မွေးနေ့  ဆုတောင်း

09:21 Posted by ကျောပိုးအိတ်


ဒီနေ့  အိပ်ယာက နိုးတော့ စိတ်ထဲမှာ လန်းဆန်းနေတယ်။ နေရောင်ခြည်ကလဲ မထွက်သေးတော့ အေးအေးလေးနဲ့  နေလို့  အရမ်းကောင်းပါတယ်။

ဒီနေ့ က ကမ္ဘာကြက်ခြေနီနေ့ ။ လူတွေတော်တော်များများ သိတဲ့ အမှတ်တရနေ့ လေးပေါ့။ ဒီလို အားလုံး အမှတ်ရနေတဲ့နေ့ လေးမှာ ထူးထူးခြားခြား ကောင်လေးတစ်ယောက်ကို ဟိုးးးးးးးးးးးးးးး လွန်ခဲ့တဲ့ ၂၄နှစ်ကျော်မှာ မိခင်တစ်ယောက်က အသက်နဲ့ ရင်းပြီး မွေးဖွားသန့် စင်ခဲ့လို့  လူ့ လောကထဲ ရောက်လာခဲ့ပါတယ်။

ဒီကောင်လေးနဲ့  ကျွန်မနဲ့ က ပြောမနာ ဆိုမနာ သူငယ်ချင်း အရင်းခေါက်ခေါက်တွေပေါ့။ ကျွန်မရဲ့ တစ်ခါတစ်ရံ ရှုပ်ထွေးလှတဲ့ လူမှုရေးပိုင်း၊ ပညာရေးပိုင်း၊ အလုပ်အကိုင်ပိုင်းတွေမှာ စိတ်ညစ် စိတ်ရှုပ်ခဲ့ရရင် အများဆုံး ဖွင့်ဟ တိုင်ပင်ခဲ့တဲ့ ကျွန်မရဲ့  လစာမဲ့ အကြံပေး အရာရှိပေါ့။တစ်ခါတစ်လေ ဘယ်လိုမှ မခံစားနိုင်တော့လို့  မျက်ရည်ကျမိရင် သူက ကျွန်မရဲ့  အခမဲ့ အားပေးဖော် ဖြစ်လာတယ်။

သူနဲ့ ကျွန်မနဲ့ ကြားထဲမှာ လျှို့ ဝှက်ထားတာ ဘာမှမရှိသလောက် အမြဲဖွင့်ပြောခဲ့တယ်။ ကျွန်မစိတ်ကောက်ရင်လဲ စိတ်ရှည်ရှည်နဲ့  ချော့တတ်တယ်။( ဒါကျွန်မအထင်ပေါ့။ ဟိုဘက်ကနေ ဘယ်လောက်များ ခေါင်းမာတဲ့ ကျွန်မကို ပြေးကန်ခြင်နေလဲ မသိ။ )  ;P  စပြီးစကားပြောရင် အမြဲရန်ဖြစ်ရတယ်။ သူကကျွန်မထက် ငယ်ပေမယ့် ကျွန်မထက်ရင့်ကျက်တယ်။

အပျော်တွေနဲ့  အမြဲပြည့်နေတဲ့ အဲဒီကောင်လေးက ကဗျာတွေကိုလဲ တော်တော်များများရေးပါတယ်။သူ့ ရဲ့ အိမ် လေးက ကဗျာတွေလဲ ပြည့်လို့ ။ တစ်ခါတစ်လေ အားမနာတမ်း သူ့ ကိုဝေဖန်မိတယ်။ နင့်ကဗျာတွေကို အမှန်တိုင်း ပြောရရင် တစ်လုံးမှ နားမလည်ဘူး ။ အမှားအတိုင်း ပြောရရင် ဘာတွေဖွဲ့ နေတာလဲလို့  ပြစ်ပြစ် နှစ်နှစ် ဝေဖန်ခဲ့ပေမယ့် တစ်ချက်အပြုံးမပျက်ခဲ့ဘူး။

သူက ဘယ်သူလဲဆိုတော့ မိုးစက်အိမ်လို့  ခေါ်တဲ့ ကောင်လေးတစ်ယောက်ပေါ့။ အရပ်ရှည်တယ်။ စိတ်ရှည်တယ်။ လျှာရှည်တယ်။ အဟိ။(ကျွန်မကိုဆို ဆရာကြီးလေသံနဲ့  တရားဟောတတ်လို့ ) ဒီလိုအစစ ကောင်းခဲ့တဲ့ ကျွန်မသူငယ်ချင်းလေးကို ကျွန်မ အရမ်းခင်ပါတယ်။ ကမ္ဘာကြီးနဲ့ တစ်ထောင့်တစ်နေရာ ဘယ်နေရာဘဲရောက်ရောက် ကျွန်မ အမြဲသတိရနေမယ့် သူငယ်ချင်းစာရင်းထဲမှာ သူကထိပ်ဆုံးကပေါ့။

မိုးစက်အတွက် မွေးနေ့ ဆုတောင်းလေးကို မတောင်းတတ်တောင်းတတ်နဲ့  ကျွန်မဆုတောင်းပေးချင်တယ်။
သူ့ အိမ်မှာ ဘာကျွေးမလဲတော့ ကျွန်မ မသိဘူး။မွေးနေ့ ရှင်က မေ့နေလား မသိဘူးနော်။  ကျွန်မအိမ်မှာလဲ ကျွေးစရာက မရှိဘူး။ အဟိ ။

ဒီချိန်ဆို မော်စကိုမြို့ မှာ ကွေးပြီး ဂန့် နေလောက်ပြီ။ အဲလေ ကွေးပြီးအိပ်နေလောက်ပြီ။ သူ့ အိပ်မက်တွေထဲမှာ မွေးနေ့ ပွဲတောင် ကျင်းပချင် ကျင်းပနေမှာ။( ဂါဝန်အဖြူရောင်လေးဝတ်လို့ ။ အွန် ။ မဟုတ်သေးပါဘူး။ ဂါဝန်က မိန်းကလေးတွေဝတ်တာ။ မွှားသွားတယ်။ )မွေးနေ့ လေးကို ပျော်စရာ ကဗျာလေးတွေ ဖန်တီးနေချင်နေမှာ။

မိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး စက်ရေ
မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာ ချစ်တဲ့သူတွေနဲ့ အတူတူ မွေးနေ့ တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ။
တိုင်းပြည်အတွက်…
မိသားစုအတွက်…
ချစ်သူအတွက်…
သူငယ်ချင်းအတွက် ………………… အားကိုးရလောက်တဲ့ သားကောင်းဇာနည်တစ်ယောက် ဖြစ်ပါစေရှင်။
ဘ၀မှာ တောင်းတတိုင်း ရပြီး ပျော်လေရာဌာနေမှာ လိုရာပြည့်စုံနိုင်ပေါစနော်။
ဘ၀နဲ့ ဆန္ဒ တစ်ထပ်တည်း ဖြစ်ပေါစေ။

အင်မတန်ချော အင်မတန်လှ သဘောဖြူ မနောဖြူတဲ့ အိမ်သူသက်ထားနဲ့  အမြန်ဆုံးတွေ့ ဆုံနိုင်ပေါစေ။
မွေးနေ့ မှာ အိမ်ကိုဖုန်းဆက်ဦးနော်။ နင့်မေမေကို ကန်တော့လိုက်ဦး။ ကြားလား။ (ကြားဖြတ် ဆရာပြန်လုပ်ခြင်း)
း)))))

3 comments:

အဖြူရောင်နတ်သမီး said...

Happy Birthday ပါ..မိုးးးးးးးးးးးစက်ရေ.....
ဘ၀မှာ တောင်းတတိုင်း ရပြီး ပျော်လေရာဌာနေမှာ လိုရာပြည့်စုံနိုင်ပေါစနော်။ဘ၀နဲ့ ဆန္ဒ တစ်ထပ်တည်း ဖြစ်ပေါစေ။
ညီမလေးကျောပိုးအိတ် ဆုတောင်းပေးသလို တထပ်တည်းကျအောင် copy ကူးပြီးဆုတောင်းပေးသွားတယ်နော်....

မွေးနေ့ပွဲလေးလုပ်ပေးတဲ့ညီမလေးလည်း ရွှင်လန်းချမ်းမြေ့ပါစေလို့ထပ်ပြီးဆုတောင်းပေးသွားပါတယ်....

မိုးစက်အိမ် said...

ယင်ကောင်ရေ ခုလိုငါ့မွေးနေ့ ကို သတိတရ
ရှိတဲ့အတွက်ရော အမှတ်တရပို့ စ်အတွက်ရော
ကျေးဇူးအများကြီးတင်ပါတယ် ... ဆုတောင်း
အတွက်လည်းကျေးဇူးပါ နင်လည်းနင်ထမ်းဆောင်
နေတဲ့ မွန်မြတ်သန့် စင်တဲ့ ပရဟိတ် လုပ်ငန်းတွေ
ကိုဆထက်တိုးပြီး လုပ်ဆောင်နိုင်ပါစေ ချစ်သူနဲ့ လည်း
ချစ်ခရီးလမ်းသာယာဖြောင့်ဖြူးပါစေလို့ ပြန်လည်ဆုမွန်
ကောင်းတောင်းပေးသွားပါတယ်...ထာဝရခင်မင်လျက်

မြစ်ကျိုးအင်း said...

အိပ်ယာနိုးနိုးချင်း မွေးနေ့ဆိုလို့ အရင်လာတာ ဝါးတီးလည်း မပါပါလား ။

မွေးနေ့ရှင်လည်း ပျော်ရွှင်ဖွယ်ရာနေ့လေး ဖြစ်ပါစေ။

မွေးနေ့ရှင်ဆီလည်း ဆုသွားတောင်းပေး အုံးမယ်။