မွေးနေ့ ဆုတောင်း

08:14 Posted by ကျောပိုးအိတ်

ဒီနေ့ က ကျွန်မခင်တဲ့  မော်စကိုမှာ ကျောင်းတတ်နေသော ကောင်လေးတစ်ယောက်(ဟန်လေး)

ရဲ့ မွေးနေ့  လေးပါ။ သူနဲ့  စကားပြောရတာ ကလေးတစ်ယောက်နဲ့  စကားပြောနေရသလို။ အရမ်းကို ဖြူစင်ပါတယ်။ သူ့  စကားတွေထဲမှာ ဘာအရောင်မှမပါဘူး။


ဒါပေမယ့် တစ်ခါတစ်ခါ လူကြီးစကားတွေပြောတတ်တယ်။ အထူးသဖြင့်ပေါ့ …… သူအရမ်းချစ်တဲ့ သူမနဲ့  ပတ်သက်လာရင် စကားတွေက ရင့်ကျက်တယ်။ သူမနဲ့ ပတ်သက်လာရင် မမောနိုင်မပန်းနိုင်ပြောတတ်တယ်။


ကျွန်မနဲ့ တွေ့ တိုင်း ညည်းကလဲ ကျုပ်ကိုအေ့ ဘာညာနဲ့ ပြောတတ်တယ်။ ပြီးရင်ရန်စတယ်။ ကျွန်မကလဲ အနိုင်မခံပါဘူး။ သူအရမ်းချစ်တဲ့သူမကို ဝေဖန်ရင် သူဆွေ့ ဆွေ့ ခုန်ပြီ။ ကျွန်မကလဲ ဒီလိုနိုင်ကွက်နဲ့  အနိုင် ယူနေရတာ။


ဒီနေ့ တော့ အသက်က ၂၃နှစ်ပြည့်သွားပါပြီ ။ မြန်မာခုနှစ်ရော အင်္ဂလိပ်နှစ်ပါ ရက်ရော လရော တစ်ထပ်ထဲ ကျပါတယ်။


၂၃နှစ်ပြည့်မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ဖွယ်မွေးနေ့ တိုင်းကို အတားအဆီးမယ့် ဖြတ်သန်းနိုင်ပါစေ။ နိုင်ငံအတွက် ၊ မိသားစုအတွက် ၊ ချစ်သူအတွက် သူရဲကောင်း တစ်ယောက် ဖြစ်ပါစေ။ရှေ့ ဆက်ပြီး အလွမ်းတွေ ကင်းဝေးပါစေ။

ချစ်တဲ့သူနဲ့  ဘ၀သက်ဆုံး ပေါင်းသင်းရပါစေ……. လို့ ။


သူ့ အိမ်မှာ မွေးနေ့ အတွက် မုန့် ဟင်းခါးကျွေးမယ်ဆိုဘဲ။ ညက ခဏတတ်လာပြီး သတင်းပေးလာတယ်။ အိမ်ရှင်မလုပ်ဦးမယ်တဲ့။ တကယ်တော့ မှားတာ အဲဒါက။ ဘယ်နှယ့်ယောကျာင်္းဖြစ်ပြီး အိမ်ရှင်မတုန်း။ အိမ်ရှင်ထီးကွ။ ဟားဟားဟား။

5 comments:

မြူး said...

အိတ်လေး
အိတ်လေးရဲ့ သူငယ်ချင်းလေး
မွေးနေ့မှာပျော်ရွှင်ပါစေ
သိနေသလိုပဲ နော် ကိုနေမင်းသံစဉ်လား??
း)
ချစ်တဲ့
မြူးလေး

Anonymous said...

အခုလို မွေးနေ့မှာ ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါဘဲ အေ့
ညည်းလည်း အဆင်ပြေပျော်ရွှင်ပါစေနော် :)

Anonymous said...

ငယ်ချင်းရဲ့ ငယ်ချင်းမွေးနေ့ဆိုတော့ ငါ့ငယ်ချင်းရဲ့ မွေးနေ့ပဲပေါ့ ... ငယ်ချင်းရဲ့ ငယ်ချင်း မွေးနေ့မှာ ငယ်ချင်းရဲ့ ငယ်ချင်းလေး ပျော်ရွှင်အေးချမ်းပါစေ ... ချစ်သူလေးနဲ့လည်း သက်ထက်ဆုံး စုံစည်းပျော်ရွှင်နိုင်ပါစေဗျာ ...
ဒေးဒေး။ :D

မိုးကောင်းသူ said...

မုန့်ဟင်းခါးကို အိမ်ရှင်မပဲချက်ချက်၊ အိမ်ရှင်ထီးပဲချက်ချက်စားမယ်ဗျို့။

Anonymous said...

ပျော်ရွှင်စရာ မွေးနေ့လေးပါဗျို့