တိတ်တဆိတ် လွမ်းချင်း

23:17 Posted by ကျောပိုးအိတ်

နှောင်းခဲ့ပြီးတဲ့အတိတ်ကို
ပြန်မတမ်းတကောင်းပေမယ့်
ငါကတော့နောင်တမဲ့စွာ
ချစ်ခြင်းကိုရင်မှာထွေးပိုက်
အလွမ်းတသိုက်ကိုကဗျာဖွဲ့ 
တမ်းတခြင်းအိပ်မက်တွေမဆုံးနိုင်အောင်မက်ခဲ့တယ်
ရေတွက်ရခက်တဲ့
အထီးကျန်ညတွေမှာ
နိဂုံးရဲ့ နိဒါန်းအစကို
ရှာဖွေနေတုန်းဘဲလေ

ဆုံစည်းခြင်းဆိုတာမသိနိုင်သေးခင်
လရိပ်အောက်မှာခို လရောင်ကိုငေးမော
လမင်းကိုတိုင်တည်နေခဲ့ပေမယ့်
ငါ့အချစ်ကိုမြုပ်နှံထားခဲ့တဲ့လမင်းလေး
တစ်ချိန်ချိန်မှာတိမ်ညိုတွေဖုန်းအုပ်သွားမှာကိုတော့
ငါကြောက်မိခဲ့တယ်

ငါ့ရင်ထဲကချစ်ခြင်းဖွဲ့ ကဗျာ
ကြိုးပြတ်သွားတာကြာခဲ့ပေမယ့်
သံစဉ်တွေကတော့မထပ်
အသစ်အသစ်သော သီချင်းများစွာနဲ့ 
ဆက်လက်နုပျိုနေဆဲပဲ

ကောင်လေးရေ
မင်းနားလည်ခဲ့မယ်ဆိုရင်
နေရာဟောင်းဆီ
တစ်ခေါက်လောက်တော့
ပြန်လာခဲ့ပါ
မျှော်လင့်ခြင်းတွေ
လိမ်းကျံထားတဲ့
နှလုံးသားတစ်စုံနဲ့ 
မင်းကိုစောင့်နေတယ်ဆိုတာ။


သူငယ်ချင်းတစ်ယောက်မေးလ်ထဲကနေ ပို့ ပေးတဲ့ ကဗျာလေးပါ။ ထုံးစံအတိုင်းပါဘဲ။ မူရင်းရေးသူ
နာမည်မပါလာပါဘူး။

တကယ်လို့ များရေးသားသူကို သိခဲ့မယ်ဆိုရင် ကျေးဇူးပြုလို့ ပြောပေးပါနော်။
ခုလောလောဆယ် ဘာရေးရမှန်းမသိတာနဲ့  ဆားချက်(ကဗျာချက်လိုက်တယ်)
း)

5 comments:

Anonymous said...

ချစ်ဆုံးအိတ်လေး

ဆုံစည်းခြင်းဆိုတာမသိနိုင်သေးခင်
လရိပ်အောက်မှာခို လရောင်ကိုငေးမော
လမင်းကိုတိုင်တည်နေခဲ့ပေမယ့်
ငါ့အချစ်ကိုမြုပ်နှံထားခဲ့တဲ့လမင်းလေး
တစ်ချိန်ချိန်မှာတိမ်ညိုတွေဖုန်းအုပ်သွားမှာကိုတော့
ငါကြောက်မိခဲ့တယ်
အဲ့အပိုဒ်လေးကြိုက်တယ်သိလား
နားလည်သလိုပဲလေဒါကြောင့်ပါ
ကဗျာတွေထဲမှာ ဒီကဗျာလေးတော့နည်းနည်း
နားလည်တယ်ထင်တာပဲလေ

ချစ်တဲ့
မြူးလေး

နေဒေးသစ် said...

လွမ်းချင်းဖတ်ရင်း လွမ်းသွားပြီကွယ် .....
စာရေးသူ အမည်က ဟို ..... ဘယ်သူ ... သိပါတယ်
ပါးစပ်ဖျားလေးတင် မေ့နေတာ .. နာမည် ခပ်ကြီးကြီး သရုပ်ဆောင်မင်းသား မင်းမော်ကွန်းလို နာမည်နဲ့ ခပ်ဆင်ဆင်ပဲလေ ... နေပါဦး ... သိပါတယ် .. ဒီနားလေးတင် ကပ်မေ့နေတာ ... အားးး သိပြီ နတ်သျှင်နေင် ဆိုလား .. :D

နေဒေးသစ်။

မိုးစက်အိမ် said...

ကဗျာလေးက အဆွေးကဗျာလေးဘဲဗျ
ကျွန်တော် ထင်တယ်ဗျ ဒီကဗျာကိုရေးတဲ.
လူက Anonymous ဘဲ ဖြစ်ရမယ် :P

မေဇင် said...

....ကဗျာလေးက ကောင်းလိုက်တာ...ခံစားချက်အမှန်အကန်တွေနဲ့ရေးထားတာ နေမှာနော်.. ပြန်ဝေမျှပေးတာကောင်းတယ်...နောင့်လဲ ကော်ပီကူးထားဦးမယ်.... ကြိုက်လို့...ဟိဟိ
ရေးသားသူနေရာမှာ ကျောပိုးအိတ်လို့ ထည့်ထားလိုက်မယ်.....း)


ခင်တဲ့
မေဇင်

ကိုတိုးလေး said...

ကဗျာလေးကတော်တော်လေးကောင်းတယ်နော် ခံစားချက်အမှန်အကန်နဲ့ရေးထားတာလေ ကဗျာရေးသားသူကိုတော့ ကျွန်တော်ပဲနာမည်ပေးလိုက်ရမလားမသိဘူးနော်အမ။ အဆင်ပြေပျော်ရွှင်ပါစေနော်အမ။