မြန်မာဆန်စေချင်ပါတယ်။

23:46 Posted by ကျောပိုးအိတ်

နိုင်ငံတော်တော်များများမှာ လူမျိုးတော်တော်များများမှာ ယဉ်ကျေးမှုဆိုတာ ရှိကြပါတယ်။ ရိုးရာယဉ်ကျေးမှု ရှိသလို ရိုးရာအ၀တ်အစားတွေလဲရှိကြပါတယ်။

နိုင်ငံတော်တော်များများမှာ ရိုးရာဝတ်စုံတွေ မ၀တ်တော့သလောက် ပပျောက်နေကြပါပြီ။ ဒါပေမယ့် ကျွန်မတို့  မြန်မာလူမျိုးများမှာ ရိုးရာဝတ်စုံ (လုံချည်၊ပုဆိုး) များကို ယနေ့ ထိ ၀တ်ဆင်နေတာကို တွေ့ ရပါတယ်။

ခေတ်ကာလ ပြောင်းလဲလာတာနဲ့ အညီ ကျွန်မတို့ ရဲ့ ဝတ်စားဆင်ယဉ်မှုမှာလဲ ခေတ်ရေစီးကြောင်းနဲ့ အညီ ပြောင်းလဲလာတာကို တွေ့ ရပါတယ်။ လူတစ်ယောက်ရဲ့ ဝတ်ပုံစားပုံကိုကြည့်ပြီး အပြင်ပန်းကနေ အကဲခက်လို့  မရနိုင်ပါဘူး။

ကျွန်မရန်ကုန်ပြန်တုန်းကပေါ့။ ပထမဆုံးသွားဖြစ်တဲ့နေရာကတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးဖြစ်တာကြောင့် ရွှေတိဂုံဘုရားကို အရင်ဆုံးသွားဖြစ်ခဲ့ပါတယ်။ သွားတဲ့အချိန်ကလဲ ည ၇း၃၀ လောက်တော့ ရှိနေပါပြီ။ မိသားစုနဲ့  သွားတာဆိုတော့ အေးအေးချမ်းချမ်းနဲ့  ဘုရားဖူးရအောင် ညဘက်ကို သွားဖြစ်ခဲ့တာပါ။

ဘုရားပေါ်ရောက်တော့ အေးချမ်းလိုက်တာ။ လရောင်အောက်မှာ ရွှေတိဂုံဘုရားကြီးက သပ္ပာယ်လိုက်တာ။
ဖူးလို့  တောင် မ၀ချင်ဘူး။ ကျွန်မလဲ မွေးနံထောင့်မှာ ဘုရားရှိခိုး အာရုံပြုနေတုန်း ဘေးနားမှာ အင်မတန်မှ မွှေးကြိုင်လွန်းတဲ့(လိုအပ်သည်ထက်ပိုနေတဲ့) ရေမွှေးနံ့ ကြောင့် အာရုံတစ်ချက်ပျံ့ သွားတယ်။ နောက်တော့ ဘေးနားမှာ ဘုရားကို ရှိခိုးလို့  မရလောက်အောင် တွတ်ထိုးနေတဲ့ အသံတွေကြောင့် ကျွန်မ ဘယ်လိုမှ ဘုရား အာရုံပြုလို့ မရတော့ပါဘူး။

အာရုံပြုလို့  မရတော့တာကြောင့် ဦး ၃ကြိမ်ချပြီး ထွက်လာခဲ့ပါတယ်။ နောက်တော့ ဘာရယ်မဟုတ်ပါဘူး။ ကျွန်မဘေးနားမှာ လာပြီးဘုရားဝတ်ပြုတဲ့ အလွန်အကျူးရေမွှေးတွေ သုံးတာ ဘယ်သူလဲလို့  ကြည့်လိုက်တော့ ခေတ်ရှေ့ ပြေးနေတဲ့ ကောင်မလေးနဲ့ ကောင်လေးပါ။ ကောင်မလေးက ဘယ်လောက်ထိတောင် ခေတ်ရှေ့ ပြေး နေလဲဆိုတော့ ၀တ်ထားတာက ဂျင်းဘောင်းဘီ ချက်ပြုတ်နဲ့ ။ အပေါ်က ၀တ်ထားတာက တင်းကြပ်လွန်းတဲ့ တီရှပ်အကျီ င်္ ခါးတို။ ထိုင်နေတာကတော့ ဘုရားရင်ပြင်တော်ပေါ်မှာ။ ကောင်မလေးရဲ့ ဘောင်းဘီချက်ပြုတ်က
နောက်ကနေကြည့်လိုက်တော့ အတွင်းသားတွေက တော်တော်ကိုပေါ်နေပြီ။

ဘောင်းဘီကို ခုခေတ်ကောင်မလေးတွေ အ၀တ်များလာတယ်။ ကျွန်မကိုယ်တိုင်အပါအ၀င်ပေါ့။ ဘောင်းဘီဝတ် ရတာ ပိုပြီးလုံခြုံတယ်။ ပိုပြီး သက်တောင့်သက်သာရှိပါတယ်။ ကျွန်မဆို သိပ်ကြိုက်တာ ဘောင်းဘီဝတ်ရတာ။

ဒါပေမယ့် ဘယ်လောက်ဘဲ ကြိုက်နှစ်သက်တဲ့ အ၀တ်အစားဘဲ ဖြစ်နေပါစေ။ ၀တ်သင့်တဲ့နေရာမှာ ၀တ်သင့်တဲ့ အချိန်မှာ ၀တ်တာ ပိုကောင်းမယ်လို့ ထင်ပါတယ်။

မြန်မာလူမျိုးတွေရဲ့ အထွဋ်အမြတ်ထားရာ ဘုရားကျောင်းကန်တွေမှာတော့ ဘောင်းဘီမ၀တ်စေချင်ဘူး။ ရိုးရာဝတ်စုံကို လုံလုံခြုံခြုံဝတ်စေချင်ပါတယ်။ ခေတ်မှီတယ်ဆိုတာကလဲ သူ့ နေရာနဲ့ သူက အကောင်းဆုံးပါဘဲ။ ကိုယ်ကြောင့် အခြားသူတွေ အားရုံမနောက်စေချင်လို့ ပါ။

6 comments:

မိုးခါး said...

ဟုတ်တယ်
တချို့မြင်လို့ မကောင်းဘူး
တော်တော်မြင်လို့ မကောင်းအောင်ကို ၀တ်ကြတာ
ဝတ်ချင်တယ်ဆိုလည်း သူ့နေရာနဲ့သူတော့ ၀တ်ဖို့ ကောင်းပါတယ် ..

mtj said...

သပ္ပာယ် လို့ရေးပါတယ်။ ;)

မြစ်ကျိုးအင်း said...

မြန်မာတို့ရဲ့ အလေးအမြတ်ထားရာ ဘုရားစေတီ တွေပေါ်မှာတော့ ဒါမျိုး ဝတ်ဆင် တာဟာ မသင့်တော်တာအမှန်ပါပဲ ။

ကျိုက်ထီးရိုးရင်ပြင်ပေါ်မှာတော့ အမြင်မတော် အောင်ဝတ်ရင် ဆရာတော်တွေက ကြိမ်လုံးနဲ့ လိုက်ရိုက်တာ မြင်ဖူးတယ် ။

ကျောပိုးအိတ် said...

ကိုမြစ်ကျိုးအင်းရေ

အခုတော့ ကျိုက်ထီးရိုးကဆရာတော်တွေလဲ အမြင်မတော်တာတွေ့ ရင် လိုက်မရိုက်နိုင်တော့ပါဘူး။ ခေတ်လွန်သမီးပျိုတွေက များလွန်းနေတော့ ဆရာတော်တွေလဲ ရိုက်မနိုင်တော့ပါဘူး။

ကိုသင်္ကြန်ရေ
စာလုံးပေါင်းပြန်ပြင်ထားလိုက်တယ်နော်။ ကျေးဇူးးးးး အရမ်းတင်တာဘဲ။ အခုလို ရှာပေးလို့ ။
ကျေးဇူးးးးးးးးးးးးးးးးးးးနော်။

မမိုးခါးရေ
ဟုတ်ပါတယ်။ အချို့ ဆို ဘယ်လိုမှ မြင်မကောင်းအောင် ၀တ်ထားတာ။ တကယ်ဘောင်းဘီဝတ်တဲ့ နိုင်ငံခြားသူတွေက အဲဒီလောက် မပေါ်ဘူးနော်။ ခုတော့ ကြည့်ရတာ
ဟူးးးးးးးးးးးးးးး

အားလုံးကျေးဇူးတင်ပါတယ်ရှင့်။

လင်းကြယ်ဖြူ said...

ဟုတ်တယ်နော်...
ကာလံဒေသံ လိုက်ပြီး လိုက်လျောညီထွေ နေထိုင်ပြုမူ
တတ်ဖို့ လိုတဲ့သဘောပေါ့နော..
ပျော်ပါစေခင်ဗျာ
*.*.*

Anonymous said...

ခေတ်ကာလ အလျှောက်ပေါ့ကွယ်....