စားမယ်ဝါးမယ် ;P

12:10 Posted by ကျောပိုးအိတ်


သူက ၀က်သားဟင်းချို။ မှိုပါတယ်။ ၀က်လုံးလုံးပါတယ်။ကင်းမှုံရွက်ပါတယ်။ ပါတော့ပါတယ်။ ဘာတွေလဲဆိုတာ ကျွန်မ မပြောတတ်တော့ဘူး။

း)



ဒါက ကြက်သားကိုကြော်ထားတာ။ နာနတ်သီးပါတယ်။ ပန်းငရုတ်ပွပါတယ်။ ဘာတွေလဲ မသိတော့ဘူး။ စုံနေတာဘဲ ကြော်ထားတာ။

း)



ဒါလေးက ဘဲဥကို ငါးဖယ်နဲ့ ငုံထားတာ။

း)



ငရုတ်သီးစိမ်းနဲ့ ငံပြာရည်

ကြိုက်ရင်တော့ ထည့်နော်။ စပ်တယ်။



အချိုပွဲလေးပါရှင်။ ဖရဲသီး၊နှင်းသီး၊နာနတ်သီး၊သရက်သီး၊ကဗာလာသီလို့ ပြောရမလား အဲဒါလဲပါတယ်။



ဒါကျွန်မစားမယ့် ပန်းကန်။ များတယ်နော။ ထည့်ထားတာ။

း)



ကျွန်မစားတဲ့ အချိုပွဲ။

း)



အဲဒါမှ မစားချင်ရင် ကိတ်မုန့် စား။



မ၀မှာဆိုးလို့  ၂ခုတောင် တင်ထားပေးတယ်။ တကယ်ဆို တစ်ယောက်တစ်ခုဘဲပေးတာ။ အခြားအဖွဲ့ က ဖိလစ်ပိုင်အမျိုးသမီးက ကျွန်မကို လာပေးသွားတာ။ ကျွန်မရုပ်က အငတ်ရုပ်ထွက်နေလားသိတော့ဘူးရယ်။

း)


မနေ့ က ကျွန်မရုံးပြန်တတ်ပါပြီ။ တကယ်ဆို နားချင်သေးတယ်။ ခွင့်က သောကြာနေ့ အထိတင်ထားတာ။ ဒါပေမယ့် အရာရှိက မနက်စောစော ဖုန်းဆက်လာတယ်။ နည်းနည်းသက်သာမယ်ဆို ဒီနေ့ ရုံးတတ်စေချင်တယ် တဲ့လေ။ အခြားအဖွဲ့ တွေနဲ့ ကျန်းမာရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲရှိနေတယ်တဲ့။ ကျွန်မကို တတ်စေ ချင်တယ် တဲ့။


ဒီတော့လဲ သူ့ ဆန်စားရဲရပြီပေါ့။ ဘာပြောရမှာလဲ။ ဟုတ်ကဲ့ပေါ့။


မနက် ၈း၀၀ နာရီမှာ ကျန်းမာရေးအတွက်သာလုပ်တဲ့ အခြားအဖွဲ့  ၈ဖွဲ့ အတူ ကျွန်မအစည်းဝေးတတ်ခဲ့ပါတယ်။ ဘာတွေဝေးလဲဆိုတော့ ခုလောလောဆယ် ကပ်ရောဂါလို့ တောင် ခေါ်လို့ ရနေတဲ့ A(H1N1) ရယ်၊ ပြီးတော့ ငှက်ဖျားရောဂါအကြောင်းရယ်၊TB & HIV ဆက်နွယ်မှုအပေါ် ကာကွယ်ကုသရေး…….စတာတွေ ဆွေးနွေး ခဲ့ပါတယ်။


ဒီအစည်းဝေးဖြစ်မြောက်ဘို့ ကျွန်မတို့ အဖွဲ့ က စပွန်ဆာပေးခဲ့တာပါ။


ဒီအစည်းဝေးပွဲမှာ ကျွန်မရလိုက်တဲ့ အသိပညာတွေက HIV ကူးစက်ခံရတဲ့လူတွေဟာ ခုဆိုရင် အသက် ၁၈နှစ် ကနေ ၂၅အတွင်း လူငယ်တွေမှာ အဖြစ်များနေတယ်ဆိုတဲ့ အချက်တွေရခဲ့လို့ ရင်လေးစွာနဲ့ သက်ပျင်းချ ခဲ့ရ ပါတယ်။


နောက်မြန်မာပြည်သားတွေကြားထဲမှာ TBရောဂါကူးစက်မှုမှာ ကြောက်စရာကောင်းအောင် မြန်နေတာတဲ့ ဒေတာတွေကြည့်ပြီး သက်ပျင်းဘဲ အခါခါ ချနေရတော့တယ်။


လာလည်တဲ့သူငယ်ချင်းတွေလဲ ကျွန်မပြောတာနဲ့ ရင်လေးကုန်တော့မယ်။ ဒီတော့ ရင်လေးစွာနဲ့ စာလာဖတ်တဲ့ သူတွေကို ရင်ပြည့်စေမယ့် ထမင်းပြန်ကျွေးလိုက်မယ်နော်။ စားသွားကြနော်။ ဒါရုံးပိုက်ဆံနဲ့ ကျွေးတာ။

အဟဲ။


15 comments:

မိုးစက်အိမ် said...

စားမယ်ဝါးမယ်ဆိုလို. လိုက်လာတာ
စားချင်လိုက်တာဗျာ ငါးဖယ်လေးကို ဘဲဥ
နဲ. ငုံထားတာ စားချင်ဆုံးဘဲ :D

Anonymous said...

အိတ်လေးးးးးးးးးးးးးးးးးးးးး
သူများဦးမှာဆိုးလို့ လိုက်လာတာ ခုတော့ဦးသွားပါပြီ

အားလုံးကြိုက်တယ်သိလား

ပြီးမှလာစားမယ်နော် ခုလေမြူးလေးမျက်လုံးလေ ဖွင့်မရဖူးရယ်လေ ဟီးးးး
တ့ာတာ

ချစ်တဲ့
မြူးလေး

စန္ဒကူး said...

ဘဲဥကိုငါးဖယ်ငုံတာစားဖူးချင်လိုက်တာ.. ပထမဆုံးကြားဖူးတာဘဲ..း)

ကိုတိုးလေး said...

စားစရာတွေပဲတင်နေတာပဲနော် မစားရသေးတော့နေလိုက်အုံးမယ်။ ဒီတစ်ခါလာရင်တော့ အဝစားမှာနော် မကျွေးလို့မရဘူးသိလား။

ခင်မင်လျက်ပါ

rose of sharon said...

စားချင်စရာတွေကြီးဘဲ... အားပါးတရငေးသွားတယ်းP

နေဒေးသစ် said...

ကောင်းမှကောင်း စိတ် ညစ်နေတာတွေတောင် ပျောက်သွားတယ် အစားကောင်း အသောက်ကောင်းလေး .. ဂြဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ :D
သဘောအကျဆုံးက ဘဲဥကို ငါးဖယ်နဲ့ ငုံထားတာ ... တစ်ခါမှ မမြင်ဖူးလို့ အဆန်း ဖြစ်နေတယ် .. haha
ဖရဲသီးကို လုပ်ထားတာက ချစ်စရာ ...
ပန်းကန်ထဲမှာ ထမင်းထက် ဟင်းက နဲနဲများ ပိုများ နေမလား မသိဘူး .. သိလိုက်ပါပြီလေ .. သိလိုက်ပါပြီ .. ဖိလစ်ပိုင်မ ဘာကြောင့် နောက် တစ်ပွဲ လာပေးသွားလဲ ဆိုတာ :D

အစားအကြောင်းတွေပဲ စဉ်းစားနေမိလို့ ရောဂါတွေ အကြောင်း ခဏမေ့ထားတယ် :D
ရောဂါက နောက်မှ စဉ်းစားမယ် တားက ထုမှ ငယ်ငယ်ရေး ရှိတေးရာ :D

နေဒေးသစ်။

မေဇင် said...

အော်...ဘ၀ ဘ၀.... ဒီလိုပဲ လိုက်ငတ်..အဲ့ ငေး ပြီး ပြန်ပြန်သွားနေရတာပါလား နော်..... ကိုယ်တိုင်လဲ မချက်တတ် စားချင်တာလဲ ကန်းကုန်..... ဟိဟိ... စားချင်စ၇ာလေး တွေ ပြင်ပြတော့ လဲ ကိုယ်တိုင်လုတ်တတ်ချင်စိတ် ပေါက်မိတယ်...း)


သင်ပေးမလား....

မချစ်ရ said...

ဘဲဥငါးဖယ်စားချင်တယ်ဒီဇင်ဘာလာလည်ရင်ကြွေးမှာလားကြက်သားနဲ့ဘာညာကွိကွတွေလည်းစားချင်တယ် ဟိ

နဒီမိုးညို said...

စားချင်စဖွယ်ပြင်ဆင်ထားတာ..ကောင်းလိုက်တာ.

နွယ်ရိုး said...

ဘီလိုဖြစ်တာပါလိမ့်
ခုတလော စားချင်တာတွေနဲ့ပဲ လာတိုးနေတယ် အဟတ် ဟတ်

flowerpoem said...

အား စားချင်လိုက်တာ ချက်ကျွးပါလား ဟင် :p

ahphyulay said...

စားချင်စရာတွေကြီးပဲဗျ
ဒါပေမဲ့ ကျွန်တော်တို့ ဆီမှာပူလွန်းလို့ စိတ်ပဲ
ရှိတယ်။စားနိုင်မှာမဟုတ်ပါဘူး

မဟာဆန် said...

ညီမ သမီးလေး..နေကောင်းသွားပြီလား..နေကောင်းတာနဲ့ စားမယ် ၀ါးမယ် ဆိုတာချည့်ပဲ..ဘဲဥကို ငါးဖယ်နဲ့ ငုံထားတာတွေကို အများကြီး စားသွားတယ်

မိုးကောင်းသူ said...

ကျွန်မစားမယ့် ပန်းကန် နဲ့ အချိုပွဲပေးပါလားဟင်။ စားချင်လို့ပါ။

Anonymous said...

စားကြမယ်ဟေ့ မကောင်းတကောင်း တင်ထားတာ မမှတ်သေးဘူးထင်တယ်