ကျွန်မချစ်တဲ့ မိုးရာသီ

17:01 Posted by ကျောပိုးအိတ်

ခုတလော ရာသီဥတုကလဲ အုံ့ မှိုင်းပြီး ၂၄နာရီနီးနီး မိုးကရွာနေတယ်။ ရာသီဥတုတွေထဲမှာ ကျွန်မက မိုးရာသီကို အကြိုက်ဆုံးပါဘဲ။ ဘာလို့ လဲဆိုတော့ မိုးရာသီမှာ ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းစို တောက်ပနေလို့ ပါ။ ဒါပေမယ့် အများစုက မိုးရာသီကို မကြိုက်ပါဘူး။ လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့။ ဟုတ်ဘူးလား။

မိုးများစရွာပြီဆိုတာနဲ့  မိုးမှုန်လေးတွေ ကျွန်မကို လာစင်မယ့်နေရာလောက်မှာ ကျွန်မ အမြဲရပ်နေတတ်တယ်။ မိုးမှုန်တွေ မျက်နှာကို လာထိတဲ့ အရသာဟာ ကျွန်မအတွက်တော့ အရမ်းကို နူးညံ့ပါတယ်။ ပြီးတော့ တွေးချင်ရာ တွေး၊ ငေးချင်ရာငေးနဲ့  ဘ၀ဟာ ပြီးပြည့်စုံနေခဲ့တယ်။

ခုလဲဘဲ မိုးက အရမ်းရွာနေတယ်။ ကျွန်မလဲ လုပ်လက်စအလုပ်တွေကိုစားပွဲပေါ်ပစ်ထားလိုက်ပြီး ပြုတင်းပေါက် နားမှာ မတ်တပ် ရပ်နေမိတယ်။ ခဏကြာတော့ မိုးကတိတ်သွားပြီး နေရာင်လေးထွက်လာပါတယ်။ မိုးတိတ်ပြီး စမှာ နေရောင်ထွက်လာတာအရမ်း ကိုလှပါတယ်။ မိုးမှုန်ပါးပါးလေးတွေက နေရောင်အောက်မှာ ရောင်စုံဖြာ လက်နေပါတယ်။

ငယ်ငယ်တုန်းကဆို မိုးရွာပြီဆိုတာနဲ့  မေမေ့မျက်နှာရိပ်ကို ကြည့်နေရတယ်။ မိုးရေချိုးချင်လို့ လေ။ မေမေက ချိုးစေလို့ များ ပြောလိုက်ရင် အိုးးးးးးး အရမ်းပျော်တာဘဲ။ မိုးရေထဲမှာ မောင်နှမတွေ ဘောလုံးကန်ကြတယ်။ ပြီးတော့ သူများအိမ်က ရေတလျှောက်အောက်မှာဝင်ပြီး အလုအယက် မိုးရေခံပြီးလုချိုးကြတယ်။ တစ်ခါတစ်လေ ဆို နှုတ်ခမ်းတွေပြာ၊ ဂတ်ဂတ်တုန်၊ လက်သည်းတွေ ပဲကြီးရေခွံလို တွန့် နေတာတောင်မှ မတော်ချင်သေးဘူး။

မေမေက တော်လို့ ရပြီလို့ ပြောတဲ့အခါမှ အိမ်ပေါ်တတ်တာ။ တစ်ခါတစ်ရံဆို မိုးရွာနေပေမယ့် မေမေနဲ့ အတူ စောင်ခြုံပြီး ကွေးကြသေးတယ်။ အဲဒိချိန်ဆို မေမေက အမြဲပုံပြောပြတယ်။ မိုးအေးအေးမှာ ကွေးရတဲ့ အရသာ ကလဲ
ဘယ်ရာသီနဲ့ မှမတူဘူး။

စာကြည့်ရတဲ့ ညတွေမှာဆို မိုးရွာရင် တယ်ပြီး မကြည့်ချင်ဘူး။ မိုးအေးအေးမှာ ဘာသာပြန်စာအုပ်တစ်အုပ်၊ ဒါမှမဟုတ် ဂျူး ၊ ဂျာနယ်ကျော်မမလေး၊ မိုးမိုး(အင်းလျား)၊မင်းလူ၊ နီကိုရဲ အဲလိုစာအုပ်တွေနဲ့ အေးအေးဆေးဆေး ငြိမ့်ချင်တာ။

မိုးတွင်းဆို အသီးအနှံ အစားအသောက်ပေါတယ်။ ပန်းလေးတွေ အများကြီး ဖူးပွင့်ကြတယ်။ပြီးတော့ကျောင်းတွေ လဲပြန်ဖွင့်တယ်။

တောင်သူဦးကြီးတွေအတွက်လဲ မိုးရာသီမှာ လုပ်ငန်းခွင်တွေဝင်ကြ၊ ချောင်းတွေမြောင်းတွေမှာလဲ ရေတွေပြည့်လို့  တံငါသည်တွေလဲ ၀မ်းစာဖူလုံကြနဲ့ ။ ကဲ ဘယ်လောက်ကောင်းလဲနော်။

ရှင်တို့ ရော ဘယ်ရာသီဥတုကိုကြိုက်လဲ။

19 comments:

နေဒေးသစ် said...

တူတူပဲ
သူများတွေ မိုးရာသီဆို အဝတ်ရေစိုလို့ ၊ သွားရလာရတာ ( မြန်မာနိုင်ငံမှာဆို ) ဗွက်ပေလို့နဲ့ မျိုးစုံညည်းကြပေမယ့် မိုးရာသီကိုပဲ ချစ်တယ် ..
ဘာကြောင့်မှန်း မသိဘူး မိုးရေထဲမှာ ရေချိုးရတာလည်း အရမ်းပျော်တယ် ..
ခုတော့ အိုကြီးအိုမဖြစ်လို့ မချိုးရတာကြာပါပြီ :D
မိုးရာသီ ကို ဘယ်လောက်ချစ်လဲဆို ကန်ဘောင်ပေါ်မှာတောင် မိုးရေထဲ နှစ်ယောက်တူတူ မိုးမတိတ်မချင်းထိုင်နေခဲ့ဖူးသေးတယ် .. haha
အမှတ်တရလေးတွေ မနာလိုအောင် ပြောပြတာပါ ဟဲဟဲ :D

နေဒေးသစ်။

မဟာဆန် said...

မိုးရေထဲမှာ လမ်းလျှောက်ရတာ စက်ဘီးစီးရတာ ကစားရတာ မိုးရေချိုးရတာ အကုန်ကြိုက်တယ်။ မိုးတွေညိုမှိုင်းပြီး အမြဲစွေနေတာ မကြိုက်ဘူး။ အကြိုက်ဆုံကတော့ သိပ်မအေးတဲ့ ရန်ကုန်က ဆောင်းရာသီပါ။

rose of sharon said...

ဒို့လဲမိုးရာသီကြိုက်တယ်...မိုးရာသီမှာမွေးလို့ထင်ရဲ့... ခုထိမိုးရွာရင်ခလေးတွေနဲ့အတူမိုးရေထွက်ချိုးတုန်း...

Anonymous said...

မိုးအေးအေးနဲ့ ဖဲကိုမရိုက်ဘူးလား အခုမှ သူတော်ကောင်းယောက်ဆောင်နေတယ် ဟုတ်လား ဟဟ
ဟေးးးးးးးးးးး ဒန်တန်တန် ပျော်လိုက်တာ
ဒီလို ရန်စသွား၏
ဟန်လေး...

မေဇင် said...

ဟေး....အစကတော့ မကြိုက်ဘူး...ခု ကျောပိုးအိတ်လေး ပြောလိုက်မှ ပဲ မိုးရာသီ ရဲ့ ကောင်းကွက်တွေ မြင်သွားပြီ....မိုးရေးချိုးတာ၊ စောင်ထဲကွေးတာ ၊
အဲ့ဒါတွေ ကြိုက်တယ်..၊ ငယ်ငယ်တုန်းကတော့ နွေရာသီက ကျောင်းပိတ်လို့ကြိုက်တယ်...၊ ခုတော့ ဘယ်ရာသီ ကြိုက်တယ်ဆိုတာတောင် မသိတော့ပါဘူးလေ...။

မိုးစက်အိမ် said...

မိုးရာသီက အိပ်လို.ကောင်းတယ်...
နွေရာသီက ကျောင်းပိတ်တယ်....
ဆောင်းရာသီကတော. နေလို.ထိုင်လို.
ကောင်းတယ် အကုန်ကြိုက်တယ် အဟတ် :P

ဂျပန်ကောင်လေး said...

အမရေးထားတာကိုဖတ်လိုက်တော့ ပြန်လွမ်းလာပြီ.. ကျနော်က မိုးရာသီမှာဆို အိပ်ရာထဲခွေပြိး လွမ်းနေကျ...း)

Anonymous said...

ဟုတ်တယ်နော်

တို့ လဲ မိုးရာသီအရမ်းကြိုက်တယ်

သီဟသစ် said...

မိုးရာသီကတော့ ဟိုက မိုးရာသီပဲ ကြိုက်တယ်
မန်းလေးမှာ
မိုးရွာခဲတော့ မိုးရွာရင် ဘယ်သူမှ ဘာမှမလုပ်တော့ဘူး
နှပ်ရုံပဲ

:)

ကိုတိုးလေး said...

ဟုတ်တယ်အမရေ ကျွန်တော်လည်း မိုးရာသီကိုပဲကြိုက်တယ် မိုးတွင်းမှာ အစားအသောက်ပေါ်တယ် နေရထိုင်ရတာလည်းအဆင်ပြေတယ်။ မိုးရွာထဲလျောက်သွားရတဲ့အရသာက ဘယ်အရသာနဲ့မှာမတူဘူးအရမ်းပျော်ဖို့ကောင်းတယ်။

လင်းကြယ်ဖြူ said...

မိုးရ္ဂာရင် မိုးရေချိုးမယ်
မေမေလာရင် နို့ချို့မယ်
ဖေဖေလာရင် အုန်းတီးခွဲစားမယ်....ဒါက ငယ်ငယ်က

မိုးရ္ဂာရင် လမ်းတ္ဂေပြည့်တယ်
ရေလျှံလာရင်တို့ကြောက်တယ်
အိမ်မှာရေတွေ ခပ်ခပ်ထုတ်ရတယ်....ဒါက အခု ..

နောက်ဆိုရင် Future မှာ..

မိုးရ္ဂာရင် မျောပါသွားမယ်
လှေတွေဝယ်ကာ ထားကြကွယ်
ဒီရာသီမှာ ကူးတို့ပို့ကြမယ်......

(ရန်ကုန်ကပြန်ရောက်တာမကြာသေးတော့ မြင်ခဲ့တာလေးတွေကို သတိရသွားလို့ခံစားမိသွားတယ်...)
ပျော်ပါစေ

မေ့သမီး said...

အဲလိုမိုးအေးအေးမှာကွေးရတာတော့ကြိုက်တယ်။ မိုးရေချိုးရတာလည်းကြိုက်တာပဲ။ ဒါပေမယ့်အပြင်ထွက် ရတာတော့ မိုးရာသီမှာမကြိုက်ဘူး။ တခါတလေ မိုးသည်းသည်းထဲမှာထီးဆောင်းထားပြီး လမ်းလျှောက်ရတဲ့ အရသာလည်းကြိုက်တယ်။ မလုံတလုံနဲ့လေ။ ဒါပေမယ့် ရာသီထဲမှာအကြိုက်ဆုံးက တော့ဆောင်းရာသီပဲ။ ကိုယ်လုပ်ချင်တာလုပ်လို့ရလို။

Anonymous said...

ရောက်ရှိပါတယ် သူငယ်ချင်းရေ . . . . .
မိုးရာသီကို ချစ်တဲ့ သူဆိုတော့ အလွမ်းအဆွေးတွေ
ခံစားတတ်သူဖြစ်ရမယ် ဟုတ်မလားတော့ ရမ်းသမ်းမှန်းဆ မိပါတယ်ဗျာ

ခင်မင်စွာဖြင့် ဗညားရှိန်

Anonymous said...

မိုးရာသီကို နှစ်သက်တော့ အလွမ်းအဆွေးတွေကို
ခံစားတတ်တဲ့ သူဖြစ်မယ်ထင်တယ်ဗျ

ခင်မင်စွာဖြင့်
ဗညားရှိန်

နဒီမိုးညို said...

မိုး.ရာသီ..ကို..ကြိုက်တယ်..ရှင့်
မိုး.အေးအေး..နဲ့ ..မီးဖိုဘေးမှာ..ကွေးနေချင်တာလေ.
ပျော်ရွှင်ပါစေ..နော်

သုခုမလေဒီ said...

ငယ်ငယ်တုန်းက ကျောင်းဆင်းလို့ မိုးရေထဲ လမ်းလျှောက်ပြန်ရတာကိုသဘောကျတယ်။ ဗွက်ရေထဲ ဆော့တာလေ :P
မိုးရွာလို့ မိုးရေထွက်ချိုးရတာလဲ ကြိုက်တာပဲ။ မိုးချိမ်းတာကိုတော့ကြောက်တယ်။ ဟီး
မွေးတာကလည်း မိုးရာသီလေ။ နောက်တစ်ရက်ဆိုရင်ပဲ မွေးပြီ။း)

ဇော် said...

ကျနော်လဲ မိုးရာသီကိုပဲ ကြိုက်တာဗျ။
မိုးအရမ်းရွာနေတဲ့အချိန် မွေးတာ။ ဟဲဟဲ။ =)

ပွင့်မြုးဇင် said...

ကျွန်မလဲ မိုးရာသီကိုချစ်တယ်... မိုးရွာရင်ပျော်တယ်... မိုးရာသီမှာမွေးတာမို့ထင်တယ်...

Anonymous said...

ဆောင်းရာသီကိုကြိုက်တယ်ဗျာ အေးအေးချမ်းချမ်းနဲပ မနုဿာစောင်လေးချုံပြီး အဟီးဟီးဟီး ပြောသာပြောရ မရှိသေးဘူး ရှာတုန်း... ဟဲဟဲဟဲ