ကျွန်မရဲ့  နေ့ လည်စာ

16:25 Posted by ကျောပိုးအိတ်


ဒါက ကွေ့ တီယိုပါ။ အရည်နဲ့ ။ ၀က်သား၊၀က်အူ၊၀က်အသည်း၊၀က်ခေါက်၊၀က်အသားလုံး။ အရမ်းစားကောင်းတယ်။



ဒါကကွေ့ တီယိုသုတ်ပါ။ ဘာကွာလဲဆိုတော့ ဘာမှမကွာဘူး။ ကွေ့ တီယိုလို ဟင်းရည်မပါတာကလွဲလို့ ပေါ့။ ကျန်တာ အကုန်တူတယ်။ သူကသကြားပါတယ်။



ငရုတ်သီးကြိုက်ရင်ထည့်။ သကြားကြိုက်ရင်ထည့်။ မြေပဲဆန်ကြိုက်ရင်ထည့်။အချဉ်ရ်ကြိုက်ရင်ထည့်။

း)



ကဲ အရွက်တွေစုံတယ်နော်။ ကြိုက်တာထည့်စားသွား။


တစ်နေ့ တစ်နေ့  အလုပ်တွေက ဘာတွေရှုပ်နေမှန်းကို မသိဘူး။ နဂိုက အရပ်ပုပါတယ်ဆိုမှ အလုပ်က ပိတော့ ပိုပုသွားပြီ။ ပြီးတော့ ဘာမှလဲချက်မစားဖြစ်ဘူး။အဆင်ပြေသလို တွေ့ ကရာအကုန်လိုက်စားနေရတယ်။ဒါပေမယ့် မြန်မာဖြစ်နေလို့ လားမသိဘူး။ ထမင်းမှ မစားရရင် အာသာမပြေသလိုဘဲ။


ခုလဲဘဲ ဗိုက်ကဆာလာပြီ။ ဘာစားရမှန်းလဲ မသိတော့ပါဘူး။ တစ်နေ့ တစ်နေ့  စားရတာက ထပ်နေပြီ။ အချိန်ကလဲမရှိတာနဲ့  ရုံးဘေးနားကဆိုင်မှာဘဲ ၀ယ်စားလိုက်တယ်။


ခုတော့ တစ်ယောက်ထဲ ၂ပွဲစားလိုက်တာ ဗိုက်ကိုတင်းရောဘဲ။ ဒါတောင် ၀ိတ်လျှော့နေတာ။

;P





10 comments:

ဂျပန်ကောင်လေး said...

ဟမ်း... စားချင်လိုက်တာ.. ကွေ့တယိုကို အရည်ရော.. အသုပ်ပါကြိုက်.. ကြိုက်... ရှလွတ်....

Anonymous said...

ချစ်ဆုံးအိတ်လေး
အရမ်းကြိုက်တာပဲသိလား
တချို့ ကလေ ထိုင်းမှာ လှေ နဲ့ရောင်းတာလေ
အသုပ်ထက်အရည်ကြိုက်တယ်
မိုက်ဂရိန်းဖြစ်နေလို့  ဘာမှ စားမ၀င်ဖူးသိလား
အခုအိတ်လေးရဲ့ ကွေ့  သယိုလေးပဲစားသွားမယ်နော်အိတ်လေး
ချစ်တဲ့
မြူးလေး

နေဒေးသစ် said...

သြော် ဝိတ်လျော့နေတယ်တဲ့ လား .. အဟ
မစားဖူး ဘူး ...
စားလို့ ကောင်းမယ် နဲ့ တူတယ် ..
လုပ်ပါဦး အမြည်း တစ်ပန်းကန်လောက် .. :)

နေဒေး။

မြစ်ကျိုးအင်း said...

ကွေ့တီယို မစားဖူးဘူး

စားကောင်းမယ့်ပုံပဲ စားကောင်းလို့လဲ တချို့တွေ ၂ ပွဲစားကြတာပေါ့း)

သက်တန့်ချို said...

ကွေ့တယိုလာမြည်းသွးတယ်...ကျောပိုးအိတ်လေးရေ...

ကိုတိုးလေး said...

ကွေ့သီယိုစားချင်တယ်။ဝယ်ကျွေးမှာလားမသိဘူးနော် တွေ့မှပဲစားတော့မယ်။

မိုးစက်အိမ် said...

ယင်ကောင်ကလည်း တော်တော် အစားပုတ်တယ် :D :P

သီဟသစ် said...

ကျောပိုးအိတ်လေးရေ

ကွေ့တီယိုလာစားသွားပြီ
:D


ရွှင်လန်းချမ်းမြေ့ပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

rose of sharon said...

ဝိတ်လျှော့နေလို့နှစ်ပွဲစားတာဆိုတော့ ဝိတ်မလျှော့ရင်လေးပွဲစားမယ်ထင်တယ်နော် :D

မငုံ said...

စားချင် စရာလေး. အရည်လေးနဲ့ ပိုမိုက်မယ်။ သရေလာကျတယ်ဟေ့