ချစ်သူသိလေ

22:29 Posted by ကျောပိုးအိတ်

သူမ တစ်ခုခုကို မျက်တောင်မခပ်ဘဲ စိုက်ကြည့်နေမိတယ်။ ဘယ်နေရာကနေ ပေါ်လာမလဲ စောင့်ကြည့်နေခဲ့တာ။ သူမ မျက်တောင်မခပ်ဘဲစိုက်ကြည့်နေတာ ကွန်ပျူတာ စက်ခရင်ကိုပါ။

ဘယ်လောက်တောင်ကြာသွားပြီလဲ မသိတော့ပါဘူး။ သူမမျက်စိတွေ ကျိန်းစပ်လာမှ သူမသတိထားပြီး ကွန်ပျူတာက နာရီလေးကို လှမ်းကြည့် မိတော့ မနက် ၃နာရီတဲ့။ အို ဒါဆို သူမ မလှုပ်မယှက် ထိုင်နေတာတော် တော်ကြာနေပြီပေါ့။

ဟုတ်ပါတယ်။ သူမ ကွန်ပျူတာကို မျက်တောင်မခပ်ဘဲ ထိုင်ကြည့်နေတာ ညနေ ၆နာရီကျော်ကျော် ကတည်းက။ သူမ မျက်တောင်လဲမခပ်ရဲဘူး။ မျက်တောင် ခပ်လိုက်တဲ့ အချိန် ချစ်သူလာတာ မတွေ့ လိုက်မှာစိုးနေတာ။

ဒါပေမယ့် အချိန်တွေသာကုန်လာတယ်။ သူမ ချစ်သူကတော့ ပေါ်မလာပါဘူး။ သူမ ဘာဆက်လုပ်ရမလဲ။သူမ
ချစ်သူနဲ့ အရမ်းတွေ့ ချင်နေတယ်။ စကားတွေအများကြီးပြောချင်နေမိတယ်။ သူမဖြစ်နေတာ ချစ်သူကတော့ မသိပါဘူး။

သူမရုတ်တရက်ထဘို့ ကြိုးစားတယ်။ ဒါပေမယ့် ထိုင်နေတာ ကြာနေတာကြောင့် သူမမတ်တပ်ရပ်ဘို့ ကြိုးစား ပေမယ့် လတ်တလောမှာ မအောင်မြင်ခဲ့ပါဘူး။ သွေးလေမလျှောက်တာကြောင့် သူမခြေထောက် မရပ်နိုင်ခဲ့ဘူး။ နောက်တော့ စိတ်ကို လျှော့ပြီး ခြေထောက်လေးတွေ လှုပ်ကြည့်တော့ရလာတယ်။

သူမရဲ့ ဦးတည်ချက်က အိမ်တံခါးဖွင့်ဘို့ ပါ။ အပြင်မှာ မိုးရွာနေတယ်။ သူမချစ်တဲ့ မိုးစက်လေးတွေကို သူမ ကြည့် ချင်တယ်။ အိမ်တံခါးကို ဖွင့်လိုက်တဲ့အခါမှာ မိုးမှုန်လေးတွေက မျက်နှာကို အလုအယက် လာထိတွယ်ကြ တယ်။

အေးစက်တဲ့ မိုးစက်လေးတွေရဲ့  အထိအတွေ့ ကြောင့် သူမစိတ် ခဏတော့ လန်းသွားတယ်။ မိုးစက်မိုးမှုန်လေး တွေကြားမှာ စိတ်ဒဏ်ရာကို အာဟာရကျွေးနေမိတယ်။

ခဏကြာတော့ သူမရဲ့  လည်တိုင်လေးက အခန်းထဲကို လှည့်ပြီးပြန်ကြည့်မိတယ်။ စားလက်စ သစ်သီးတွေ ရေပုလင်းတွေက ပရမ်းပတာ နေရာယူထားတယ်။

သူမ အဲဒါတွေသိမ်းဘို့ စိတ်မ၀င်စားဘူး။ သူမစိတ်ဝင်စားတာ သူမချစ်သူကိုဘဲ။ သူမအရမ်းချစ်တဲ့ ချစ်သူက လွဲလို့  ခုချိန်မှာ ကျန်တာ စိတ်မ၀င်စားမိဘူး။

သူမ အမြဲတွေးနေမိတယ်။ သူမလေ သူမချစ်သူနားမှာ နေချင်လိုက်တာ။ အများတကာချစ်သူတွေလို တွတ်တီး
တွတ်တာနဲ့  ချစ်သူကို ချွဲချင်တယ်။ ချစ်သူပေးမယ့် အကြင်နာတွေကို ရင်ခုန်စွာနဲ့  မက်မောချင်တယ်။ သူများ တွေလို အေးတူပူအမျှခံစားချင် တယ်။ အနာဂတ်အတွက် စီမံကိန်းတွေ ချချင်တယ်။ ဒါက သူမရဲ့ တစ်ဖက်သတ် စိတ်ကူးယဉ်မှုပါ။

တစ်ခါတစ်ရံဆို ဘယ်လောက်တောင် စိတ်ကူးယဉ်မိလဲဆိုတော့ ချစ်သူရှိမယ့် နိုင်ငံကို စိတ်မှန်းနဲ့  ကြည့်ပြီး စကားတွေပြော နေမိတယ်။ ဒီတောင်တန်းတွေကျော်သွားရင် ဒီပင်လယ်ကြီးကိုကျော်သွားရင် ဒီနိုင်ငံတွေကို ကျော်သွားရင် သူမချစ်သူ ရောက်ရှိရာ နိုင်ငံလေးကို တွေ့ ရတော့မှာ။

ခုချိန်မှာ ချစ်သူဘာလုပ်နေမလဲ။ ဘာတွေစားနေမလဲ။ ဘယ်သူတွေနဲ့ စကားပြောနေမလဲ။ ဘာတွေတွေးနေမလဲ။ သူမကိုရော သတိမှရပါ့မလား စတာတွေစတာတွေကို သူမတွေးနေမိတယ်။ချစ်သူအတွက်ကို အမြဲစိတ်ပူပေးနေ ရတယ်။ လူမှုရေး ၊ ကျန်းမာရေး၊ ပညာရေး အပိုင်းတွေကိုပါ။

ဒါတွေ ချစ်သူသိပါရဲ့ လား။ သူမလေ တွေးနေမိတယ်။

တစ်ခါတစ်ရံ ငှက်လေးတစ်ကောင်ဖြစ်ချင်တယ်။ ဒါမှ ချစ်သူရှိတဲ့ နေရာကို အတားဆီးမဲ့ ဖြတ်သန်းနိုင်မှာ။

တစ်ခါတစ်ရံ လေယာဉ်ကြီးဖြစ်ချင်တယ်။ ဒါမှ ချစ်သူရှိရာတိုင်းပြည်ကို အမြန်နှုန်းနဲ့ ပျံသန်းနိုင်မှာ။

တစ်ခါတစ်ရံ လမင်းလေးဖြစ်ချင်တယ်။ ဒါမှ ချစ်သူကို အရိပ်လိုမိုးပြီး အမြဲစောင့်ရှောက် နိုင်မှာ။

တစ်ခါတစ်ရံ ချစ်သူရဲ့  လွယ်အိတ်လေးဖြစ်ချင်တယ်။ ဒါမှ ချစ်သူသွားရာ မခွဲမခွာ လိုက်ပါနိုင်မှာ။

တစ်ခါတစ်ရံ ချစ်သူရဲ့ အနွေးထည်လေးဖြစ်ချင်တယ်။ ဒါမှ သူမရဲ့  အကြင်နာနဲ့  ချစ်သူနွေးထွေးနိုင်မှာ။

ဘ၀မှာ ဖြစ်ချင်တာတွေ အရမ်းများပါတယ်ချစ်သူရယ်။ သေချာတာတစ်ခုက ချစ်သူကို အရမ်းချစ်တယ်။
ချစ်သူနဲ့ ဝေးပြီးမနေနိုင်ပါဘူး။

ရုတ်တရက် မိုးချိန်းလိုက်တာကြောင့် သူမလန့် သွားတယ်။ သြော် ချစ်သူအကြောင်းတွေးနေမိတာ သူမ တစ်ကိုယ်လုံး မိုးစက် တွေနဲ့ စိုစိုရွဲနေပြီ။ သူမ အခန်းထဲဝင်မှ ဖြစ်တော့မယ်။ သူမဖျားချင်နေပြီ။ သူမနားမှ ဖြစ်တော့မယ်။ သူမလုပ်စရာတွေရှိ သေးတယ်။

သူမ မျက်စိတွေက အနားယူဘို့  အချက်ပေးနေပြီ။ သူမ ဆံပင်တွေကို ခြောက်အောင် မသုတ်တော့ဘဲ အိပ်ယာ ၀င်ခဲ့တယ်။ သူမကတော့ ခေါင်းမာစွာနဲ့  ချစ်သူအကြောင်းတွေးချင်သေးတယ်။ စိတ်စွဲလို့ ထင်ပါရဲ့  ချစ်သူကို အိပ်မက်မက်တယ်။
ပြုံးလို့ ရွှင်လို့ ။ ပျော်လိုက်တာ။ ဒီလိုလှပတဲ့ အိပ်မက်လေးကြောင့် မနိုးချင်ဘူး ချစ်သူရယ်။

ဒါပေမယ့် တစ်ခါတစ်ရံလှည့်စားတတ်တဲ့ လောကကြီးကြောင့် ချစ်သူနဲ့ အဆင်မပြေဖြစ်ရတယ်။ အဲဒိအချိန် တွေဆို သူမအတွက် ငရဲပါဘဲ။

သူမမျှော်လင့်ပါတယ်။ နောက်နေ့ တော့ ချစ်သူပြန်လာမှာပါ။ မနက်ဖြန်မလာတော့လဲ နောက်ထပ်မနက်ဖြန် တွေကို ဖြတ်သန်းရင်း ချစ်သူခေါ်မယ့်အချိန်တွေကို စောင့်စားရင်းးးးးးးးးးးးးးးးးးးးးးးးးး။

7 comments:

မိုးစက်အိမ် said...

ယင်ကောင်နင်အပြတ်ခံစားနေရလို.လားဟ ...
ဒီလိုဆိုတော.လည်းစိတ်မကောင်းပါဘူးဟာ
နင်တောင်ပံတွေပေါက်ပြီး ပျံသန်းနိုင်ပါစေလို.
ဆုတောင်ပါတယ် ... အာမှားလို. ယင်ကောင်က
တောင်ပံ ရှိပြီးသားဟာကို နော်ယင်ကောင် ... နာကွ
13 mins comment man ဆုရတာ :P

Anonymous said...

အိတ်လေး
ထီပေါက်ရင် လေယဉ်ပျံဝယ်ပေးမယ်သိလား
အရမ်းခံစားနေရလား
13 mins comment ဆုရတာတဲ့
တော်တော်ဂုဏ်ယူနေပုံပဲ

သီဟသစ် said...

ကျောပိုးအိတ်လေးရေ

ခံစားရတာတွေပျောက်ပြီး
ချစ်သူလေးနဲ့ဆုံနိုင်ပါစေကွယ်

ခင်မင်စွာဖြင့်
သီဟသစ်

moe moe said...

ချစ်သူနဲ့ အမြန်ပေါင်းဆုံနိုင်ပါစေ....

စန္ဒကူး said...

ချစ်မိပီဆိုရင် ခံနိုင်ရည်ရှိဖို့ ဆုတောင်းပေတော့ ကျောပိုးအိတ်လေးရေ...
ခံစားမှုပေါင်းစုံ မျက်ရည် ပေါင်းစုံ... စိတ်လှုတ်ရှားမှု ပေါင်းစုံ..လွမ်းမောရပေါင်းစုံ... သတိရတမ်းတမှုပေါင်းစုံ... စသည်စသည်တွေ.. ပေါ့လေး..း)
ချစ်သူနဲ့အဆင်ပြေပျော်ရွှင်နိုင်ပါစေ..

စိမ်း... said...

ချစ်သူနဲ့ အမြန်ဆုံးစုံစည်းနိုင်ပါစေ ...:)

ahphyulay said...

အချစ်က သိပ်ဆန်းကျယ်ပါတယ်၊နေ့ တိုင်းတွေ့ နေရ
ပေမဲ့  နီးနီးလေးနဲ့ တောင် သတိရနေတတ်တာ၊
ဝေးဝေးနေ နေရယင် ဘယ်လိုတောင်ပြောရမှန်း
မသိတော့ ဘူးဗျာ၊စိတ်ခြင်းဆက်သွယ်နေရင်တနေ့ 
စုံဆည်းကြရမှာပါ။