နွေလည်အိပ်မက် ဂယောက်ဂရက် ;P

11:55 Posted by ကျောပိုးအိတ်

စားပွဲပေါ်က ဖိတ်စာကို ကြည့်ပြီး သွားရင်ကောင်းမလား မသွားရင် ကောင်းမလား တော်တော်စဉ်းစားယူလိုက် ရတယ်။ သူငယ်ချင်းအရင်းခေါက်ခေါက်ရဲ့  မွေးနေ့ ဆိုတော့ သွားရမှာပေါ့။ အရမ်းလဲ ရင်းနှီးနေတော့ မွေးနေ့  လက်ဆောင်ကလဲ သူများထက်ထူးမှ။ ဒီလိုနဲ့  မွေးနေ့ လက်ဆောင်ပေးဘို့  ကုန်တိုက်တစ်ခွင်ပြဲပြဲစင် အောင် ခြေညောင်းလောက်အောင် ရှာပုံတော်ဖွင့်လိုက်ရတယ်။ နောက်တော့လဲ အရမ်းလှတဲ့ လက်ဆောင်တစ်ခုဝယ် ဖြစ်သွားတယ်။

ညရောက်တော့ မွေးနေ့ ပွဲကိုရောက်သွားတယ်။ ခြံထဲမှာလဲ ရောင်စုံမီးသီးတွေနဲ့ ။ ဂုဏ်သရေရှိ အသိုင်းအ၀ိုင်း ဆိုတော့ လာတဲ့သူတွေကလဲ ထိပ်ထိပ်ကျဲတွေ။ နေရာလွတ်တောင်မကျန်အောင် လာတဲ့ဧည့်ပရိတ်သတ်ကလဲ မနည်းမနော။

မွေးနေ့ ရှင်သူငယ်ချင်းရောက်လာပြီး စားပွဲတစ်ခုစီခေါ်သွားတယ်။ စားပွဲမှာတော့ အရင်ရောက်နေတဲ့ လူတစ်ယောက်တော့ရှိနေတယ်။ ဘေးတိုင်အနေအထားမို့  သူ့ မျက်နှာ သိပ်မမြင်ရဘူး။ နောက်တော့ သူငယ်ချင်းမိတ်ဆက်ပေးလို့  ရင်းနှီးခဲ့ရတယ်။

ဘုရားရေ အဲဒီယောက်ကျာင်္းက တော်တော်ချောတယ်။ ယောကျာင်္းလေးကိုချောတယ်ပြောရင် အခြောက် ဖြစ်နေဦးမယ်။ ခန့် တယ် ယောက်ကျာင်္းပီသတယ်ပေါ့။ စကားပြောလဲ အရမ်းကောင်းတယ်။ သူ့ ရဲ့ လှုပ်ရှားမှု့  တွေအကုန်လုံးက ရင်သတ်ရှုမောဖွယ်ရာ။

မွေးနေ့ ကျင်းပချိန်တစ်ချိန်လုံး ကျွန်မကိုပျင်းနေမှာစိုးလို့  သူကအဖော်လုပ်ပေးတယ်။ နောက်တော့ မထင်မှတ် စွာနဲ့  သူက ကျွန်မလက်ကို လာကိုင်ပါလေရော။ နောက်တော့ အဆင့်တိုးပြီး ကျွန်မပါးကို အကြင်နာပေးပါ လေရော။ လူက လေထဲကိုမြောက်တတ်သွားတယ်။အဲဒီအချိန်မှာ နောက်ထပ် ကျွန်မသူငယ်ချင်း တစ်ယောက် က ဘယ်ကနေဘယ်လို ရောက်လာလဲမသိဘူး။ ဟယ်တော့ မိန်းမ ကဲနေတယ်ပေါ့လေလို့  ပြောပြီး ကျွန်မကို တွန်းလိုက်တယ်။

သူငယ်ချင်းတွန်းတဲ့အရှိန်နဲ့  ကျွန်မ ကုတင်အောက်ပြုတ်ကျသွားတယ်။ နောက်မှသိလိုက်တာ ကျွန်မ အိပ်မက် မက်နေတာကိုး…..။ အဟီးးးးးးးးးးး ရှက်လိုက်တာနော်။ အိပ်မက်ထဲက ကိုယ်တော်လဲ ဘယ်ရောက်သွားမှန်း မသိဘူး။ အပြင်မှာသာဆို ရှက်စရာကြီးနော်။ အခုတော့ ကျွန်မတစ်ယောက်ထဲ ပြုံးရင်း ရေပြန်သောက်ရင်း ပြန်အိပ်ရင်းနဲ့  ……………………

မြန်မာဆန်စေချင်ပါတယ်။

23:46 Posted by ကျောပိုးအိတ်

နိုင်ငံတော်တော်များများမှာ လူမျိုးတော်တော်များများမှာ ယဉ်ကျေးမှုဆိုတာ ရှိကြပါတယ်။ ရိုးရာယဉ်ကျေးမှု ရှိသလို ရိုးရာအ၀တ်အစားတွေလဲရှိကြပါတယ်။

နိုင်ငံတော်တော်များများမှာ ရိုးရာဝတ်စုံတွေ မ၀တ်တော့သလောက် ပပျောက်နေကြပါပြီ။ ဒါပေမယ့် ကျွန်မတို့  မြန်မာလူမျိုးများမှာ ရိုးရာဝတ်စုံ (လုံချည်၊ပုဆိုး) များကို ယနေ့ ထိ ၀တ်ဆင်နေတာကို တွေ့ ရပါတယ်။

ခေတ်ကာလ ပြောင်းလဲလာတာနဲ့ အညီ ကျွန်မတို့ ရဲ့ ဝတ်စားဆင်ယဉ်မှုမှာလဲ ခေတ်ရေစီးကြောင်းနဲ့ အညီ ပြောင်းလဲလာတာကို တွေ့ ရပါတယ်။ လူတစ်ယောက်ရဲ့ ဝတ်ပုံစားပုံကိုကြည့်ပြီး အပြင်ပန်းကနေ အကဲခက်လို့  မရနိုင်ပါဘူး။

ကျွန်မရန်ကုန်ပြန်တုန်းကပေါ့။ ပထမဆုံးသွားဖြစ်တဲ့နေရာကတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးဖြစ်တာကြောင့် ရွှေတိဂုံဘုရားကို အရင်ဆုံးသွားဖြစ်ခဲ့ပါတယ်။ သွားတဲ့အချိန်ကလဲ ည ၇း၃၀ လောက်တော့ ရှိနေပါပြီ။ မိသားစုနဲ့  သွားတာဆိုတော့ အေးအေးချမ်းချမ်းနဲ့  ဘုရားဖူးရအောင် ညဘက်ကို သွားဖြစ်ခဲ့တာပါ။

ဘုရားပေါ်ရောက်တော့ အေးချမ်းလိုက်တာ။ လရောင်အောက်မှာ ရွှေတိဂုံဘုရားကြီးက သပ္ပာယ်လိုက်တာ။
ဖူးလို့  တောင် မ၀ချင်ဘူး။ ကျွန်မလဲ မွေးနံထောင့်မှာ ဘုရားရှိခိုး အာရုံပြုနေတုန်း ဘေးနားမှာ အင်မတန်မှ မွှေးကြိုင်လွန်းတဲ့(လိုအပ်သည်ထက်ပိုနေတဲ့) ရေမွှေးနံ့ ကြောင့် အာရုံတစ်ချက်ပျံ့ သွားတယ်။ နောက်တော့ ဘေးနားမှာ ဘုရားကို ရှိခိုးလို့  မရလောက်အောင် တွတ်ထိုးနေတဲ့ အသံတွေကြောင့် ကျွန်မ ဘယ်လိုမှ ဘုရား အာရုံပြုလို့ မရတော့ပါဘူး။

အာရုံပြုလို့  မရတော့တာကြောင့် ဦး ၃ကြိမ်ချပြီး ထွက်လာခဲ့ပါတယ်။ နောက်တော့ ဘာရယ်မဟုတ်ပါဘူး။ ကျွန်မဘေးနားမှာ လာပြီးဘုရားဝတ်ပြုတဲ့ အလွန်အကျူးရေမွှေးတွေ သုံးတာ ဘယ်သူလဲလို့  ကြည့်လိုက်တော့ ခေတ်ရှေ့ ပြေးနေတဲ့ ကောင်မလေးနဲ့ ကောင်လေးပါ။ ကောင်မလေးက ဘယ်လောက်ထိတောင် ခေတ်ရှေ့ ပြေး နေလဲဆိုတော့ ၀တ်ထားတာက ဂျင်းဘောင်းဘီ ချက်ပြုတ်နဲ့ ။ အပေါ်က ၀တ်ထားတာက တင်းကြပ်လွန်းတဲ့ တီရှပ်အကျီ င်္ ခါးတို။ ထိုင်နေတာကတော့ ဘုရားရင်ပြင်တော်ပေါ်မှာ။ ကောင်မလေးရဲ့ ဘောင်းဘီချက်ပြုတ်က
နောက်ကနေကြည့်လိုက်တော့ အတွင်းသားတွေက တော်တော်ကိုပေါ်နေပြီ။

ဘောင်းဘီကို ခုခေတ်ကောင်မလေးတွေ အ၀တ်များလာတယ်။ ကျွန်မကိုယ်တိုင်အပါအ၀င်ပေါ့။ ဘောင်းဘီဝတ် ရတာ ပိုပြီးလုံခြုံတယ်။ ပိုပြီး သက်တောင့်သက်သာရှိပါတယ်။ ကျွန်မဆို သိပ်ကြိုက်တာ ဘောင်းဘီဝတ်ရတာ။

ဒါပေမယ့် ဘယ်လောက်ဘဲ ကြိုက်နှစ်သက်တဲ့ အ၀တ်အစားဘဲ ဖြစ်နေပါစေ။ ၀တ်သင့်တဲ့နေရာမှာ ၀တ်သင့်တဲ့ အချိန်မှာ ၀တ်တာ ပိုကောင်းမယ်လို့ ထင်ပါတယ်။

မြန်မာလူမျိုးတွေရဲ့ အထွဋ်အမြတ်ထားရာ ဘုရားကျောင်းကန်တွေမှာတော့ ဘောင်းဘီမ၀တ်စေချင်ဘူး။ ရိုးရာဝတ်စုံကို လုံလုံခြုံခြုံဝတ်စေချင်ပါတယ်။ ခေတ်မှီတယ်ဆိုတာကလဲ သူ့ နေရာနဲ့ သူက အကောင်းဆုံးပါဘဲ။ ကိုယ်ကြောင့် အခြားသူတွေ အားရုံမနောက်စေချင်လို့ ပါ။

ကျိုက်ထီးရိုးသို့ 

09:59 Posted by ကျောပိုးအိတ်

ခွင့်ရလို့ မြန်မာနိုင်ငံကို အပျော်တွေများစွာနဲ့  ပြန်သွားခဲ့ပါတယ်။ ပြန်ရောက်တယ်ဆိုရင်ဘဲ လုပ်စရာအလုပ်တွေက များမှများဘဲ။ ပထမဆုံးလုပ်ရတာက လူကြုံပေးခိုင်းလိုက်တဲ့ ပစ္စည်းတွေ လက်ဆောင်တွေကို အချိန်မှီ သွားပေးရတာ။ ပြီးတော့ ပြန်မယ့် ရက် မှာ ဘာတွေပြန်ထည့်ပေးဦးမလဲလို့  မေးပြီး ပြန်မယ့်နေ့ ကိုပြော၊ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်၊အိမ်လိပ်စာတွေ ပေးပြီးတဲ့အခါမှာ တာဝန်တစ်ခုပြီးသွားသလိုစိတ်ချမ်းသာသွားတယ်။

နောက်တော့ သူငယ်ချင်းများ (မူလတန်းကတည်းက တွဲလာတဲ့သူတွေ) နဲ့ တစ်နေရာရာကို ခရီးထွက်မယ်ဆိုပြီး တိုင်ပင် ကြတယ်။ သူငယ်ချင်းတွေကလဲ စုံစုံလင်လင်ရှိနေတော့ သွားချင်တဲ့နေရာတွေက များနေတယ်။ တစ်ယောက် တစ်ပေါက်နဲ့  သွားချင်တဲ့နေရာတွေကို A4 စာရွက်နဲ့ ချရေးလိုက်တာ စာရွက်တောင် မလောက်ချင်ဘူး။

နောက်ဆုံးတော့ နေရာ ၄ခုကို ရွေးလိုက်တယ်။ ပထမကတော့ ဆောင်းရာသီရဲ့  ခရီးသွားဖက်ရှင်လို့ ပြောလို့ ရတဲ့ ကျိုက်ထီးရိုးဘုရားဖူးသွားဘို့ ကို ရွေးခြယ်လိုက်တယ်။ ကျိုက်ထီးရိုးသွားမယ်ဆိုတော့ အားလုံးက သဘောတူ ကြတယ်။ ကျွန်မတို့ သူငယ်ချင်းတွေက ဘယ်နေရာသွားသွား သွားလို့ ရတယ်။ ဒါပေမယ့် ကျိုက်ထီးရိုးဘုရားကို ဖူးမယ်လို့ ဆိုလိုက်တိုင်း အမြဲမသွားဖြစ်ဘူး။ တစ်ခုခုက ကိုးလို့ ကန့် လန့် နဲ့  အမြဲ ပျက်ခဲ့ရတယ်။

ဒီတစ်ခါတော့ ဘယ်လိုမှ မပျက်စေရဘူးဆိုပြီး အားလုံးသဘောတူခဲ့ကြပါတယ်။

၉ရက်နေ့ မှာတော့ လမ်းမှာစားသောက်ဘို့  ချက်ပြုတ်ကြော်လှော်ကြပါတယ်။ များသောအားဖြင့် ကျွန်မတို့  မိသားစုတွေ ခရီးသွားရင် အပြင်အစားအစာ ၀ယ်စားခဲပါတယ်။ ကျွန်မတို့ မိသားစုက အချိုမှုန့်  တော်တော် ကြောက်တယ်။ ထမင်းဆိုင်က အစားအစာတွေက များသောအားဖြင့် အချိုမှုန့် အရမ်းသုံးတာကြောင့် တော်ရုံမစားဖြစ်တော့တာ။ အခုလဲ လမ်းမှာစားဘို့  ချဉ်ပေါင်ကြော်တယ်။ ကြက်သားကြော်တယ်။ ပြီးတော့ ပုဇွန်ခြောက်ကြော်တယ်။ သရက်သီးသနပ်ပါတယ်။ မုန့် တော်တော် များများပါတယ်။

ဒီဇင်ဘာရဲ့  ၁၀ရက်နေ့  မနက် ၄း၃၀ မှာ ကျွန်မတို့ အိမ်ကနေ စုပြီးထွက်ကြတယ်။ သူငယ်ချင်းတွေ အတော်များများ လာအိပ်ကြတယ်။ လာမအိပ်နိုင်တဲ့ သူငယ်ချင်းအချို့ ကိုတော့ လမ်းမှာ ၀င်ခေါ်သွားရတယ်။ သူငယ်ချင်းတွေနဲ့ မတွေ့ တာ ကြာနေတော့ တစ်ယောက်နဲ့ တစ်ယောက် စကားလုပြောနေရတာ အသံက တစ်ဖြေးဖြေးကျယ်လာတယ်။ မေမေက မနက်ခရီးသွားရမယ် အိပ်တော့ ခေါင်းမူးမယ် ဘာညာနဲ့  လာပြောမှဘဲ အိပ်ဘို့  သတိရတော့တယ်။

ကျွန်မရဲ့ အခန်းသေးသေးလေးထဲမှာ သူငယ်ချင်း ၁၀ယောက်လောက်နဲ့  ငပိသိပ် ငါးချဉ်သိပ် အိပ်ခဲ့ရတယ်။ မနက် ၃း၃၀ကျတော့ မေမေလာနှိုးတယ်။ ပြင်တော့ဆင်တော့တဲ့။ အိပ်ချင်မူးတူးနဲ့  ပြင်ဆင်သံတွေကြားပေမယ့် ကျွန်မက မထဖြစ်သေးဘူး။ အိပ်ယာထက်မှာ နှပ်နေသေးတယ်။ အားလုံးပြီးမှ ကျွန်မထတယ်။ အစာပြေစားရင်း စတင်ခရီးထွက်ခဲ့တယ်။

လူက အားလုံးပေါင်း ၁၄ယောက်ဆိုတော့ ကားက တစ်စီးနဲ့ လုံးဝ မလောက်ဘူး။ ပထမတော့ ကား ၃စီးနဲ့  သွားမယ်လို့  စီစဉ်ထားပေမယ့် တစ်လုံးထဲ တစ်စီးထဲ သွားချင်တာကြောင့် လိုင်းအေ့ကားကို ငှားလိုက်ရတယ်။မနက်စောစောမှာ ကားပေါ်ပစ္စည်းတင်ပြီး လူစုံတာနဲ့ သတ်မှတ်ထားတဲ့ ၄း၃၀မှာ စတင်ပြီး ကားထွက်ခဲ့တယ်။ ဘုရားရေ အရမ်းချမ်းတာဘဲ။ ချမ်းချမ်းနဲ့ တစ်ယောက်တစ်ယောက် ပူးထိုင်လိုက်တာ ပုရွက်ဆိတ်တွေ အစာမှာ အုံခဲနေတဲ့အတိုင်းဘဲ။ သူငယ်ချင်းတွေကို လမ်းမှာဝင်ခေါ်ကြတယ်။ ရန်ကုန် ပဲခူး လမ်းက အရင်ကထက်စာရင် တော်တော်လေးကောင်းနေပါပြီ။ ပဲခူး ရွှေခရားကြီးမှာ လက်ဘက်ရည်ဝင်သောက်လိုက်တယ်။ သောက်လို့  ကောင်းသားဘဲ။

စားသောက်ပြီးခရီးဆက်ကြတော့ ကားကို ဖြေးဖြေးမောင်းဘို့ ကျွန်မပြောလိုက်တယ်။ ကားက အရမ်းမောင်းတော့ လေတွေအရမ်းတိုက် အရမ်းကိုချမ်းလို့ ပါ။ နေလေးနည်းနည်းပွင့်လာတော့ ကျွန်မတို့  ကျယ်ကျယ်ပြန့် ပြန့်  ထိုင်လို့ ရသွားတယ်။ အဲဒိအချိန်မှာ သူငယ်ချင်းက ဖဲထုတ်ပါတယ်။ ဖဲရိုက်ကြမယ်တဲ့။ အားလုံးကလဲ ၀ါသနာမပါရှာဘူးလေ ဟေးးးးးးးးးးးးးးး ဆိုပြီး သဘောတူကြတယ်။ကားနောက်ခန်းမှာ တစ်လမ်းလုံးဖဲရိုက်ပြီး ခရီးဆက်ခဲ့တယ်။

မနက် ၁၁း၄၅ လောက်မှာကင်ပွန်းစခန်းကို စရောက်တယ်။ ကွန်မအပါအ၀င် အားလုံးက ခြေလျှင်ဘဲတတ်မယ် လို့  သဘောတူခဲ့ပါတယ်။ ကားလမ်းကနေ လုံးဝ မတတ်ချင်ပါဘူး။ တောတောင် သဘာဝအလှကို ခံစားပြီးမှ ကျိုက်ထီးရိုး ဘုရားဖူးရတာ ပိုကောင်းတယ်။ ဒါပေမယ့် ကားလမ်းနဲ့ တတ်တဲ့သူတွေက ပိုများနေပါတယ်။ အနည်းစုကဘဲ ခြေလျှင် တတ်ကြတယ်။

ရေမြှောင်ကြီးစခန်းမှာ ခနနားပြီး ကျွန်မတို့ ပျော်ပျော်ရွှင်ရွှင်စနောက်ပြီး ခရီးဆက်ကြတယ်။ စနောက်တယ် ဆိုပေမယ့် တရားလွန် ဘယ်သူမှ မစနောက်ကြဘူး။ နတ်ကြီးတယ်လို့  ငယ်ငယ်ကတည်းက ကြားဘူးနေတာကြောင့်ပါ။

ဆောင်းတွင်းတတ်ရလို့ လားမသိဘူး အရမ်းပျော်စရာကောင်းတယ်။မောလာရင်လဲ ခဏနား ပြီးမှ ခရီးဆက်ဆိုတော့ သိပ်မမောလိုက်ဘူး။ မြူခိုးမြူဆိုင်တွေက ကျိုက်ထီးရိုးတောင်တန်းတွေကို ရစ်ခွေနေတော့ အရမ်းကို ကဗျာ ဆန်နေတယ်။ အိပ်မက်ထဲလမ်းလျှောက်နေရသလိုပါဘဲ။ တောင်ထိပ်ပိုင်းရောက်လာတော့ အအေးဓါတ်က ပိုသိသာလာတယ်။ နှင်းတွေလဲ အရမ်းကို ကျလာတယ်။ မြူတွေလဲ အရမ်းဆိုင်းလာတယ်။ တစ်ယောက်နဲ့ တစ်ယောက်တောင် သိပ်သဲသဲကွဲကွဲ မမြင်ရတော့ဘူး။

နောက်တော့ ညအိပ်နားမယ့် နေရာမှာ ပစ္စည်းတွေထားခဲ့ပြီး ရင်ပြင်တော်ပေါ်တတ်ပြီး ဘုရားဝတ်ပြုခဲ့ပါတယ်။ တစ်လမ်းလုံးပင်ပမ်းခဲ့သမျှ အမောပြေသွားပါတယ်။ နောက်တော့ ဘုရားရင်ပြင်တော်ကနေ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ တောင်တန်းပတ်ပတ်လည်နဲ့ လွမ်းမောစရာ သဘာဝ ပတ်ဝန်းကျင်ကြောင့် လွမ်းတောင် လွမ်းသွားတယ်။ အားတင်းထားတယ်။ ချစ်သူပြန်လာရင်လဲ ချစ်သူနဲ့ ကျိုက်ထီးရိုးသွားမယ်လို့ ။
း)

ညနေပိုင်းက ပိုလှပါတယ်။ နေ၀င်ကာနီး အလှက တော်တော်လှပါတယ်။ ညပိုင်းလဲလှပါတယ်။ ရွှေရောင်တွေ ၀င်းအိနေတဲ့ တန်ခိုးကြီးလှတဲ့ ကျိုက်ထီးရိုးဘုရားကြီးကလဲ သိပ်ပြီး သပ်ပယ်လှပါတယ်။ ဖူးလို့ ကို မ၀နိုင်ပါဘူး။ ညပိုင်းမှာ တရားထိုင်ရတာ ချမ်းအေးလှပေမယ့် တိတ်ဆိတ်လွန်းတာကြောင့် စိတ်ကို တည်ငြိမ်စေပါတယ်။ ဘုရားရှိခိုးအမျှဝေပြီး ချစ်သူကိုလဲ
မေတ္တာပို့ လိုက်သေးတယ်။

မနက်စောစောထပြီးဆွမ်းကပ်ခဲ့တယ်။ ဒါပေမယ့် များပြားလှတဲ့ဆွမ်းခွက်တွေကြောင့် ကျွန်မတို့ တော်တော် နောက်ကျ နေမှန်းဖော်ပြနေသလိုလို။ ၁၀း၀၀နာရီလောက်မှာ ပတ်လည်မှာရှိတဲ့ဘုရားတွေလိုက်ဖူးကြတယ်။ ညနေအေးတော့ သဘာဝအလှတွေငေးမောခံစားတယ်။ အိမ်ကထည့်ပေးလိုက်တာတွေ အားမနာတမ်းစား ကြတယ်။ ညဘက်ရောက်တော့ ဘုရားဝတ်ပြုတယ်။

၁၂ရက်နေ့ မနက်စောစောမှာတော့  အားလုံးပျှော်ရွှင်စွာနဲ့  ဘေးကင်းစွာ နေရပ်ကို ပြန်ရောက်လာပါတယ်။ ထူးခြားချက်က သူငယ်ချင်းတွေနဲ့  သွားမယ်လို့ စိတ်ကူးတိုင်း အမြဲပျက်ခဲ့ရတဲ့ ကျိုက်ထီးရိုးဆံတော်ရှင်ဘုရားကြီး ကို အားရပါးရ မပျက်မကွက် ဖူးခဲ့ရတယ်။ အပြန်မှာတော့ ကျိုက်ထိုက ယိုစုံတွေဝယ်လာခဲ့တယ်။ ၀ယ်လာတာ များသလို ကျွန်မတို့ အမြည်းအနေနဲ့ နှိုက်စား ခဲ့တာလဲ ဆိုင်ရှင်အရင်းမပြုတ်ရုံတမည်ပါဘဲ။

ကျောပိုးအိတ် ပြန်လာပြီ

16:45 Posted by ကျောပိုးအိတ်





ကျောပိုးအိတ်လေး ပြန်လာပါပြီရှင်။ မြန်မာပြည်မှနေရတဲ့ရက်တွေက အရမ်းကို ပျော်စရာကောင်းပါတယ်။ စားလိုက်ရတဲ့ မြန်မာအစားစားတွေက ခုဆို တော်တော်လေး ပြန်ဝနေပါပြီ။

မြန်မာပြည်မှာ အင်တာနက်တတ်ရတာ အရမ်းစိတ်ညစ်ဘို့ ကောင်းပါတယ်။ ခုတော့ အလွန်လျှင်မြန်တဲ့နှုန်းနဲ့  အားလုံးကို လိုက်နှုတ်ဆက်နေပါပြီ။

အားလုံးဘဲ မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့  ကျောပိုးအိတ်မှ ဆုတောင်းပေးပါတယ်။