19:40
Posted by ကျောပိုးအိတ်
ကျွန်မ အလုပ်လုပ်ရာမြို့ လေးဆီက ကျွန်မငှားနေတဲ့အိမ်လေးပါ။ ဒီအိမ်လေးမှာ ကျွန်မနေလာတာ ၃နှစ်ကျော်ပါပြီ။
အစကတော့ အိမ်ကအရမ်းကျယ်တော့ ကြောက်ပါတယ်။ ခုတော့လဲ ကိုယ့်အိမ်ကိုယ့်ယာလိုဖြစ်နေတော့ ကြောက်တော့ပါဘူး။
အိမ်က အိပ်ခန်း၂ခန်းပါတယ်။ ဧည့်ခန်း ၊မီးဖိုဆောင် ၊ ရေချိုးခန် အိမ်သာ တွဲရက်။ တော်တော်ကျယ်တယ်။
အိမ်ရှေ့ မှာ မြေပိုနည်းနည်းရှိသေးတယ်တစ်ပတ်တစ်ခါအိမ်ရှင်းကြမ်းတိုက်ရင်တော့ လက်မောင်းပြုတ်မတတ်ဘဲ။

ဒါက အိမ်ရှေ့ ။ အဲအိမ်ရှေ့ မှာရပ်ထားတာ ကျွန်မဆိုင်ကယ်မဟုတ်ဘူးနော်။ အခြားအဖွဲ့ က ဆရာဝန်တစ်ယောက်
ရဲ့ ဆိုင်ကယ်။ သူခရီးသွားနေလို့  ကျွန်မအိမ်မှာ လာထားတာ။
ဘာမှမရှိသော ကျွန်မဧည့်ခန်း။
း)
ကျွန်မက မိန်းကလေးဆိုပေမယ့် သီချင်းနားထောင်ရင် အသံကျယ်မှ နားထောင်ပျော်တယ်။ ဆောင်းဘောက်စုတာဝါသနာပါတယ်။ ဒါပေမယ့် ဆောင်းဘောက်က သေးသေးဘဲကြိုက်တယ်။ အလှူအိမ်မှာလို အကြီးကြီးတွေကြိုက်ဘူးတော့။
း)
ဒါက ၀ါယာလက်လေးပါ။
း)
ကျွန်မရဲ့ ကွန်ပျူတာ။ ဒါလေးနဲ့ က အလုပ်လုပ်တယ်။
တစ်ခါတစ်လေ အိပ်ယာထဲမှာ ထဘို့ ပျင်းနေရင် လက်တော့လေးနဲ့ ဘဲ ဘလော့တွေလျှောက်လည်ဖြစ်တယ်။
း)
15:32
Posted by ကျောပိုးအိတ်
ပုဇွန်ဟင်းပါ။ ငရုတ်သီးနဲ့ ချက်ထားတာ။ပင်စိမ်းကတော့ နောက်မှအုပ်လိုက်တယ်။အနံ့ မွှေးအောင်။
း)
အစိမ်းကြော်။ ဒီတစ်ခါတော့ ဂေါ်ဖီထုတ်နည်းတယ်။ တော်တော်စုံတယ်။
း)
ကင်ပွန်ချဉ်ရွက်ဟင်းချို။ ကျွန်မအရမ်းကြိုက်တယ်။
း)
သစ်တိုသီးငါးပိချက်။ငါးခြောက်လဲပါသေးတယ်နော်။
း)
ကဲ….. စားလို့ ရပါပြီရှင်။ အားမနာနဲ့ နော်။ ကျန်သေးတယ်။
း)
ဒီနေ့ ကထုံးစံအတိုင်း ရုံးပိတ်တော့ ဖွယ်ဖွယ်ရာရာချက်စားဖြစ်တယ်။ ရုံးဖွင့်ရက်ကျတော့ သေချာမချက်ဖြစ်ဘူး။
ဒီလိုရုံးပိတ်မှ စားချင်တာစားရတော့တယ်။
22:25
Posted by ကျောပိုးအိတ်
အဟဲ ပြောပြီနော် ။ ငယ်ငယ်က ကျွန်မအရမ်းစွံပါတယ်။ ခုနဲ့ များ တခြားဆီပါ။း( (အဲဒိလိုဖြစ်မယ်များ ထင်နေပါသလား ) အဟဲး)
ကျွန်မက မိန်းကလေးကျောင်းထွက်ဆိုတော့ သိတဲ့အတိုင်းဘဲ ဆိုးပါတယ်။ မိသားစုထဲမှာ အလိုလိုက်အခံရဆုံးနဲ့  အဆိုးဆုံးပါဘဲ။ ၁ဆို ၁ဘဲ ။ ခုဆိုခုဘဲ။ အရာရာမှာ ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်တယ်။ အဲဒိလို ဆက်ဆံတတ် ဘို့  ဖေဖေနဲ့ မေမေက အမြဲသင်ပေးတယ်။
ဘာဘဲလုပ်လုပ် အိမ်ကိုဖွင့်ပြောတတ်တယ်။ တစ်နေ့  မှတ်မှတ်ရရ ၆တန်းနှစ်လောက်မှာ အ.ထ.က (၁) လသာ ကျောင်းက ကောင်လေးတစ်ယောက် ကျူရှင်အပြန်မှာ ကျွန်မကို ရည်းစားစာ ပေးတယ်။
ကျွန်မလဲ အိမ်ပြန်ရောက်တာနဲ့ မေမေရေ ဒီမှာ သမီးကို ကောင်လေးတစ်ယောက် ရည်းစားစာပေးလိုက်တယ်လို့  ပြောတော့ မေမေက မှန်းစမ်း ဖတ်ကြည့်ရအောင်တဲ့။ မေမေကလေ ဖတ်လဲပြီးရော ရယ်လိုက်တာ။ ကျွန်မလဲ ကြောင်နေတယ်။ ဒီလောက်ရယ်ပုံထောက်ရင် ငါ့ကိုပေးတာ ရည်းစားစာမှဟုတ်ရဲ့ လားပေါ့။
ကောင်လေးရေးထားတာက ချစ်သူရဲ့ မျက်လုံးတွေက ပုလဲလုံးလေး စီထားသလိုဘဲတဲ့။ အဲဒိတော့ မေမေက ဘာပြောလဲသိလား။
ဒီကောင်လေးက ငါ့သမီးကို မျက်စိတိမ်စွဲနေတဲ့သူများ မှတ်နေလားမသိဘူးတဲ့။ ပထမတော့ သဘောမပေါက်ဘူး။ နောက်မှ မေမေပြောပြမှ ကျွန်မလဲရယ်လိုက်ရတာ။
ဟုတ်တယ်နော်။ ဘယ်နှယ့် ချစ်သူရဲ့ မျက်လုံးလေးက ပုလဲလုံးလေးတွေ စီထားသလိုဘဲဆိုတော့ အကုန်ဖြူ နေတော့ တိမ်စွဲနေသလိုလို ဘာလိုလိုနဲ့ ။
ဟားဟားဟား
း)
07:37
Posted by ကျောပိုးအိတ်
ကျွန်မရဲ့ စိတ်က အရမ်းမြန်တယ်။ ပါးစပ်ကလဲပြော လက်ကလဲလုပ်တတ်တယ်။ ပြီးတော့ ကျွန်မရဲ့ စိတ်က သိပ်မြန်နေတော့ တစ်ခါတစ်ခါ ကျွန်မကိုယ်တိုင် လိုက်မမှီချင်ဘူး။ ကွန်မရဲ့ စေတနာ့ဝန်ထမ်းတွေဆို ပိုဆိုးပါတယ်။ နဂိုကမှ အတွေ့ အကြုံ နည်းရတဲ့အထဲ ကျွန်မက စိတ်တိုင်းမကျလို့ အော်လိုက်ရင်ပိုပိုဆိုးတယ်။ ဘာမှကို မလုပ်တတ်ကြတော့ဘူး။
ပြီးတော့ ကျွန်မက သိပ်ပြီးအသန့် ကြိုက်တယ်။ ကျွန်မအလုပ်စားပွဲ ၊ ကျွန်မအိမ် ဖုန်တတ်နေရင် မကြိုက်ဘူး။ လူကသာရုပ်ဆိုးအကျဉ်းတန်တာ အရာအားလုံးက လှနေမှကြိုက်တာ။ သန့် နေမှကြိုက်တာ ။ စတိုင်လ်ကျနေမှ။
ခုတော့ အသက်လေးကလဲရလာ (တရားသံနည်းနည်းပါလာပြီ) တယ်ဆိုတော့ ငယ်ငယ်တုန်းကလို ဘယ်စိတ်မြန်ပါတော့မလဲ။ မေ့တတ်လာတယ်။ အနည်းဆုံး ၂ခေါက်လောက် ပြန်သတိပေးမှ ရတော့တယ်။ သြော် ဇရာဇရာ (ဘာမှလဲမဆိုင်ဘူးနော်) ။ တစ်ခါတစ်လေ ဘာပြောလို့ ပြောမိမှန်းတောင် မသိတော့ပါဘူး။
အဖြစ်ကဒီလို။ စနေနေ့ က ကျွန်မသတင်းစာဖတ်တယ်။ ထုံးစံအတိုင်း မင်္ဂလာဆောင် သတင်းတွေအရင်ဖတ်။ အသိတွေထဲက ဘယ်သူတွေစွံကုန်ပြီလဲ။ ဘာညာပေါ့။ ပြီးရင်တော့ နာရေးသတင်းဖတ်တယ်။ ဘယ်သူတွေ လူ့  ဘ၀က ကျွတ်ကုန်ပြီလဲဆိုလဲ။
အဲဒိမှာ စမှားတော့တာဘဲ။ နာရေးသတင်းဖတ်လိုက်တော့ ကျွန်မဆရာမရဲ့  (နောက်ဆုံးနှစ် အင်္ဂလိပ်စာ သင်ပေးတဲ့ ကျူတာ မမ) ယောကျာင်္းဆုံး တယ်ဆိုတာ ပါလာတယ်။ ဒီတော့ ဘေးမှလဲ မေမေရှိနေတာနဲ့ ဘာရယ် မဟုတ်လှမ်းပြောလိုက်တယ်။
မေရေ သမီးကို ကားသော့နည်းနည်းပေးပါ ပိုက်ဆံသွားမယ်လို့ ပြောတော့ မေမေက ဘယ်ဂြိုလ်သားစကားနဲ့  ပြောနေတာလဲ နားမလည်ဘူးတဲ့။ ကျွန်မက သတင်းစာဖတ်ရက်နဲ့ ပြန်ပြောလိုက်တယ်။ သြော် မေမေရယ် ဒီလိုလေ သမီးယောကျာင်္းရဲ့ ဆရာမ ဆုံးသွားတယ်။ အဲဒါသတင်းလဲမေးရင်း ကူငွေထည့်ခဲ့မလို့ ပါလို့ ပြောလိုက်မှ ကျွန်မမေမေ ရင်ဘက်စည်တီးတော့တယ်။
မေမေက ဘာပြောတယ် ပြန်ပြောစမ်း ပြန်ပြောစမ်း။ သမီးယောကျာင်္းရဲ့ ဆရာမ ဟုတ်လား။ နေစမ်းပါဦး။ မိဘအုပ်ထိန်းမှုအောက်မှာ နေနေတဲ့ သမီးက ယောကျာင်္းဘယ်တုန်းက ရသွားတာလဲတဲ့။ မေမေ့သမီးက အပျိုမဟုတ်ဘူးလား။ ဘယ်တုန်းက အိမ်ကမသိအောင် ယောကျာင်္းတစ်ယောက် ကောက်ယူလိုက်တာလဲတဲ့။
ငိုအားထက်ရယ်အားသန်ခဲ့ရပါတယ်။ တကယ်တော့ ကျွန်မစိတ်လောပြီးပြောလိုက်တာပါ။ ကိုယ်ပြောလိုက်တဲ့ စကားကိုတောင် ကိုယ်ပြန်မေ့သွားတယ်။ အဟီး…………..
ပထမ ကျွန်မတောင်းတာက ကားနည်းနည်းပေးပါ ပိုက်ဆံသွားမယ်လို့ ပြောတာ အကယ်ပြောချင်တာက ပိုက်ဆံနည်းနည်းပေးပါ။ ကားသော့ရောဘဲပေးပါလို့ တောင်းတာ။း)
ဒုတိယ ကျွန်မပြောချင်တာက သမီးဆရာမရဲ့ ယောကျာင်္းဆုံးတာလို့ ပြောတာ။ တကယ်ပြောဖြစ်တာက သမီးယောကျာင်္း
ရဲ့ ဆရာမတဲ့လေ။
အဲဒိလိုလွဲတာ။
မနေ့ ကလဲ နှာခေါင်းအုပ် အုပ်ထားပြီး မုန့် စားတာ စားတဲ့မုန့် က ပါးစပ်ထဲမ၀င်ဘဲ ဘာနဲ့ ခံနေပါလဲ ကြည့်လိုက်တော့ နှာခေါင်းအုပ် အုပ်ထားပြီး မုန့် စားနေတယ်။
သွားပြီနဲ့ တူတယ်နော်။
08:14
Posted by ကျောပိုးအိတ်
ဒီနေ့ က ကျွန်မခင်တဲ့  မော်စကိုမှာ ကျောင်းတတ်နေသော ကောင်လေးတစ်ယောက်(ဟန်လေး)
ရဲ့ မွေးနေ့  လေးပါ။ သူနဲ့  စကားပြောရတာ ကလေးတစ်ယောက်နဲ့  စကားပြောနေရသလို။ အရမ်းကို ဖြူစင်ပါတယ်။ သူ့  စကားတွေထဲမှာ ဘာအရောင်မှမပါဘူး။
ဒါပေမယ့် တစ်ခါတစ်ခါ လူကြီးစကားတွေပြောတတ်တယ်။ အထူးသဖြင့်ပေါ့ …… သူအရမ်းချစ်တဲ့ သူမနဲ့  ပတ်သက်လာရင် စကားတွေက ရင့်ကျက်တယ်။ သူမနဲ့ ပတ်သက်လာရင် မမောနိုင်မပန်းနိုင်ပြောတတ်တယ်။
ကျွန်မနဲ့ တွေ့ တိုင်း ညည်းကလဲ ကျုပ်ကိုအေ့ ဘာညာနဲ့ ပြောတတ်တယ်။ ပြီးရင်ရန်စတယ်။ ကျွန်မကလဲ အနိုင်မခံပါဘူး။ သူအရမ်းချစ်တဲ့သူမကို ဝေဖန်ရင် သူဆွေ့ ဆွေ့ ခုန်ပြီ။ ကျွန်မကလဲ ဒီလိုနိုင်ကွက်နဲ့  အနိုင် ယူနေရတာ။
ဒီနေ့ တော့ အသက်က ၂၃နှစ်ပြည့်သွားပါပြီ ။ မြန်မာခုနှစ်ရော အင်္ဂလိပ်နှစ်ပါ ရက်ရော လရော တစ်ထပ်ထဲ ကျပါတယ်။
၂၃နှစ်ပြည့်မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ဖွယ်မွေးနေ့ တိုင်းကို အတားအဆီးမယ့် ဖြတ်သန်းနိုင်ပါစေ။ နိုင်ငံအတွက် ၊ မိသားစုအတွက် ၊ ချစ်သူအတွက် သူရဲကောင်း တစ်ယောက် ဖြစ်ပါစေ။ရှေ့ ဆက်ပြီး အလွမ်းတွေ ကင်းဝေးပါစေ။
ချစ်တဲ့သူနဲ့  ဘ၀သက်ဆုံး ပေါင်းသင်းရပါစေ……. လို့ ။
သူ့ အိမ်မှာ မွေးနေ့ အတွက် မုန့် ဟင်းခါးကျွေးမယ်ဆိုဘဲ။ ညက ခဏတတ်လာပြီး သတင်းပေးလာတယ်။ အိမ်ရှင်မလုပ်ဦးမယ်တဲ့။ တကယ်တော့ မှားတာ အဲဒါက။ ဘယ်နှယ့်ယောကျာင်္းဖြစ်ပြီး အိမ်ရှင်မတုန်း။ အိမ်ရှင်ထီးကွ။ ဟားဟားဟား။
18:08
Posted by ကျောပိုးအိတ်
ဘဲဥပြုတ်
း)
ပဲသီး၊ နံနံက်ပင်၊ရှောက်သီး၊ငရုတ်သီးမှုန့် ၊ကြက်သွန်နီ အဲဒါတွေထည့်စားနော်
း)
အုန်းနို့ ဟင်းရည်ပူပူလေးပါ။ ဘဲသွေးပါထည့်ချက်ထားတယ်။ စားကောင်းတယ်နော့။ မယုံမရှိနဲ့ ။
း)
ခေါက်ဆွဲဖတ်။ ဒီကခေါက်ဆွဲဖတ်တွေက တော်တော်ဝါပါတယ်။ ရန်ကုန်ခေါက်ဆွဲလောက်တော့ ဘယ်ကောင်းပါ့မလဲ။
း)
အားလုံးစုံပြီးနော်။ စားလိုက်ကြရအောင်။
း)
ဒီနေ့ အုန်းနို့ ခေါက်ဆွဲ ချက်စားဖြစ်တယ်။ အားလုံးကိုသတိတရနဲ့ ဧည့်ခံလိုက်တယ်နော်။
သွေးတိုးမှာမပူနဲ့ နော်။အုန်းနို့ ရည်လျှော့ထားတယ်။ ကျွန်မစားတာ ၃ခါရှိပြီ။
ဒါပြီးရင်ထပ်စားဦးမှာ။ အဟီးးးးးးးးးး