ဖေဖေ

20:48 Posted by ကျောပိုးအိတ်

ဒီနေ့  အဖေများနေ့ တဲ့။ သိဘူးရယ်။ သူငယ်ချင်းဒေးဒေးရဲ့ ဘလော့မှာ ရေးထားတာတွေ့ မှ သိလိုက်တာ။ တစ်နေ့ 
တစ်နေ့ အိပ်လိုက်စားလိုက်နေတာနဲ့ လောကကြီးမှာ ဘာနေ့ ဘာအထိမ်းမှတ် မှန်းတောင်သိတော့ ဘူးရယ်။
အဟီးးးးးးးးးးးးးးးးး

ဒီတော့ အဖေချစ်သမီးအနေနဲ့  အဖေအကြောင်းကို ရေးရင်းအဖေကို သတိရရင်း ကန်တော့ရမှာပေါ့။

ဖေဖေရဲ့ အမေ(ကျွန်မအဘွား)က အရမ်းစည်းကမ်းကြီးတယ်။ရေချိုးရင်တောင် ယောကျာင်္းတစ်ခန်း မိန်းမ တစ်ခန်းတဲ့။ အရမ်းထက်တယ်။အရမ်းလဲမာနကြီးတယ်တဲ့။ အဲခေတ်တုန်းက အဖိုးက ၀န်ထောက်ဆိုလား၊ အရေးပိုင်ဆိုလားဘဲ။

ကျွန်မဖေဖေက တစ်ဦးတည်းသော သားပါ။ တစ်ဦးထဲသောသားဆိုပေမယ့် လုံးဝမျက်နှာသာ အပေးမခံရပါဘူး။ ငယ်ငယ်က ခဏခဏ အရိုက်ခံရတယ်တဲ့။ ပြီးတော့ ဖေဖေက အပေါင်းသင်းအရမ်းမင်တယ်။ တစ်ဦးတည်းသော
သားတို့ ရဲ့ ထုံးစံအတိုင်းပေါ့။

ဖေဖေက သူငယ်ငယ်တုန်းက အကြောင်းတွေကို သားသမီးတွေကို အိပ်ယာဝင်ပုံပြင်တစ်ပုဒ်လို အမြဲလိုလို ပြောပြတတ်တယ်။

တစ်နေ့ ဖေဖေနဲ့ ဖေဖေ့ညီဝမ်းကွဲက လမ်းထဲမှာ အော်ရောင်းတဲ့ မုန့် စိမ်းပေါင်းသည်ကို ခေါ်ပြီး ပုန်းနေတယ်။
မုန့် သည်ကလည်းခေါ်သံကြားတော့ အိမ်ဝိုင်းထဲဝင်လာတာပေါ့။ အဲဒိမှာတင် အဘွားက နေ့ လည်အိပ်နေရာ ကနေနိုးလာတယ်။ အဖြစ်မှန်လဲသိရော အဲဒိမုန့် သည်ဆီက အကုန်ဝယ်ပြီး ဖေဖေရယ်၊ ညီဝမ်းကွဲ လေးရယ်ကို မကုန်မခြင်းစားခိုင်းတယ်။ မကုန်ဘူးဆိုရိုက်တယ်။ နောက်အဲလိုဈေးသည်မခေါ် ရဲအောင်တဲ့လေ။

နောက်တော့ ဖေဖေ အရွယ်ရောက်လာတယ်။ ၀န်ထမ်းသားသမီးဖြစ်တာကြောင့် ဖေဖေလဲဝန်ထမ်းဖြစ်ခဲ့တယ်။ ဖေဖေတာဝန်ကျရာမြို့ မှာ မေမေနဲ့ ဆုံတယ်။ ပြီးတော့ မေမေနဲ့ တူနှစ်ကိုယ်တိုင်းပြည်တည်ထောင်ခဲ့ကြတယ်။

ဖေဖေရုံးကနေပြန်လာတိုင်း အမြဲလိုလို မုန့် ပါလာတတ်တယ်။ ဒီတော့ ကျွန်မတို့ ကလဲ ဖေဖေရုံးဆင်းလာချိန်ဆို သူ့ ထက် ငါဦးအောင် ကြိုကြတယ်။

ဖေဖေက သားသမီးတွေနဲ့ ပတ်သက်လာရင် အမြဲရှေ့ ကနေ ကာကွယ်ပေးတတ်တယ်။ တစ်နေ့ ကျောင်းမှာ မိန်းကလေးပီသစွာ ကျွန်မရန်ဖြစ်ပါတယ်။ ကျွန်မနေခဲ့တဲ့ကျောင်းက မိန်းကလေးကျောင်းဆိုတော့ ကျွန်မကလဲဆိုးတဲ့ အထဲမှာပါပါတယ်။

တစ်နေ့ ရှေ့ ဆုံးတန်းက ကောင်မလေးက ကျွန်မတို့ အဖွဲ့ ကို ရန်စပါတယ်။ ကျွန်မက ရန်မစဘို့ ပြောတာ သူကမရဘူး။ ပြောင်စပ်စပ်နဲ့ ရန်စနေတော့ ကျွန်မလဲ ဘာမှမစဉ်းစားတော့ဘူး။ တွေ့ ရာထမင်းဘူးနဲ့  နောက်ဆုံးတန်းကနေ
ရှေ့ ဆုံးတန်းကို ကောက်ပေါက်လိုက်တယ်။

ကျွန်မပေါက်လိုက်တဲ့ ထမင်းဘူးက ရိုးရိုးထမင်းဘူးမဟုတ်ပါဘူး။ စတီး၃ ဆင့်ချိုင့်ပါ။ အပေါက်ခံလိုက်ရတဲ့ ကောင်မလေးက ၄ချက်ချုပ်လိုက်ရတယ်။ ဒါတောင် ထမင်းဘူးထဲမှာ ဘာမှမရှိတော့လို့ ။ ;)

ဒီတော့ ကျောင်းအုပ်ကြီးက ခေါ်ပေါ့ မိဘ။ ဒါနဲ့ ကျွန်မလဲ ဖေဖေ့ရုံးကို ဖုန်းဆက်ပြီး ခေါ်လိုက်တယ်။ ကျွန်မဖေဖေဘဲလေ သိတယ်မဟုတ်လား။ ကျွန်မရှေ့ မှာဘဲရပ်တည်ပေးသွားတယ်။ ကျွန်မမှန်တယ်ပေါ့။ ကံကောင်းလို့  ကျွန်မတို့ ကျောင်းအုပ်
နဲ့ ဖေဖေနဲ့ နဘန်းမလုံးကြတာ။

ဖေဖေက သူ့ သားသမီးတွေကို သူများဆူတာ ၊ ဆဲတာ ၊ ရန်စတာ ၊ရိုက်တာ လုံးဝမကြိုက်ပါဘူး။ ဆူမယ်၊ဆဲမယ် ဆိုလဲ ဖေဖေကိုယ်တိုင်ဘဲဆူချင်တယ်တဲ့။

ဖေဖေက ကျွန်မတို့ ငယ်ငယ်က ဆိုးရင် တုတ်နဲ့ ရိုက်ပါတယ်။ အဲဒိလိုရိုက်တဲ့နေ့ ဆို ဖေဖေက ထမင်းလဲ မစားတော့ဘူး။ အိပ်ခန်းထဲကနေ ဘယ်တော့မှ မထွက်တော့ဘူး။ ပြီးရင် အခန်းထဲမှာ ကျိတ်ငိုတာ။ ကျွန်မတို့ ကို ရိုက်ခဲ့တဲ့ လက်ကိုကြည့်ပြီး အမြဲယူကြုံးမရဖြစ်ခဲ့တယ်။

ကျွန်မတို့ အိမ်မှာဆို ဖေဖေနဲ့ မေမေကို သူငယ်ချင်းလိုဘဲပေါင်းတယ်။ ဒီလိုပေါင်းခိုင်းတာကလဲ ဖေဖေနဲ့ မေမေရဲ့  အကြံဥာဏ်ပါ။ ဒါမှ သားသမီးတွေက ပြောရဲဆိုရဲပြီး ပွင့်ပွင့်လင်းလင်းတိုင်ပင်နိုင်မယ်တဲ့။ ဘယ်နေရာကိုဘဲ ရောက်ရောက်အဖေ သမီးဆိုပြီးအမြဲဦးစားပေးခံရပါတယ်။ ကျွန်မကတော့ ဖေဖေ့သမီးဖြစ်ရတာ အရမ်း ဂုဏ်ယူပါတယ်။

ဖေဖေကလူတစ်မျိုး။သူ့ လက်အောက်ငယ်သားတွေပေးရင်ယူဘူး။ သူကပြန်ပေးတာ။ အောက်လက်ငယ်သား တွေကို ပြန်ကြည့် လွန်းလို့  မေမေနဲ့ ရန်ဖြစ်ရတာလဲ ခဏခဏပါ။ မေမေနဲ့ ရန်ဖြစ်ပြီဆို မေမေကမပြီးဆုံးနိုင်သော
ပွစိခြင်းနဲ့ ဖေဖေ့ကို ပွစိပါတယ်။

အဲဒိအချိန်ဆို ဖေဖေကလဲမေမေကို ပြန်မေးပါတယ်။ မေကြီးရေ ဖေကြီးကိုဆူလို့ ပြီးပြီလား။ မပြီးသေးရင်လဲ တော်ပါတော့ကွာ နားတွေပူလှပြီတဲ့။ ဒီလိုစစ်ပြေညိမ်းလိုက်ရင် မေမေကလဲ ဘာမှပြန်မပြောတော့ဘူး။

ဖေဖေအမြဲပြောတဲ့စကားတစ်ခွန်းပါ။ ငါလဲ အသက်ကြီးလာပြီ။ ဒီတော့ သက်ပြည့်ပင်စင်ယူရတော့မယ်။ဒီတော့ နာမည်
ဆိုးနဲ့ မယူချင်ဘူး။ အိမ်မှာရှိတဲ့သားသမီးတွေအားလုံးကို ဘွဲ့ ရပညာတတ်အောင် ထားပေးခဲ့ပြီးပြီ။ မေကြီးကိုလဲ မတောင့်မတမကြောင့် မကျထားခဲ့ပေးတယ်။ ဒါပေမယ့် ဒီလိုထားနိုင်ရအောင် ဖေကြီး မသမာတဲ့ နည်းနဲ့ ရှာထားတာ တစ်ခုမှမပါဘူး။ မိဘအမွေတွေနဲ့ တင် ခုထိစားလို့ ရနေသေးတာဘဲ။ ပင်စင်ယူကာနီးမှ နာမည်ပျက်နေပါ့မယ်ကွာတဲ့။

ဒါဖေဖေစိတ်ဓါတ်ပါ။ အဲဒိလိုနေလာခဲ့လို့ လဲ ခုချိန်ထိ ဖေဖေ့က ပင်စင်သာယူသွားတယ်။ အားလုံးရဲ့ လေးစားခြင်း
ကိုခံနေရတုန်းပါဘဲ။

ခုတော့ ဖေဖေအသက်ကြီးပါပြီ။ ဖေဖေပြောနေကျစကားလေးတစ်ခွန်းက ဖေကြီးဘ၀မှာ ဖေကြီးမိသားစုရှိရင် ဘာမှမလိုဘူးတဲ့။ မေမေကိုလဲအရမ်းချစ်သလို သားသမီးတွေပေါ်မှာလဲ တန်ဘိုးထားတဲ့ ဖခင်ကောင်း တစ်ယောက်ပါ။

ဒီမိသားစုနဲ့  ဘ၀သက်ဆုံးပျော်ရွှင်နိုင်ပါစေဖေဖေ။

4 comments:

ကိုတိုးလေး said...

အဖေများနေ့လေးအကြောင်းလာဖတ်သွားတယ်နော်။ အဖေဆိုတာ သားသမီးတွေရဲ့ရှေ့ကနေ အမြဲတမ်းရှိနေတပါပဲ။ အဆင်ပြေပါစေဗျာ။


ခင်မင်စွာဖြင့်


ကိုတိုးလေး

Anonymous said...

ကျေားပိုအိတ်လေး

ဖေဖေအကြောင်းလေးလာဖတ်တယ်

ကျေားပိုးအိတ်လေးကဆိုးလားဟင်

စိတ်ဆိုးနဲ့နော် အနားမှာ ထမင်းချိုင့်

ရှိနေလားဟင်??????????


ခုတလောကိုဒေးးးးးးးးးးးးးးးးးကြီးက

သိပ်မန့်ပုံ မရဘူးနော်းးးးးးးးတွေ့ရင်ပြေားပြပေးပါ


တ့တာခင်တဲ့
မြူး

Anonymous said...

ဖေချစ်သမီးလေး .. မိခင်ဖခင်ရဲ့ ကျေးဇူးကို သိတတ်လိမ္မာစွာနဲ့ ကျေပွန်စွာ ဆပ်နိုင်တဲ့ သမီးကောင်း အိတ်ကောင်းလေး ဖြစ်ပါစေ :)

Anonymous said...

:( i miss my father wanna go back