ဒီနေ့ အတွက် စားခဲ့သမျှ

20:40 Posted by ကျောပိုးအိတ်

ဒါက ဘာလဲဆိုတော့ ဘာလဲဟင် ပြန်မေးတာ (မေ့နေလို့ ကိုယ့်ကို ပြန်မေးတာနော်)
း)
                              ဂေါ်ရခါးညွှန့် (စာလုံးပေါင်း မှားနိုင်ပါတယ်)ကို ခရုဆီနဲ့  ကြော်ထားတာ
                           (တော်တော်စားကောင်းတယ်၊ နောက်ဆုံးမှာ ပြောင်နေအောင်ကို စားခဲ့တယ်)


 

                                                  ဒါက ဟင်းရည်
                ဘာတွေပါလဲဆိုတော့ ဂေါ်ရခါးညွှန့် ရယ်၊ ပန်းဂေါ်ဖီရယ်၊ခ၀ဲသီးရယ်၊မှိုရယ်၊ငရုတ်ကောင်း
                 အညွန့် ရယ်၊ဆန်မှုန့် ရယ်၊ပင်စိမ်းရွက်ရယ်။ ရုတ်တရက် စားလိုက်တော့ ကရင်ရိုးရာ               တာလပေါ့ ပုံစံတိုင်းဘဲ အရသာက။စပ်တယ်။


 
                                                            ဒါက ငါးကို အပွကြော်ထားတာ။
                                       သရက်သီးရယ်၊ငရုတ်သီးစိမ်းရယ်၊မုန်လာဥနီရယ်၊ကြက်သွန်နီရယ်
                                        တော်တော်စားကောင်းတယ်။ အရသာက ချဉ်တယ် ချိုတယ်။
                             နောက်ဆုံးမှာ ငါးခေါင်းဘဲ ကျန်တယ်။ ဒါတောင် ကိုက်ရမှာ ရှက်လို့  မကိုက်ခဲ့တာ။

တစ်နေ့ တစ်နေ့  နေက ဆိုးရွားစွာ ပူပူလာတယ်။ လုံးဝမရွာသေးဘူးဆိုပြီးတော့ မာနကြီးစွာ မိုးကလဲ ခုချိန်ထိ တင်းခံထားတယ်။ပိတောက်ဖူးတွေလဲ တစ်ပင်လုံးမှာ စိမ်းစိုနေပြီး သူ့ ကို အကြင်နာမိုးတွေ ရွာသွန်းပေးမယ့်
မိုးကို စောင့်မျှော်နေရှာတယ်။

ဘာမဆိုင် ညာမဆိုင် ခုတလော နေရာတော်တော်များများမှာ ကြားနေရတဲ့ သီချင်းထဲကလို
မိုးရိပ် မြင်တိုင်းလွမ်းတယ် ရာမညတိုင်းဆီ ပြန်လာပါဆိုတဲ့ သီချင်းထဲကလိုမိုးရိပ်မြင်ရင် အရမ်းပျော်ပါတယ်။ ဒါပေမယ့် လေတိုက်လို့  အဲဒီမိုးရိပ်က လေနဲ့ အတူပါသွားရင်တော့ စိတ်ထဲမှာ မတင်မကျနဲ့ ။

နေကပူတော့ ဘာစားရင်ကောင်းမလဲလို့  တွေးနေမိတယ်။ စားချင်တာက ချဉ်ချဉ်စပ်စပ် ။ အဲဒီလို တမ်းတမိတော့ ရုံးက လုပ်ဖော်ကိုင်ဖက်တွေကစကြတယ်။ တာမီး သင်္ကြန်ရန်ကုန်ပြန်တာ ရိုးမှ ရိုးရဲ့ လားတဲ့။ ချစ်သူနဲ့ လဲ တွေ့ ခဲ့ရတယ်ဆိုတော့ မှန်မှန်ပြောစမ်းတဲ့။အခုလဲ ချဉ်ချဉ်စပ်စပ်တွေ စားချင်တယ်ဆိုတော့ တာမီးးးးးးးးးးးးးးးး နော်တဲ့။

သင်္ကြန်ပြန်တယ် ။ ဒါကလဲ နှစ်တိုင်းပြန်နေကြဘဲဟာဘဲဟာကို။ ချစ်သူနဲ့ တွေ့ တယ်လေ။ တကယ့်ကို ဘာမှ မလုပ်ခဲ့ပါဘူး။ ကျိန်ဆိုကျိန်ပြောရဲပါတယ်။
း)
လက်လေးတောင် မကိုင်ခဲ့ပါဘူး။ တာမီးက ကိုင်စေချင်တာတောင် ကိုယ်တော်ချောက ကိုင်ဘူးတော့ (ရှင်းပြရတာ ရှက်တောင် ရှက်လာပြီ)
း)

ထမင်းစားလဲ မ၀င်ဘူး။ (တကယ်တော့ နေပူလို့ ပါ)
ဒီတော့ ထုံးစံအတိုင်း အစားအသောက် မီးလိုတောက်ဆိုတဲ့ အတိုင်း နေဘယ်လောက်ဘဲ ပူနေပါစေ ထမင်းဆိုင်ကို တတ်ကြွသော ခြေလှမ်းများနဲ့  အားကြိုးမာန်တတ် ချီတတ်ပြီး စားခဲ့ပါတယ်။

ဒီနေ့  ထမင်းတွေ (တကယ်တော့ ဟင်းတွေ) အများကြီးစားခဲ့တယ်။
အရမ်းးးးးးးးးးးးးးးးးးးးးးးးး စားကောင်းတယ်။
း)

၆.၅.၂၀၁၀

4 comments:

မိုးခါး said...

ဗိုက်ဆာနေပါတယ်ဆို.....................း(

စန္ဒကူး said...

စားချင်စရာလေးတွေနော်... ဂေါ်ရခါးညွန့်အရမ်း ကြိုက်တယ်..
ချစ်သူက လက်မကိုင်လို့စိတ်မကောင်းဖြစ်လာ တယ်ပေါ့။ သူမကိုင် ကိုယ်သွားကိုင်လိုက်ပီးရော.. ဟီးးး ချစ်သူချင်းဘဲဟား))

Test Blog said...

only 3 things possible
1. he is gay
2. he is planning to breakup
3. she is lying
တကယ့်ကို ဘာမှ မလုပ်ခဲ့ပါဘူး။ << defensive behavior

မြစ်ကျိုးအင်း said...

ဒီဘလော့လာတိုင်း ဗိုက်ဆာရတယ်
နောက်တစ်ခါဆို မစားခင်ပုံတွေ တင်ရင် စားလို့ ကုန်တဲ့ ပုံပါတင်နော်။ ဒါမှ ကုန်တွားဘီ ဆိုပြီး စိတ်ဖြေလို့ရမှာ