ငယ်ငယ်တုန်းက ရည်းစားစာ

22:25 Posted by ကျောပိုးအိတ်

အဟဲ ပြောပြီနော် ။ ငယ်ငယ်က ကျွန်မအရမ်းစွံပါတယ်။ ခုနဲ့ များ တခြားဆီပါ။း( (အဲဒိလိုဖြစ်မယ်များ ထင်နေပါသလား ) အဟဲး)

ကျွန်မက မိန်းကလေးကျောင်းထွက်ဆိုတော့ သိတဲ့အတိုင်းဘဲ ဆိုးပါတယ်။ မိသားစုထဲမှာ အလိုလိုက်အခံရဆုံးနဲ့  အဆိုးဆုံးပါဘဲ။ ၁ဆို ၁ဘဲ ။ ခုဆိုခုဘဲ။ အရာရာမှာ ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်တယ်။ အဲဒိလို ဆက်ဆံတတ် ဘို့  ဖေဖေနဲ့ မေမေက အမြဲသင်ပေးတယ်။

ဘာဘဲလုပ်လုပ် အိမ်ကိုဖွင့်ပြောတတ်တယ်။ တစ်နေ့  မှတ်မှတ်ရရ ၆တန်းနှစ်လောက်မှာ အ.ထ.က (၁) လသာ ကျောင်းက ကောင်လေးတစ်ယောက် ကျူရှင်အပြန်မှာ ကျွန်မကို ရည်းစားစာ ပေးတယ်။

ကျွန်မလဲ အိမ်ပြန်ရောက်တာနဲ့ မေမေရေ ဒီမှာ သမီးကို ကောင်လေးတစ်ယောက် ရည်းစားစာပေးလိုက်တယ်လို့  ပြောတော့ မေမေက မှန်းစမ်း ဖတ်ကြည့်ရအောင်တဲ့။ မေမေကလေ ဖတ်လဲပြီးရော ရယ်လိုက်တာ။ ကျွန်မလဲ ကြောင်နေတယ်။ ဒီလောက်ရယ်ပုံထောက်ရင် ငါ့ကိုပေးတာ ရည်းစားစာမှဟုတ်ရဲ့ လားပေါ့။

ကောင်လေးရေးထားတာက ချစ်သူရဲ့ မျက်လုံးတွေက ပုလဲလုံးလေး စီထားသလိုဘဲတဲ့။ အဲဒိတော့ မေမေက ဘာပြောလဲသိလား။

ဒီကောင်လေးက ငါ့သမီးကို မျက်စိတိမ်စွဲနေတဲ့သူများ မှတ်နေလားမသိဘူးတဲ့။ ပထမတော့ သဘောမပေါက်ဘူး။ နောက်မှ မေမေပြောပြမှ ကျွန်မလဲရယ်လိုက်ရတာ။

ဟုတ်တယ်နော်။ ဘယ်နှယ့် ချစ်သူရဲ့ မျက်လုံးလေးက ပုလဲလုံးလေးတွေ စီထားသလိုဘဲဆိုတော့ အကုန်ဖြူ နေတော့ တိမ်စွဲနေသလိုလို ဘာလိုလိုနဲ့ ။

ဟားဟားဟား
း)

8 comments:

Anonymous said...

ရည်စားစာရေးနည်း သင်တန်းပေးရမလို ဖြစ်နေပြီ ... ခေတ်လူငယ်တွေများ တယ်ခက်သကွယ် ... :D
စာရင်းလာပေးကြ ..
သင်တန်းပေးမယ် ...
နာရီဝက်ပြတ် ရည်းစားစကားပြောနည်းနှင့် ရည်းစားစာရေးနည်း သင်တန်း ... :D
တစ်ကြောင်းတည်းလား ရည်းစားစာက ...
ဆင်မယဉ်သာလေး လှမ်းတာတို့ ...
ဇင်ယော်တောင် မျက်ခုံးတို့ရော မပါတော့ဘူးလား ...
hahaha
ပျော်လိုက်တာာာာာာ
ငယ်ချင်းတိမ်တိမ်လို့ ခေါ်မယ် ဒီနေ့က စပြီး .. အဟီး သိလိုက် .. ဘာလိုဆိုလိုတယ် ဆိုတာ ... :D
နေဒေးသစ်။

Anonymous said...

ဟေးဟေး Rဇာနည် ထုတ်ကြွားနေတယ်ပေါ့လေ ဟုတ်လား အများကြီးကျန်သေးတယ်ထင်တယ် အခု ကရည်းစားစာ တစ်ပေါ့ :P
ဒန်တန်တန် ဇာတ်လမ်းစပါပြီဗျာ

Anonymous said...

အိတ်လေးးးးးးးးးးးးးးးးးးး
သူက အသက်ကြိးတဲ့ အရွယ်ကိုမှန်းပြီးရေးလိုက်တာ
နေမှာပေါ့ ဟီးး အသက်ကြိးလို့ တိမ်ဆွဲသွားတာလေ
မြင်ယောင်ပြီး ရေးလားမှမသိတာနော်
ပျိုပျိုအရွယ် မဟုတ် အိုအိုအရွယ်ထိလှ
နေမယ်ဆိုတာ ထုတ်ပြေားတာနေမှာပါနော်

ချစ်တဲ့
မြူးလေး

ကိုတိုးလေး said...

အမရဲ့စွန်ပုံလေးကို ခာဖတ်သွားတယ်နော်။ဟဟဟဟဟဟဟဟဟ။
လာဖတ်သြွးတယ်နော် အဆင်ပြေပါစေနော်။

ခင်မင်လျှက်ပါ

ကိုတိုးလေး

Anonymous said...

ဟုတ်လဲဟုတ်တာပဲ မျက်လုံးကိုက ကြောင်တောင်ကန်းနဲ့ ကောင်လေးက ပုလဲလုံးစီထားသလို ဆိုတာ နဲနဲတောင် ကဗျာဆန်နေသေးတယ်။ အမှန်က....... ဟီ မပြောတော့ဘူး..........။

rose of sharon said...

ကျမ အထင် တော့ သွားလေးတွေကိုပုလဲနဲ့တင်စားချင်တာကို
မျက်လုံးလို့မှားရေးမိတာထင်တယ်နော်

မဟာဆန် said...

သူတတ်သလောက်လေး အစွမ်းထုတ်ပြီး တင်စားထားတာကို..ကလေးဆိုတော့လည်း ဂလောက်တော့ မှားမှာပေါ့..ဟိ

Anonymous said...

ပုလဲတစ်လုံးရွဲတစ်လုံး