အပ်ဖျားတစ်ထောက်

16:02 Posted by ကျောပိုးအိတ်

အပ်ဖျားတစ်ထောက်စာဆိုပေမယ့် ဆပ်ပြာပူဖောင်းအတွက်တော့ ဘ၀ကို ပျက်စေတယ်။ ဟိုးရှေးရှေးတုန်းကပေါ့။

တိုင်းပြည်တစ်ပြည်မှာ အရမ်းဆင်းရဲတဲ့ အဖွားအို တစ်ယောက်ရှိတယ်။ သူ့ မှာပိုင်ဆိုင်တာဆိုလို့  လဲပြိုကာနီး တဲ တစ်လုံးရယ် ၊ ညစ်ပတ်ပြီး အရောင်မထွက်တော့တဲ့ ချုပ်ရာ ပလပွ အ၀တ်အစား တစ်စုံရယ် ၊ ကြက်မလေး တစ် ကောင်ရယ်၊ ဒါတွေဘဲသူပိုင်ဆိုင်တယ်။ သူရဲ့ ကြက်မလေးက သူ့ အတွက် နေ့ တိုင်း ကြက်ဥတစ်လုံး ဥပေး တယ်။ အဲဒိကြက်ဥလေးနဲ့ ဘဲ အဖွားအိုက နေ့ တိုင်းသူ့ ရဲ့ စားဝတ်နေရေးကို ဖြေရှင်းခဲ့ပြီး အသက်ရှင်နေခဲ့ရ တယ်။

အဖွားအိုနေထိုင်တဲ့တိုင်းပြည်မှာ အစားကျူးတဲ့ ဘုရင်တစ်ပါး အုပ်ချုပ်နေတယ်။ တစ်နေ့ မှာ ဘုရင်က တိုင်းပြည် ထဲမှာ ထူးဆန်းတဲ့ အမိန့် တစ်ခုကို မောင်းထုပြီး ကြေညာခဲ့တယ်။ အဲဒါအမိန့် က ဘာလဲဆိုတော့ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် တိုင်းပြည်မှာ ရှိတဲ့ တိုင်းသူပြည်သားတွေအားလုံး သူစားပွဲတည်ဘို့  အတွက်အသားဟင်းတစ်ခွက်လာ
ပို့ ရမယ်လို့ ကြေညာမောင်းခတ်ခဲ့တယ်။

တကယ်လို့ အသားဟင်းမပို့ နိုင်တဲ့ အိမ်ဆို တိုင်းပြည်မှာ နေခွင့်မပေးဘဲ မောင်းထုတ်မယ်လို့  ကြေညာ အမိန့်  ထုတ်ပြန်ခဲ့တယ်။ ဒီသတင်းကိုကြားတဲ့ တိုင်းသူပြည်သားတွေက တိုင်းပြည်ကနေ မောင်းထုတ်ခံရမှာ ကြောက်တာ ကြောင့် ရှိစုမဲ့စုထဲက အသားဟင်းတစ်ခွက်ပို့ ဘို့  ပြင်ဆင်ကြတယ်။

အဲဒိအထဲမှာ ကြက်မလေးတစ်ကောင်ကို ပိုင်ဆိုင်ထားတဲ့ အဖွားအိုလဲ အပါအ၀င်ပေါ့။ အဖွားအိုမှာ ဘယ်လိုမှ အသားဟင်းကို ပို့ စရာမရှိဘူးဖြစ်နေတယ်။ သူ့ မှာ အသားဟင်းတစ်ခွက်ပို့ ဘို့ ငွေကြေးကလဲ လုံးဝမရှိဆိုတော့ အရမ်းကို ခက်ခဲနေခဲ့တယ်။

အသားဟင်းမပို့ နိုင်လို့  မင်းပြစ်မင်းဒဏ်ခံရမယ်ဆို ပိုပြီးကြီးလေးတာကြောင့် အဖွားအိုက နောက်ဆုံးမှာ ဆုံးဖြတ်ချက်တစ်ခုကို ခက်ခဲပင်ပမ်းစွာနဲ့  ချလိုက်ရတယ်။ အဲဒါကတော့ သူ့ ကိုနေ့  တိုင်း ကြက်ဥတစ်လုံး တစ်လုံး ဥပေးနေတဲ့ ကြက်မလေးကို သတ်ပြီး ဘုရင်ဆီကို အသားဟင်းတစ်ခွက်ပို့ ဘို့  သူဆုံးဖြတ်လိုက်တယ်။

ဘုရင်ကတော့ စားတော်ပွဲမှာ တစ်အိမ်တစ်ယောက်နှုန်း အသားဟင်းခွက်ပေါင်း မြောက်များစွာနဲ့  ပွဲတော် တည်နေခဲ့တယ်။ အသားဟင်းခွက်တွေက သိပ်များပြားလွန်းတာ ကြောင့် ဟင်းခွက်တိုင်းကို မစားဖြစ်ခဲ့ဘူး။ မစားဖြစ်တဲ့ ဟင်းခွက်တွေထဲမှာ အဖွားအိုရဲ့ ကြက်သားဟင်းလေးလဲအပါပေါ့။

ရှင်ဘုရင်က တစ်ချက်လွတ်အမိန့် ချမှတ်ခဲ့တဲ့အတွက် သူ့ မှာတော့ ဘာမှထိခိုက်နစ်နာမှုမရှိပေမယ့် ဒီအမိန့်  ကြောင့် တစ်ဘက်လူမှာ ဘ၀ပျက်ခဲ့ရတယ်။

အဲဒါကြောင့် အပ်ဖျားတစ်ထောက်စာဆိုပေမယ့် ဆပ်ပြာပူဖောင်းအတွက်တော့ ဘ၀ကို ပျက်စေတယ်။

6 comments:

လင်းကြယ်ဖြူ said...

ဟုတ်တယ်နော်....
ဒီလိုအဖြစ်မျိုးတွေ ဘယ်လောက်များများ..
ဖြစ်ခဲ့ဖူးပြီလဲ....မရေတွက်နိုင်လောက်အောင်ပါပဲထင်ပါ့ခင်ဗျာ..

ပုံပြင်လေးက တော်တော်ကို စဉ်းစားစရာတွေထုတ်ပေးတယ်....

ပျော်ပါစေခင်ဗျာ

မင်းညို said...

ဒီပုံပြင် တစ်ခါမှ မဖတ်ဖူးသေးဘူး....တကယ်ကောင်းတယ်...။ (ဘော်ဘော်တွေကိုခင်ပေမယ့် အွန်လိုင်းမှာ ကွန့်မန့်မပေးဖြစ်တာကြာပြီဗျာ၊ ဖတ်ယုံဖတ်ပြီး စိတ်ထဲက သဘောကျ သွားတာများတယ်)

မိုးစက်အိမ် said...

ယင်ကောင်ရာ နာဖတ်ရတာ နင်တောင်နင်တယ်
... ပုံပြင်ဆိုပေမဲ. ဒီလိုအဖြစ်မျိုးလို.ပြောလို.ရတာ
တွေဘယ်လောက်များ ရှိခဲ.ပြီလည်း ရှိနေလည်း ရှိအုံးမှာလည်း ဟာ :(

rose of sharon said...

အဖွားအို အတွက်စိတ်မကောင်းဖြစ်မိတယ်... ရင်နာရကျိုး မနပ်လိုက်တာ

Anonymous said...

အမှန်တော့ ဥလဲ အသားဖြစ်တော့မဲ့ အသားပဲ... ဆိုတော့... မင်းပစ်..မင်းဒဏ် လွတ်ပါတယ်ဗျာ.....။ အင်းလေ.. အဲလို မစဉ်းစား မဆင်ချင်တဲ့ အုပ်ချုပ်သူတွေနဲ့ မသိနားမလည်တဲ့ ပြည်သူတွေကြောင့်လဲ ......။

အနော် said...

သုံးထားတဲ့ စကားလုံးလေးကို ကြိုက်လိုက်တာ
အပ်ဖျားတစ်ထောက်စာဆိုပေမယ့် ဆပ်ပြာပူဖောင်းအတွက်တော့ ဘ၀ကို ပျက်စေတယ်။
ယိုးဒယားမုန့်ဟင်းခါးထဲမှာတော့ ဝက်သွေး ဝက်နံရိုးနဲ့ ခရမ်းချဉ်သီးဟင်းရည်ကို ပိုကြိုက်တယ် ကျန်တာတော့ စားတတ်ဘူး နောက်ပီး မျှစ်တုံးလေးတွေ ပါတဲ့ ဟင်းရည်လဲ ကြိုက်တယ် :))