ပြန်သွားပြီ

14:05 Posted by ကျောပိုးအိတ်

မြန်မာပြည်ကြီးကို ချောမောစွာနဲ့ ပြန်လည် ရောက်ရှိသွားခဲ့ပါပြီ။

အိမ်ပြန်လမ်းတလျှောက် အရာရာဟာ ပိုနွမ်းနေသလိုဘဲ။လူတွေပိုရှုပ်နေတယ်။ စည်းကမ်းတွေပိုမဲ့လာ သလားမသိတော့ပါဘူး။

အိမ်ပြန်ရောက်တော့ ရင်ထဲမှာ နွေးထွေးလို့ နေပါတယ်။ မိသားစုထမင်းလက်ဆုံ စားရတယ်(တစ်ယောက်ထဲ ထမင်းအေး ဟင်းအေး စားနေရတာလေ ဒီမှာက) ။သူငယ်ချင်းတွေ လာတွေ့ တယ်။ အမျိုးတွေ လာတယ် (တကယ်တော့ ဘာပါလာလဲ လာချောင်းတာပါ)။

အိမ်ခြံထဲကို ကားဝင်လိုက်တယ်ဆိုရင်ဘဲ အရင်ဆုံးသတိထားမိတာ မုန့် ဟင်းခါးအနံ့ ပါ။ အရမ်းကို မွှေးကြိုင် နေတယ်။ ဒီတော့ အစားငမ်းတဲ့ ကျောပိုးအိတ်တစ်ယောက် ဘာပစ္စည်းမှတောင် မချနိုင်ဘဲ မီးဖိုချောင်ထဲ တန်းဝင်သွားတယ်။ စစချင်းစားမယ်ဆိုတော့ မေမေက ရေအရင်သောက်တဲ့။ လက်ဆေးပြီးမှစားတဲ့။ မေမေပြောတဲ့စကားထဲမှာ လက်ဆေးတာဘဲ လုပ်မိတယ်။ ရေသောက်လိုက်ရင် မုန့် ဟင်းခါး ဘယ်စားနိုင်ပါတော့်မလဲနော်။

စားရတာ အရမ်းကိုကောင်းပါတယ်။ ကျောပိုးအိတ်ရဲ့ အမက ဟင်းချက်သိပ်တော်တယ်။ ကျောပိုးအိတ်အကြိုက် ညှပ်ခေါက်ဆွဲရယ်၊ ပဲသွေး(အချို့ ကဘဲသွေးလို့ ခေါ်တယ်) နံနံပင်၊ သံပုရာသီး၊ငရုတ်သီးမှုန့် ၊အီကြာကွေးနဲ့ စား လိုက်တာ ဟောတစ်ပန်းကန် ဟောတစ်ပန်းကန်ပါဘဲ။ မေမေကဘေးနားကကြည့်ပြီး အီသီယိုးပီးယားက ပြန်လာတာ ကြနေတာဘဲတဲ့။

စားပြီးတော့မှဘဲ ကျန်တဲ့လုပ်စရာတွေ ဆက်လုပ်ရတော့တယ်။ ဗိုက်ကလဲတင်းပြီဆိုတော့ အလုပ်က ပြန်လုပ်နိုင်ပြီလေ။ ရေမိုးချိုးပြီး သူငယ်ချင်းအပေါင်းများအား ပြန်ရောက်နေကြောင်း သတင်းပို့ ပြီး အိပ်လိုက်တာ ည ၇း၀၀နာရီမှ နိုးတယ်။ နိုးတာကလဲ နှိုးလို့ မဟုတ်ဘူးနော်။ ဟင်းနံ့ ရလို့ ။ မုန်လာဥချဉ်ဟင်းနံ့ က အိပ်နေတဲ့ ကျောပိုးအိတ်ရဲ့ နှာခေါင်းထဲ တန်းမတ်စွာ ၀င်လာပါလေရော။

ဒီတော့လဲ မထချင် ထချင်နဲ့  ထပြီး သမိုင်းပေးတာဝန်အရ စားလိုက်ရရော။ မုန်လာဥချဉ်ဟင်းရယ်၊ ငါးပိရည်ရယ်၊ တို့ စရာ တွေရယ်၊ ၀က်သားဟင်းရယ်နဲ့ စားလိုက်တာ မေမေလာထူမှဘဲ ထမင်းဝိုင်းက ထနိုင်တော့တယ်။

ဒီနေ့ မနက်တော့ ၀က်သားတုတ်ထိုးလုပ်စားကြတယ်။ သူငယ်ချင်းတွေလဲ လာအားပေးတာ ပျော်စရာကြီး။ လုစားရတာ ပိုပျော်စရာကောင်းတယ်။ ပြီးတော့ ဘာပါလဲ ညာပါလဲနဲ့  တစ်အိမ်လုံးကို ပွဲစာကျဲနေတာဘဲ။
၁၀ရက်နေ့ မှာ ကျိုက်ထီးရိုး သွားမယ်လို့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ထားတယ်။ ကျွန်မတို့ သူငယ်ချင်းတွေက
ဘာဖြစ်လို့ လဲမသိဘူး။ဘယ်နေရာသွားသွား သွားလို့ ရတယ်။ ကျိုက်ထီးရိုးသွားမယ်ဆို အမြဲပျက်တယ်။ ဒီတစ်ခါတော့ ဘယ်လိုဘဲဖြစ်ဖြစ်သွားမယ်လို့  အကုန်လုံးက လက်သီးလက်မောင်းတန်းပြီး ကြွေးကြော်ထားတယ်။

၁၃ရက်နေ့ မှာ မိသားစုနဲ့  မြန်မာပြည်အထက်ပိုင်း ခြေဆန့် ပါမယ်။ ၂၃ရက်နေ့ မှာတော့ မဟာစည် သာသနာ့ ရိပ်သာမှာ တရားစခန်းဝင်ပါမယ်။ အကယ်လို့ များ ဆွမ်းလှူချင်တယ်ဆို လာလှူနော်။နှစ်သစ် ၂၀၁၀ ရက်နေ့ မှ တရားစခန်းက ထွက်မယ်။ နယူးရီးယားကို မဟာစည်ကနေပြီး ကြိုလိုက်တော့မယ်နော်။

ခုကတည်းက ဘုရားတရားလုပ်ထားမှ။မဟုတ်ရင် ၂၀၁၂ ကမ္ဘာပျက်မယ်ဆို ကျောပိုးအိတ်မှာ ဘာတရားမှမရှိဘဲ သေသွားမှာ ကြောက်တယ်လေ။ ကျန်တဲ့သူတွေက နတ်ပြည်မှာ ကျောပိုးအိတ်က ငရဲပြည်မှာဆို ပျင်းစရာကြီး။ ဒီတော့ နတ်ပြည်တတ်လဲ တူတူပေါ့နော်။

ခုမြန်မာပြည်မှာ အင်တာနက်သုံးတာလေ ဘယ်လိုမှ အဆင်မပြေဘူးဖြစ်နေတယ်။ ကျော်ရခွရတာနဲ့  ဘန်းရတာနဲ့  ဘာတွေမှန်းလဲမသိဘူး။ နောက်ပြီး အင်တာနက်သုံးနေတုန်း ဆိုက်ဘာကလူတွေက အနောက်ကနေ ကောင်တာချက်သဘော
နဲ့  လိုက်နေတာ အရမ်းစိတ်တိုတာဘဲ။ ဗိုလ်အောင်ကျော်လမ်းက ဆိုက်ဘာဆို မှတ်ပုံတင်ပေးထားရတယ်။ ပြန်ထွက်မှ ယူရတာ။ ဂျီမေးလ်တစ်စောင်ထွက်ဘို့  စောင့်ရတာ ကြာလိုက်တာ။

ခုပို့ စ်တောင်မှ သူငယ်ချင်းဆီမေးလ်ပို့ ပြီး တင်ပေးပါဆိုပြီး တင်ခိုင်းရတာ။
း)

အားလုံးဘဲ မယ်ရီ ခရစ္စမတ်နဲ့  ဟတ်ပီးနယူးရီးယားပါနော်။

ကျွန်မရဲ့  နေ့ လည်စာ

16:25 Posted by ကျောပိုးအိတ်


ဒါက ကွေ့ တီယိုပါ။ အရည်နဲ့ ။ ၀က်သား၊၀က်အူ၊၀က်အသည်း၊၀က်ခေါက်၊၀က်အသားလုံး။ အရမ်းစားကောင်းတယ်။



ဒါကကွေ့ တီယိုသုတ်ပါ။ ဘာကွာလဲဆိုတော့ ဘာမှမကွာဘူး။ ကွေ့ တီယိုလို ဟင်းရည်မပါတာကလွဲလို့ ပေါ့။ ကျန်တာ အကုန်တူတယ်။ သူကသကြားပါတယ်။



ငရုတ်သီးကြိုက်ရင်ထည့်။ သကြားကြိုက်ရင်ထည့်။ မြေပဲဆန်ကြိုက်ရင်ထည့်။အချဉ်ရ်ကြိုက်ရင်ထည့်။

း)



ကဲ အရွက်တွေစုံတယ်နော်။ ကြိုက်တာထည့်စားသွား။


တစ်နေ့ တစ်နေ့  အလုပ်တွေက ဘာတွေရှုပ်နေမှန်းကို မသိဘူး။ နဂိုက အရပ်ပုပါတယ်ဆိုမှ အလုပ်က ပိတော့ ပိုပုသွားပြီ။ ပြီးတော့ ဘာမှလဲချက်မစားဖြစ်ဘူး။အဆင်ပြေသလို တွေ့ ကရာအကုန်လိုက်စားနေရတယ်။ဒါပေမယ့် မြန်မာဖြစ်နေလို့ လားမသိဘူး။ ထမင်းမှ မစားရရင် အာသာမပြေသလိုဘဲ။


ခုလဲဘဲ ဗိုက်ကဆာလာပြီ။ ဘာစားရမှန်းလဲ မသိတော့ပါဘူး။ တစ်နေ့ တစ်နေ့  စားရတာက ထပ်နေပြီ။ အချိန်ကလဲမရှိတာနဲ့  ရုံးဘေးနားကဆိုင်မှာဘဲ ၀ယ်စားလိုက်တယ်။


ခုတော့ တစ်ယောက်ထဲ ၂ပွဲစားလိုက်တာ ဗိုက်ကိုတင်းရောဘဲ။ ဒါတောင် ၀ိတ်လျှော့နေတာ။

;P





ငှက်ကလေးနဲ့ စကားပြောခြင်း

06:38 Posted by ကျောပိုးအိတ်

တစ်နေ့ မှာပေါ့ ကျွန်မ ပန်းခြံထဲမှာ ထိုင်နေတုန်း ကျွန်မနားကို ငှက်ကလေးတစ်ကောင်လာနားတယ်။ ဆွတ်ဆွတ်ဖြူနေတဲ့ ငှက်ကလေးက ကျွန်မကို မော့ကြည့်လိုက် အစာစားလိုက်နဲ့ အလုပ်ရှုပ်နေတယ်။ ကျွန်မလဲ ဘာရယ်မဟုတ် ငှက်ကလေးအစာစားတာ ကြည့်နေမိတယ်။ ငှက်ကလေးက အစာဝလို့ လားမသိဘူး။ ကျွန်မကို စကားလာပြောတယ်။

မိန်းကလေးငယ် …… တို့ စကားပြောလို့ ရမလားတဲ့။
ငှက်ကလေးက ဒီလိုကမ်းလှမ်းလာတော့

ကျွန်မကလဲ ပြုံးရွှင်စွာနဲ့ ရပါတယ် ငှက်ကလေးရယ်……….. တို့ လဲပျင်းနေတာနဲ့ ။ ခုတော့ အဖော်ရပြီပေါ့လို့  ကျွန်မက ပြန်ပြောချိန်မှာ ငှက်ကလေးက ကျွန်မရဲ့  လက်ပေါ်မှာ လာနားတယ်။

ငှက်ကလေးက မေးခွန်း (၃)ခု မေးချင်တယ်။ မင်းဖြေနိုင်မလားတဲ့။ ကျွန်မကလဲ ဖြေနိုင်တဲ့ မေးခွန်းသာဆို ကြိုးစားဖြေပါ့မယ်လို့ ပြန်ပြောခဲ့တယ်။

ပထမဆုံးမေးခွန်းကို ငှက်ကလေးက မေးတယ်။
မိန်းကလေးငယ် မင်းမှာ ချစ်သူတွေအများကြီးရှိလားတဲ့။

ကျွန်မကသေချာပြန်ဖြေလိုက်တယ်။
ကျွန်မမှာ ချစ်သူအများကြီးမရှိပါဘူး။
ဒါပေမယ့် ရှိတဲ့တစ်ယောက်ကိုတော့ အများကြီးချစ်တယ်လို့ ။

ဒုတိယမေးခွန်းအနေနဲ့  ငှက်ကလေးက
တကယ်လို့ မင်းချစ်သူ မင်းကို မချစ်တော့ဘူးဆို ဘာလုပ်မလဲတဲ့။

ကျွန်မကပြုံးပြီးပြန်ဖြေခဲ့တယ်။
သူ မချစ်တော့ပေမယ့် ကျွန်မသူ့ ကိုချစ်တာ သူသိသွားရင်ကျေနပ်ပါတယ်လို့ ။

နောက်ဆုံးမေးခွန်းအနေနဲ့  ငှက်ကလေးက
တကယ်လို့ မင်းချစ်သူက မင်းကို လက်ထပ်ပါရစေလို့ ပြောလာရင် မင်းဘာလုပ်မလဲတဲ့။

ကျွန်မကလဲ ပြုံးပြီးပြန်ဖြေခဲ့တယ်။
သူ့ ကိုစချစ်ကတည်းက လက်ထပ်ဘို့ အထိရည်ရွယ်ပြီးချစ်လာခဲ့တော့ သူသာအဲဒိလို ကမ်းလှမ်းခဲ့မယ်ဆို အရမ်းကို ပျော်မိမှာပါ။ သူ ကျွန်မနဲ့ အိမ်ထောင်ပြုလိုက်ရလို့  ဘယ်တော့မှ နောင်တမရအောင် တစ်ဘ၀လုံး ပေးဆပ်ပြီးချစ်သွားမှာ။ သူ မကျန်းမာသည်ဖြစ်စေ၊ သူကျန်းမာသည်ဖြစ်စေ တစ်သက်လုံးအေးတူပူအမျှ နေသွားပေါ့လို့  ရိုးသားစွာနဲ့  ပြန်ဖြေခဲ့တယ်။

;P

အိမ်ကိုလွမ်းနေသူ

17:16 Posted by ကျောပိုးအိတ်

ညက တိတ်ဆိတ်လွန်းလှတယ်။ ကောင်းကင်မှာလဲ ကြယ်တွေက ညီလာခံသဘင် ကျင်းပနေသလို စုံညီ စွာနဲ့  လမင်းကြီးကို ဦးခိုက်နေကြတယ်။ ဟိုးအဝေးက အိမ်စုလေးမှာလဲ မိသားစုတွေစုံစုံညီညီနဲ့  ညစာထမင်းလက်စုံ စားနေကြတယ်။ ဘေးအိမ် ကတော့ ပျော်ရွှင်စွာနဲ့  တီဗွီကြည့်နေကြတယ်။

ခပ်လှမ်းလှမ်းက အုတ်ခုံလေးပေါ်မှာ ကောင်လေး တစ်ယောက် က သူ့ ချစ်သူ လို့ ထင်ရတဲ့ ကောင်မလေးတစ်ယောက်နဲ့  ဖုန်းပြောနေတယ်။ ခပ်လှမ်းလှမ်း ပန်းခြံထဲ က ပန်းရနံ့ တွေက လေနဲ့ အတူ ဆော့ကစားပြီး ကလူ၏သို့ မြူ၏သို့ လုပ်နေ ကြတယ်။ တစ်ခါတစ်ခါ ဘယ်ကနေ တီးနေမှန်းမသိတဲ့ ဂစ်တာသံချိုချိုလေးကလဲ လေနဲ့ အတူပါပါလာတယ်။ မြို့ လေးကို ပတ်လည်ဝန်းရံ နေတဲ့ တောင်တန်းကြီးတွေကတော့ အိပ်မောကျနေလောက်ပြီ။

တဖြည်းဖြည်းနဲ့  ညက အေးစက်လာတယ်။ ထိုင်နေရာကနေ ဖြည်းညှင်းစွာ ကျွန်မထလိုက်တယ်။ အိမ်ခန်းထဲ ရောက်တော့ ညအတွက်ပေးထားတဲ့ဆေးကို မသောက်ချင်သောက်ချင်နဲ့  ယူသောက်လိုက်မိတယ်။ ဆေးက ရုတ်တရက်မျိုမရဘူး။ ပါးစပ်ထဲ မှာဘဲ ရေတွေနဲ့ လုံးထွေးနေတယ်။ ခါးသက်သက်အရသာက ပါးစပ်တစ်ခုလုံး ပြည့်လာတယ်။ ဘယ်လိုမှထိန်းမရတာနဲ့ ဝေါက နည်း အန်မိတယ်။ အိပ်ခန်းထဲက ကြမ်းပြင်ပေါ်မှာ ရေတွေက ဟိုတစ်ကွက် ဒီတစ်စက်နဲ့ ။

ဒီလိုနေထိုင်မကောင်းရင် အိမ်ကို သိပ်သတိရတာဘဲ။ မေမေသာအနားရှိရင် အရမ်းကောင်းမှာဘဲ။ ကျွန်မနေထိုင် မကောင်းရင် မေမေတစ်ယောက်အရမ်းပင်ပန်းတယ်။ ကျွန်မက အဖျားကြီးပြီး ခဏခဏ ဂယောင်ကတမ်းတွေ
ပြောတတ်လို့ မေမေကဘယ်တော့မှ စိတ်မချဘူး။

ငယ်ငယ်တုန်းက တစ်ခါ အကြီးအကျယ်ဖျားဘူးတယ်။ အဖျားက တော်တော်နဲ့ မကျဘူး။ အမြဲလိုလို ၁၀၃ ကနေ မကျချင်ဘူး။ ဖြစ်ချင်တော့ ကျွန်မတို့ ကလဲ နယ်မြို့ လေးမှာ ရောက်နေတော့ ပိုဆိုးတယ်။ နောက်တော့ ဖေဖေက ဘယ်လိုမှ မဖြစ်တော့ ဘူးဆိုပြီး လေယာဉ်လက်မှတ်အမြန်စီစဉ်ပေးပြီး မေမေနဲ့ ကျွန်မကို ရန်ကုန် အတင်းပြန် လွှတ်ခဲ့တယ်။ လေယာဉ်က မနက် ၁၀နာရီ ကွင်းချိန်းဆိုတော့ မနက်စာကို ၉နာရီလောက်မှာ စားကြတယ်။ စားကြတယ်ဆိုတာကလဲ ဖေဖေရယ် မေမေရယ် ၂ယောက်ထဲပါ။ ကျွန်မကတော့ အနွေးထည်လေးဝတ်ပြီး ထမင်းဝိုင်းနားမှာ မယောင်မလည်နဲ့ ပေါ့။

ကျွန်မကို မေမေက ထမင်းစားနေရာကနေ မော့ကြည့်ပြီး သမီးလေးအတွက်ဆန်ပြုတ်ပြုတ်ထားတယ်။ သောက်လိုက်နော်တဲ့။ ကျွန်မကလဲ ဆန်ပြုတ်သောက်ရတာ တော်တော်ငြီးငွေ့ နေပြီ။ သမီးကိုလေ မေမေ့ ပန်းကန်ထဲက ထမင်းလေးနည်းနည်း ကျွေးပါလားဆိုတော့ မေမေကမျက်ရည်တွေဝဲပြီးသမီးရယ် မကျွေးချင်လို့ မှ မဟုတ်တာ။ ဆရာဝန်က အဖတ်မစားရသေးဘူးဆိုလို့ မကျွေးသေးတာတဲ့။ ကျွန်မလဲ ဘာမှပြန်မပြောတော့ဘဲ ထမင်းဝိုင်းလေးနားကနေ ထလာခဲ့မိတယ်။

ကျွန်မဖျားပြီဆို ထုံးစံအတိုင်း မေမေကဆေးခွက်လေးကိုင်ပြီး ဆေးသောက်ဘို့ လာနှိုးတယ်။ ဆေးတွေက ဘယ် လောက်ခါးခါး မေမေတိုက်ရင် အကုန်သောက်တယ်။ ပြီးတော့ဆေးသောက်ခါနီး မေမေက အမြဲ ဆေးတွေကို နာဖူးပေါ်တင်ပြီး ဘုရားဆေး၊ တရားဆေး၊သံဃာံဆေး မေ့သမီးလေးနေကောင်းလာမယ့်ဆေး ဆိုပြီး အဲလိုပြော ပြီးမှ တိုက်တာ။ ပြီးတော့ ကျွန်မနာဖူးလေး တွေစမ်းပြီး နွေးနွေးလေး နမ်းမယ်။ ပြီးရင် ကျွန်မဘေးမှာ လာလှဲပြီး ကျွန်မနဲ့  ရောက်တတ်ရာရာတွေပြောမယ်။ ကျွန်မကို ပုံပြင်ဆန်တာတွေ ပြောပြမယ်။ ကျွန်မပြန်အိပ်ပျော်သွားပြီ ဆိုမှ ကျန်တဲ့အိမ်အလုပ်တွေလုပ်တယ်။ အိမ်အလုပ်တွေလုပ်နေရင်းနဲ့  မကြာခဏ ကိုယ်ပူလာစမ်းမယ်။ ချွေးတွေထွက်နေရင် အင်္ကျီလာလဲပေးမယ်။

ကျွန်မကိုယ်ကျွန်မ ပြန်စဉ်းစားတယ်။ ငယ်ငယ်တုန်းကတော့ မကြာမကြာဖျားတယ်။ အသက်ကြီးလာတော့ ခဏခဏဖျားလာတယ်။ အသက်လမ်းကြောင်းကလဲတိုတိုလေး။ ဆေးတွေကိုလဲ အရမ်းမုန်းပါတယ်။ ခုဖျားနေတာလဲ အိမ်ကိုမပြောရဲဘူး။ မေမေက အရမ်းစိတ်ပူတတ်တာ။ ဖုန်းဆက်တိုင်းမေးတာက မေ့သမီးလေး နေကောင်းလားတဲ့။ ဒါဘဲမေးတတ်တယ်။

ခုတော့ အိမ်ကိုလွမ်းရင်း ဆေးခါးခါးတွေ သောက်ပြီး ပြန်အိပ်လိုက်ဦးမယ်။

;(

ကျီးမနိုးပွဲ

21:48 Posted by ကျောပိုးအိတ်

မနေ့ က တန်ဆောင်မုန်းလပြည့်နေ့ ။ မြန်မာပြည်မှာဆိုရင်တော့ ဆေးပေါင်းခတဲ့ညပေါ့။ ပြီးတော့ ကျီးမနိုးပွဲ (သူခိုးကြီးပွဲ)ကို နှစ်စဉ် ရိုးရာမပျက် ဆင်နွဲကြမှာပါ။

ဒီကိုရောက်နေတဲ့ မြန်မာတွေတော့ ရှိတယ်။ ဒါပေမယ့် ဘယ်သူမှ ကျီးမနိုးပွဲမလုပ်ကြပါဘူး။ မယ်ဇလီဖူးသုတ် တော့ သုတ်စားကြတယ်။

ဟိုးလွန်ခဲ့တဲ့နှစ်တွေက ကျွန်မတို့ ကျီးမနိုးပွဲလုပ်တာလေးကို ပြန်သတိ အောက်မေ့မိပါတယ်။ ကျွန်မတို့ လမ်းထိပ် မှာ အရမ်းကြီးတဲ့ ခရေပင်ကြီးတစ်ပင်ရှိတယ်။ အဲဒိခရေပင်ကြီးက ၁၂ရာသီလုံးနီးပါး အမြဲခရေပန်းတွေ ပွင့် တတ် တယ်။ အပင်အောက်ကို ဖြတ်တိုင်း ခရေပန်းရဲ့ မွှေးရနံ့ နဲ့ အတူ ရင်ထဲမှာလဲ အမြဲအေးမြခဲ့တယ်။ လေအဝှေ့ မှာ ကြွေကြလာတဲ့ ခရေပန်းပွင့်လေးတွေကို ပြေးပြေးကောက်ပြီး လက်ကိုင်ပုဝါထဲထည့်ပြီးမွှေးရတာ အရမ်းကြည်နူးဖို့ ကောင်းတယ်။

ငယ်ငယ်တုန်းကဆို ခရေပန်းသွားကောက်တယ်။ ကျွန်မလိုအရွယ်လေးတွေ လာကောက်ကြတာ အများကြီးဘဲ။ ခရေပန်းကောက်ပြီးပြန်လာတိုင်းလဲ အမြဲအရိုက်ခံရတယ်။ ဘာလို့ လဲဆိုတော့ အဲဒိခရေပင်ကြီးက ကားလမ်း ဘေးမှာဆိုတော့ ကားတွေဘာတွေတိုက်မှာ အိမ်ကစိုးရိမ်ပြီး နောက်မကောက်ဘို့ ဆူတယ်။ မရတော့ အရိုက်ခံ ရတာပေါ့။

ခရေပင်ကြီးက နေ့ ဆို အရိပ်ပေးတယ်။ ညဆို လူစည်အောင် လုပ်ပေးတယ်။ အဲဒိခရေပင်ကြီး အောက်မှာ နွေရာသီညဆိုလူအရမ်းစည်ပါတယ်။ အေးအေးလူလူ လေညှင်းခံထွက်ပြီးစကားပြောတဲ့သူတွေလဲ အများကြီးဘဲ။ နောက်တော့ ဈေးကွက်စီးပွားရေးအနေနဲ့  ၀က်သားဒုတ်ထိုးဆိုင်၊ အကြော်ဆိုင်၊လက်ဘက်သုတ်ဆိုင်၊ ကြံရည်ဆိုင် လေးတွေ နောက်ပိုင်းမှာ တိုးလာတယ်။

နောက်သိပ်မကြာဘူး အပင်အောက်တည့်တည့်မှာ တဲသေးသေးလေးနဲ့ ကွမ်းယာဆိုင် ပေါ်လာတယ်။ ကွမ်းယာ ဆိုင်က ရောင်းတာ ကုလား။ အသားကလဲ မဲလိုက်တာ မှောင်နေတာဘဲ။အင်းပေါ့လေ ဘယ်ကုလားကရောဖြူလို့  လဲ။ အဲတဲသေးသေးလေး(တဲဆိုပေမယ့် ကွမ်းယာပစ္စည်းတွေနဲ့ တင်ပြည့်နေတာ) ရောက်လာမှဘဲ ကျွန်မတို့ ရဲ့  ခရေပင်ကြီးအောက်က မလှတော့ဘူး။ ကွမ်းတံထွေးတွေနဲ့ ညစ်ပတ်လာတယ်။ ကွမ်းယာရောင်းတဲ့ကုလားက ညဆို အဲဒိ သေးသေးကွေးကွေးကွမ်းယာတဲလေးထဲမှာ အိပ်တတ်တယ်။

ခရေပန်းဖြူဖြူလေးတွေက ကွမ်းတံတွေးတွေနဲ့ ရောလို့ ။ နောက်တော့ ကျွန်မတော်တော်ကြည့်မရဖြစ်လာတယ်။ ဘယ်လိုပထုတ်ရမလဲ အမြဲစဉ်စားတယ်။ အဲလိုညစ်ကျယ်ကျယ်ညဏ်ဆို ကျွန်မက သိပ်ထွက်တာ။

ဒီလိုနဲ့  တန်ဆောင်မုန်းလပြည့်နေ့ ကို ရောက်ရှိလာပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့ ဆို ကျွန်မတို့  ရပ်ကွက် မှာ ဆွမ်းကြီးလောင်းပွဲ အမြဲလုပ်တယ်။ ညဘက်ဆို အရမ်းစည်တာဘဲ။ စည်တော်အကတွေ၊ အခြောက် တွေ (မိုးကြိုးငှက်ငယ်လေးများအဖွဲ့ )၊အလှပြကားတွေ၊နာမည်ကြီးအဆိုတော်တွေပါတဲ့ စတိတ်ရှိုးတွေနဲ့ အမြဲလိုစည် ကားတယ်။

ကျွန်မတို့ ရဲ့ ခရေပင်အောက်ကို ညစ်ပတ်အောင်လုပ်တဲ့ကုလားကိုလဲ ပညာပေးချင်နေတယ်။ ကြိုတင်ကြံစည်ရတာကလဲ တော်တော်လေးကို ပျော်စရာကောင်းတယ်။ ကိုယ့်အကြံအစည်နဲ့ ကိုယ်မို့  လမ်းလျှောက်ရင်တောင် ရင်ကခုန်တုန်တုန်၊ မြောက်ကြွကြွ။ဒီလိုဖြစ်ဘို့  ကျွန်မတို့ မှာ တော်တော်လေး စည်းရုံးဆင်းရတယ်။

ကျွန်မတို့ အကောင်ထည်ဖော်မယ့် ကျီးမနိုးပွဲလေးလုပ်ဘို့ အချိန်တန်လာပါပြီ။ ကုလားကလဲ တစ်နေကုန် ကွမ်းယာရောင်း ထားရတော့ ညစောစောအိပ်မယ်ဆိုပြီး ဆိုင်စောစောသိမ်းပါတယ်။ အရမ်းကံကောင်းပါတယ်။ အစစ အစဉ်ပြေနေတယ်လေ။

ညသန်းခေါင်ကြတော့ ကုလားရဲ့ ဟောက်သံက ကွမ်းယာတဲလေးအပြင်တောင် ဖောက်ထွက်လာပါတယ်။ ဒီတော့ကျွန်မတို့ လဲ စတင်အကောင်ထည်ဖော်တာပေါ့။ ကွမ်းယာတဲလေးရဲ့ အမိုးပေါ်မှာ တံခါးချိတ်တဲ့ သံကွင်းကြီးပါ တယ်။ အဲဒိသံကွင်းထဲကို နိုင်လွန်ကြိုးထည့်ပြီး အားကောင်းတဲ့ ယောက်ကျာင်္းတွေက ကြိုးနဲ့ ခရေပင်ပေါ်ရအောင် တင်တယ်။ ကုလားကလဲ သူ့ ကို လှုပ်သိပ်နေတယ်ထင်နေလားမသိဘူး။ ဟောက်သံက စည်းချက်ညီညီထွက်လို့ ။ ၁နာရီနီးပါး ကွမ်းယာတဲလေးကို ခရေပင်ပေါ်တင်ရတယ်။ နောက်ကြိုးပြေမှာဆိုးတာကြောင့် မြေကြီးမှာလဲသေချာ ပနတ်ရိုက်ထားရသေးတယ်။

နောက်တော့ အားလုံးကိစ္စပြီးတာနဲ့  ဟန်မပျက်အိမ်ပြန်လာပြီး အိပ်လိုက်တယ်။ ကျွန်မပြန်လာတော့ တစ်အိမ်လုံး အိပ်မောကြနေကြတယ်။ ကျွန်မခြေလက်ဆေး၊ သွားတိုက်၊မျက်နှာသစ်ပြီး အိပ်လိုက်တယ်။ အိပ်တယ်ဆိုပေမယ့် တကယ်တော့ အိပ်မပျော်ဘူး။ မနက်မိုးမြန်မြန်လင်းချင်ပြီ။မနက်ကျရင် ဘာဖြစ်မလဲဆိုတာ အရမ်းသိချင်နေပြီ။ နောက်တော့လဲ ကျွန်မအိပ်ပျော်သွားတယ်။

ဘယ်လောက်ထိအိပ်ပျော်သွားလဲမသိဘူး။ ဆူညံဆူညံအသံကြားတော့ ကျွန်မနိုးလာတယ်။ အခြေနေသိရအောင် အိမ်ပြင် ထွက်ကြည့်လိုက်တော့ ဟေးးးးးးးးးးးးးးးးးဟေးးးးးးးးးးးးးးးးးးး ကွမ်းယာကုလားလေ ငိုနေတယ်တော့။ သူ့  မှာ အောက်ဆင်းမရ အပေါ်တတ်မရနဲ့ ။ သူ့ ကွမ်းယာတဲလေးကလဲ လေထဲမှာလွှင့်လို့ ။ လူတွေကလဲ ထူးထူး ဆန်းဆန်းကြည့်နေကြ တယ်။တီးတိုးတီးတိုး သဖန်းပိုးလုပ်နေတယ်။ ဘယ်သူ့ လက်ချက်လဲဘာညာပေါ့။ အဲဒိအချိန်မှာ ကျွန်မက မသိချင်ယောင် ဆောင်နေလိုက်တယ်။ မဟုတ်ရင် အရိုက်ခံရမှာပေါ့။ နောက်တော့မှ ရပ်ကွက်ထဲက အကိုကာလသားများရဲ့ အကူညီနဲ့  ကွမ်းယာတဲလေးမြေပေါ်ပြန်ခလာရတယ်။ အဲဒိနောက်ပိုင်း ကုလားလဲ ပြောင်းပြေးပါလေရော။

ဒါကလေ ငယ်ငယ်တုန်းက ဆိုးခဲ့တဲ့ ကျွန်မတို့ ရဲ့ ကျီးမနိုးပွဲပေါ့။ ဒီလိုအချိန်လေးတွေ ပြန်လိုချင်သေးသားနော်။

ကြွေလင့်ပန်း

20:05 Posted by ကျောပိုးအိတ်

သူ့ ကိုစတွေ့ တဲ့နေ့ က မိုးတွေအရမ်းရွာတဲ့နေ့ လေးတစ်နေ့ မှာပါ။ ဟောင်းနွမ်းပြီး ပြဲလုလုဖြစ်နေတဲ့ အ၀တ်အစားတွေက မိုးမိထားတာကြောင့် ပိုပြီးစုတ်ပြတ်နေသလို ခေါင်းကဆံပင်တွေကလဲ မလျှော်ရတာ ဘယ်လောက်ကြာနေပြီလဲမသိဘူး။ မိုးမိထားတာကြောင့် ခေါင်းက အနံ့ ကလဲ တော်တော်ဆိုးရွားစွာ ထွက်နေသေးရဲ့ ။

သူ့ ရဲ့ လက်ထဲမှာတော့ ၂နှစ်အရွယ် ကလေးလေးတစ်ယောက်ကို ပွေ့ လို့ ။ ခိုက်ခိုက်တုန်နေတဲ့သူ့ ပုံစံကို ကြည့်ပြီး ကျွန်မဘာလုပ်ရမှန်းမသိတော့ပါဘူး။ ဒါနဲ့ ကျွန်မရဲ့ ဂျာကင်ကိုသူ့ ကိုပေးလိုက်တော့ အားနာလွန်းစွာ ငြင်း ဆန်နေတယ်။ ဒါပေမယ့် ကျွန်မကဘဲ အတင်းထိုးပေးနေလို့ လား ၊ ဒါမှမဟုတ် ချမ်းလွန်းတဲ့ဒဏ်ကို မခံနိုင်လို့  လားတော့ မသိပါဘူး။နောက်ဆုံးမှာ ကျွန်မရဲ့ အနွေးထည်ဂျာကင်ကို တုန်ချိတဲ့လက်တွေနဲ့ တရိုတသေ ယူလိုက်ပါတယ်။

ကျွန်မသူ့ နာမည်ကိုမေးလိုက်တော့ စန်းမြင့်လို့ ခေါ်ပါတယ်တဲ့။ သူနေတဲ့နေရာက လူသူအရောက်ပေါက်နည်းတဲ့ နေရာ။ တစ်နည်းအားဖြင့်တော့ တောင်ယာထဲမှာပေါ့။ ယောကျာင်္းကလဲ ခုလတ်တလောမှာ ရောဂါဝေဒနာကို အသေအလဲခံစားနေရတယ်။ ဘယ်နေ့ သေမလဲ လက်ချိုးစောင့်နေရတယ်လို့ ပြောပါတယ်။

သူ့ မှာ ကလေး၅ယောက်ရှိပါတယ်။အကြီးဆုံးက ၁၃နှစ်တဲ့။ ခုသူ့ လက်ထဲမှာ ချီထားတဲ့ ကလေးလေးကလဲ သွေးစစ်ကြည့် ထားတာ သူတို့ နည်းတူ ရောဂါဝေဒနာ ကူးစက်ခံနေရတယ်။ ကျွန်မလဲ ဘာအလုပ်များ လုပ်ပါ သလဲမေးတဲ့အခါမှာ အကြီးဆုံးသား ၁၃နှစ်က နွားကျောင်းရင်း ရှာကျွေးတယ်လို့ ပြောပါတယ်။ ၀င်ငွေအရမ်းနည်း ငတ်တလှည့် ပြတ်တလှည်ပါတဲ့။ ၀င်ငွေကလဲနည်း။ ကုသလို့ မရတဲ့ရောဂါကလဲ ကူးစက်ခံထားရတာကြောင့် အရမ်းအားငယ်ကြောင်း ပြောလာပါတယ်။

အမှန်တကယ်အတိဒုက္ခရောက်နေတာကြောင့် ကျွန်မတို့ အဖွဲ့ မှ သူ့ အား လစဉ်ထောက်ပံ့ဘို့  ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်သူ့ ကိုတစ်လတစ်ကြိမ် ကျွန်မတွေ့ ခွင့်ရခဲ့ပါတယ်။ တွေ့ တဲ့အခါတိုင်း သူက ချိနဲ့ နေတဲ့လက်အစုံနဲ့  ကျွန်မကို အရိုအသေ အပေးပါတယ်။ သူနဲ့ စကားပြောတဲ့အခါတိုင်းမှာ ပြူးကျယ်ဝိုင်းစက်နေတဲ့ မျက်လုံးအစုံနဲ့  စိတ်ဝင်တစားအမြဲနားထောင်တတ်တယ်။ ကျွန်မကရယ်စရာစကားတွေပြောတိုင်း ကြီးလွန်းလှတဲ့ သွားတွေကို အဆုံးထိပေါ်အောင် ရယ်တတ်ပြန်တယ်။

၅လလောက်နေတော့ ရုတ်တရက်ဘာမှအကြောင်းမကြားဘဲ သူပျောက်သွားတယ်။ ကျွန်မတို့ လဲ သူနေတဲ့နေရာ ကို လူလွှတ်ပြီးစုံစမ်းခိုင်းတော့ သူ့ ယောကျာင်္းဆုံးကာနီးမို့ ဘယ်မှမသွားတာတဲ့။ သူလဲတော်တော် နေမကောင်းပါ ဘူးတဲ့။ ထုံးစံအတိုင်း ရောဂါတွေက ဟောတစ်မျိုး ဟောတစ်မျိုးနဲ့  အမျိုးစုံကို ၀င်နေတော့တာဘဲတဲ့။

သူနေတဲ့နေရာကို အရောက်သွားဘို့ ရာ တကယ်တမ်းမလွယ်လှပါဘူး။ ဒါပေမယ့် တွေ့ ချင်ဇောက အရမ်းများနေလို့ လား မသိဘူး။ကျွန်မရောက်အောင်သွားပါတယ်။ သူ့ ဆီရောက်တော့ တစ်နေကျိုးနေပါပြီ။ လမ်းကလဲ အရမ်း ကို ဆိုးဝါးပါတယ်။ လမ်းတစ်လျှောက်ကျွန်မမှာ ခဏခဏချော်လဲနေတာကြောင့် အချိန်ဖင့်သွားခဲ့တယ်။ နေညက်ဆုံးတော့ ဟိုမေးဒီစမ်းရင်းနဲ့ 
သူတို့ နေတဲ့နေရာကို ရောက်ခဲ့ပါတယ်။အနံ့  အသက်လုံးဝ မကောင်းတဲ့ တဲတစ်လုံးမှာ မိသားစုတွေက ပြွတ်သိပ်လို့ ။
နံလွန်းလို့ ရုတ်တရက်ကျွန်မပျို့ အန်တဲ့ အဆင့်ထိရောက်ခဲ့တယ်။

ကျွန်မတို့ ရုတ်တရက်ရောက်လာတော့ ခြေမကိုင်လက်မကိုင်ပျော်နေရှာတယ်။ သူ့ ယောကျာင်္းနဲ့ လဲ ရသလောက် မိတ်ဆက်ပေးရှာတယ်။သူ့ ယောကျာင်္းကလဲ လက်တစ်စုံကို မနိုင်တစ်နိုင်မပြီး အသိမှတ်ပြုရှာတယ်။ ပြီးတော့ ရသလောက်ခွန်အား နဲ့  ကျွန်မကို မသဲမကွဲညီးငြူရင်း မှာတမ်းတွေ ချွေနေပါတယ်။ သူ့ မိန်းမနဲ့  ကလေးတွေကို ကျွန်မ
တို့ လက်ထဲအပ်ပါတယ်။သူမရှိတဲ့နောက်မှာ ကူညီပါတဲ့။ကျွန်မတို့ လဲ ရောက်ပြီး သိပ်မကြာပါဘူး လိုအပ်တာတွေ ထောက်ပံ့ပေးပြီး ပြန်လာခဲ့တယ်။ ညနေရောက်တော့ ဖုန်းဝင်လာပါတယ်။ စန်းမြင့်ယောကျာင်္းဆုံးသွားပြီတဲ့။ သြော် သွားရှာပြန်ပြီ နောက်တစ်ယောက်။

နောက်တော့ ကျွန်မစန်းမြင့်ကို ပိုပြီးဂရုစိုက်လာမိတယ်။ မွေးရာပါခြေတစ်ဘက်မသန်စွမ်းတဲ့သူက ကျွန်မဆီလာမယ်ဆို
စွေ့ ကနည်းဘဲ ရောက်ရောက်လာတယ်။ အနီးကပ်ပေါင်းကြည့်တော့ စိတ်ရင်းလေးက အရမ်းဖြူစင် တာဘဲ။ ပြီးတော့ အရမ်းလဲ ရိုသေတယ်။စကားပြောလဲယဉ်ကျေးတယ်။

နောက်တစ်နှစ်လောက်ကြာတော့ သူရဲ့ သမီးအငယ်လေး ဆုံးပြန်တယ်။ ရူးမတတ်ငိုနေတဲ့ သူ့ ကိုအားပေး နှစ်သိမ့်ရင်း ကျွန်မပါ ရောငိုမိပါတယ်။ နောက်တော့ စန်းမြင့်တစ်ယောက် ချူခြာလာပါတယ်။ ဒီကြားထဲ တီဘီရောဂါပါ ထပ်မံကူးစက်ခံနေရတာကြောင့် ပိုပြီးပိန်ချုံးလာပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ကတော့ စန်းမြင့်ဆေးရုံတတ်နေရတယ်လို့ ပြောလာပါတယ်။ အလုပ်တွေအရမ်းများ နေတာ ကြောင့် ကျွန်မ မရောက်ဖြစ်ပါဘူး။ သောကြာနေ့ က ဖုန်းထပ်ဝင်လာတယ်။ စန်းမြင့်အခြေနေ လုံးဝမကောင်း တော့ပါဘူးတဲ့။ ကျွန်မလဲရှိတဲ့အလုပ်တွေပြစ်ထားခဲ့ပြီး စန်းမြင့်ရှိတဲ့ဆေးရုံကိ ပြေးလာခဲ့တယ်။

ခုတင်ပေါ်မှာလှဲနေတဲ့သူတစ်ယောက်က ကျွန်မကိုမြင်တာနဲ့ မျက်လုံးလေးကလက်သွားတယ်။ ပြီးတော့ ထုံးစံအတိုင်း လက်ကလေးနှစ်ဖက်မပြီး အရိုသေပေးတယ်။ ရုတ်တရက်ကျွန်မလုံးဝ မမှတ်မိပါဘူး။ အသားအရည်လုံးဝမရှိတော့ပါဘူး။ ပါးစပ်ကလဲ ဟမရအောင် အနာတွေပေါက်နေပါတယ်။ ကျောမှာလဲ အိပ်ယာနာတွေပေါက်လို့ ။ တစ်ကိုယ်လုံးလဲ ရစရာမရှိအောင် အနာတွေပေါက်လို့ ။

အသိတွေက ရှိတစ်ခါပျောက်တစ်လှည့်ဖြစ်နေတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ ကျွန်မကိုတော့ မှတ်မိရှာတယ်။ သူ့ ကို ကူးစက်ရောဂါအထူးကြပ်မတ်ဆောင်မှာ တင်ထားတယ်။ နောက်တော့ တာဝန်ကျတဲ့ ဆရာမရောက်လာပြီး ကျွန်မကို ကြာကြာမနေသင့်တာကြောင့် ပြန်ပါလို့ လာပြောလာပါတယ်။ ကျွန်မလဲ စန်းမြင့်ကို နှုတ်ဆက်ပြီး ပြန်လာခဲ့တယ်။ စနေ၊တနင်္ဂနွေရုံးပိတ်ရက်လဲ ဟိုလိုလိုဒီလိုလို ကုန်ဆုံးခဲ့တယ်။

တနလာင်္နေ့ ရုံးတတ်တော့ ကျွန်မလဲ ဆေးရုံမှာ စန်းမြင့်ကိုသွားကြည့်မယ်ဆိုပြီး ထွက်လာပါတယ်။ ကျွန်မရောက်တော့သူ့ ကို တင်ထားတဲ့ အထူးကြပ်မတ်ဆောင်ရဲ့ ကုတင်မှာ စန်းမြင့်မရှိပါဘူး။ တာဝန်ကျဆရာမ ကိုမေးကြည့်တော့ စနေမနက်စောစောကဘဲ ဆုံးသွားတယ်လို့ ပြောပါတယ်။ နောက်တော့ မိသားစုထဲက အကြီးဆုံးသားကိုမေးတယ်။ ဆွေမျိုးရှိလားတဲ့။ မရှိဘူးဆိုတာနဲ့ အဲဒိ စနေမနက်မှာဘဲ အားချင်းသဂြိုလ်လိုက် ပါတယ်လို့ ပြောပါတယ်။

ကျွန်မလေ တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ မိုးတွေအရမ်းရွာတဲ့နေ့ မှာ သူ့ ကိုစတွေ့ ခဲ့တယ်။ မိုးတွေအရမ်းရွာတဲ့
နေ့ မှာဘဲသူ့ ကိုပြန်ခွဲခွာခဲ့ရတယ်။ သြော် တွေ့ တော့ခဏ များလှတဲ့ဒုက္ခ။ စန်းမြင့်လို HIV ကူးစက်ခံရတဲ့သူတွေ ဘယ်လောက်များ နေမလဲ။ မသက်မသာသက်ပျင်းချရင်း………………………………………

ကျွန်မနှင့် သီတင်းကျွတ်

20:16 Posted by ကျောပိုးအိတ်

သီတင်းကျွတ်ပြီ
မီးပုံးပျံလွှတ်ရအောင်
မီးဇာကိုရေနံဆွတ်ပါ
မှိုင်းဝမှလွှတ်ပါ။

သီတင်းကျွတ်ပြီတဲ့။ မိုးလေကင်းလွတ်ပြီလို့ ထင်ရပေမယ့် ခုထိမလွတ်သေးပါဘူး။ မုန်တိုင်းတွေကလဲ ပေါ်ကောင်းတုန်းပါဘဲ။ မိုးကလဲရွာကောင်းတုန်း။ ၀ါအကျွတ်ကို အားကြိုးမန်တတ် လက်ချိုးပြီး ရေတွက်စောင့် နေသူများအတွက်တော့ မင်္ဂလာရှိတဲ့ အခါသမယပါဘဲ။

ကျွန်မအတွက်တော့ သီတင်းကျွတ်တာလဲ ကျွန်မနဲ့ မဆိုင်သလို။း( ။ လာလိုက်တဲ့မင်္ဂလာဆောင်ဖိတ်စာ။ ဆောင်ဆောင် နိုင်လွန်းတယ်။ (တကယ်တော့ မနာလိုပြီး အားကျတဲ့လေသံနဲ့ ) ဖိတ်တဲ့လူကလဲ ကြိုးနဲ့  တစ်ခါထဲချည်သွားတယ်။
တို့ မင်္ဂလာဆောင်မလာရင် နင့်မင်္ဂလာဆောင်လဲမလာဘူးတဲ့။ ဟော သွားပြန်တော့လဲ အနှောင့်အသွားက မလွတ်ချင်။ ဘယ်တော့လဲ။ ငှက်ပျောပင်စိုက်ထားပြီလား။ဘာညာနဲ့ ။ ဟူးးးးးးးးးးးးးးးးးးးးးးးးးးးး

တွေ့ တဲ့သူတိုင်းကလဲ ဘယ်တော့လဲ။သူများတွေကျွတ်ကုန်ပြီနော်။အားမကျဘူးလား။ရွှေလက်ဘယ်တော့ တွဲမလဲတဲ့။ စိတ်ရှိလက်ရှိသာ အော်လိုက်ရရင်တော့။ ဟော ချစ်စရာကောင်းတဲ့ကလေးလေးတွေ တွေ့ လို့  ချီလိုက်မိရင်လဲ ကိုယ်တိုင်မွေးပါလားတဲ့။ ဘာလုပ်လုပ် အနှောင့်အသွားကမလွတ်ချင်ဘူး။

ဝါကျွတ်ပြီနော်။စားရတော့မှာလားတဲ့။ ၀ါမကျွတ်လဲကျွေးနေတာကို။ဝါက သူ့ ဘာသာကျွတ်တာ။နှစ်တိုင်းလဲ ကျွတ်နေတာဘဲ။ ခုတော့ ဟွန့် ။ သူများမစွံတာ လူသိလိုက်တာ။

ပြီးတော့ လာလိုက်တဲ့ ဘုံကထိန်။ ဟောတစ်စောင် ဟောတစ်စောင်နဲ့ ။ လာသမျှအလှူခံကိုလဲ နှမြောတွန့်  တို ခြင်းမရှိ။ လှူခဲ့တာဘဲ။ အလှူခံဖြတ်ပိုင်းမှာ နာမည်ရေးတော့ ထုံးစံအတိုင်း တိုင်ကပတ်ပြန်ရော။ ကျွန်မနာမည် ဘဲပါပြီး နောက် တစ်ယောက်နာမည်မပါလို့ တဲ့။ နောက်တော့ အပြောဆိုလွတ်အောင် ဖေဖေနဲ့ မေမေနာမည် ထည့်တော့မှ နည်းနည်း အနေအစားချောင်တော့တယ်။

နောက်တစ်ခုက ဗျောက်အိုးဖောက်တာ။ ကျွန်မအရမ်းကြောက်ပါတယ်။လန့် လဲအရမ်းလန့် ပါတယ်။ တစ်ညနေမှာ အေးအေးလူလူ ရုံးကသူငယ်ချင်းတွေနဲ့ လမ်းလျှောက်နေတုန်း ဗျောက်အိုးသံအနီးကပ်ကြားလို့  လန့် ပြီးအော်မိတော့ အပျိုကြီးတွေများ ဒီအသံလေးလောက်ကို ကြောက်တယ်ပေါ့လေ။ ဒါဆို အကြောက်ပြေ ယောကျာင်္းမြန်မြန်ယူတဲ့။ ဘယ်လိုဘဲစဉ်းစားစဉ်းစား ဘာမှလဲမဆိုင်ဘူး။

စိတ်လေတယ်နော်။စိတ်လေတယ်။

ယိုးဒယား မုန့် ဟင်းခါးစားရအောင်

05:23 Posted by ကျောပိုးအိတ်

ချစ်ဆုံးသူငယ်ချင်း ဒေးဒေးက ဗိုက်ဆာတယ်လာလာအော်နေတာနဲ့  သူ့ ကိုလဲကျွေးရင်း ကိုယ်တိုင်လဲ ငတ်ရင်း အဲလေ ကိုယ်တိုင်လဲစားရင်း ကျန်တဲ့သူငယ်ချင်းတွေလဲ ၀ါသနာပါရင် မုန့် ဟင်းခါးစားရအောင် ဖိတ်လိုက်ပါ တယ်။


မြန်မာမုန့် ဟင်းခါးလောက်တော့ မကြိုက်ဘူး။ ကျွန်မကဘဲ မြန်မာဆိုတဲ့ အစွဲရှိနေလို့ လားတော့ မသိဘူး ငါးပိလေးပါမှ စားချင်တာ။ ပြီးတော့ မုန့် ဟင်းခါးကို မုန့် ဖတ်နဲ့ မစားချင်ဘူး။ ညှပ်ခေါက်ဆွဲနဲ့  စားချင်တယ်။ အကြော်စုံမပါရင်တောင် အီကြာကွေးလေးပါမှ စားချင်တာ။


ဒါပေမယ့် ရောမရောက် ရောမလိုကျင့်ရတော့မှာပေါ့။ ညှပ်ခေါက်ဆွဲနဲ့  စားချင်ပေမယ့် ဒီမှာ ညှပ်ခေါက်ဆွဲ မရှိဘူး။ အရမ်းလဲမငြီးရဲပါဘူး။ ကိုယ့်ထက် မြန်မာနိုင်ငံနဲ့ ပိုဝေးတဲ့ သူတွေရှိနေလို့ ။ သူတို့ ဆို ကျွန်မထက် ပိုလွမ်းမှာဘဲနော်။ မြန်မာအစားအစာတွေကို။






ဒါကတော့ မုန့် ဖတ်။ ချစ်စရာလေးနော်။ ကျွန်မ မုန့် ဖတ် ၃ပန်းကန်စားလိုက်တယ်။ အစားကြီးတာ ဟုတ်ပါဘူး။ သူထည့်ထားတာ နည်းနည်းလေး။

း)


ဒါကတော့ငှက်ပျောပင်ဖတ်ပါတဲ့ ဟင်းရည်က တစ်ခွက်။


ဒါကတော့ ငါးများများနဲ့  (ငါးပိနည်းနည်းပါတယ်)က ဟင်းရည်တစ်ခွက်။



ဒါကတော့ အုန်းနို့ နဲ့  မြေပဲဆံနဲ့  အတော်ချိုတဲ့ ဟင်းရည်က တစ်ခွက်။



ဒါကတော့ ၀က်သွေးရယ်၊၀က်နံရိုးရယ်၊ ခရမ်းချဉ်သီးရယ်ပါတဲ့ ခပ်ကျဲကျဲဟင်းရည်က တစ်ခွက်ပါ။



မုန့် ဟင်းခါးဟင်းရည် လာပါပြီရှင်။ ဟင်းရည်က တစ်ခါချရင် ၄မျိုးချပါတယ်။ အုန်းနို့ နဲ့  မြေပဲဆံနဲ့  အတော်ချိုတဲ့ ဟင်းရည်က တစ်ခွက်။ ငါးများများနဲ့  (ငါးပိနည်းနည်းပါတယ်)က ဟင်းရည်တစ်ခွက်။ ငှက်ပျောပင်ဖတ်ပါတဲ့ (ကျန်တဲ့ဟင်းရည်ခွက်တွေမှာ ငှက်ပျောပင်ဖတ်မပါဘူး) ဟင်းရည်က တစ်ခွက်။ ၀က်သွေးရယ်၊၀က်နံရိုးရယ်၊ ခရမ်းချဉ်သီးရယ်ပါတဲ့ ခပ်ကျဲကျဲဟင်းရည်က တစ်ခွက်ပါ။





ဒါလေးက သပလာနံ ဟင်းရွက်အစုံပါ။ အကုန်ထည့်စားနော်။ သြော် ဘာတွေပါလဲဆိုတော့ ပဲပင်ပေါက်နဲ့ 

မုန့် ညှင်းဖြူ ရေနွေးဖျော ၊ ကြက်သွန်ဖြူဆီကျက်(ဆီစစ်ထားတဲ့ ကြက်သွန်ဖြူအဖတ်လေးတွေ၊ ကြက်ဟင်းခါးသီး ပဲသီး၊ ပင်စိမ်းရွက်၊ ပဲသီး၊ သခွားသီး၊ ငှက်ပျောဖူး၊ကြံမဆိုင်။



အားလုံးစားပြီးရင် ကြက်ကြော်နော်။


အပ်ဖျားတစ်ထောက်

16:02 Posted by ကျောပိုးအိတ်

အပ်ဖျားတစ်ထောက်စာဆိုပေမယ့် ဆပ်ပြာပူဖောင်းအတွက်တော့ ဘ၀ကို ပျက်စေတယ်။ ဟိုးရှေးရှေးတုန်းကပေါ့။

တိုင်းပြည်တစ်ပြည်မှာ အရမ်းဆင်းရဲတဲ့ အဖွားအို တစ်ယောက်ရှိတယ်။ သူ့ မှာပိုင်ဆိုင်တာဆိုလို့  လဲပြိုကာနီး တဲ တစ်လုံးရယ် ၊ ညစ်ပတ်ပြီး အရောင်မထွက်တော့တဲ့ ချုပ်ရာ ပလပွ အ၀တ်အစား တစ်စုံရယ် ၊ ကြက်မလေး တစ် ကောင်ရယ်၊ ဒါတွေဘဲသူပိုင်ဆိုင်တယ်။ သူရဲ့ ကြက်မလေးက သူ့ အတွက် နေ့ တိုင်း ကြက်ဥတစ်လုံး ဥပေး တယ်။ အဲဒိကြက်ဥလေးနဲ့ ဘဲ အဖွားအိုက နေ့ တိုင်းသူ့ ရဲ့ စားဝတ်နေရေးကို ဖြေရှင်းခဲ့ပြီး အသက်ရှင်နေခဲ့ရ တယ်။

အဖွားအိုနေထိုင်တဲ့တိုင်းပြည်မှာ အစားကျူးတဲ့ ဘုရင်တစ်ပါး အုပ်ချုပ်နေတယ်။ တစ်နေ့ မှာ ဘုရင်က တိုင်းပြည် ထဲမှာ ထူးဆန်းတဲ့ အမိန့် တစ်ခုကို မောင်းထုပြီး ကြေညာခဲ့တယ်။ အဲဒါအမိန့် က ဘာလဲဆိုတော့ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် တိုင်းပြည်မှာ ရှိတဲ့ တိုင်းသူပြည်သားတွေအားလုံး သူစားပွဲတည်ဘို့  အတွက်အသားဟင်းတစ်ခွက်လာ
ပို့ ရမယ်လို့ ကြေညာမောင်းခတ်ခဲ့တယ်။

တကယ်လို့ အသားဟင်းမပို့ နိုင်တဲ့ အိမ်ဆို တိုင်းပြည်မှာ နေခွင့်မပေးဘဲ မောင်းထုတ်မယ်လို့  ကြေညာ အမိန့်  ထုတ်ပြန်ခဲ့တယ်။ ဒီသတင်းကိုကြားတဲ့ တိုင်းသူပြည်သားတွေက တိုင်းပြည်ကနေ မောင်းထုတ်ခံရမှာ ကြောက်တာ ကြောင့် ရှိစုမဲ့စုထဲက အသားဟင်းတစ်ခွက်ပို့ ဘို့  ပြင်ဆင်ကြတယ်။

အဲဒိအထဲမှာ ကြက်မလေးတစ်ကောင်ကို ပိုင်ဆိုင်ထားတဲ့ အဖွားအိုလဲ အပါအ၀င်ပေါ့။ အဖွားအိုမှာ ဘယ်လိုမှ အသားဟင်းကို ပို့ စရာမရှိဘူးဖြစ်နေတယ်။ သူ့ မှာ အသားဟင်းတစ်ခွက်ပို့ ဘို့ ငွေကြေးကလဲ လုံးဝမရှိဆိုတော့ အရမ်းကို ခက်ခဲနေခဲ့တယ်။

အသားဟင်းမပို့ နိုင်လို့  မင်းပြစ်မင်းဒဏ်ခံရမယ်ဆို ပိုပြီးကြီးလေးတာကြောင့် အဖွားအိုက နောက်ဆုံးမှာ ဆုံးဖြတ်ချက်တစ်ခုကို ခက်ခဲပင်ပမ်းစွာနဲ့  ချလိုက်ရတယ်။ အဲဒါကတော့ သူ့ ကိုနေ့  တိုင်း ကြက်ဥတစ်လုံး တစ်လုံး ဥပေးနေတဲ့ ကြက်မလေးကို သတ်ပြီး ဘုရင်ဆီကို အသားဟင်းတစ်ခွက်ပို့ ဘို့  သူဆုံးဖြတ်လိုက်တယ်။

ဘုရင်ကတော့ စားတော်ပွဲမှာ တစ်အိမ်တစ်ယောက်နှုန်း အသားဟင်းခွက်ပေါင်း မြောက်များစွာနဲ့  ပွဲတော် တည်နေခဲ့တယ်။ အသားဟင်းခွက်တွေက သိပ်များပြားလွန်းတာ ကြောင့် ဟင်းခွက်တိုင်းကို မစားဖြစ်ခဲ့ဘူး။ မစားဖြစ်တဲ့ ဟင်းခွက်တွေထဲမှာ အဖွားအိုရဲ့ ကြက်သားဟင်းလေးလဲအပါပေါ့။

ရှင်ဘုရင်က တစ်ချက်လွတ်အမိန့် ချမှတ်ခဲ့တဲ့အတွက် သူ့ မှာတော့ ဘာမှထိခိုက်နစ်နာမှုမရှိပေမယ့် ဒီအမိန့်  ကြောင့် တစ်ဘက်လူမှာ ဘ၀ပျက်ခဲ့ရတယ်။

အဲဒါကြောင့် အပ်ဖျားတစ်ထောက်စာဆိုပေမယ့် ဆပ်ပြာပူဖောင်းအတွက်တော့ ဘ၀ကို ပျက်စေတယ်။

ကွမ်းယာ စားရအောင်

21:04 Posted by ကျောပိုးအိတ်




သပလာနံ အစုံပါတဲ့  ကွမ်းယာထုပ်




ပဲငါးပိအချိုရည်နဲ့  မြေပဲဆံ ရောထားတဲ့ ချိုတဲ့အရည်

အုန်းသီးဖြူဖြူ

စပါးလင်

ထမင်းခြောက်ကြော်

ခရမ်းကဇော့သီး၊ငရုပ်သီးစိမ်း

ကြက်သွန်ဖြူ ၊ ဂျင်းနု ၊ ၊သံပုရာသီး ၊

ပုဇွန်ခြောက် ၊ မြေပဲဆံ

ကွမ်းရွက် (ကွမ်းရွက်ဆိုပေမယ့် ကွမ်းရွက်အစစ်တော့ ဟုတ်ဘူး။ ဘာအရွက်လဲ မသိဘူး)

ဒီလိုလေးတွေပါတယ်နော်



စားလို့ ရပြီ



စားကောင်းတယ်နော် ။ ပါးစပ်သာကျယ်ကျယ်ဟဘို့ လိုတယ် ။


ကျွန်မတို့ ရုံးဘေးနားမှာ မုန့် သည် အသစ်တိုးတယ်။ လာလာဝယ်စားနေပေမယ့် ဘာမှန်းမသိဘူး။ ရုံးကသူ တော်တော်များများစားနေတာလဲတွေ့ လို့ မေးကြည့်တော့ ကွမ်းယာတဲ့။


ကျွန်မလဲ တော်တော်စိတ်ဝင်စားတယ်။ ကျွန်မတွေ့ ဘူးတဲ့ ကွမ်းယာက ထုံးဖြူဖြူနဲ့  ဆေးမဲမဲနဲ့  ကွမ်းသီးစိတ်နဲ့  လေ။ခုတော့ အဲဒိလို ဟုတ်ဘူးတော့။


အထုတ်လေးတွေ တစ်ခါထဲထုတ်ထားတယ်။ မေးကြည့်တော့ ၂၀ တဲ့။ မြန်မာငွေ ၆၀၀ ပတ်ဝန်းကျင်ပေါ့။ ထုတ်ထားတာလေးက စားချင်စရာလေး။


ကျွန်မတစ်ထုတ်ဝယ်ပြီး စားကြည့်တော့ ကောင်းတယ်တော့။ ထုံးစံအတိုင်း လက်ထဲကကို မချချင်တော့ဘူး။


ဘာတွေပါလဲဆိုတော့

အုန်းသီးဖြူဖြူ ၊ ခရမ်းကဇော့သီး၊ ကြက်သွန်ဖြူ ၊ ဂျင်းနု ၊ ငရုပ်သီးစိမ်း ၊သံပုရာသီး ၊ ပုဇွန်ခြောက် ၊ စပါးလင် ၊ ကွမ်းရွက် (ကွမ်းရွက်ဆိုပေမယ့် ကွမ်းရွက်အစစ်တော့ ဟုတ်ဘူး။ ဘာအရွက်လဲ မသိဘူး)ထမင်းခြောက်ကြော် ၊ ပြီးတော့ ပဲငါးပိအချိုရည်နဲ့  မြေပဲဆံ ရောထားတဲ့ ချိုတဲ့အရည် ၊ မြေပဲဆံ တွေပါတယ်နော်။


ချိုတယ်၊ စိမ့်တယ်၊ စပ်တယ် ၊ ပူတယ် ၊ ရွရွလေးနဲ့ ဘာတွေဝါးနေရမှန်း သိတော့ဘူးရယ်။

း)