ကျွန်မရဲ့ အိမ်

19:40 Posted by ကျောပိုးအိတ်

ကျွန်မ အလုပ်လုပ်ရာမြို့ လေးဆီက ကျွန်မငှားနေတဲ့အိမ်လေးပါ။ ဒီအိမ်လေးမှာ ကျွန်မနေလာတာ ၃နှစ်ကျော်ပါပြီ။


အစကတော့ အိမ်ကအရမ်းကျယ်တော့ ကြောက်ပါတယ်။ ခုတော့လဲ ကိုယ့်အိမ်ကိုယ့်ယာလိုဖြစ်နေတော့ ကြောက်တော့ပါဘူး။


အိမ်က အိပ်ခန်း၂ခန်းပါတယ်။ ဧည့်ခန်း ၊မီးဖိုဆောင် ၊ ရေချိုးခန် အိမ်သာ တွဲရက်။ တော်တော်ကျယ်တယ်။

အိမ်ရှေ့ မှာ မြေပိုနည်းနည်းရှိသေးတယ်တစ်ပတ်တစ်ခါအိမ်ရှင်းကြမ်းတိုက်ရင်တော့ လက်မောင်းပြုတ်မတတ်ဘဲ။




ဒါက အိမ်ရှေ့ ။ အဲအိမ်ရှေ့ မှာရပ်ထားတာ ကျွန်မဆိုင်ကယ်မဟုတ်ဘူးနော်။ အခြားအဖွဲ့ က ဆရာဝန်တစ်ယောက်

ရဲ့ ဆိုင်ကယ်။ သူခရီးသွားနေလို့  ကျွန်မအိမ်မှာ လာထားတာ။




ဘာမှမရှိသော ကျွန်မဧည့်ခန်း။

း)

ကျွန်မက မိန်းကလေးဆိုပေမယ့် သီချင်းနားထောင်ရင် အသံကျယ်မှ နားထောင်ပျော်တယ်။ ဆောင်းဘောက်စုတာဝါသနာပါတယ်။ ဒါပေမယ့် ဆောင်းဘောက်က သေးသေးဘဲကြိုက်တယ်။ အလှူအိမ်မှာလို အကြီးကြီးတွေကြိုက်ဘူးတော့။

း)



ဒါက ၀ါယာလက်လေးပါ။

း)



ကျွန်မရဲ့ ကွန်ပျူတာ။ ဒါလေးနဲ့ က အလုပ်လုပ်တယ်။




တစ်ခါတစ်လေ အိပ်ယာထဲမှာ ထဘို့ ပျင်းနေရင် လက်တော့လေးနဲ့ ဘဲ ဘလော့တွေလျှောက်လည်ဖြစ်တယ်။

း)


11 comments:

Anonymous said...

အိမ်လေးက ချစ်စရာ ..
တော်တော်လေးလည်း ကျယ်တယ် ...
သန့်သန်ရှင်းရှင်း သပ်သပ်ရပ်ရပ်လေး ...
ဓာတ်ပုံရိုက်ဖို့ ၁ ပတ်လောက်ကြို သန့်ရှင်းရေး လုပ်ထားပုံရတယ် :D
တီဗွီနဲ့ ဆောင်းဘောက်က ဘာလို့ တစောင်းကြီး ဖြစ်နေတာလဲ ...:D
ကွန်ပြူတာရဲ့ desktop screen ကလည်း short cut တွေ များတာ ... :D
လက်တော့လည်း ၅ ရက်လောက် အချိန်ယူပြီး သန့်ရှင်းရေး လုပ်ထားပုံရတယ် ... :D
hahaha
ငယ်ချင်း စတာ ... နေချင်စရာ အိမ်လေး ...
နေချင်စရာ အဆင်တန်ဆာလေးတွေ ...
သဘောကျစရာ အသုံးအဆောင်လေးတွေနဲ့ ...

အင်း ငါတောင် ဒီလိုပို့စ်မျိုးလေး တင်ရင် ကောင်းမလား မသိ ...
တစ်ခုတော့ ရှိတယ် ... ငါ့ပို့စ် တင်ရင်တော့ ကြွက်တွေ ထွက်လာမယ် ထင်တယ် .. အဟတ် :D

နေဒေးသစ်။

Anonymous said...

အိမ်လေးက တော်တော် လေးလှတာဘဲ ရောက်ရင် လာလည်မယ်ဟေ့
ရတယ်ဟုတယ် :P

ကိုတိုးလေး said...

အိမ်လေးကတော်တော်လေးလှတာပဲနော်ရောက်ရင်တော့လာလည်မယ်နော်ရတယ်ဟုတ်နော်။

အဆင်ပြေပျော်ရွှင်ပါစေအမရေ။

အရုပ်ကလေး said...

အိမ်လေးတစ်လုံး လိုချင်မက်လို့
အငမ်းမရ စိတ်စခန်းက
ရင်ဝယ်တွယ်ငြိ ရှေ့ဆီရပ်မှ
ဆိုင်ကယ်ကိုငေး င့ါနဘေး ...
အတွေးအရေးနဲ့ လက်တစ်စုံအောက်
လက်တော့ရောက် င့ါဘလော့ခ်တစ်ခွင်
စာဖြင့်တင်ဖို့ အိမ်သို့အသယ်
လမ်းအလယ်မှာ စိတ်ကပြန်ဖေါက်
ဆောင်းဘောက်အရောက် တစ်ခေါက်တစ်ခါ
အပျောက်သာ သယ်လို့သွားတဲ့
အိမ်အတွင်းက ရှင်းဖြမှုကို ...။

အဆင်ပြေမှုများစွာ ပိုင်ဆိုင်ပါစေ ..

idulize(အရုပ်ကလေး)

ကျောပိုးအိတ် said...

ဟုတ်ဘူးဒေဒေးရ
နင်ပြောတဲ့ဆိုဖာနဲ့ က အရင်အိမ်။ အဲဒိအိမ်က ၂ထပ်လေ။

ခုအိမ်က ၁ထပ်ဘဲ။ တန်းလျှားတွေအကုန်လုံးဒီပုံစံတွေချည်းဘဲ။ ငါထက်တယ် အလုံး၂၀လောက်ဖြစ်မယ်ထင်တယ်။

တစ်ခါမှတော့ ဘယ်နှလုံးဆင်တူရှိလဲမရေတွက်ဘူးပေမယ့် လမ်းထဲဝင်လိုက်ရင် တစ်လမ်းလုံးက ရဲနေတာဘဲ။

ရုံးနဲ့ ကလဲ ၂မိနစ်ဆိုရောက်ပြီ။ ဒါတောင် လမ်းလျှောက်တာနော်။
း)

ငါအရင်ပို့ မှာပြောဘူးတယ်လေဟာ။ ငါက ဖုန်တစ်စက်ရှိတာမကြိုက်ဘူးရယ်။ အမြဲသန့် နေ စတိုင်လ်ကျနေမှလေ။

ငါကသာရုပ်ဆိုးတာ အရာအားလုံးသန့် နေမှကြိုက်တာ။
း)

လာလည်ပါဟန်လေးနဲ့ ကိုတိုးလေးရေ ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀တောင် ကလို့ ရသေး။

ကဗျာလေးစပ်ဆိုသွားတဲ့ အရုပ်ကလေးရေ ကျေးဇူးကျေးဇူး။

အားလုံးဘဲ ဂွတ်ညနော်။ အိပ်ပြီ ။

Anonymous said...

မိုက်တယ်ကွာ... လန်ထွက်နေတာပဲ၊ ကွန်ပျုတာကလဲ ၂လုံးတောင်မှ ရှယ်ပဲ သာဌေးသမီးကျနေတာပဲ၊ တလုံးလောက်လှုလိုက်ပါလား ဒီမှာ ဆိုင်မှာပဲ သွားသွား သုံးနေရတော့ မျက်နှာငယ်တယ်လေ။
ကိုယ့်ဗမာချင်းပဲ ပေးလိုက်နော်...။ ဒီကိုပို့ရလွယ်အောင် လက်တော့လေးပဲပေးပါ။ အကြီးကျတော့ သိပ်ကြီးနေတော့ ပို့ရခက်တယ်လေ... ။ အဟေဟေ ခုလောက်ဆို တက်များနေသလား..မသိ

Anonymous said...

အိတ်လေး.......
တယောက်ထဲကြောက်ဖူးလားဟင်
ကြောက်ရင်လေမြူးလေးမွေးစားလိုက်နော်
မာမီ့ဆီလာတောင်းလှည့် နော်
နေချင်တယ် သိလားချစ်လို့လေ
ဟီးးးးးးးးး များများလဲစားဖူးရယ်လေ
ပိစိလေးပဲစားတာ နေချင်စရာလေးနော်
နောက်တခန်းလဲပိုနေတာပဲလေ နော်
စဉ်းစားလေနော် အချိန်တွေရှိပါသေးတယ်

ဟဟဟဟဟဟဟဟဟီးးးးးး

ချစ်တဲ့
မြူးလေး

ကျောပိုးအိတ် said...

ရပါ့တော် ကိုယ့်ဗမာအချင်းချင်းဘဲနော့။ မရှိတဲ့သူ လှူရတာ ကုလိုလ်တောင်ရသေးတယ်။ ခုချိန်ထိတော့ နမြောတသစွာနဲ့ တတ်သေးပါဘူးကိုအိမ်ကြီးရာ။
ဟားဟားဟား။

လာခဲ့လေမြူးလေးရေ။
အိတ်လေးက တစ်ယောက်ထဲနေရတာဆိုတော့ တစ်ခန်းပိုနေတယ်။

တစ်ခါတစ်လေ အရမ်းပူတဲ့အချိန်ဆို ဒီဘက်ခန်းမှာ လာအိပ်တယ်။ဖျာနဲ့ လေ။ ကြမ်းပေါ်မှာ။ ဟိုဘက်ခန်းက တစ်ယောက်အိပ်ကုတင်
်နဲ့ အိပ်တော့ဘူး။

အဲကွန်းရှိပေမယ့် တော်တော်နဲ့ မဖွင့်ဘူး။ မီတာအရမ်းဈေးကြီးလို့ အလှဘဲထိုင်ကြည့်ဖြစ်တယ်။

တစ်ယောက်ထဲအတွက်အရမ်းကျယ်ပေမယ့် ရပ်ကွက်သန့် လို့ နေဖြစ်တာ။
း)

မိုးကောင်းသူ said...

အိမ်အကျယ်ကြီးပဲနော်။

ဂျစ် said...

အိမ်လေးကို လာလည်ချင်စိတ်ပေါကိမျတယ်....
ကွန်ပြူတာက (၂)လုံးတောင်....မိုက်တယ်ဗျို့..
လာအားကျသွားတယ်.....ဟဲဟဲ

ခင်တဲ့
ဂျစ်

လုလု said...

အိမ်လေးက အကျယ်ကြီး
ပန်းပင်လေးတွေလည်း ဘေးနားမှာ စိုက်လို့ရတယ်
ဧည့်ခန်းမှာလည်း အလှဆင်ဖို့ နေရာအကျယ်ကြီး
ကွန်ပျူတာ ၂ လုံးကလည်း မိုက်မှ မိုက်
အလာလည်ချင်လိုက်တာ