နွေလည်အိပ်မက် ဂယောက်ဂရက် ;P

11:55 Posted by ကျောပိုးအိတ်

စားပွဲပေါ်က ဖိတ်စာကို ကြည့်ပြီး သွားရင်ကောင်းမလား မသွားရင် ကောင်းမလား တော်တော်စဉ်းစားယူလိုက် ရတယ်။ သူငယ်ချင်းအရင်းခေါက်ခေါက်ရဲ့  မွေးနေ့ ဆိုတော့ သွားရမှာပေါ့။ အရမ်းလဲ ရင်းနှီးနေတော့ မွေးနေ့  လက်ဆောင်ကလဲ သူများထက်ထူးမှ။ ဒီလိုနဲ့  မွေးနေ့ လက်ဆောင်ပေးဘို့  ကုန်တိုက်တစ်ခွင်ပြဲပြဲစင် အောင် ခြေညောင်းလောက်အောင် ရှာပုံတော်ဖွင့်လိုက်ရတယ်။ နောက်တော့လဲ အရမ်းလှတဲ့ လက်ဆောင်တစ်ခုဝယ် ဖြစ်သွားတယ်။

ညရောက်တော့ မွေးနေ့ ပွဲကိုရောက်သွားတယ်။ ခြံထဲမှာလဲ ရောင်စုံမီးသီးတွေနဲ့ ။ ဂုဏ်သရေရှိ အသိုင်းအ၀ိုင်း ဆိုတော့ လာတဲ့သူတွေကလဲ ထိပ်ထိပ်ကျဲတွေ။ နေရာလွတ်တောင်မကျန်အောင် လာတဲ့ဧည့်ပရိတ်သတ်ကလဲ မနည်းမနော။

မွေးနေ့ ရှင်သူငယ်ချင်းရောက်လာပြီး စားပွဲတစ်ခုစီခေါ်သွားတယ်။ စားပွဲမှာတော့ အရင်ရောက်နေတဲ့ လူတစ်ယောက်တော့ရှိနေတယ်။ ဘေးတိုင်အနေအထားမို့  သူ့ မျက်နှာ သိပ်မမြင်ရဘူး။ နောက်တော့ သူငယ်ချင်းမိတ်ဆက်ပေးလို့  ရင်းနှီးခဲ့ရတယ်။

ဘုရားရေ အဲဒီယောက်ကျာင်္းက တော်တော်ချောတယ်။ ယောကျာင်္းလေးကိုချောတယ်ပြောရင် အခြောက် ဖြစ်နေဦးမယ်။ ခန့် တယ် ယောက်ကျာင်္းပီသတယ်ပေါ့။ စကားပြောလဲ အရမ်းကောင်းတယ်။ သူ့ ရဲ့ လှုပ်ရှားမှု့  တွေအကုန်လုံးက ရင်သတ်ရှုမောဖွယ်ရာ။

မွေးနေ့ ကျင်းပချိန်တစ်ချိန်လုံး ကျွန်မကိုပျင်းနေမှာစိုးလို့  သူကအဖော်လုပ်ပေးတယ်။ နောက်တော့ မထင်မှတ် စွာနဲ့  သူက ကျွန်မလက်ကို လာကိုင်ပါလေရော။ နောက်တော့ အဆင့်တိုးပြီး ကျွန်မပါးကို အကြင်နာပေးပါ လေရော။ လူက လေထဲကိုမြောက်တတ်သွားတယ်။အဲဒီအချိန်မှာ နောက်ထပ် ကျွန်မသူငယ်ချင်း တစ်ယောက် က ဘယ်ကနေဘယ်လို ရောက်လာလဲမသိဘူး။ ဟယ်တော့ မိန်းမ ကဲနေတယ်ပေါ့လေလို့  ပြောပြီး ကျွန်မကို တွန်းလိုက်တယ်။

သူငယ်ချင်းတွန်းတဲ့အရှိန်နဲ့  ကျွန်မ ကုတင်အောက်ပြုတ်ကျသွားတယ်။ နောက်မှသိလိုက်တာ ကျွန်မ အိပ်မက် မက်နေတာကိုး…..။ အဟီးးးးးးးးးးး ရှက်လိုက်တာနော်။ အိပ်မက်ထဲက ကိုယ်တော်လဲ ဘယ်ရောက်သွားမှန်း မသိဘူး။ အပြင်မှာသာဆို ရှက်စရာကြီးနော်။ အခုတော့ ကျွန်မတစ်ယောက်ထဲ ပြုံးရင်း ရေပြန်သောက်ရင်း ပြန်အိပ်ရင်းနဲ့  ……………………

6 comments:

မြစ်ကျိုးအင်း said...

သူငယ်ချင်းတယောက်သာ ရောက်မလာရင် ဘာတွေဆက်ဖြစ်မှာပါလိမ့် :)

သူကြီးမင်း (တုံးဖလား) said...

အခုမှ ရောက်ဖူးတယ်မှတ်တယ်။
အိပ်မက်ချင်း နဲနဲဆင်နေသလိုဘဲ။
ကံကောင်းခါနီးဆဲဆဲမှာ.......
...........

လင်းကြယ်ဖြူ said...

ဖြစ်တတ်ပါတယ်...
ဖြစ်တတ်ပါတယ်...
ကောင်းခန်းရောက်ခါမှ မီးဖြတ်ခံလိုက်ရသလို နေမှာပေါ့နော်...နောက်နေ့ Part 2 အိပ်မက်
ဆက်မက် လိုက်ပေါ့...း )

ပျော်ပါစေ ခင်ဗျာ

*.*.*

Anonymous said...

အဲဒါကျုပ်မဟုတ်လား.. ဟီး

အောင်လေး said...

ကျကျ.. နည်းတောင်နည်းတယ်.. ဟွန်း..
ဆိုးပ... :(