ရင်ထဲက ပန်းတစ်ပွင့်

21:19 Posted by ကျောပိုးအိတ်

ရင်ထဲက ပန်းတစ်ပွင့်တဲ့။ ကူးကူးက တဂ်လာတယ်။ ရေးမယ်ရေးမယ်နဲ့  အချိန်ဆွဲလာတာ တော်တော်ကြာနေပြီ။ ကူးကူးကိုလဲ အားနာလှပြီ။ ခုတော့ ကြွေးဆပ်နိုင်ပြီပေါ့။


ကွန်မသူ့ ကိုစတွေ့ တာ ၆တန်းနှစ်ရဲ့ ကျူရှင်တစ်ခုမှာ စတွေ့ ခဲ့တာပါ။ သူ့ ရဲ့ အသားက မိန်းကလေးတွေ မနာလို လောက်အောင် ၀ါနှစ်နေတာ။ ကျူရှင်မှာက သူတို့ အတန်းပြီးမှ ကျွန်မတို့ အတန်းတတ်ရတာ။ ဒီတော့ နေ့ တိုင်း တွေ့ ဖြစ် တာပေါ့။ တွေ့ တိုင်းလဲ ကျွန်မကို ရှုတည်တည်နဲ့ ကြည့်တတ်တယ်။

နောက်တော့ ကျွန်မတို့ လဲ ရေများရေနိုင်ဆိုသလို အဲကောင်လေးကို တွေ့ တိုင်းစတယ်။ အဲဒိအချိန်မှာဆိုကောင်လေး
ရဲ့ မျက်နှာကရဲနေတာဘဲ။ ယောကျာင်္းလေးဖြစ်ပြီး ရှက်တတ်တော့ ကျွန်မတို့ ပိုပြီးစဖြစ်တယ်။ နာမည် ပြောင်တွေပေးလာတယ်။ သူကကျွန်မထက်ငယ်တယ်။ မိသားစုမှာလဲ အငယ်ဆုံးဆိုတော့ ကျွန်မက သူ့ ကို
အငယ်လေးလို့ ခေါ်တယ်။ ကျွန်မကိုကျတော့ အကြီးမတဲ့။

ကျူရှင်သွား ကျူရှင်ပြန် သူတို့ အိမ်ရှေ့ ကနေ ဖြတ်ရတယ်။ ခါတိုင်းဆို ကျွန်မတို့ ကားစီးနေကျ။ ကျူရှင်တစ်ခုနဲ့  တစ်ခုက အချိန်ဆက်နေတော့ ကားစီးမှ ရတယ်။ နောက်တော့ အငယ်လေးအိမ်က ဘယ်နားမှာဆိုတာ သိတာနဲ့  ကားမစီးတော့ဘူး။ သူ့ အိမ်ရှေ့ က ဖြတ်ပြီး လမ်းလျှောက်ပြန်တယ်။ အဲလိုချိန်ဆို အငယ်လေးကလဲ အလိုက် သိစွာနဲ့  အိမ်ရှေ့ မှာ ယောင်ပေပေ ထွက်စောင့်တတ်တယ်။

အရွယ်ကလဲ ငယ်သေးတယ်။ အပျံကလဲ သင်စတယ်ဆိုတော့ အဲချိန်တုန်းက ပျော်လိုက်တာ။ကျူရှင်မှာရော ကျောင်းမှာပါ နေ့ တိုင်းတွေ့ ရတော့ နေ့ တိုင်းပျော်တာပေါ့။ ဒီလိုကြည်နူးရင်းနဲ့  ရက်ကိုလစား ၊ လကိုနှစ်စားနဲ့  ရာသီတွေ အလီလီ ပြောင်းလာ တယ်။ မပြောင်းလဲတာဆိုလို့  အငယ်လေးနဲ့ ရင်းနှီးမှုက ဒီထက်မပိုလာတာဘဲ။

ကျွန်မ ၁၀တန်းအောင်တော့ အငယ်လေးက ၁၀တန်း။ နောက်တော့ အငယ်လေးနဲ့ မတွေ့ တော့ပါဘူး။ ဒါပေမယ့် သူငယ်ချင်းတွေစုမိတိုင်း အငယ်လေးအကြောင်းပြောမိတယ်။ ပြောတိုင်းလဲရင်ထဲမှာ မသိမသာရော သိသိ သာသာပါ ရင်ခုန်တယ်။ ဒါပေမယ့် ရင်ခုန်လို့ ဘဲရတယ်။ အငယ်လေးက ကျွန်မတို့ ပတ်ဝန်းကျင်မှာ ပျောက်ခြင်း မလှပျောက်နေတယ်။

ကျွန်မ တက္ကသိုလ်ဒုတိယနှစ်မှာ ကျောင်းမပြီးသေးဘဲ အလုပ်လုပ်လိုက်သေးတယ်။ ကျောင်းက ဖွင့်တာထက် ပိတ်ရက်တွေ ပိုများနေတယ်။ သူငယ်ချင်းတွေအကုန်လုံး အတွေ့ ကြုံသစ်ရအောင်ဆိုပြီး အလုပ်တစ်ခု ၀င်လုပ် ကြတယ်။

ကံကောင်းစွာနဲ့ အလုပ်လျှောက်တာ ကျွန်မနဲ့  ကျွန်မသူငယ်ချင်း ၂ယောက် အလုပ်ရလိုက်တယ်။ အလုပ်မှာက ပင်ပန်း ၊ ပြန်လာတေ့ ရေမိုးချိုး ဘာမှ ပြန်မပြောနိုင်လောက်အောင် ပင်ပန်းနေတော့ ဘာမှ မတွေးတော့ဘဲ တန်းအိပ်လိုက်တယ်။ ခါတိုင်းဆို မမြင်ရတာ ကြာတဲ့ အငယ်လေးအကြောင်း တောင်တောင်အီအီ စဉ်းစားပြီးမှ အိပ်တာ။

တစ်နေ့ အလုပ်သွားဘို့ ကားစောင့်နေတုန်း အငယ်လေး ကျွန်မနောက်မှ ရှိနေတာ ကျွန်မ မသိလိုက်ဘူး။ သူကလဲ မခေါ်ဘူး။ ဒါပေမယ့် ကျွန်မနောက်မှာ အရိပ်လိုကပ်ပါလာတယ်။ ကျွန်မစီးတဲ့ကားနောက်မှ အငယ်လေး ပါလာတယ်။

တစ်နေ့ ကျွန်မ အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ အငယ်လေးက ကျွန်မဆီလာတယ်တဲ့။ အိပ်ယာကနေ နိုးတော့ ရင်ထဲမှာလဲ မကောင်းဘူး။ အိပ်မက်က ဘယ်လိုကြီးလဲ။ အငယ်လေးနေမှကောင်းရဲ့ လား။

ဒါပေမယ့် နောက်ရက်တွေမှာ ကျွန်မလဲ အလုပ်ရှုပ်နေတာနဲ့  အငယ်လေးအကြောင်းမေ့သွားပြန်တယ်။ မေ့တယ်ဆိုတာကလဲ တွေ့ မှမတွေ့ ရတာ။ ခုကြားတာက (သိပ်တော့ မသေချာပါဘူး) သူလဲ အခြားနိုင်ငံမှာတဲ့။

ဒီချိန်မှာတော့ မတမ်းတချင်တော့ဘူး။ သစ်ရွက်လှုပ်တိုင်း ရယ်ချင်တဲ့ အရွယ်လဲမဟုတ်တော့ဘူး။ တကယ်လို့ 
သူသာတွေ့ ချင်တယ်ဆို သူကဆက်သွယ်ရမှာတော့။ ခုချိန်ထိနေနိုင်တာ သူမေ့နေလို့ နေမှာ။ ဒါပေမယ့် ရိုးသားစွာနဲ့  ၀န်ခံရရင် ဘာအရောင်မှ မပါတဲ့ သံယောဇဉ်နဲ့  ကျွန်မကတော့ ရံဖန်ရံခါ သတိရနေမိတယ်။

ကူးကူးရေ
ကျေနပ်မယ်ထင်ပါတယ်နော်။ နောက်ကျပြီးမှ တင်တယ်ဆိုတော့ နားလည်ပေးပါနော်။
း)

7 comments:

Anonymous said...

ချစ်ဆုံးအိတ်ကလေး
ဟုတ်တယ် တမ်းတမနေနဲ့ သိလား
အဟီးးးးးးးးးးးးးးးးးးးးး မတာအချွန်နဲ့
ရံဖန်ရံခါလေးတော့ သတိရပေါ့သိလား
ဒါပေမဲ့ မြူးလေးကိုပိုသတိရသိလား
ရှင်ကြီးကပြေားတော့ မြူးလေးအချစ်ဆုံးလေး
ဟုတ်တယ်မှတ်လားဟင် ??????????????????
မြူးလေးကတော့ အဟီးးးးးးးးးးးးသိဖူး
အယ်ပန်းတပွင့် အကြောင်းဖတ်သွားတယ်နော်


ချစ်တဲ့
မြူးလေး

subuueain said...

ပန်းတစ်ပွင့်အကြောင်းလာဖတ်သွားပါတယ်နော် :)

မိုးစက်အိမ် said...

ယင်ကောင် နင်ဟာလေ သြဇာသီးကို အစေ.ရော
အလုံးလိုက်ပါ မျိုချရလားဟ ... လူကောင်နဲ.ကိုမ
လိုက်ဘူး ... ရန်စသွားတာ :P

ကိုတိုးလေး said...

ရင်ထဲက ပန်းတစ်ပွင့်အကြောင်းလေးစိတ်ဝင်စားစွာနဲ့လာဖတ်သွားပါတယ် အမရေ။ အဆင်ပြေပျော်ရွှင်နိုင်ပါစေနော်အမ။

မိုးခါး said...

ရေစက်ရှိသေးရင်တော့ ကြုံဦးမှာပေါ့ ..း))
ပြန်ဆုံတွေ့ပါစေ

rose of sharon said...

မစဖြစ်လိုက်တဲ့ ဇာတ်လမ်းလေးပေါ့

Anonymous said...

ဒီအရွယ်မှာ သစ်ရွက်လှုပ်တိုင်း ရယ်တဲ့အရွယ်မဟုတ်တော့ဘူး။ သစ်ရွက်လှုပ်တိုင်း ကော်ဆဲတတ်တဲ့အရွယ်ဆိုတာ သိပြီလား...။ညီးဇာတ်ကြီးကလဲ တုးလို့ တန်းလန်းကြီး မင်းသားက ဘယ်ရောက်သွားမှန်မသိဘူးနဲ့ဆုံးနေတယ် တခုခုပေးဖြစ်လိုက်တာမဟုတ်ဘူး။ ညံ့ပါ့ ဒါမှဝိုင်းသနာမှာပေါ့ ဥပမာ ကားတိုက်သေတာတို့ ဓတ်လိုက်သေတာတို့ ချီးတွင်းထဲကျသေတာတို့၊ တခုခုပေါ့ဟယ်... ခုတော့ ဘာမှန်းမသိတာနဲ့ဇာတ်သိမ်းပြီး ဘော်ကဒို လုပ်နေတယ်ပေါ့လေ..။