ဒီနေ့  စားခဲ့တဲ့ မန်းလေးကြာဇံချက်

18:51 Posted by ကျောပိုးအိတ်


                                                             ကျွန်မစားတဲ့ ပန်းကန်

 အစာပလာလုံလင်စွာဖြင့် ။ 


သံပုရာသီးက ဈေးကြီးတာကြောင့် သံပုရည်ဘဲ ၀ယ်လာခဲ့တယ်။ ငရုတ်ကောင်းမှုန့်  ကြိုက်ရင်ထည့်စားပါ။ငံပြာရည် ။ ဒီငရုတ်သီးအရည်က ဘာလို့ ထားထားလဲ သိဘူးရယ်။

 ရေမဟုတ်ဘူးနော်။ အအီပြေ အချိုရည်လေး။    
 
အိုးကြီးကြီးဘဲ။ မလောက်မှာ မပူနဲ့ ။  
ရာသီဥတုက တော်တော်လေးပူနေတာကြောင့် တစ်ခုခု လုပ်စားရအောင် ဆိုတာနဲ့  ဒီနေ့ ရုံးမှာ အားလုံးရဲ့  သဘော တူညီချက်အရ မန်းလေးကြာဇံချက် ချက်စားကြတယ်။ ထုံးစံအတိုင်းပေါ့။ အရမ်းစားကောင်းတယ်။ ဘယ်လိုချက်လဲ မမေးနဲ့ နော်။ သိဘူး။ 
ရာသီဥတုကပူတယ်။ မန်းလေးကြာဇံချက်ကလဲ ပူတယ်။ စားရတာ ချွေးတွေကို ရွဲလို့ ။    
လက်စကြီးတယ်ဘဲ ပြောရမလား။ မလောက်ငှမှာ အရမ်းကြောက်တာကြောင့် အိုးကြီးကြီးနဲ့  ၂လုံးတောင်း ချက်ထားတယ်။ အချိန်တန်တော့လဲ ကုန်သွားတာဘဲလေ။
 

ဒီနေ့  စားခဲ့တယ်

19:58 Posted by ကျောပိုးအိတ်




ဒီနေ့  ထမင်းအရမ်းစားကောင်းတယ်။ စားကောင်းတယ်ဆိုတာကလဲ ကျွန်မချက်တာ မဟုတ်လို့ လေ။ သူများတွေဘာချက်ကျွေးကျွေး အရမ်းစားကောင်းတယ်။ ပြီးတော့ မစားရတာကြာပြီဖြစ်တဲ့ ကြက်သားနဲ့  ဗူးသီး ကာလသားချက်လေးကြောင့် ထမင်းပိုမြိန်သွားတယ်။


တကယ်ပြောတာ။
မယုံရင် လက်ဆေးပြီး ထမင်းဝင်စားသွားကြည့်လိုက်နော်။ လျှာလည်သွားမယ်။ ကြည့်ရုံနဲ့ တင် သိသာတယ်။
အဟတ်။


ကြက်သားဗူးသီး ကာလသားချက်

ကြက်သားကြော်

ငါးသလဲထိုးဟင်း ( ဒီငါးသားပေါက်လေးတွေက တစ်ခါတစ်ရံမှ ရတတ်တယ်)

တို့ စရာ မုန့် ညှင်း နဲ့ သခွားသီး။

ပြစ်မှားမိတဲ့စိတ်

17:40 Posted by ကျောပိုးအိတ်

ဒီနေ့  အင်္ဂလန်ကနေ ပြန်လာမယ့် သူငယ်ချင်းတစ်ယောက်ကို လေဆိပ်မှာ သွားကြိုခဲ့ပါတယ်။ မတွေ့ ရတာလဲ တော်တော်ကြာနေတာကြောင့် ရှိနေတဲ့ အလုပ်တွေကို ပစ်ထားခဲ့ပြီး လေဆိပ်ကို ရောက်အောင်သွားခဲ့ပါတယ်။ သူငယ်ချင်းကို ကားပေါ်ခေါ်တင်လာပြီး ရောက်တတ်ရာရာတွေ ပြောကြနဲ့  ပျော်စရာကောင်းလွန်းလှပါတယ်။

သူငယ်ချင်းနဲ့  အချိန်တော်တော်ကြာကြာ စကားပြောပြီး ပြန်မယ်ဆိုတော့ သူငယ်ချင်းက အင်္ဂလန်ပြန် လက်ဆောင်ဆိုပြီး ချောကလက် ၂ဗူး လက်ဆောင်ပေးခဲ့တယ်။ တကယ်တော့ သူမ ချောကလက်မကြိုက်ပါဘူး။ လူတော်တော်များများက ချောကလက်ကို ကြိုက်ပေမယ့် သူမကတော့ အားလုံးနဲ့  ဆန့် ကျင်စွာ ချောကလက် မကြိုက်ပါဘူး။ ဒါပေမယ့် သူငယ်ချင်းရဲ့ လက်ဆောင် ဖြစ်နေတာကြောင့် အားနာပြီး ယူခဲ့ရတယ်။

ကားပေါ်ရောက်တော့ သူမအရင်ဆုံးတွေးနေမိတာ ဒီချောကလက် ကိစ္စ။ ချောကလက်ဗူးက အကြီးကြီးဘဲ။ ပြီးတော့ ၂ဗူးတောင်မှဆိုတော့ ဘယ်သူ့ ကိုပြန်ပေးရမလဲ စဉ်းစားနေခဲ့မိတယ်။ နောက်ထပ် သူငယ်ချင်းရဲ့  ကလေးလေးက ချောကလက် အရမ်းကြိုက်တာ သူမပြန်စဉ်းစားမိသွားပြီး အဲဒီကလေးလေးကိုဘဲ အခုလက်ဆောင် ရလာတဲ့ ချောကလက်လေးကို ပေးတော့မယ်လို့  စိတ်ပေါ့ပါးစွာ ဆုံးဖြတ်လိုက်တယ်။

သူမကားကို ဂရုတစိုက်နဲ့ မောင်းလာခဲ့တယ်။ မီးပွိုင့်တစ်ခုရောက်တော့ ကားလမ်းမပေါ်မှာ ပန်းတွေလိုက် ရောင်းနေတဲ့ ကလေးလေး၂ယောက်ကို သူမတွေ့ ခဲ့တယ်။ ကားကြိုကားကြားထဲမှာ ပန်းလိုက်ရောင်းတာ တကယ်တော့ အန္တရာယ် အရမ်းများလှပါတယ်။ ဒါပေမယ့် သူတို့ ကတော့ အန္တရာယ်ဆိုတာကို မေ့ထားပြီး ၀မ်းစာရေးအတွက် ကားတွေဆီကို လိုက်ပြီး ပန်းတွေရောင်းနေကြတယ်။

သူမ ပန်းရောင်းတဲ့ ကလေးလေး၂ယောက်ကို ကြည့်ပြီး ပြန်စဉ်းစားမိတယ်။ သူမဘေးမှာ ပါနေတဲ့ ချောကလက်ဗူးကြီး ၂ဗူးကို အဲဒီကလေးတွေကိုဘဲပေးလိုက်တော့မယ်။ ပထမပေးမယ်လို့ စိတ်ကူးထားတဲ့ ကလေးလေးကတော့ မိဘတွေကချမ်းသာတယ်။ ဒီလိုတန်ဘိုးကြီးတဲ့ ချောကလက်ကို ၀ယ်ကျွေးဘို့  မိဘတွေကလဲ တတ်နိုင်တယ်။ဒီကလေးတွေကတော့ ဒီလိုချောကလက်ကို သိပ်ပြီး စားဘူးမယ်မထင်တာကြောင့် ရုတ်တရက်ဝင်လာတဲ့စေတနာနဲ့  ကလေးလေးတွေကို လှမ်းခေါ်ပြီး ချောကလက်ဗူးကို ပေးလိုက်တယ်။

ချောကလက်ဗူးလက်ခံရရှိတဲ့ ကလေးလေးတွေက အံ့သြတဲ့မျက်နှာနဲ့  သူမကို ကြည့်နေကြတယ်။ ပြီးတော့ ကျေးဇူးတင်ပါတယ်လို့ တောင် ပြန်မပြောဖြစ်ဘဲ ရောင်းမကုန်သေးတဲ့ ပန်းတွေနဲ့  ကလေးနှစ်ယောက်က သူမနဲ့  ဝေးရာကို ထွက်သွားကြတယ်။

နောက်တော့ လမ်းမကြုံတာနဲ့  သူမ ဒီမီးပွိုင့်ဘက်ကို မဖြတ်ဖြစ်တော့ပါဘူး။ ဒီနေ့ တော့ အလုပ်အတွက် လုပ်စရာရှိတာကြောင့် သူမ ဒီမီးပွိုင့်လေးကို ပြန်ရောက်လာပါတယ်။ မီးပွိုင့်မိနေတုန်း ဘာရယ်မဟုတ် ချောကလက်ပေးဘူးတဲ့ ကလေးနှစ်ယောက်ကို ပြန်သတိရလာတယ်။ ကလေးနှစ်ယောက်ကတော့ ထုံးစံအတိုင်း ကားကြိုကားကြားထဲမှာ ပန်းတွေရောင်းနေတယ်။

နောက်တော့ သူတို့ ပန်းရောင်းရာကနေ သူမဆီရောက်လာတယ်။ သူမက ပန်မ၀ယ်ချင်တာကြောင့် မသိသလိုဘဲနေလိုက်တယ်။ ဒီမှာတင် ပန်းရောင်းတဲ့ ကလေးလေးက သူမရဲ့  ကားမှန်ကို ခေါက်လာတယ်။ သူမကလဲ ပန်းမ၀ယ်ဘူးလို့ လက်ဟန်ခြေဟန်နဲ့ ဘဲ ပြလိုက်ပေမယ့် ချထားတဲ့ ကားမှန်ကိုတော့ မချပေးခဲ့ဘူး။ နောက်တော့ မီးပွိုင့်စိမ်းသွားတာနဲ့  သူမကားမောင်းလာခဲ့တယ်။ ကားမောင်းနေရင်း နောက်ကြည့်မှန်ကနေ ကြည့်လိုက်တော့ သူမကားကို မျက်စိတစ်ဆုံးလိုက်ကြည့်နေတဲ့ ကလေးလေးတွေကို တွေ့ လိုက်ရတယ်။

ဒီလိုနဲ့  မီးပွိုင့်ကို ဖြတ်ရတိုင်း ပန်းရောင်းတဲ့ ကလေးလေးတွေက သူမဆီလာပြီး မှန်တံခါးခေါက်တယ်။ ချောကလက်ပေးထားတာ မမှတ်မိဘဲ ငါ့ကို ပန်းလာရောင်းတယ်ဆိုပြီး စိတ်လဲတော်တော်တိုလာမိတယ်။ စိတ်တိုတာနဲ့ တပြိုင်နက် ကားမှန်ကိုချပြီး ပန်းမ၀ယ်ဘူးလို့ ပြောနေတာ နားမလည်ဘူးလားလို့  ခပ်ဆပ်ဆပ်လေး ပြန်ပြောလိုက်တယ်။

ဒီမှာတင် ကလေးလေးနှစ်ယောက်က သူမ မထင်မှတ်တဲ့ အပြုမှုကို လုပ်လိုက်တာကြောင့် သူမတော်တော် အံ့သြသွားတယ်။ ကလေးလေးတွေကပြောပါတယ်။ ကျွန်တော်တို့ ပန်းရောင်းဘို့ လာတာ မဟုတ်ပါဘူးတဲ့။ ကျွန်တော်တို့ ကို ချောကလက်ပေးခဲ့တုန်းက ပျော်လွန်းလို့  ကျေးဇူးတင် စကားတောင် မပြောခဲ့မိဘူး။ အိမ်မှာကျန်ခဲ့တဲ့ အငယ်လေးတွေကို ချောကလက်ကျွေးချင်လွန်းလို့  အမြန်ပြန်သွားခဲ့တာ။ ချောကလက်စားတိုင်းလဲ အန်တီကို သတိရပါတယ်။ ကျွန်တော်တို့ ဘ၀မှာ အဲဒီလောက်ကောင်းတဲ့ ချောကလက် တစ်ခါမှမစားဘူးပါဘူး။ ဒီတော့ ကျွန်တော်တို့ ကို ချောကလက်ပေးခဲ့တဲ့ အန်တီကို နေ့ တိုင်း စောင့်ခဲ့တယ်။ ကျေးဇူးတင်စကားလဲပြောချင်တယ်။ ပြီးတော့ ကျွန်တော်တို့ ကိုယ်တိုင် လုပ်ထားတဲ့ ဒီပန်းလေးတွေကို လက်ဆောင် အဖြစ် ပြန်ပေးချင်လွန်းလို့  မှန်ခေါက်မိတာပါတဲ့။

အဲဒီကလေးစကားကိုကြားပြီး သူမတော်တော်စိတ်မကောင်းဖြစ်သွားခဲ့တယ်။ ကလေးလေးတွေအပေါ်မှာ အထင်မှားခဲ့မိတာလဲ တော်တော် နောင်တရသွားခဲ့တယ်။ နောက်တော့ ကလေးလေးတွေ ကမ်းပေးတဲ့ စံပယ်ပန်း ၅ကုံးကိုယူပြီး သူမ အဲဒီမီးပွိုင့်ကနေ ထွက်လာခဲ့မိတယ်။

အိမ်ပြန်ရောက်တော့ ကလေးတွေပေးတဲ့ စံပယ်ပန်းကို ဘုရားမှာပြန်လှူခဲ့မိတယ်။ ကလေးတွေကိုလဲ စိတ်မကောင်းဖြစ်ခဲ့ရတယ်။



ကျွန်မတို့ ရဲ့ လူ့ စိတ်ဆိုကလဲ ခက်သားဘဲနော်။ အပြင်ပန်းကြည့်ပြီး ထင်ယောင်ထင်မှား မှတ်ကြတယ်။

မရှိတဲ့သူများ ကိုယ့်ဆီလာပြီဆို ချေးငှားတော့မယ်ထင်နေကြတယ်။

မလှတဲ့သူဆို စုန်းကဝေနဲ့  ခိုင်းနှိုင်းတတ်ကြတယ်။

လူတစ်ယောက် အ၀တ်အစား ၀တ်တာ စုတ်ပြတ်နေတယ်ဆို လမ်းမှာတွေ့ ရင်တောင် မခေါ်ချင်ကြဘူး။
လူတစ်ယောက်ရဲ့ အ၀တ်အစားကိုကြည့်ပြီး အဲဒီ လူရဲ့ အတွင်းစိတ်ကို ဘယ်သူမှ မဖတ်နိုင်ပါဘူး။

အာကျယ်အာကျယ်ပြောတတ်တိုင်း ရိုင်းတယ်လို့ ထင်မိကြတယ်။
ဒါပေမယ့် အဲဒီလိုပြောတတ်တဲ့ လူတွေရဲ့ အတွင်းစိတ်တွေကို ကျွန်မတို့ မဖတ်နိုင်ခဲ့ပါဘူး။

ပြောင်ချော်ချော်ပြောတတ်တဲ့ သူတွေကို ကျွန်မတို့ စိတ်ထဲမှာ ဘာကိုမှ အလေးအနက် မထားတဲ့ သူတစ်ယောက်လို့ 
ကျွန်မတို့ ထင်မိကြတယ်။
ဒါပေမယ့် အဲဒီလို ပြောင်ချော်ချော်နေတတ်တဲ့သူတွေရဲ အတွင့်းစိတ်ကို ကျွန်မတို့  မဖတ်နိုင်ခဲ့ဘူး။

ဒီတော့ ကျွန်မတို့ တွေဟာ လူတိုင်းရဲ့ စိတ်ကို ဖတ်နိုင်ဘို့  အမျာကြီးကြိုးစားရဦးမှာပါ။

ဖတ်ဘူးတဲ့ အင်တာနက်စာမျက်နှာကတဆင့် ဘာသာပြန် တင်ပေးထားတာပါ။
ကျွန်မဘာသာပြန်တာ ညံ့ကောင်းညံ့နေပါမယ်။ ဆီလျှော်အောင် ပြန်ဆိုထားပါတယ်ရှင်။