စားမယ်ဝါးမယ် ;P

07:40 Posted by ကျောပိုးအိတ်


ဟင်းခါးပူပူလေး။

အစာပလာစုံစုံလေးနဲ့ စားမယ်ကွယ်




တစ်ဝိုင်းစာတော့ ပြင်ပေးထားတယ်နော်။

ဒီနေ့ ရုံးပိတ်ရက်ဆိုတော့ အိမ်မှာ မုန့် ဟင်းခါးချက်စားဖြစ်တယ်။ ရန်ကုန်ဟင်းခါးတော့ ဟုတ်ဘူးကွယ်။ ဟင်းရည်ကျဲကျဲ

ကရင်မုန့် ဟင်းခါးပါ။


ဘယ်လိုချက်လဲမမေးနဲ့ နော်။ သိဘူးတော့။

း)


မုန့် ဟင်းခါး အရည်ကျဲကျဲ ၊ ငှက်ပျောပင်များများ နဲ့ စားချင်တယ်ဆိုလို့  အသိ ကရင်အမျိုးသမီးက ချက်ပေးတာ။ စားကောင်းတယ်တော့။ ကျွန်မအကျင့်က ဘာစားစား သံပရာညှစ်ပြီးစားတယ်။ အချဉ်ကြိုက်တော့ လူမိုက်တဲ့။ ဒါမယ့် ချွင်းချက်ပေါ့နော်။ ကျွန်မက အချဉ်ကြိုက်ပေမယ့် လူမိုက်ဟုတ်ဘူး။ (လူဆိုး)

း)


ဘုရားကိုကျေးဇူးတင်တယ်။ ဘာစားစား အရသာရှိခံတတ်တဲ့ လျှာလေးကို ပေးထားလို့ ။ တစ်ခါတစ်လေဆို ရေသောက်တာတောင် အရသာရှိတယ်။

အဟီးးးးးးးးးး


တကယ်တော့ ငတ်ကြီးကျတာပါ။ အကြားကောင်းအောင် ပြောတာ။ကဲ စားကြမယ်ဟေ့။ နောက်ကျရင် တာဝန်မယူဘူးနော်။


11 comments:

သီဟသစ် said...

ကျောပိုးအိတ်လေးရေ

ဗိုက်ဆာသွားတယ်ဟေ့။ ငါတို့လည်း အချဉ်ကြိုက်ပါ။ သံပုရာသီးလေးညှစ် ငံပြာရည်လေးဆမ်း ငရုတ်သီးမှုန့်လေးထည့် ... ၀ါးးးးးးး


တော်ပြီ ပုံတွေ ဆက်မကြည့်တော့ဘူး။ စားချင်လာလို့။

ခင်မင်စွာဖြင့်
သီဟသစ်

rose of sharon said...

ကရင်မုန့်ဟင်းခါးဆိုရင်တော့လာထား... အားပေးမယ်...း)

Anonymous said...

ရေသောက်တာ အရသာရှိမှာပေါ့ ညည်းက လက်တွေဘာတွေ မဆေးဘဲ နေတက်တော့ ညစ်ပတ်တယ်လေ အဲဒီတော့ ရေသောက်တဲ့ချိန်ကျရင် ငံကျိကျိ နဲ့တယ်ပြီး အရသာရှိနေတယ်ဟုတ်
ဟေးဟေး တန်ဒန်တန် ဘယ်ရမလဲ ဒီလိုပြန်ရန်စမှာပေါ့

ကိုတိုးလေး said...

မုန့်ဟင်းခါးဆိုလို့ကတော့လာထားစားသလားမမေးနဲ့နော်။ စားစရာတွေချည်းပဲတင်နေတာ စားချင်လာပြီ။ မုန့်သာလုပ်တာ လက်ရောဆေးရဲ့လားမသိဘူး အိပ်ရာထပြီး မျက်နှာမသစ်ပဲနဲ့ မုန့်အရင်လုပ်တာနဲ့တူတယ်။ မုန့်လေးကတော့ စားရင်ငံနေတော့မှာပဲနော်။

subuueain said...

မုန့်ဟင်းခါးဆိုလို့ကတော့ ကရင်မုန့်ဟင်းခါး၊မော်လမြိုင်မုန့်ဟင်းခါး၊ ရန်ကုန်မုန့်ဟင်းခါး အကုန်ကြိုက်။ :D

ဂျာမုန်းဒန် said...

စားမယ်ဝါးမယ်
ဘယ်သူ့အတွက်မှမချန်ဘူးကွယ်။
ခင်တဲ့
ဂျာမုန်း

မိုးစက်အိမ် said...

မုန်.ဟင်းခါးကတော. ကျွန်တော်.
ဖေးဘရိတ် ဘဲဗျာ...မနက်ဖြန်တောင်
မုန်.ဟင်ဒခါး ၀ါးတီး ရှိတယ်...ဒါနဲ.
ရေတောင် အရသာရှိအောင် ဘယ်လိုများ
သောက်လည်းဗျာ နည်းလမ်းလေး ပေးပါအုံး :)

ဇော် said...

အားပါး
အပီအပြင် ဆွဲတယ်ခင်ဗျ။ ဟီး။ =P

မိုးကောင်းသူ said...

ဘာမုန့်ဟင်းခါးဖြစ်ဖြစ်ကြိုက်တယ်ဗျို့။ ငရုတ်သီးမုန့် များများ၊ ပဲသီးများများ၊ နံနံပင်များများထည့်ပေးနော်။

မေ့သမီး said...

စားချင်လိုက်တာ။ ဒါလူကိုသက်သက်ဒုက္ခပေးတာ။ :P

Anonymous said...

ငတ်ကြီးကျရင် ကျတယ်မပြောဘူး ဘုရာကိုတောင် ဆွဲထည့်လိုက်သေး အဟားဟားဟား...။