ကျွန်တော့်စိတ်ကူး အိပ်မက်များ

07:14 Posted by ကျောပိုးအိတ်

ကျွန်တော်မိန်းမယူချင်နေတာ ကြာနေပြီဗျ။ စိတ်ကြိုက်ဖြစ်မယ့် မိန်းမတစ်ယောက်ကိုတော့ ယူမယ်လို့  ဆုံးဖြတ်ထားတယ်။

• ကျွန်တော်ယူမယ့် မိန်းမက လူတကာကိုဆွဲဆောင်နိုင်တဲ့ အလှဘုရင်မ ဖြစ်စရာမလိုပါဘူး။ ကိုယ်လုံး သေးသေးသွယ်သွယ်နဲ့  ချစ်စရာကောင်းရင်တော်ပါပြီ။ ကျွန်တော် ရယ်စရာပြောရင် လိုက်ရယ် တတ်ရမယ်။

• ကျွန်တော်ယူမယ့်မိန်းမရဲ့ အိမ် ဘယ်လိုပုံစံရှိတယ်ဆိုတာ စိတ်မ၀င်စားပါဘူး။ အိမ်ကျယ်ရင်ပြီးတာဘဲ။

• မင်္ဂလာဆောင်မယ်ဆိုရင် ကုန်ကျစားရိတ်တစ်ဝက်ဆီခံမယ်။ကျွန်တော်ယူမယ့် မိန်းမက တစ်ဝက်၊ သူ့  မိဘက တစ်ဝက်ပေါ့။

• သူ့ ရဲ့ ကျန်းမာရေးကို ဂရုစိုက်မယ်။ ချိုလွန်းတဲ့အစာတွေ ဥပမာ ဈေးကြီးပေးရတဲ့ ချောကလက်ကို သူ့  လက်ဖျား
နဲ့ တောင် မထိစေရဘူး။ ကျွန်တော်ဘဲစားမယ်။

• ကျွန်တော်ယူမယ့်မိန်းမဟာ ခေတ်နဲ့ တပြေးညီ စတိုင်လ်ကျကျဝတ်နိုင်အောင် ကျွန်တော် ဆင်ပေးမယ်။ ဒါပေမယ့် ဈေးကြီးလွန်းတဲ့ အ၀တ်အစားတွေ မဖြစ်စေရဘူး။

• ထမင်းဟင်းကို သူမ ဘယ်လိုဘဲချက်ချက် ကျွန်တော်အတွက်အရေးမကြီးဘူး။အရသာရှိရင်တော်ပါပြီ။

• မြန်မာဟင်းလျာတွေဲ ချက်စရာမလိုပါဘူး။ဒီနေ့ မြန်မာအစားအစာ၊ နောက်နေ့ ကုလားအစားအစာ၊ နောက်နေ့ တရုတ် အစားအစာ စသည်ဖြင့် ပြောင်းလဲပြီးတော့ ချက်ရင်လဲ လက်ခံပါတယ်။ ဒီအတွက်တော့ သူမကို လုံးဝ လွတ်လပ်ခွင့်ပေးထားတယ်။

• အ၀တ်လျှော်ရမယ်။ မီးပူတိုက်ရမယ်လို့ သူမကို ကျွန်တော်ပြောမှာမုဟုတ်ပါဘူး။ဒါပေမယ့် ကျွန်တော် ၀တ်မယ့် အ၀တ်အစားကတော့ အမြဲသန့် နေရမယ်နော်။

• အိမ်ကို သန့် ရှင်းဘို့ သူမကို ကျွန်တော်ပြောမှာ မဟုတ်ပါဘူး။ အိမ်ရှင်မကောင်းတစ်ယောက်ဆိုရင် သူမ ရဲ့ အသိ စိတ်နဲ့ သူမလုပ်ပါလိမ့်မယ်။

• လှဲကျင်းလျှော်ဖွတ်ရလို့ သူမပင်ပမ်းနေပြီဆိုကြပါစို့ ။အဲဒိအခါကျရင် သူမကို ကျွန်တော် အနားယူ ခိုင်းမယ်။ အမောပြေပြီဆိုမှ ကျန်တဲ့ ပန်းကန်ခွက်ယောက်တွေကို ဆေးခိုင်းမယ်။

• ဈေးကိုတော့ အမြဲအဖော်လိုက်ပေးမယ်။ အသွားမှာ ဈေးခြင်းတောင်းကို ကျွန်တော်ဘဲကိုင်ပေးမယ်။ အပြန်ကျမှ သူမကို အလှည့်ပေးမယ်။

• ကျွန်တော်သဘောနဲ့ တိုက်ဆိုင်တာမှန်မမျှ သူမပြောတာကို ကျွန်တော် လက်ခံနားထောင်ပေးမယ်။

• သူမရဲ့ အသက်ကို ကျွန်တော်တန်ဘိုးထားမယ်။ ဒါကြောင့် သူ့ လက်ထဲကို ပိုက်ဆံတစ်ပြားမှ ထည့်ပေး မှာ မဟုတ်ဘူး။ လူဆိုးသူခိုးတွေက ပေါတယ်မဟုတ်လား။ ငွေရှိရင် အနရယ် ရှိတယ်မဟုတ်လား။

• ကျွန်တော်ပြောသမျှအမိန့် ကို နာခံရမယ်လို့ ဘယ်တော့မှ ကျွန်တော်ပြောမှာ မဟုတ်ပါဘူး။ ကျွန်တော် ဖြစ်ချင် တာတွေ ဖြည့်စည်းပေးရင်တော်ပါပြီ….. မဖြည့်နိုင်ရင်တော့လား

• ဒါဆို နောက်တစ်ယောက် ရှာပါစေပေါ့။ မဟုတ်ဘူးလား။


ဖော်ဝက်မေးလ်ကနေ ရတာပါ။ ထုံးစံအတိုင်းပါဘဲရှင်။ မူရင်းရေးသားသူ မပါလားဘူး။ မိန်းမစိတ်ကူးကိုတော့ ကျွန်မထင်တယ် ။ မမနိုင်းနိုင်းစနေဆီမှာ ဖတ်ဘူးသလိုဘဲ။ ဘာလို့ မသေချာတာလဲဆိုတော့ ကျွန်မ လည်ဖြစ်တဲ့ ဘလော့တွေက များလွန်းလို့ မမှတ် မိတာလဲပါတယ်။

မူရင်းရေးသားသူသိခဲ့ရင် ပြောပေးပါနော်။ ကျွန်မ ပြန်ထည့်ပေးပါ့မယ်။

သြော် မေ့လို့ ။ အဓိက မှာချင်တာက ဒီလိုယောကျာင်္းယူမယ်ဆို သေဘို့ သာပြင်ထားတော့နော်။
မိန်းကလေးတွေအတွက် ပညာပေးထားတာ။
း)

ကျောပိုးအိတ်ဆိုရင်တော့ ယူဘူးတော့။ ဒီလိုယောကျာင်္းမျိုး။ အပျိုကြီးဘဲ လုပ်တော့မယ်။ ဘယ်နှယ်တော်။
း)

14 comments:

စန္ဒကူး said...

ကျောပိုးအိတ်လေးေ၇.. ပူနဲ့.. ပူနဲ့.. စာထဲမှာသာရှိတာ အပြင်မှာတော့ ချစ်ရင်ယူကြတာဘဲ. ချစ်ရင်ဘာအပြစ်မှမမြင်ဘူး.. သူတို့ကတောင်ပြန်လုပ်ပေးနေကြသေးတာ.. ကြာရင်တော့ နောင်ဂျိန်ပေါ့.. ပေမယ့်လည်း..ဘာတတ်နိုင်မတုန်း..ယူပီးမှတော့..
ကြောက်မနေနဲ့... love is powerful..း)

rose of sharon said...

အဲလိုယောင်္ကျားမျိုးကို ဘယ်မိန်းမမှမစဉ်းစားဘူး... ဘယ်တော့မှမိန်းမ မရဘူးသေချာတယ်...

ဂျပန်ကောင်လေး said...

း)..ပြုံးမိပါတယ်..

မေဇင် said...

မိန်းမ စိတ်ကူးလေး များဖတ်ရအောင် မမရေ...ရှာပေးပါဦး... အမလေး ... ယောင်္ကျားစိတ်ကူးတွေ များ ... သူတို့ဘတ်က အသာကြီးပဲ...ဟွန်း... ဘယ်သူရေးတာပါလိမ့်နော်.... :P

Anonymous said...

မကျောပိုးအိတ်လေးရေ မမကူးပြောချင်တာနဲ့ ထောပတ်သီးပြောချင်တာ ထပ်တူကျတယ် ကော်ပီ ပေ့စ်လိုက်ပြီ (မမကူးရေခွင့်ပြုနော်)

ကျောပိုးအိတ်လေးေ၇.. ပူနဲ့.. ပူနဲ့.. စာထဲမှာသာရှိတာ အပြင်မှာတော့ ချစ်ရင်ယူကြတာဘဲ. ချစ်ရင်ဘာအပြစ်မှမမြင်ဘူး.. သူတို့ကတောင်ပြန်လုပ်ပေးနေကြသေးတာ.. ကြာရင်တော့ နောင်ဂျိန်ပေါ့.. ပေမယ့်လည်း..ဘာတတ်နိုင်မတုန်း..ယူပီးမှတော့..
ကြောက်မနေနဲ့... love is powerful..း)

Anonymous said...

လူကြားကားအောင် ကြော်ငြာထားသေးတယ် အပျိုကြီးလုပ်မယ်တဲ့ ဒီရုပ်လား ဟဟ
ဟေးဟေး ဒန်တန်တန်............

ကိုတိုးလေး said...

အခုရေးထားတာက စာထဲမှာသာရေးထားတာလေ အပြင်မှာတော့အဲ့လိုတကယ်မဖြစ်နိုင်ပါဘူးနော်။ တကယ်ချစ်တယ်ဆိုရင် နှစ်ယောက်စလုံးခွင့်လွတ်ခြင်း အနစ်နာခံခြင်းဆိုတဲ့ ချစ်ခြင်းတွေနဲ့ ခရီးဆက်သွားကျမှာပါ ပျော်ရွှင်စရာကောင်းမှာပါ။

kyalkalay said...

အလိုမိန်းမရှိရင် ကြယ်လေးကိုလက်တို့နော်းP

လင်းကြယ်ဖြူ said...

အဲ့ဒီလောက် ဈေးကိုင်နေရင်တော့
ဘေးထိုင်နေရတဲ့ လူပျိုကြီးဖြစ်မှာသေချာတယ်..ဟဲ
ပျော်ပါစေ...

ဇော် said...

အေးလေ ဒေါ်လေးပိုးရယ်။
အဲ့ယောက်ျားမျိုး နစ်နာနေမှာစိုးလို့
ကျနော်လဲ အပျိုကြီးပဲ လုပ်ချင်တယ်။ အဟိ။

မိုးစက်အိမ် said...

ကျောပိုးအိတ် အပျိုကြီးလုပ်မှာတော.
မယုံပါဘူးဗျာ...:D :P

မေ့သမီး said...

ဟော ဒီလောက်ချစ်ပြထားတဲ့ယောက်ျားကို မယူချင်ဘူးလား။ ကဲ။ ရှာပဲကြည့်ပါဦး။ :D

Anonymous said...

ဟေး နတ်ကတော် ရပြီလား

Anonymous said...

ညီလိုလူလဲ အသေသာခံလိုက်မယ် မယူဘူးမှတ်.. ဟီးဟီး