စားမယ်ဝါးမယ် ;P

21:42 Posted by ကျောပိုးအိတ်


ကင်ပွန်းချဉ်ရွက်။ စားကောင်းပါတယ်။ ချဉ်တဲ့ အရသာလေးနဲ့ ။ ဒါပေမယ့် စားချင်လို့ သာ ချက်လိုက်ရတယ် လက်မှာတော့ အဆူးဆူးခံရသက်သက်ဘဲ။ ငါးရံ့ များများနဲ့ ချက်ထားတာ။

း(



ကြက်ဥချောင်းကြော်။ အဟဲ ငါးဥကြော်ပြီး အိုးမဆေးဘဲ ကြော်လိုက်တော့ ငါးဥသေးသေးလေးတွေက ကြက်ဥချောင်းမှာ ကပ်လို့ ။ ကဗျာဆန်လိုက်တာနော်။

း)




ကြက်သားဟင်းနော်။ အိမ်ကြက်။ မိုးပေါ်က ကြက်မဟုတ်ဘူး။ နည်းနည်းစပ်သွားတယ်။ ငရုတ်သီးထောင်းတာ များသွားလို့ ။

း)




အစိမ်းကြော်။ ဘာတွေပါလဲ။ အစုံပါတယ်။ ဒါပေမယ့် ရယ်ဒီမိတ်အထုတ်ဝယ်တာကြောင့် သိပ်မစုံပါဘူး။ တွက်ခြေကိုက်အောင် ဂေါ်ဖီထုတ် များများ ထည့်ထားပုံဘဲ။

း)




ငါးဥကြော်ပါ။ ဘယ်ငါးရဲ့ ဥလဲ မမေးနဲ့ နော်။ သိဘူး။

း)


ဒီနေ့ တော့ ရုံးပိတ်ရက်မို့  ဖွယ်ဖွယ်ရာရာ ချက်စားဖြစ်တယ်။ စားနော် စားစား။ အားမနာနဲ့ ။ အိုးထဲမှာ အများကြီးကျန်သေးတယ်။

ဟာ သေတာဘဲ။ ထမင်းမချက်ရသေးဘူး။

း(

း)


9 comments:

Anonymous said...

လုပ်ပြီ မီးငယ်တို့ကတော့ စားပါမယ် ဆိုနေကာမှ ထမင်းက မချက်ရသေးဘူးတဲ့ .. အဲလိုမျိုးနဲ့ ယောကျာင်္းရလို့ကတော့ ကောင်းကောင်းရိုက်ခံရမယ် .. :D

အပျင်းကြီးပြီး အိုးမဆေးချင်လို့ ငါးဥကပ်နေတာများ သူက ကဗျာဆန်တယ် ဖြစ်ရသေး .. ဟွန်းဟွန်း .. :D

အိမ်ကြက်ဆိုတာ တကယ်လား ကိုယ်တိုင်ကစ်ထုတ်လိုက်တယ်ပေါ့ ကြက်ကို .. အာမလေးလေး တော်တော်လက်ရဲရက်စက်သူကြီးပါလား ... :D

ဂေါ်ဖီထုတ်များလို့တော့ မဖြစ်ဘူးလေ ... ဂေါ်ဖီကြော် ဖြစ်သွားမှာပေါ့ .. မရဘူး အသစ်ပြန်ကြော်ကျွေး :D

ငါးဥကြော်လို့တော့ ပြောတယ် ဘယ်ငါးရဲ့ ဥလဲတော့ မသိဘူး .. ဒါဘာသဘောလဲပြော ... သံပုရာသီးကို ကြိုးကြာဥ လုပ်တာလား .. :D

စတာပါ ... မီးငယ်ရေ ... ပုံလေးတွေကြည့်တာနဲ့တင် အရမ်းကို စားချင်သွားတယ် တကယ် .. ချဉ်ရည်ဟင်းကတော့ မစားရတာ ကြာလို့ သဘောအကျဆုံးပဲ ... ကျန်တဲ့ဟင်းတွေကလည်း ကြည့်နေရင်းနဲ့တောင် ကီးဘုတ်ပေါ် သွားရည်ကျတယ် ... ထမင်းမြန်မြန်ချက်ဟာ .. ခုတော့ ဟင်းချည်းထိုင်စားလိုက်ဦးမယ် ... ကုန်သွားရင်တော့ မသိဘူး နောက်လူတွေကို ထမင်းပဲ ကျွေးလိုက်တော့ :D

Anonymous said...

တကယ့်ကိုဖွယ်ရာ ချက်ပြုတ်ထားလို့ စားမယ်ဆိုပြီး အပီလာတာ အဆုံးသတ်ကျမှ ထမင်းမချက်ရသေးဘူးတဲ့ ။ ကောင်းရော ဟင်းများချည်းစားသွားပါကြောင်း ။

မိုးကောင်းသူ said...

မြူးဆီကနေ တဆင့် လာစားပါတယ်။ ဖွယ်ဖွယ်ရာရာလေးတွေဆိုတော့ တအားကြီးစားသွားတယ်နော်။ ငါးဥကြော်လေးက စားကောင်းတယ်။

ကိုတိုးလေး said...

စားရမယ့်လက်ရာကတော့ကောင်းနေတာပဲနော်။ အမှန်ကို ဗိုက်ဆာနေတာဆိုတော့ စားမယ်ဆိုပြီးတော့လုပ်နေတာ နောက်ဆုံးတော့ ထမင်းမရှိဘူး ဟင်းပဲစားရတော့မဝဘူးပေါ့။ အဆင်ပြေပါစေနော်။

ကိုရင်နော်ခင်လေးငယ် said...

ပိုးပိုးရေ..
ဒီနေ့မှ လာစားတာ..
နေ့တိုင်း လာစားမှာနော်..

မြူး said...

ဟေ့ဟေ့ဟေးးးးးးးးးးးးးးးးးးးးး
လာစားတယ်နော်သိလားးးးးးးးးးးးးးးးးး
အင်းလေတခါတလေကျွေးပေါ့နော်
မချက်ချင်တော့ဖူးရယ်လေ
အမြဲခေါ်ကျွေးပါလားဟင်ရမလား
တ့ာတားးးးးးးးးးးးးးး

Anonymous said...

ကင်ပွန်ချဉ်ရွက်ဟင်းချိုတော့ ကြိုက်တယ်။
ညီးနှယ်အေ ငပျင်းမှန်းလူသိလိုက်တာ ကြက်အူချောင်ကြော်တာ အိုးမဆေးပဲကြော်ရတယ်လို့။
ကြက်သားဟင်းက အိမ်ကြက်လား.... သိပါဘူး
ဖိနပ်စီးတဲ့ ကြက်မှတ်လို့ အဟေဟေဟေ...။
အစမ်းကြော်ရော ဟုတ်ရဲ့လား ပစ်ထည့်ရောမွှေ
လုပ်ထားတာထင်လို့။ ညိးငါးဥကြော်ကလဲ ......
ကောင်းမဲ့ပုံလို့ ပြောမလို့ပါ...ဟဲဟဲဟဲ

ဇော် said...

အဲ
မအိတ်
စိတ်မပူနဲ့ ကျနော် ကို့ထမင်းကို ထည့်ယူလာတယ်။ အဟိဟိ။ အပီအပြင် ထိုင်အုပ်သွားပါကြောင်း။
ဟီးဟီး။ ဆွဲပြီ မအိတ်ရေ... အဟိဟိ။

ကျောပိုးအိတ် said...

အားလုံးဘဲ ပျော်ပျော်ရွှင်ရွှင် စားသောက်သွားကြလို့  ပင်ပင်ပမ်းပမ်းချက်ထားရတာ အမောပြေပါတယ်။ (တကယ်တော့ မောင်နှမတွေက အငွေ့ ဘဲစားပြီး တကယ်စားသွားတာ ကျွန်မပါ) အဟီးးးးးးးး

နောက်တစ်ခါ ချက်စားတာ တင်ခဲ့မယ်ဆို ထမင်းမမေ့ အောင် ကြိုးစားပါ့မယ်....

အားလုံးကျေးးးးးးးးးးးးးးးးးးးးးးးဇူး
အာဘွား
း)