ကျောပိုးအိတ်ရဲ့ သြဇာသီး

23:01 Posted by ကျောပိုးအိတ်


ဘာရယ်မဟုတ်ဘူး လက်ဆော့ထားတာ







ကျွန်မ အသီးတော်တော်များများစားတယ်။ ချွင်းချက် မီးသီးနဲ့ လက်သီးမပါ။ အသီးစားမယ်ဆို နဂို အစားပုတ်တဲ့ အခံကလဲရှိနေတော့ အများကြီးစားတယ်။


ခုလဲ သြဇာသီးတဲ့။ ရုံးနားမှာ လာရောင်းနေတာနဲ့ ဝယ်လာတာ။ ကြိုက်တယ် သြဇာသီးကို။ သြဇာသီးစားရင် သြဇာရှိတယ်ကြားဘူးတယ်။ ဘယ်သူပြောလဲ ( ကျောပိုးအိတ်ပြောတယ်) အဟိ။


သြဇာသီးစားရင် တွေးနေမိတယ်။ ဘယ်သူ့ ကို သြဇာပေးရင်ကောင်းမလဲလို့ ။ သေချာတယ် ဘယ်သူမှနာခံမယ် မထင်။


7 comments:

လင်းကြယ်ဖြူ said...

အဲ့ဒါလေးမြင်တော့ ငယ်ငယ်က သြဇာသီးစေ့ တောက်တိုင်း ကစားကြတာ သွားသတိရတယ်..
တော်တော်ချိုမှာပဲနော...
ပျော်ပါစေ..ဘော်ဒါရေ..

Anonymous said...

ချစ်ဆုံးလေး
ဝေးးးးးးးးးးးးးးးးးး အဟင့်
သြဇာသီးမစားဖူးးးးးးးးးးးးးးးးးးးးးးးး
တခြားအသီးကျွေးးးးးးးးးးးးးးးးးးးးးးနော်
ချစ်ဆုံးအိတ်လေးးးးးးးးးးးးးးးးးးးးးးးးးးး
ချဉ်ပေါင် ကြိုက်တယ် ပို့ ပေးမှာလား
တကယ်နော်းးးးးးအတည် မှတ်တယ်သိလား


တ့ာတားးးးးးးးးးးးးးးးးးးးးးး
ချစ်တုံးလေးကို
ချစ်တဲ့
ချစ်မြူးလေး

စန္ဒကူးမေ said...

အဟမ်း..ဟုတ်ပါ့..အဲဒီသြဇာစေ့လေးတွေနဲ့ ဇယ်တောက်တာမှတ်မိသေးတယ်...
တစ်ခါတစ်ခါ market မှာတွေ့တယ်..
စားချင်တာတော့အရမ်းဘဲ... အစေ့လေးတွေထုတ်ရတာ စိတ်မရှည်လို့..
ဒီတစ်ခါတော့ ကျောပိုးအိပ်လေးလိုဝယ်စားမှ...
ဇယ်တောက်တိုင်းဆော့ရအောင်..း)

subuueain said...

သြဇာသီးကို ဆွမ်းတော်တင်တယ်လေ။ စားရတာတော့သိပ်မကြိုက်ဘူး။ ဈေးကြီးတယ်လေ :)

သီဟသစ် said...

တော်သေးသကွယ်
မီးသီးနဲ့လက်သီးရှောင်လို့
:P

အိမ် said...

သြဇာသီးစားရင် သြဇာရှိမှာပေါ့ သြဇာသီးစားတာကိုးဟ သြဇာစေ့လဲ ရှိတယ်လေ

myatlayngon said...

စားချင်တာတွေစားလိုက်ရပါတယ်။
ကျောပိုးအိတ်ဘလော့လေးမှာနောက်
အမြဲလာလည်မယ်နော်။စိတ်ပျော်သွားတယ်
ဘာလို့လဲတော့မသိဘူး။ဘလော့ဖွဲ့စည်းပုံ
လေးကကောင်းတယ်နော်။

မြတ်လေးငုံ