ရှာဖွေနေဆဲနေ့ ရက်များ

22:48 Posted by ကျောပိုးအိတ်

ကျွန်မရောက်နေတဲ့ နေရာလေးက ကွမ်းသီးပင်တွေ၊ ရာဘာပင်တွေ ပေါများတဲ့ သာယာသော တောရွာလေး တစ်ရွာမှာပါ။ သာယာပြီးနေချင်စရာကောင်းတဲ့ ရွာလေးမှာ ကျွန်မအလုပ်လုပ်တယ်။ ကျွန်မတို့ အဖွဲ့ မှာ ကျွန်မ အပါအ၀င် ဆရာဝန် ၃ယောက် နဲ့  အခြားအကူတွေပါတယ်။အဲဒိမှာ အလုပ်ရခြင်းကလဲ ကျွန်မသူနဲ့ တွေ့ ဘို့  အကြောင်းဖန်လာသလိုပါဘဲ။

တစ်နေ့ တစ်နေ့  လူနာတွေနဲ့ နဘန်းလုံးနေတဲ့ ကျွန်မရဲ့ ဘ၀ထဲကို သူ မထင်မရှား စတင်ရောက်ရှိလာပါတယ်။ တစ်နေ့  နေမကောင်းလို့ သူကျွန်မတို့ ဆေးခန်းကိုလာပြတယ်။ လူနာတွေအများကြီးထဲမှာမှ သူလိုကိုယ်လို မထူးခြားတဲ့ သူ တစ်ယောက်ပါ။

လူနာတစ်ယောက် ကိုယ်အရမ်းပူနေတာ သတိတောင် လစ်ချင်နေတယ်လို့  လာပြောတော့ ကျွန်မ လူနာဆီကို နားကြပ်ဆွဲပြီး အပြေးအလွှားသွားခဲ့မိတယ်။

အဖျားတတ်နေတဲ့ လူနာကို ကိုယ်ပူကျဆေးတိုက်ပေးပြီး ပြန်အလှည့်မှာ ကျွန်မမျက်စိထဲ တစ်စုံတစ်ခုကို မြင် လိုက်ရတယ်။ ကျွန်မ မျက်စိဘဲမှားတာလားဆိုပြီး နောက်တစ်ကြိမ် ပြန်လှည့်ကြည့်လိုက်မိတယ်။ သေချာပါ တယ်။ သူ့ ခါးကြားမှာ ထိုးထားတာ သေနတ်တစ်လက်ပါ။

သေနတ်နဲ့ လူနာ တကယ်တော့ ဘာမှမဆိုင်ပါဘူး။ ဒါပေမယ့် အဲဒိအတွေးတွေက ကျွန်မကို ဆက်မတွေး
မိအောင် လူနာတွေနဲ့ ဆက်ပြီး အလုပ်များနေခဲ့ရတယ်။

ကျွန်မလူနာတစ်ယောက်ကို ဆေးပေးဘို့ ခေါ်လိုက်တယ်။ ဒါပေမယ့် တော်တော်နဲ့ လူနာရှင်က မလာဘူး။ စိတ် ကလဲတိုနေပြီ။ ဘာလို့ လဲဆိုတော့ ညနေ ၃နာရီထိုးတာတောင် ကျွန်မတို့ ထမင်းမစားရသေးလို့ ။ ကျွန်မ လူနာ ကိုခေါ်နေတဲ့ အသံက တော်တော်ကျယ်သွားပုံရတယ်။ အပြင်က ယူနီဖောင်းဝတ်ထားတဲ့ ရဲဘော် တစ်ယောက် ပြေးဝင်လာတယ်။

ကျွန်မတို့ ဆေးခန်းဖွင့်ထားတဲ့နေရာက အမဲရောင်နယ်မြေထဲမှာပါ။ တကယ်ဆို ကျွန်မတို့ ဆေးခန်းထဲကို လက်နက်ယူဆောင် ခွင့်မပြုထားပါဘူး။ စာတမ်းတွေလဲချိတ်ထားပါတယ်။ ခုလက်နက်နဲ့ ရဲဘော်တစ်ယောက်က ဆေးခန်းထဲပြေးဝင်လာတော့ တော်တော်စိတ်တိုသွားတယ်။ ကျွန်မက ဒီမှာ ဆေးခန်းထဲကို လက်နက် ယူဆောင်
ခွင့်မပြုလို့ ရေးထားတာ မင်းတွေ့ တယ်နော် လို့ ပြောတော့ ချေချေငံငံဘဲ ဟုတ်ကဲ့ တွေ့ ပါတယ်ခင်ဗျားတဲ့။

ရန်လိုနေတဲ့ ကျွန်မကို ချေငံစွာပြန်ပြောလိုက်တော့ ကျွန်မတော်တော်ရှက်သွားတယ်။ အဲဒိတော့ လေသံတင်း နေတာကို နည်းနည်းလျှော့ချပြီး ဘာလို့ ဝင်လာတာလဲမေးလိုက်မှ အဲဒိ ရဲဘော်လေးက ဆရာမခေါ်နေတဲ့ နာမည်က ကျွန်တော်
တို့ ဗိုလ်ကြီး နာမည်ပါခင်ဗျာ။ ခုနက အဖျားတတ်နေတဲ့ ဗိုလ်ကြီးနာမည်ပါတဲ့လေ။

ကျွန်မလဲ ဘာမှမပြောဘဲ လုပ်စရာရှိတာတွေ ပြန်လုပ်နေတယ်။ နောက် နာရီဝက်လောက်ကြာတော့ အဖျားတတ် နေတဲ့လူနာက ကျွန်မဆီထလာပြီး ဆေးလာယူတယ်။ ကျွန်မလဲ တာဝန်ကျေ သူ့ ကိုရှင်းပြပေးခဲ့တယ်။ဘယ်ဆေး ဘယ်အချိန်သောက်ရန် ပြောလိုက်တယ်။ သူကပြောတယ် ကျေးဇူးတင်ပါတယ်တဲ့။ အေးစက်စွာနဲ့  ရပါတယ်လို့  ကျွန်မပြန်ပြောခဲ့တယ်။

ဒီလိုနဲ့  အလုပ်မရှိအလုပ်ရှာ သူဆေးခန်းကို မကြာမကြာလာနေတော့တယ်။ ဆင်ခြေကလဲ အမျိုးမျိုးပေး တတ် လာတယ်။
သူ့ ရဲဘော်နေမကောင်းလို့  ဘာညာနဲ့ ။ ဒါပေမယ့် ရဲဘော်တွေကြည့်တော့လဲ နေမကောင်းတဲ့ပုံ မထွက်ပါဘူး။ ဆေးခန်းကို ရောက်နေမှတော့ လာမပြနဲ့ ဘယ်လိုပြောရမလဲ။

နောက်တော့ပြစရာ လူနာကလဲ တပ်ရင်းတစ်ရင်းလုံးကုန်ပြီနဲ့ တူပါတယ်။ လူနာပြ မလာတော့ဘူး။ ဒီတော့ သူက နောက် တစ်မျိုးဇာတ်လမ်းထွင်လာတယ်။ ကျွန်မအတွက်တဲ့ တောထဲက သစ်ခွတွေ ယူယူလာတယ်။ ဒီလို လာလာနေတော့ ကျွန်မကို အားလုံးက ၀ိုင်းစနေကြတယ်။

ကျွန်မအရမ်းစိတ်ရှုပ်နေတယ်။ အဲဒိလိုစစနေတာ ကျွန်မဘယ်လိုမှ သီးမခံနိုင်ပါဘူး။ ရန်သွားတွေ့ ရအောင်လဲ သူကဘာမှ မပြောတာ။ ဘယ်လိုပုံနဲ့ ရန်သွားဖြစ်မလဲနော်။

ဆေးခန်းရှေ့ က လက်ဖက်ရည်ဆိုင်မှာ ပုံမှန်လိုရောက်ရောက်နေတတ်တဲ့သူ့ ကို ကြားထဲကနေ ကျွန်မကြည့်မရ ချင်တော့ဘူး။ အဲဒိနေ့ က ကျွန်မလူနာပါးတာနဲ့  ကျွန်မတို့ အဖွဲ့ ကဆရာဝန်ရယ် ၊ ကျွန်မရယ် သူထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်ဘက်မှာ သွားထိုင်မိတယ်။

ကျွန်မတို့ လာတာတွေ့ တာနဲ့ သူကလဲထလာပြီး ဘာညာနဲ့ လာရောတယ်။ ဒီတော့ ကြည့်မရတဲ့ ကျွန်မက ဗိုလ်ကြီး
တို့ တော်တော်အလုပ်ပါးနေပုံဘဲနော်။တစ်နေ့ တစ်နေ့  ဆေးခန်းနားမှဘဲတွေ့ ရတယ်လို့ ပြောလိုက်တော့ တော်တော် ရှက်သွားပုံရတယ်။ ဒါပေမယ့် အေးဆေးပါဘဲ ကျွန်မကို ပြန်ရှင်းပြသွားတယ်။

ဒီနေရာက အမဲရောင်နယ်မြေဖြစ်နေတာကြောင့် လုံခြုံရေးအရ ကျွန်တော်ရောက်နေတာပါ။ ပြီးတော့ အထူး ညွှန်ကြားချက်ကြောင့် ဒီဆေးခန်းကို လာစောင့်ရှောက်နေတာပါတဲ့။ ကျွန်မလဲ နားမလည်တော့ဘူး။ ဒီတော့ ဒီစကားဝိုင်းထဲကနေ ကျွန်မထွက်လာခဲ့တယ်။

နောက်တစ်ပတ်လောက်နေတော့ ကျွန်မတစ်ခုခုကို သတိထားမိနေတယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်မကို စောင့်ကြည့်တတ်တဲ့ သူ့ ကိုမတွေ့ ရတော့ဘူး။ ရင်ထဲမှာတော့ ဟာတာတာနဲ့ ပါဘဲ။ နောက်တစ်ပတ်လောက် နေတော့
သူ့ ကိုယ်စား နောက်တစ်ယောက် လာတာတွေ့ တယ်။ ကျွန်မမေးချင်တဲ့ စကားကို အလိုက်သိစွာနဲ့  နောက်ပြောင်းလာတဲ့ ဗိုလ်ကြီးက လာပြောပေးပါတယ်။ ဒီတော့မှ သိလိုက်ရတာက သူတို့ တပ် ပြောင်းသွားပြီတဲ့။

၂လလောက်နေတော့ ကျွန်မသူ့ ကို ပြန်တွေ့ ပါတယ်။ ပြန်တွေ့ တယ်ဆိုတာက သူကကျွန်မကို လာတွေ့ တာပါ။ ဒီညနေ
သူရှေ့ တန်းထွက်ရမယ်တဲ့။ ကျွန်မကို တွေ့ ချင်လွန်းလို့  လာခဲ့တာပါတဲ့။ ရုတ်တရက် ကျွန်မလဲ စိတ်ပူ သွားတယ်။ ဘေးရန်ကင်းဘို့ ကျွန်မဆုတောင်းပေးပါ့မယ်ဆိုတဲ့စကားက ကျွန်မနှုတ်ခမ်းကနေ ဘာလို့ အလွယ် တကူ ထွက်လာရတာလဲ။ ကျွန်မ မစဉ်းစားတတ်တော့ပါဘူး။

သူကလဲ အံ့သြစွာနဲ့ ကျေးဇူးတင်ကြောင်း ပြောပါတယ်။ နောက် ကျွန်မဖတ်ဘို့ တဲ့ စာအုပ်လေးတစ်အုပ်ပေး ခဲ့တယ်။ သူပြောချင်တာတွေ စာအုပ်ထဲမှာပါတယ်တဲ့။ ဖတ်ပေးပါတဲ့ ပြောနေတုန်းမှာဘဲ ရဲဘော်တစ်ယောက် ရောက်လာတယ်။ ဗိုလ်ကြီးသွားရအောင်တဲ့။ လာခေါ်တဲ့ရဲဘော်လေးနဲ့ သူပါသွားတယ်။

သူပြန်သွားမှဘဲ ကျွန်မ အခန်းထဲပြန်ဝင်လာပြီး သူပေးခဲ့တဲ့စာအုပ်လေးကို ဖတ်လိုက်မိတယ်။ပထမဆုံးစာမျက် နှာမှာ ကျွန်မကို အရမ်းကျေးဇူးတင်ကြောင်း ၊ ကျွန်မသူ့ ကို တိုက်ခဲ့တဲ့ ကိုယ်ပူကျဆေးကြောင့် သူ သက်သာ ခဲ့ကြောင်း၊ နောက်ကျွန်မပေးတဲ့ ဆေးတွေသောက်လိုက်တာ ခုထိပြန်မဖျားတော့တဲ့ အကြောင်းတွေကို သူတော်တော်များများ ရေးထားတယ်။

နောက်တော့ သူဂွင်ဆင်ပြီး ရဲဘော်တွေကို နေကောင်းနေရက်နဲ့ ဆေးခန်းလာပြခဲ့တာတွေ၊ ကျွန်မ ဆေးခန်းမှာ လှုပ်ရှား နေပုံတွေကို သူမြင်ချင်လွန်းလို့ လာခဲ့တာတွေ၊ ကျွန်မကို တိတ်ဆိတ်စွာ စွဲလန်းမိတာတွေ၊ ဖွင့်မပြော ရဲတာတွေ၊ တပ်ပြောင်းပြီးတဲ့နောက်မှာ နေမထိထိုင်မသာဖြစ်ခဲ့ရတာတွေ၊ ခုရှေ့ တန်းသွားရမယ်ဆိုလို့  ရောက် အောင်လာခဲ့တာတွေကို ရေးထားတယ်။

ချစ်တယ်ဆိုတဲ့စကားကို ဖွင့်မပြောရဲတာကြောင့် ခုလိုစာအုပ်လေးထဲကနေ ဖွင့်ပြောရကြောင်း စုံအောင် ရေးထားတယ်။

ဒီလိုနဲ့  ၃နှစ်လောက်ကြာသွားတယ် သူ့ ကို ခုထိမတွေ့ သေးပါဘူး။ ကျွန်မလဲ မေးရမှာ ရှက်တာကြောင့် ဘယ်သူ့  ကိုမှ မမေးဖြစ်တော့ပါဘူး။

ဒါ ကျွန်မတို့ တွေ့ ခဲ့တာ နောက်ဆုံးပါဘဲ။ ခုချိန်ထိ သူနဲ့ ကျွန်မ ပြန်မတွေ့ တော့ပါဘူး။ အသက်ရှင်ရက်မှ ရှိနေ သေးလားလဲ မသိတော့ပါဘူး။ သူနဲ့ တွေ့ ရင် သူ့ ကိုပြောဘို့ စကားတွေ ကျွန်မမှာ ရှိနေတာ သူသာသိမယ်ဆို သူအရမ်းပျော်သွား လိမ့်မယ်ထင်ပါတယ်။

ဟုတ်ပါတယ်။ ဘေးနားမှာ နေ့ တိုင်းတွေ့ နေတုန်းက ဘာမှမခံစားရပေးမယ့် ရုတ်တရက် ဘေးနားမှာ မရှိတော့မှ အရမ်းကိုတွေ့ ချင်လာခဲ့တယ်။ ကျွန်မကရော ကျွန်မနှလုံးသားကို ညာခဲ့တာလား။ သူ့ လိုမျိုး ရုပ်ရည် ၊ အရပ် အမောင်း၊ ပုခုန်းပေါ်က ကြယ်ပွင့်တွေတွေ့ ရင် သူများလားလို့  အလိုလိုလိုက်ကြည့်မိနေတယ်။

ဒါပေမယ့် ခုထိမတွေ့ တော့ပါဘူး။ ကျွန်မလဲ နောက်ထပ် တောရွာလေးတွေမှာ လူနာတွေကိုဆေးကုပေးရင်း သူ့  ကို ရှာဖွေနေမိတယ်။သူရော ကျွန်မလိုဘဲလား။



ခုထိရှာဖွေနေဆဲဖြစ်နေတဲ့ ကျွန်မနဲ့ ရင်နှီးတဲ့ ဆရာဝန် မမအတွက် အမှတ်တရပါ။

10 comments:

Anonymous said...

အိတ်လေးးးးးးးးးးးး
အိတ်လေးက
phan nga မှာနေတာလားဟင်
မြူးလေးလဲခဏခဏနေမကောင်းဖြစ်တော့
လာနေရင်ဆေးကုပေးနော်အိတ်လေး
ပခုံးမှာအပွင့်ပါတိုင်း မကောင်းဖူးနော်
ဟီးးးးးးးးးးးးးစတာ ချိတ်ချိုးနဲ့နော်းးးးးးးးးးးးး
အိတ်လေးးးးးးးးးးးးးးးးးးး

ချစ်တဲ့
မြူးလေး

Anonymous said...

အိတ်လေးးးးးးးးးးးး
အိတ်လေးက
phan nga မှာနေတာလားဟင်
မြူးလေးလဲခဏခဏနေမကောင်းဖြစ်တော့
လာနေရင်ဆေးကုပေးနော်အိတ်လေး
ပခုံးမှာအပွင့်ပါတိုင်း မကောင်းဖူးနော်
ဟီးးးးးးးးးးးးးစတာ ချိတ်ချိုးနဲ့နော်းးးးးးးးးးးးး
အိတ်လေးးးးးးးးးးးးးးးးးးး

ချစ်တဲ့
မြူးလေး

Anonymous said...

အိတ်လေးးးးးးးးးးးး
အိတ်လေးက
phan nga မှာနေတာလားဟင်
မြူးလေးလဲခဏခဏနေမကောင်းဖြစ်တော့
လာနေရင်ဆေးကုပေးနော်အိတ်လေး
ပခုံးမှာအပွင့်ပါတိုင်း မကောင်းဖူးနော်
ဟီးးးးးးးးးးးးးစတာ ချိတ်ချိုးနဲ့နော်းးးးးးးးးးးးး
အိတ်လေးးးးးးးးးးးးးးးးးးး

ချစ်တဲ့
မြူးလေး

Anonymous said...

ဟီးးးးးးးးးးးးးးး
၃ခါမန့် မိသွားတယ်
ခုနဲ့ ဆို ၄ခါနော်
း)
ချစ်တဲ့
မြူးလေး

စန္ဒကူး said...

:) .... စိတ်ဝင်စားစရာ... ရေးမလို့ မြူးစ် ကအရင်ရောက်နေတယ်.. တောရွာလေးရယ်.. ဆရာဝန်ရယ်.. အချစ်ဇတ်လမ်းလေးရယ်.. အရမ်းကြိုက်တယ်.

မေဇင် said...

မမ.... အရမ်းကောင်းတဲ့...ဇတ်လမ်းလေးပဲနော်....နောင့် တို့ ရွာဘတ်မှာ အဲ့လို ဇတ်လမ်းတွေ အများကြီးပဲ တစ်ချို့ ညားပြီး တပ်ရင်းပြောင်းတဲ့ နောက်ပါသွား တစ်ချို့ က ကျန်ခဲ့...တစ်ချို့က သေသွား....

မမရေးလို့ လွမ်းသွားပြီ...ဟင့်

ခင်တဲ့
မေဇင်

subuueain said...

အားပေးနေပါတယ်နော်

ဂျပန်ကောင်လေး said...

အင်း.. ကျေကွဲဇာတ်လမ်းလေးပါလား... ဖတ်လို့ကောင်းတယ်ဗျို့...

Anonymous said...

ဖတ်ပြီးသားကြီးဟေ့ အင်ထုတာလား မီးမီးငယ် ဘလော့မှာ တင်ထားတာလေ နာမည်အသစ်နဲ့ဆိုပြီး အင်ထုတာလား...။

ကျောပိုးအိတ် said...

အင်မထုပါဘူးအိမ်ရ

ဒီပို့ စ်က အသစ်ပါ။ ဘာနဲ့ မှမရောထားပါဘူး။
စိတ်ထင်လို့ ပါ။
း)

ခင်တဲ့
ကျောပိုးအိတ်