ခွဲခွာချိန်
နှုတ်ဆက်တာခြင်း တူပေမယ့်
အနည်းဆုံးတော့ ဆုံစည်းဖို့အတွက်လား …
ခွဲခွာဖို့အတွက်လား ….
ဆိုတာကိုတော့ သိသင့်တာပေါ့….
ကွန်ပျူတာကိုပိတ်… လက်ဆွဲအိတ်ထဲထည့်…အထုပ်အပိုးတွေကို သယ်ပိုး.. ဖြေးဖြေးခြင်းပိတ်သွားမဲ့ ဓါတ်လှေခေါးကြားကနေ ငါ့အခန်းလေးကို ဖြေးဖြေးခြင်း ခိုး ကြည့်… 5နှစ်တာ နွေးထွေးမှုတွေနဲ့… ငါ့အရိပ် တစိတ်တလေများ ကျန်ခဲ့လေဦးမလား…
ကားပေါ်ကိုတက်… ပြုတင်းပေါက်က ကြည့်တော့..။လမ်းမ တစ် လျှောက် ရော်ရွက်တွေက ဟိုနား.. ဒီနား.. ခပ်ဝါးဝါး ဖြစ်နေတာ ရွှေအိုရောင်…
ဆေးရုံကြီးရှေ့က ဖြတ်မောင်းတော့..ထိုင်းဘုရင် ဘူမိဘောက ငါ့ကိုကြည့်နေမလား .. ကြည်နူးတာလား.. ကြေကွဲတာလား .. အားပေးတာလား… တားနေလေရော့ သလား…
အိမ်ပြန်ရမတဲ့လား… ပျော်စရာကြီးဆိုပါလား… မျှော်နေကြသတဲ့လား.. ရင်ခုန်ရမတဲ့လား… သြော်…အိမ်ကိုပြန်ရမတဲ့လား…
5 comments:
တစ်ကယ်တန်းပြန်ရမယ်ဆိုောတ့လဲလွမ်းစရာဘဲ ငါးနစ်ဆိုတဲ့အချိန်က နည်းခဲ့တာမဟုတ်ဘူးသံယောဇဉ်တွေ နဲ့အထိုင်ကျနေပြီဖြစ်တဲ့နေရာတစ်ခု ရုတ်တရက်ဘယ်မေ့နိုင်ပါ့မလဲ. စွဲငြိအောင်ကြည့်ခဲ့မိပေါ့။
အနေကြာတော့လည်း ဘယ်သူမဆို သံယောဇဉ် ဖြစ်တတ်ကြတာပါပဲလေ။
ပျော်ရွှင်သော အိမ်ပြန်ခြင်း ဖြစ်ပါစေ။
ချစ်ဆုံးအိတ်လေး
အွန်လိုင်းမတက်ဖြစ်တာ ကြာသွားတယ်
နေရောကောင်းရဲ့လား မတွေ့ဖူးမမြင်ဖူး
အတူမနေဖူးပေမဲ့ ပြန်မယ်ဆိုတော့
ရင်ထဲမှာ တမျိုးကြီးပဲတော် အဆင်ပြေရင်
စာတွေရေးပါအုံး မြန်မာပြည်ပြန်လာရင်
တွေ့ကျရအောင်ပေါ့နော်။
မေးလ်ထားခဲ့မယ် အက်ပေးနော်
po.nadi06@gmail.com
ချစ်တဲ့
ရုံလေး (မြူးသျှရီ)
အဆင်ပြေပါစေ အစ်မရေ နောက်လည်း သတိရရင် လာလည်ပါအုံး မဲဆောက်ဆိုတာ ကိုယ့်ရဲ့ဒုတိယ မွေးရပ်မြေလေးလို ပျော်စရာကောင်းပါတယ် ။
အော....
ကျောပိုးအိပ်နဲ့  ငါ့ ညီမလေးပါလားဗျ။
ဗမာပြည်က အွန်လိုင်းနဲ့ ဆိုတော့  မလွယ်ဘူးနော..။
ကျွန်တော်လဲ ရွာသားတစ်ယောက်မို့  ကိုယ့် ရွာ
အကြောင်း ကိုယ်သိနေတယ်လေ..။
အဆင်ပြေပါစေငါ့ ညီမရေ..။
Post a Comment