Showing posts with label စားမယ်ဝါးမယ်. Show all posts
Showing posts with label စားမယ်ဝါးမယ်. Show all posts
ငပိထမင်းကြော် နဲ့  ၀က်သားကင်
17:41 Posted by ကျောပိုးအိတ်
 ငပိထမင်းကြော်ပါရှင့် .. ဘာတွေပါလဲဆိုတော့ ငပိပါတယ် .. ၀က်သား .. ပုဇွန်ခြောက်ကြော် .. သရက်သီးစိမ်း.. ငရုတ်သီးကြော် .. ကြက်ဥကြော် ..သခွားသီးနဲ့  ကြက်သွန်နီရယ် နံနံပင်ရယ် :D:D
 ငပိထမင်းကြော်နဲ့  စားဘို့ အအီပြေ အချဉ်
ဝက်သားကင်နဲ့ တို့ စားမယ် :D
ဒီနေ့ အတွက် စားခဲ့သမျှ
20:40 Posted by ကျောပိုးအိတ်
ဒါက ဘာလဲဆိုတော့ ဘာလဲဟင် ပြန်မေးတာ (မေ့နေလို့ ကိုယ့်ကို ပြန်မေးတာနော်)
း)
                              ဂေါ်ရခါးညွှန့် (စာလုံးပေါင်း မှားနိုင်ပါတယ်)ကို ခရုဆီနဲ့  ကြော်ထားတာ
                           (တော်တော်စားကောင်းတယ်၊ နောက်ဆုံးမှာ ပြောင်နေအောင်ကို စားခဲ့တယ်)
                                                  ဒါက ဟင်းရည်
                ဘာတွေပါလဲဆိုတော့ ဂေါ်ရခါးညွှန့် ရယ်၊ ပန်းဂေါ်ဖီရယ်၊ခ၀ဲသီးရယ်၊မှိုရယ်၊ငရုတ်ကောင်း
                 အညွန့် ရယ်၊ဆန်မှုန့် ရယ်၊ပင်စိမ်းရွက်ရယ်။ ရုတ်တရက် စားလိုက်တော့ ကရင်ရိုးရာ               တာလပေါ့ ပုံစံတိုင်းဘဲ အရသာက။စပ်တယ်။
                                                            ဒါက ငါးကို အပွကြော်ထားတာ။
                                       သရက်သီးရယ်၊ငရုတ်သီးစိမ်းရယ်၊မုန်လာဥနီရယ်၊ကြက်သွန်နီရယ်
                                        တော်တော်စားကောင်းတယ်။ အရသာက ချဉ်တယ် ချိုတယ်။
                             နောက်ဆုံးမှာ ငါးခေါင်းဘဲ ကျန်တယ်။ ဒါတောင် ကိုက်ရမှာ ရှက်လို့  မကိုက်ခဲ့တာ။
တစ်နေ့ တစ်နေ့  နေက ဆိုးရွားစွာ ပူပူလာတယ်။ လုံးဝမရွာသေးဘူးဆိုပြီးတော့ မာနကြီးစွာ မိုးကလဲ ခုချိန်ထိ တင်းခံထားတယ်။ပိတောက်ဖူးတွေလဲ တစ်ပင်လုံးမှာ စိမ်းစိုနေပြီး သူ့ ကို အကြင်နာမိုးတွေ ရွာသွန်းပေးမယ့်
မိုးကို စောင့်မျှော်နေရှာတယ်။
ဘာမဆိုင် ညာမဆိုင် ခုတလော နေရာတော်တော်များများမှာ ကြားနေရတဲ့ သီချင်းထဲကလို
မိုးရိပ် မြင်တိုင်းလွမ်းတယ် ရာမညတိုင်းဆီ ပြန်လာပါဆိုတဲ့ သီချင်းထဲကလိုမိုးရိပ်မြင်ရင် အရမ်းပျော်ပါတယ်။ ဒါပေမယ့် လေတိုက်လို့  အဲဒီမိုးရိပ်က လေနဲ့ အတူပါသွားရင်တော့ စိတ်ထဲမှာ မတင်မကျနဲ့ ။
နေကပူတော့ ဘာစားရင်ကောင်းမလဲလို့  တွေးနေမိတယ်။ စားချင်တာက ချဉ်ချဉ်စပ်စပ် ။ အဲဒီလို တမ်းတမိတော့ ရုံးက လုပ်ဖော်ကိုင်ဖက်တွေကစကြတယ်။ တာမီး သင်္ကြန်ရန်ကုန်ပြန်တာ ရိုးမှ ရိုးရဲ့ လားတဲ့။ ချစ်သူနဲ့ လဲ တွေ့ ခဲ့ရတယ်ဆိုတော့ မှန်မှန်ပြောစမ်းတဲ့။အခုလဲ ချဉ်ချဉ်စပ်စပ်တွေ စားချင်တယ်ဆိုတော့ တာမီးးးးးးးးးးးးးးးး နော်တဲ့။
သင်္ကြန်ပြန်တယ် ။ ဒါကလဲ နှစ်တိုင်းပြန်နေကြဘဲဟာဘဲဟာကို။ ချစ်သူနဲ့ တွေ့ တယ်လေ။ တကယ့်ကို ဘာမှ မလုပ်ခဲ့ပါဘူး။ ကျိန်ဆိုကျိန်ပြောရဲပါတယ်။
း)
လက်လေးတောင် မကိုင်ခဲ့ပါဘူး။ တာမီးက ကိုင်စေချင်တာတောင် ကိုယ်တော်ချောက ကိုင်ဘူးတော့ (ရှင်းပြရတာ ရှက်တောင် ရှက်လာပြီ)
း)
ထမင်းစားလဲ မ၀င်ဘူး။ (တကယ်တော့ နေပူလို့ ပါ)
ဒီတော့ ထုံးစံအတိုင်း အစားအသောက် မီးလိုတောက်ဆိုတဲ့ အတိုင်း နေဘယ်လောက်ဘဲ ပူနေပါစေ ထမင်းဆိုင်ကို တတ်ကြွသော ခြေလှမ်းများနဲ့  အားကြိုးမာန်တတ် ချီတတ်ပြီး စားခဲ့ပါတယ်။
ဒီနေ့  ထမင်းတွေ (တကယ်တော့ ဟင်းတွေ) အများကြီးစားခဲ့တယ်။
အရမ်းးးးးးးးးးးးးးးးးးးးးးးးး စားကောင်းတယ်။
း)
၆.၅.၂၀၁၀
ဒီနေ့  စားခဲ့တဲ့ မန်းလေးကြာဇံချက်
18:51 Posted by ကျောပိုးအိတ်
                                                             ကျွန်မစားတဲ့ ပန်းကန်
 အစာပလာလုံလင်စွာဖြင့် ။ 
သံပုရာသီးက ဈေးကြီးတာကြောင့် သံပုရည်ဘဲ ၀ယ်လာခဲ့တယ်။ ငရုတ်ကောင်းမှုန့်  ကြိုက်ရင်ထည့်စားပါ။ငံပြာရည် ။ ဒီငရုတ်သီးအရည်က ဘာလို့ ထားထားလဲ သိဘူးရယ်။
 ရေမဟုတ်ဘူးနော်။ အအီပြေ အချိုရည်လေး။    
အိုးကြီးကြီးဘဲ။ မလောက်မှာ မပူနဲ့ ။  
ရာသီဥတုက တော်တော်လေးပူနေတာကြောင့် တစ်ခုခု လုပ်စားရအောင် ဆိုတာနဲ့  ဒီနေ့ ရုံးမှာ အားလုံးရဲ့  သဘော တူညီချက်အရ မန်းလေးကြာဇံချက် ချက်စားကြတယ်။ ထုံးစံအတိုင်းပေါ့။ အရမ်းစားကောင်းတယ်။ ဘယ်လိုချက်လဲ မမေးနဲ့ နော်။ သိဘူး။ 
ရာသီဥတုကပူတယ်။ မန်းလေးကြာဇံချက်ကလဲ ပူတယ်။ စားရတာ ချွေးတွေကို ရွဲလို့ ။    
လက်စကြီးတယ်ဘဲ ပြောရမလား။ မလောက်ငှမှာ အရမ်းကြောက်တာကြောင့် အိုးကြီးကြီးနဲ့  ၂လုံးတောင်း ချက်ထားတယ်။ အချိန်တန်တော့လဲ ကုန်သွားတာဘဲလေ။
ဒီနေ့  စားခဲ့တယ်
19:58 Posted by ကျောပိုးအိတ်
ဒီနေ့  ထမင်းအရမ်းစားကောင်းတယ်။ စားကောင်းတယ်ဆိုတာကလဲ ကျွန်မချက်တာ မဟုတ်လို့ လေ။ သူများတွေဘာချက်ကျွေးကျွေး အရမ်းစားကောင်းတယ်။ ပြီးတော့ မစားရတာကြာပြီဖြစ်တဲ့ ကြက်သားနဲ့  ဗူးသီး ကာလသားချက်လေးကြောင့် ထမင်းပိုမြိန်သွားတယ်။
တကယ်ပြောတာ။
မယုံရင် လက်ဆေးပြီး ထမင်းဝင်စားသွားကြည့်လိုက်နော်။ လျှာလည်သွားမယ်။ ကြည့်ရုံနဲ့ တင် သိသာတယ်။
အဟတ်။
ကြက်သားဗူးသီး ကာလသားချက်
ကြက်သားကြော်
ငါးသလဲထိုးဟင်း ( ဒီငါးသားပေါက်လေးတွေက တစ်ခါတစ်ရံမှ ရတတ်တယ်)
တို့ စရာ မုန့် ညှင်း နဲ့ သခွားသီး။
မနက်စာ တိုရှည်စားမယ်
17:16 Posted by ကျောပိုးအိတ်
မနက် အိပ်ယာနိုးတာနဲ့  ဘာစားရမှန်းမသိဘူး။ အိပ်ယာထက်မှာ တွေးရင်း လှိမ့်ရင်း စဉ်းစားရင်းနဲ့  နောက်ဆုံးတော့ ဈေးနားမှာ တိုရှည် သွားဝယ်စားမယ်ဆိုပြီး ထလိုက်တယ်။
ကျွန်မရဲ့ မနက်စာက သီးသန့် ရယ်လို့ တော့ မရှိဘူး။ မနက်ဆို ဘာစားရမှ ညာစားရမှ မရှိဘူး။ ကြုံသလို စားလိုက်တာဘဲ။ ကျွန်မက ကုလားအစားအစာကြိုက်ပါတယ်။ တရုတ်အစားအစာလဲ မရှောင်ပါဘူး။ မြန်မာအစား အစာဆိုလဲ လာထား စားမှာဘဲ။
ခုတော့ အိမ်လာလည်တဲ့သူတွေကို တိုရှည်နဲ့ ဘဲ ဧည့်ခံလိုက်ပါတယ်။
ကျွန်မရဲ့  နေ့ လည်စာ
16:25 Posted by ကျောပိုးအိတ်
ဒါက ကွေ့ တီယိုပါ။ အရည်နဲ့ ။ ၀က်သား၊၀က်အူ၊၀က်အသည်း၊၀က်ခေါက်၊၀က်အသားလုံး။ အရမ်းစားကောင်းတယ်။
ဒါကကွေ့ တီယိုသုတ်ပါ။ ဘာကွာလဲဆိုတော့ ဘာမှမကွာဘူး။ ကွေ့ တီယိုလို ဟင်းရည်မပါတာကလွဲလို့ ပေါ့။ ကျန်တာ အကုန်တူတယ်။ သူကသကြားပါတယ်။
ငရုတ်သီးကြိုက်ရင်ထည့်။ သကြားကြိုက်ရင်ထည့်။ မြေပဲဆန်ကြိုက်ရင်ထည့်။အချဉ်ရ်ကြိုက်ရင်ထည့်။
း)
ကဲ အရွက်တွေစုံတယ်နော်။ ကြိုက်တာထည့်စားသွား။
တစ်နေ့ တစ်နေ့  အလုပ်တွေက ဘာတွေရှုပ်နေမှန်းကို မသိဘူး။ နဂိုက အရပ်ပုပါတယ်ဆိုမှ အလုပ်က ပိတော့ ပိုပုသွားပြီ။ ပြီးတော့ ဘာမှလဲချက်မစားဖြစ်ဘူး။အဆင်ပြေသလို တွေ့ ကရာအကုန်လိုက်စားနေရတယ်။ဒါပေမယ့် မြန်မာဖြစ်နေလို့ လားမသိဘူး။ ထမင်းမှ မစားရရင် အာသာမပြေသလိုဘဲ။
ခုလဲဘဲ ဗိုက်ကဆာလာပြီ။ ဘာစားရမှန်းလဲ မသိတော့ပါဘူး။ တစ်နေ့ တစ်နေ့  စားရတာက ထပ်နေပြီ။ အချိန်ကလဲမရှိတာနဲ့  ရုံးဘေးနားကဆိုင်မှာဘဲ ၀ယ်စားလိုက်တယ်။
ခုတော့ တစ်ယောက်ထဲ ၂ပွဲစားလိုက်တာ ဗိုက်ကိုတင်းရောဘဲ။ ဒါတောင် ၀ိတ်လျှော့နေတာ။
;P
ယိုးဒယား မုန့် ဟင်းခါးစားရအောင်
05:23 Posted by ကျောပိုးအိတ်
ချစ်ဆုံးသူငယ်ချင်း ဒေးဒေးက ဗိုက်ဆာတယ်လာလာအော်နေတာနဲ့  သူ့ ကိုလဲကျွေးရင်း ကိုယ်တိုင်လဲ ငတ်ရင်း အဲလေ ကိုယ်တိုင်လဲစားရင်း ကျန်တဲ့သူငယ်ချင်းတွေလဲ ၀ါသနာပါရင် မုန့် ဟင်းခါးစားရအောင် ဖိတ်လိုက်ပါ တယ်။
မြန်မာမုန့် ဟင်းခါးလောက်တော့ မကြိုက်ဘူး။ ကျွန်မကဘဲ မြန်မာဆိုတဲ့ အစွဲရှိနေလို့ လားတော့ မသိဘူး ငါးပိလေးပါမှ စားချင်တာ။ ပြီးတော့ မုန့် ဟင်းခါးကို မုန့် ဖတ်နဲ့ မစားချင်ဘူး။ ညှပ်ခေါက်ဆွဲနဲ့  စားချင်တယ်။ အကြော်စုံမပါရင်တောင် အီကြာကွေးလေးပါမှ စားချင်တာ။
ဒါပေမယ့် ရောမရောက် ရောမလိုကျင့်ရတော့မှာပေါ့။ ညှပ်ခေါက်ဆွဲနဲ့  စားချင်ပေမယ့် ဒီမှာ ညှပ်ခေါက်ဆွဲ မရှိဘူး။ အရမ်းလဲမငြီးရဲပါဘူး။ ကိုယ့်ထက် မြန်မာနိုင်ငံနဲ့ ပိုဝေးတဲ့ သူတွေရှိနေလို့ ။ သူတို့ ဆို ကျွန်မထက် ပိုလွမ်းမှာဘဲနော်။ မြန်မာအစားအစာတွေကို။
ဒါကတော့ မုန့် ဖတ်။ ချစ်စရာလေးနော်။ ကျွန်မ မုန့် ဖတ် ၃ပန်းကန်စားလိုက်တယ်။ အစားကြီးတာ ဟုတ်ပါဘူး။ သူထည့်ထားတာ နည်းနည်းလေး။
း)
ဒါကတော့ငှက်ပျောပင်ဖတ်ပါတဲ့ ဟင်းရည်က တစ်ခွက်။
ဒါကတော့ ငါးများများနဲ့  (ငါးပိနည်းနည်းပါတယ်)က ဟင်းရည်တစ်ခွက်။
ဒါကတော့ အုန်းနို့ နဲ့  မြေပဲဆံနဲ့  အတော်ချိုတဲ့ ဟင်းရည်က တစ်ခွက်။
ဒါကတော့ ၀က်သွေးရယ်၊၀က်နံရိုးရယ်၊ ခရမ်းချဉ်သီးရယ်ပါတဲ့ ခပ်ကျဲကျဲဟင်းရည်က တစ်ခွက်ပါ။
မုန့် ဟင်းခါးဟင်းရည် လာပါပြီရှင်။ ဟင်းရည်က တစ်ခါချရင် ၄မျိုးချပါတယ်။ အုန်းနို့ နဲ့  မြေပဲဆံနဲ့  အတော်ချိုတဲ့ ဟင်းရည်က တစ်ခွက်။ ငါးများများနဲ့  (ငါးပိနည်းနည်းပါတယ်)က ဟင်းရည်တစ်ခွက်။ ငှက်ပျောပင်ဖတ်ပါတဲ့ (ကျန်တဲ့ဟင်းရည်ခွက်တွေမှာ ငှက်ပျောပင်ဖတ်မပါဘူး) ဟင်းရည်က တစ်ခွက်။ ၀က်သွေးရယ်၊၀က်နံရိုးရယ်၊ ခရမ်းချဉ်သီးရယ်ပါတဲ့ ခပ်ကျဲကျဲဟင်းရည်က တစ်ခွက်ပါ။
ဒါလေးက သပလာနံ ဟင်းရွက်အစုံပါ။ အကုန်ထည့်စားနော်။ သြော် ဘာတွေပါလဲဆိုတော့ ပဲပင်ပေါက်နဲ့ 
မုန့် ညှင်းဖြူ ရေနွေးဖျော ၊ ကြက်သွန်ဖြူဆီကျက်(ဆီစစ်ထားတဲ့ ကြက်သွန်ဖြူအဖတ်လေးတွေ၊ ကြက်ဟင်းခါးသီး ပဲသီး၊ ပင်စိမ်းရွက်၊ ပဲသီး၊ သခွားသီး၊ ငှက်ပျောဖူး၊ကြံမဆိုင်။
အားလုံးစားပြီးရင် ကြက်ကြော်နော်။
ကွမ်းယာ စားရအောင်
21:04 Posted by ကျောပိုးအိတ်
သပလာနံ အစုံပါတဲ့  ကွမ်းယာထုပ်
ပဲငါးပိအချိုရည်နဲ့  မြေပဲဆံ ရောထားတဲ့ ချိုတဲ့အရည်
အုန်းသီးဖြူဖြူ
စပါးလင်
ထမင်းခြောက်ကြော်
ခရမ်းကဇော့သီး၊ငရုပ်သီးစိမ်း
ကြက်သွန်ဖြူ ၊ ဂျင်းနု ၊ ၊သံပုရာသီး ၊
ပုဇွန်ခြောက် ၊ မြေပဲဆံ
ကွမ်းရွက် (ကွမ်းရွက်ဆိုပေမယ့် ကွမ်းရွက်အစစ်တော့ ဟုတ်ဘူး။ ဘာအရွက်လဲ မသိဘူး)
ဒီလိုလေးတွေပါတယ်နော်
စားလို့ ရပြီ
စားကောင်းတယ်နော် ။ ပါးစပ်သာကျယ်ကျယ်ဟဘို့ လိုတယ် ။
ကျွန်မတို့ ရုံးဘေးနားမှာ မုန့် သည် အသစ်တိုးတယ်။ လာလာဝယ်စားနေပေမယ့် ဘာမှန်းမသိဘူး။ ရုံးကသူ တော်တော်များများစားနေတာလဲတွေ့ လို့ မေးကြည့်တော့ ကွမ်းယာတဲ့။
ကျွန်မလဲ တော်တော်စိတ်ဝင်စားတယ်။ ကျွန်မတွေ့ ဘူးတဲ့ ကွမ်းယာက ထုံးဖြူဖြူနဲ့  ဆေးမဲမဲနဲ့  ကွမ်းသီးစိတ်နဲ့  လေ။ခုတော့ အဲဒိလို ဟုတ်ဘူးတော့။
အထုတ်လေးတွေ တစ်ခါထဲထုတ်ထားတယ်။ မေးကြည့်တော့ ၂၀ တဲ့။ မြန်မာငွေ ၆၀၀ ပတ်ဝန်းကျင်ပေါ့။ ထုတ်ထားတာလေးက စားချင်စရာလေး။
ကျွန်မတစ်ထုတ်ဝယ်ပြီး စားကြည့်တော့ ကောင်းတယ်တော့။ ထုံးစံအတိုင်း လက်ထဲကကို မချချင်တော့ဘူး။
ဘာတွေပါလဲဆိုတော့
အုန်းသီးဖြူဖြူ ၊ ခရမ်းကဇော့သီး၊ ကြက်သွန်ဖြူ ၊ ဂျင်းနု ၊ ငရုပ်သီးစိမ်း ၊သံပုရာသီး ၊ ပုဇွန်ခြောက် ၊ စပါးလင် ၊ ကွမ်းရွက် (ကွမ်းရွက်ဆိုပေမယ့် ကွမ်းရွက်အစစ်တော့ ဟုတ်ဘူး။ ဘာအရွက်လဲ မသိဘူး)ထမင်းခြောက်ကြော် ၊ ပြီးတော့ ပဲငါးပိအချိုရည်နဲ့  မြေပဲဆံ ရောထားတဲ့ ချိုတဲ့အရည် ၊ မြေပဲဆံ တွေပါတယ်နော်။
ချိုတယ်၊ စိမ့်တယ်၊ စပ်တယ် ၊ ပူတယ် ၊ ရွရွလေးနဲ့ ဘာတွေဝါးနေရမှန်း သိတော့ဘူးရယ်။
း)