းမစားချင်လို့ မုန့် ဝယ်ခဲ့တယ်နော်။ သူငယ်ချင်းအားလုံး လာစားကြပါလို့ …………

;)





8 comments:

Anonymous said...

အိတ်လေး

မက်မန်းပေါင်အကြိုက်ဆုံးပဲ
မက်မန်းသီးကိုလေ ထုပြီးငပိနဲ့ 
ပြန်သုပ်စားကြည့်အရမ်းကောင်းတာပဲသိလား
ဟုတ်ပါတယ် ရုံလေးတို့ကလေ ထိုင်းမှာနေဖူးတယ်လေ
ဘန်ကောက် Sukhumvit 18 မှာပါ
အဲ့ကြောင့်ထိုင်းအစားအစာကြိုက်တာပါ
ပြီးတော့မြူးလေးက အစပ်ကြိုက်တယ်လေ
ထိုင်းဟင်းတွေကစပ်တယ်လေ
ဘယ်နေရာမှာနေနေပါလေ မြန်မာပဲလေ
အားလုံးမောင်နှမတွေပါ

ချစ်တဲ့
မြူးလေး

ဇော် said...

ပိုးပိုး ကျွေးတဲ့ မုန့်တွေကို အကုန်ကို ၀ါးသွားပါတယ်ဗျာ။

ဒါနဲ့ ပရိုဖိုင်းမှာတော့ ပိုးပိုးက Male လို့ရေးထားတယ်နော်။ ယောက်ျားလား မိန်းကလေးလား ပိုးပိုးရ။ စိတ်မရှိနဲ့နော်။ သိချင်မိလို့ပါ။ =)

နေဒေးသစ် said...

မောင်ကျန်တစ်တို့ စားချင်ရယ် ..
အန်ကျီ ... ကျား မောင်ကျန် တကျို့ ရှားချင်ရယ် .. :D

နေဒေးသစ်။

ကျောပိုးအိတ် said...

မြူးရေ
ထိုင်းအစားအစာကြိုက်ရင် လာလည်နော်။ စားကောင်းတာတွေအများကြီးလိုက်ကျွေးမယ်
း)

ဇော်ရေ
တကယ်တော့ ပရိုဖိုင်းမှာ မှားနေတာဘဲ။ သတိတောင်မထားမိပါဘူးရှင်။
း)

ခုလိုပြောပေးတာ ကျေးဇူးနော်။
ကျောပိုးအိတ်က မိန်းကလေးပါရှင်။ မိန်းကလေးမှ အအိပ်မက်တဲ့ မိန်းကလေးပါ။

ဒေဒေးရေ
နေရင်းထိုင်ရင်း စကားက ဘာလို့ မပီတော့တာလဲ။
ကြက်ဖင်ဆီဗူး စားလေ။
အဟားးးးးးးးးးးး

ဂျာမုန်းဒန် said...

မုန့်တွေကအားလုံးအကြိုက်တယ်။
အ၀ကိုစားသွားပြီနော်
နောက်လဲကျွေးအုံးနော်
ခင်တဲ့
ဂျာမုန်းဒန်

rose of sharon said...

မက်မန်းသီးကြိုက်တယ်

မိုးကောင်းသူ said...

ဒူးရင်းသီးခြောက်အကြိုက်ဆုံးပဲ။ တထိုင်တည်း တထုပ်စားနိုင်တယ်။ ဘန်ကောက်က ပြန်လာတုံးက ၀ယ်ခဲ့သေးတယ်။ ခုတော့ကုန်ပေါ့။ ဒူးရင်းသီးခြောက် မြင်သာနဲ့ စားချင်တယ်နော်။

ကိုတိုးလေး said...

အမရေ အလည်လာသွားတယ်နော် အောက်မှာတွေ့တဲ့ မိုးကျီလေ ထိုင်းမုန့်လေအဲ့ဒါကိုတော့ကြိုက်တယ်။ စားလို့လည်းတော်တော်လေးကောင်းတယ်နော်။


အဆင်ပြေပါစေနော် အမ

ခင်မင်လျက်ပါ။