မွေးနေ့  ဆုတောင်း

09:21 Posted by ကျောပိုးအိတ်


ဒီနေ့  အိပ်ယာက နိုးတော့ စိတ်ထဲမှာ လန်းဆန်းနေတယ်။ နေရောင်ခြည်ကလဲ မထွက်သေးတော့ အေးအေးလေးနဲ့  နေလို့  အရမ်းကောင်းပါတယ်။

ဒီနေ့ က ကမ္ဘာကြက်ခြေနီနေ့ ။ လူတွေတော်တော်များများ သိတဲ့ အမှတ်တရနေ့ လေးပေါ့။ ဒီလို အားလုံး အမှတ်ရနေတဲ့နေ့ လေးမှာ ထူးထူးခြားခြား ကောင်လေးတစ်ယောက်ကို ဟိုးးးးးးးးးးးးးးး လွန်ခဲ့တဲ့ ၂၄နှစ်ကျော်မှာ မိခင်တစ်ယောက်က အသက်နဲ့ ရင်းပြီး မွေးဖွားသန့် စင်ခဲ့လို့  လူ့ လောကထဲ ရောက်လာခဲ့ပါတယ်။

ဒီကောင်လေးနဲ့  ကျွန်မနဲ့ က ပြောမနာ ဆိုမနာ သူငယ်ချင်း အရင်းခေါက်ခေါက်တွေပေါ့။ ကျွန်မရဲ့ တစ်ခါတစ်ရံ ရှုပ်ထွေးလှတဲ့ လူမှုရေးပိုင်း၊ ပညာရေးပိုင်း၊ အလုပ်အကိုင်ပိုင်းတွေမှာ စိတ်ညစ် စိတ်ရှုပ်ခဲ့ရရင် အများဆုံး ဖွင့်ဟ တိုင်ပင်ခဲ့တဲ့ ကျွန်မရဲ့  လစာမဲ့ အကြံပေး အရာရှိပေါ့။တစ်ခါတစ်လေ ဘယ်လိုမှ မခံစားနိုင်တော့လို့  မျက်ရည်ကျမိရင် သူက ကျွန်မရဲ့  အခမဲ့ အားပေးဖော် ဖြစ်လာတယ်။

သူနဲ့ ကျွန်မနဲ့ ကြားထဲမှာ လျှို့ ဝှက်ထားတာ ဘာမှမရှိသလောက် အမြဲဖွင့်ပြောခဲ့တယ်။ ကျွန်မစိတ်ကောက်ရင်လဲ စိတ်ရှည်ရှည်နဲ့  ချော့တတ်တယ်။( ဒါကျွန်မအထင်ပေါ့။ ဟိုဘက်ကနေ ဘယ်လောက်များ ခေါင်းမာတဲ့ ကျွန်မကို ပြေးကန်ခြင်နေလဲ မသိ။ )  ;P  စပြီးစကားပြောရင် အမြဲရန်ဖြစ်ရတယ်။ သူကကျွန်မထက် ငယ်ပေမယ့် ကျွန်မထက်ရင့်ကျက်တယ်။

အပျော်တွေနဲ့  အမြဲပြည့်နေတဲ့ အဲဒီကောင်လေးက ကဗျာတွေကိုလဲ တော်တော်များများရေးပါတယ်။သူ့ ရဲ့ အိမ် လေးက ကဗျာတွေလဲ ပြည့်လို့ ။ တစ်ခါတစ်လေ အားမနာတမ်း သူ့ ကိုဝေဖန်မိတယ်။ နင့်ကဗျာတွေကို အမှန်တိုင်း ပြောရရင် တစ်လုံးမှ နားမလည်ဘူး ။ အမှားအတိုင်း ပြောရရင် ဘာတွေဖွဲ့ နေတာလဲလို့  ပြစ်ပြစ် နှစ်နှစ် ဝေဖန်ခဲ့ပေမယ့် တစ်ချက်အပြုံးမပျက်ခဲ့ဘူး။

သူက ဘယ်သူလဲဆိုတော့ မိုးစက်အိမ်လို့  ခေါ်တဲ့ ကောင်လေးတစ်ယောက်ပေါ့။ အရပ်ရှည်တယ်။ စိတ်ရှည်တယ်။ လျှာရှည်တယ်။ အဟိ။(ကျွန်မကိုဆို ဆရာကြီးလေသံနဲ့  တရားဟောတတ်လို့ ) ဒီလိုအစစ ကောင်းခဲ့တဲ့ ကျွန်မသူငယ်ချင်းလေးကို ကျွန်မ အရမ်းခင်ပါတယ်။ ကမ္ဘာကြီးနဲ့ တစ်ထောင့်တစ်နေရာ ဘယ်နေရာဘဲရောက်ရောက် ကျွန်မ အမြဲသတိရနေမယ့် သူငယ်ချင်းစာရင်းထဲမှာ သူကထိပ်ဆုံးကပေါ့။

မိုးစက်အတွက် မွေးနေ့ ဆုတောင်းလေးကို မတောင်းတတ်တောင်းတတ်နဲ့  ကျွန်မဆုတောင်းပေးချင်တယ်။
သူ့ အိမ်မှာ ဘာကျွေးမလဲတော့ ကျွန်မ မသိဘူး။မွေးနေ့ ရှင်က မေ့နေလား မသိဘူးနော်။  ကျွန်မအိမ်မှာလဲ ကျွေးစရာက မရှိဘူး။ အဟိ ။

ဒီချိန်ဆို မော်စကိုမြို့ မှာ ကွေးပြီး ဂန့် နေလောက်ပြီ။ အဲလေ ကွေးပြီးအိပ်နေလောက်ပြီ။ သူ့ အိပ်မက်တွေထဲမှာ မွေးနေ့ ပွဲတောင် ကျင်းပချင် ကျင်းပနေမှာ။( ဂါဝန်အဖြူရောင်လေးဝတ်လို့ ။ အွန် ။ မဟုတ်သေးပါဘူး။ ဂါဝန်က မိန်းကလေးတွေဝတ်တာ။ မွှားသွားတယ်။ )မွေးနေ့ လေးကို ပျော်စရာ ကဗျာလေးတွေ ဖန်တီးနေချင်နေမှာ။

မိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး စက်ရေ
မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာ ချစ်တဲ့သူတွေနဲ့ အတူတူ မွေးနေ့ တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ။
တိုင်းပြည်အတွက်…
မိသားစုအတွက်…
ချစ်သူအတွက်…
သူငယ်ချင်းအတွက် ………………… အားကိုးရလောက်တဲ့ သားကောင်းဇာနည်တစ်ယောက် ဖြစ်ပါစေရှင်။
ဘ၀မှာ တောင်းတတိုင်း ရပြီး ပျော်လေရာဌာနေမှာ လိုရာပြည့်စုံနိုင်ပေါစနော်။
ဘ၀နဲ့ ဆန္ဒ တစ်ထပ်တည်း ဖြစ်ပေါစေ။

အင်မတန်ချော အင်မတန်လှ သဘောဖြူ မနောဖြူတဲ့ အိမ်သူသက်ထားနဲ့  အမြန်ဆုံးတွေ့ ဆုံနိုင်ပေါစေ။
မွေးနေ့ မှာ အိမ်ကိုဖုန်းဆက်ဦးနော်။ နင့်မေမေကို ကန်တော့လိုက်ဦး။ ကြားလား။ (ကြားဖြတ် ဆရာပြန်လုပ်ခြင်း)
း)))))

ဒီနေ့ အတွက် စားခဲ့သမျှ

20:40 Posted by ကျောပိုးအိတ်

ဒါက ဘာလဲဆိုတော့ ဘာလဲဟင် ပြန်မေးတာ (မေ့နေလို့ ကိုယ့်ကို ပြန်မေးတာနော်)
း)
                              ဂေါ်ရခါးညွှန့် (စာလုံးပေါင်း မှားနိုင်ပါတယ်)ကို ခရုဆီနဲ့  ကြော်ထားတာ
                           (တော်တော်စားကောင်းတယ်၊ နောက်ဆုံးမှာ ပြောင်နေအောင်ကို စားခဲ့တယ်)


 

                                                  ဒါက ဟင်းရည်
                ဘာတွေပါလဲဆိုတော့ ဂေါ်ရခါးညွှန့် ရယ်၊ ပန်းဂေါ်ဖီရယ်၊ခ၀ဲသီးရယ်၊မှိုရယ်၊ငရုတ်ကောင်း
                 အညွန့် ရယ်၊ဆန်မှုန့် ရယ်၊ပင်စိမ်းရွက်ရယ်။ ရုတ်တရက် စားလိုက်တော့ ကရင်ရိုးရာ               တာလပေါ့ ပုံစံတိုင်းဘဲ အရသာက။စပ်တယ်။


 
                                                            ဒါက ငါးကို အပွကြော်ထားတာ။
                                       သရက်သီးရယ်၊ငရုတ်သီးစိမ်းရယ်၊မုန်လာဥနီရယ်၊ကြက်သွန်နီရယ်
                                        တော်တော်စားကောင်းတယ်။ အရသာက ချဉ်တယ် ချိုတယ်။
                             နောက်ဆုံးမှာ ငါးခေါင်းဘဲ ကျန်တယ်။ ဒါတောင် ကိုက်ရမှာ ရှက်လို့  မကိုက်ခဲ့တာ။

တစ်နေ့ တစ်နေ့  နေက ဆိုးရွားစွာ ပူပူလာတယ်။ လုံးဝမရွာသေးဘူးဆိုပြီးတော့ မာနကြီးစွာ မိုးကလဲ ခုချိန်ထိ တင်းခံထားတယ်။ပိတောက်ဖူးတွေလဲ တစ်ပင်လုံးမှာ စိမ်းစိုနေပြီး သူ့ ကို အကြင်နာမိုးတွေ ရွာသွန်းပေးမယ့်
မိုးကို စောင့်မျှော်နေရှာတယ်။

ဘာမဆိုင် ညာမဆိုင် ခုတလော နေရာတော်တော်များများမှာ ကြားနေရတဲ့ သီချင်းထဲကလို
မိုးရိပ် မြင်တိုင်းလွမ်းတယ် ရာမညတိုင်းဆီ ပြန်လာပါဆိုတဲ့ သီချင်းထဲကလိုမိုးရိပ်မြင်ရင် အရမ်းပျော်ပါတယ်။ ဒါပေမယ့် လေတိုက်လို့  အဲဒီမိုးရိပ်က လေနဲ့ အတူပါသွားရင်တော့ စိတ်ထဲမှာ မတင်မကျနဲ့ ။

နေကပူတော့ ဘာစားရင်ကောင်းမလဲလို့  တွေးနေမိတယ်။ စားချင်တာက ချဉ်ချဉ်စပ်စပ် ။ အဲဒီလို တမ်းတမိတော့ ရုံးက လုပ်ဖော်ကိုင်ဖက်တွေကစကြတယ်။ တာမီး သင်္ကြန်ရန်ကုန်ပြန်တာ ရိုးမှ ရိုးရဲ့ လားတဲ့။ ချစ်သူနဲ့ လဲ တွေ့ ခဲ့ရတယ်ဆိုတော့ မှန်မှန်ပြောစမ်းတဲ့။အခုလဲ ချဉ်ချဉ်စပ်စပ်တွေ စားချင်တယ်ဆိုတော့ တာမီးးးးးးးးးးးးးးးး နော်တဲ့။

သင်္ကြန်ပြန်တယ် ။ ဒါကလဲ နှစ်တိုင်းပြန်နေကြဘဲဟာဘဲဟာကို။ ချစ်သူနဲ့ တွေ့ တယ်လေ။ တကယ့်ကို ဘာမှ မလုပ်ခဲ့ပါဘူး။ ကျိန်ဆိုကျိန်ပြောရဲပါတယ်။
း)
လက်လေးတောင် မကိုင်ခဲ့ပါဘူး။ တာမီးက ကိုင်စေချင်တာတောင် ကိုယ်တော်ချောက ကိုင်ဘူးတော့ (ရှင်းပြရတာ ရှက်တောင် ရှက်လာပြီ)
း)

ထမင်းစားလဲ မ၀င်ဘူး။ (တကယ်တော့ နေပူလို့ ပါ)
ဒီတော့ ထုံးစံအတိုင်း အစားအသောက် မီးလိုတောက်ဆိုတဲ့ အတိုင်း နေဘယ်လောက်ဘဲ ပူနေပါစေ ထမင်းဆိုင်ကို တတ်ကြွသော ခြေလှမ်းများနဲ့  အားကြိုးမာန်တတ် ချီတတ်ပြီး စားခဲ့ပါတယ်။

ဒီနေ့  ထမင်းတွေ (တကယ်တော့ ဟင်းတွေ) အများကြီးစားခဲ့တယ်။
အရမ်းးးးးးးးးးးးးးးးးးးးးးးးး စားကောင်းတယ်။
း)

၆.၅.၂၀၁၀

လှသော အရိုင်းပန်းလေးတစ်ပွင့်

15:36 Posted by ကျောပိုးအိတ်

နေပူလွန်းတဲ့ ဧပြီလရဲ့  သောကြာနေ့ မှာ သူမကို ဆေးခန်းတစ်ခုမှ ကျွန်မတွေ့ ခဲ့ပါတယ်။ ညိုသောအသားအရည်နဲ့  ရှည်လျှားသော ဆံပင်တွေကြောင့် သူမရဲ့ အလှဟာ ပိုပြီး ပေါ်လွင်စေတယ်။ သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးတာကြောင့် တခဏအတွင်းမှာ သူနဲ့ ကျွန်မ ရင်းနှီးသွားခဲ့တယ်။

အနီးကပ်ကြည့်မှ တော်တော်လေးချစ်စရာကောင်းတာကို ကျွန်မလက်ခံမိတယ်။ သူမရဲ့ ပါးပြင်ပေါ်မှာတော့
မခို့  တရို့ သနပ်ခါးလေးတွေက နေရာယူလို့ ။ စကားပြောရင်လဲ တိုးညှင်းသော အသံလေးနဲ့ အေးချမ်းစွာ ပြောတတ်တယ်။

သူမနာမည်က မသက်မွန်တဲ့။ အသက်က ၂၄နှစ်။ မြန်မာပြည်ရဲ့ တစ်ခုသော နေရာက ထိုင်းနိုင်ငံထဲကို တရားမ၀င်သောနည်းနဲ့  ရောက်ရှိလာတဲ့ ရိုးရိုးသာမန် မိန်းကလေးတစ်ဦးပါ။ ထိုင်းနိုင်ငံထဲကို ရောက်နေတာ သူမ အသက် ၁၈နှစ်ထဲကနေ ပွဲစားတစ်ဦးနဲ့ လိုက်လာပြီး ကြုံရာ ကျပန်းအလုပ်တွေ လုပ်နေခဲ့ရတယ်။ လစာက မဖြစ်စလောက်လေးနဲ့  လောက်ငှအောင် သူမချွေတာခဲ့တယ်။

လေဖြတ်ထားတဲ့မိခင်ရယ် ၊ ငယ်ရွယ်လွန်းသေးတဲ့ မောင်နှမတွေရယ် ၊ အလုပ်အကိုင် မယ်မယ်ရရ မလုပ်ဘဲ
နေ့  တိုင်းအရက်ထိုင်သောက်တတ်တဲ့ ဖခင်ရယ် ကြားထဲမှာ သူမက သမီးအကြီးဆုံးဆိုတော့ အိမ်ရဲ့  တာဝန်တွေ အားလုံး သူမသာလျှင် ဦးဆောင်ဖြေရှင်းခဲ့ရတယ်။

ထိုင်းနိုင်ငံမှာ ရတဲ့အလုပ်လုပ်ကိုင်ရင်း သူမအတွက် မဖြစ်စလောက်ငွေလေးချန်ထားတတ်ပြီး မိသားစုကို အသက်နဲ့ 
မမျှအောင်စောင့်ရှောက်ရှာဖွေ ကျွေးမွေးခဲ့တာကြောင့် သူမရွာထဲမှာ အားလုံးရဲ့  အားကျခြင်းကို ခံခဲ့ရပါတယ်။

ဒီလိုနဲ့ သူမအလုပ်လုပ်ကိုင်ရင်း မင်းသူလို့ ခေါ်တဲ့ ကောင်လေးတစ်ယောက်နဲ့ အကြောင်းပါခဲ့တယ်။ အိမ်ကို အတိအကျဖွင့်ပြောပြီး သူမအဲဒီကောင်လေးနဲ့ လက်ထပ်လိုက်တယ်။ ကောင်လေးနဲ့ လက်ထပ်ပြီး သိပ်မကြာခင်မှာ ကောင်လေးက တရှောင်ရှောင်နဲ့ ဖြစ်လာတယ်။ နောက်တော့ ကောင်လေးမှာ တီဘီရောဂါကူးစက်ခံရပြီး အလုပ်ကနေ နားလိုက်ရတယ်။

သူမမှာ စားဝတ်နေရေးအတွက် အလုပ်တွေ ပိုလုပ်ခဲ့ရတယ်။ ဒါပေမယ့် သူမ ပင်ပန်းလွန်းလို့  တစ်ခါမှ မငြူးငြူမိခဲ့ပါဘူး။ သူမတစ်နေကုန် အလုပ်လုပ်တယ်။ အိမ်ပြန်ရောက်တာနဲ့ ရေတစ်ခွက်သောက်ပြီး ညစာအတွက် ပြင်ဆင်တယ်။ ခင်ပွန်းသည်ကိုလဲ ရတဲ့အချိန်လေးမှာ ပြုစုတယ်။

သူမ ပျော်ပါတယ်။ ဘာလို့ လဲဆိုတော့ သူမကို အားကိုးတဲ့ မိသားစုရှိတယ်။ သူမကို အရမ်းချစ်တဲ့ သူမ ခင်ပွန်းရှိတယ်။ သူမကို စာနာနားလည်တဲ့ လုပ်ငန်းခွင်က သူငယ်ချင်းတွေရှိနေတာကြောင့် ဘယ်လောက်ဘဲ ပင်ပန်းပါစေ သူမ အပြုံးမပျက်ခဲ့ပါဘူး။

ဒီလိုနဲ့ သူမ တစ်ဖြေးဖြေး ပိန်လာတယ်။ စိတ်ထဲမှာလဲ အလုပ်ပင်ပန်းလွန်းလို့  ၊ အစားအသောက် မမှန်လို့  ၊ အိပ်ရေး မ၀လို့  ပိန်သွားတယ်ဘဲသူမထင်ခဲ့တယ်။ နောက်တော့ သူမပါ အနည်းငယ်ချူခြာလာတယ်။ နောက်ပိုင်း အလုပ်လုပ်ရင် မောလာတယ်။ သူမထင်တာ သူမခင်ပွန်းဆီက တီဘီရောဂါ သူမကို ကူးနေပြီလို့ ထင်ခဲ့တယ်။

နောက်တော့ သူမစိတ်ထဲ တစ်ခုခုသိရအောင်ဆိုပြီး အလုပ်ကနေ ခွင့်ယူကာ သူမဆေးခန်းတစ်ခုကို သွားပြခဲ့တယ်။ဆေးခန်းမှာ လိုအပ်တဲ့ စမ်းသပ်မှုတွေပြုလုပ်ပြီတဲ့ အချိန်မှာ သူမအတွက် ပြင်းထန်တဲ့ ရိုက်ချက်တစ်ခုကို သူမရရှိလိုက်တယ်။

သူမမှာ HIV ပိုးရှိနေတယ်တဲ့။ သူမကြားကာစက သူမနား သူမ မယုံခဲ့ဘူး။ ထပ်ကာထပ်ကာ ပြောပြလာတဲ့ ဆရာမကို သူမမျက်လုံးအပြူးသားနဲ့  နားထောင်နေခဲ့တယ်။ သူမကို ဘာတွေပြောနေတာလဲ။သူမ ဘာတစ်ခုမှ မကြားရတော့ဘူး။ ကမ္ဘာလောကကြီးတစ်ခုလုံး အဲဒီအချိန်မှာ မှောင်မိုက်သွားခဲ့ပါပြီ။

ကျွန်မကို ရင်ဖွင့်နေတဲ့ အချိန်တွေမှာ သူမလုံးဝ မငိုခဲ့ဘူး။ လူများလို့  မငိုတာလား၊ ဒီအဖြေကို လက်မခံချင်သေး တာကြောင့် မငိုသေးတာလား၊ဒါမှမဟုတ် သူမငိုဘို့ များ မေ့နေတာလားဆိုတဲ့ တိကျတဲ့ အဖြေတစ်ခု ကျွန်မ မသိခဲ့ပါဘူး။

နောက်တော့ ကျွန်မလဲ သူမရဲ့ နောက်ကြောင်းကို မေးကြည့်တယ်။မေးကြည့်တော့ သူမမှာ သူမယောကျာင်္းနဲ့ ဘဲ ဆက်ဆံခဲ့ပေမယ့် သူမခင်ပွန်းကတော့ လူပျိုဘ၀မှာ တော်တော်လေးရှုပ်ခဲ့တယ်လို့ သူမကြားကြောင်း ပြန်ပြော လာတယ်။

သူမနဲ့ ကျွန်မ အဲဒီနေ့ လေးမှာ စကားတွေ အများကြီးပြောဖြစ်ခဲ့တယ်။ သူမခင်ပွန်းကို ဖွင့်ပြောမလား ဆိုတာ ကျွန်မကမေးတော့ သူမခင်ပွန်းက လွန်ခဲ့တဲ့ ရက်ပိုင်းမှာ သွေးစစ်ထားတယ်။ သူမခင်ပွန်းမှာလဲ ရောဂါပိုးရှိနေတာကို သူမ သိတယ်တဲ့။ နောက်တော့ သူမပြန်ပြီး နားသင့်နေပြီလို့  ကျွန်မကပြောတော့ ယဉ်ကျေးစွာနဲ့  ဟုတ်ကဲ့ပါရှင်တဲ့လေ။ နောက်တော့ ကျွန်မက ပြန်ပို့ ပေးမယ်ပြောပြီး သူမကို ခေါ်လာခဲ့တယ်။

လမ်းတစ်ဝက်ရောက်တော့ သူမက ကျွန်မကို HIV နဲ့ ပတ်သက်တဲ့ အကြောင်းတွေ မေးလာတယ်။ ကျွန်မကလဲ သူမမေးလာသမျှကို သိသလောက်ကြားမိသလောက် ပြန်ပြောပြနေတယ်။ နောက်တော့သူမက ဘာမပြော ညာမပြောနဲ့  ကျွန်မကိုဖတ်ပြီး ငိုတယ်။ ငိုတယ်ဆိုတာထက် ငိုဘို့ အားယူနေတယ်ပြောရင် ပိုမှန်မလားဘဲ။

ကျွန်မက သူ့ ကျောလေးကို အသာပုတ်ပြီး ငိုချလိုက် ညီမလို့ ပြောတော့မှ သူမ အားရပါးရ ငိုချလိုက်တယ်။ သူမငိုချချင်းအပေါ် ကျွန်မဘေးနားကနေ ကြည့်ပြီး စိတ်ထဲမှာ မသက်မသာခံစားလာရတယ်။ သူမကို အကောင်းဆုံး အကြံဥာဏ်ပေးနိုင်အောင် ကျွန်မ အများကြီးစဉ်းစားရတယ်။

နောက်တော့ ကျွန်မ သူမနဲ့ မတွေ့ တော့ဘူး။ မတွေ့ တော့တာကလဲ သင်္ကြန်အတွက် ခွင့်ရက်ရှည်ယူပြီး မြန်မာနိုင်ငံ ပြန်လာနေတဲ့အချိန်မှာ သူမနဲ့  ခေတ္တအဆက်သွယ် ပြတ်ခဲ့ရတယ်။နောက်တော့ ကျွန်မခွင့်ရက်ကုန်လို့  ဒီကိုပြန်လာပြီး သူမအတွက် ဘာတွေ လုပ်ပေးနိုင်မလဆိုပြီဲး ကျွန်မ မပြီးဆုံးသေးတဲ့ အဖြေတစ်ခုကို နေ့ ရောညပါ စဉ်းစားခဲ့မိတယ်။

စဉ်းစားမိတဲ့အထဲကနေ အကောင်းဆုံးလို့ ယူဆရတဲ့ အတွေးတစ်ခု ကျွန်မမှာရှိနေချိန် သူမကိုဆက်သွယ် လိုက်တော့ သက်မွန်ဆုံးသွားပြီတဲ့။ ကိုယ့်ကိုသတ်သေလိုက်တယ်တဲ့။ ကျွန်မမှာ အံ့သြလွန်းလို့  ဘာပြောရမှန်းတောင် မသိတော့ဘူး။ သူမဘာကြောင့် အဲဒီလို လုပ်သွားတာလဲ။ သူမေယာက်ာၤးကေရာ မတားဘူးလား။ သူမထင်ထားတဲ့ သူမအတွက်အကောင်းဆုံးဖြေရှင်းနည်းက ဒါပါလာလို့  ဘာလို့ မှားယွင်းပြီး စဉ်းစားသွားတာလဲ။

ကျွန်မလေ ဘာဆက်ပြောရမှန်းတောင် မသိတော့ပါဘူး။ သူမလိုငယ်ရွယ်တဲ့သူတွေ ဒီလိုအဖြစ်ဆိုးတွေနဲ့  ဘယ်လောက်ထိတောင် ကြုံနေရပြီလဲ။ ကျွန်မ သက်ပြင်းရှည်ကြီးချပြီး ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ နောက်တော့ မျက်စိစုံမှိတ်ပြီး သူမအတွက် သူမကြားနိုင်လောက်မယ်ထင်ပြီး ကျွန်မပြောမိတယ်။

မိဘကိုလုပ်ကျွေးခဲ့တဲ့ ကုသိုလ်တွေကြောင့် နောက်ဘ၀တွေမှာ လူဖြစ်ခဲ့မယ်ဆို ဒီလိုအဖြစ်ဆိုးမှ ကင်းဝေးနိုင်ပါစေ…………………………….လို့ ။

နေပူလွန်းတဲ့ နေ့ ရက်များ

09:47 Posted by ကျောပိုးအိတ်

ကျွန်မလဲ ကျွန်မရဲ့ ဘလော့လေးကို ပစ်ထားတာ ကြာလှရောပေါ့။ စာရေးအသားကလဲ မကောင်း ၊ စာရေးရတာလဲ ပျင်းနေတော့ အသစ်အသစ်တွေ မတင်နိုင်ဘူးဖြစ်နေတယ်။ ရေးစရာတွေ ၊ တွေးစရာတွေ ရှိနေကြတဲ့ ကျန်တဲ့အကိုတွေ ၊ အမတွေ ပို့ စ်အသစ် တင်နိုင်တိုင်း ကျွန်မ အရမ်းချီးကျုးမိတယ်။

ကျွန်မက ကျွန်မအိမ်ကိုသာ ပစ်ထားတာ ကြာနေပြီ။ ကျန်တဲ့ အကိုတွေ ၊ အမတွေအိမ်ကိုတော့ အိမ်ပေါက်စေ့ လျှောက်လည်တယ်လေ။ ထမင်းဘူးနဲ့ ကို လိုက်လည်တာ။ လည်တာမောလိုက် စားလိုက်ပေါ့။ ဘယ်သူ့ အိမ်ကမှ မကျွေးတာ။ ကိုယ့်စားရိတ်နဲ့ ကိုယ် လာရတော့တာပေါ့နော်။
း)

အခုနောက်ပိုင်းလဲ ဘာတွေရှုပ်နေမှန်း မသိအောင် အလုပ်တွေများနေတယ်။ တစ်ခါတစ်လေ ပြန်စဉ်းစားမိတယ်။ အလုပ်ပိုတွေ လုပ်နေတာလား ။ အပိုလုပ်တွေ လုပ်နေတာလားလို့ ။
း)

ဒီလိုနဲ့ တဖြည်းဖြည်း ရာသီဥတုကလဲ ပူလာတယ်။ (စာမရေးချင်တာနဲ့ ရာသီဥတုကို တရားခံစာရင်းထဲ ထည့်နေတာ) ညညဆို အိပ်မရဘူး ( မနက်မှ တရေး အိမ်မက်တောင် တစ်ညမှာ ၅ခုလောက်မက်တာ) စားရ တာလဲ ရာသီဥတုပူတော့ စားမကောင်းဘူး (မယုံမရှိနဲ့  ၂ကီလို တတ်လာတယ်) စိတ်တွေကလဲ နွေလေရူးနဲ့  အတူ ဂယောက်ဂယက်( နွေ မိုး ဆောင်း ရာသီစုံ)

အဲဒီလို အခြေအနေတွေကြောင့် စာမရေးဖြစ်တာ ( တကယ်တော့ ဆင်ခြေ ၊ ဆင်လက် ၊ ဆင်နားရွက် ၊ ဆင်ကလီစာ)
း)

မနေ့ က လူနာတစ်ယောက် တော်တော်အခြေနေဆိုးတာကြောင့် ကျွန်မ ဆေးရုံကို ရောက်သွားတယ်။ မနက် ၁၀း၀၀ နာရီလောက်မှာ ဖုန်းက ၀င်လာတယ်။ ကြည့်လိုက်တော့ ကျွန်မ မသိတဲ့ နံပါတ်တစ်ခု။ ကျွန်မက တော်ရုံ မသိတဲ့ ဖုန်းဆို မကိုင်ဘူး။ (မာနကြီးတာမဟုတ်ဘူးနော်။ ကြွေးရှင်ကြောက်လို့ ) ဒီဖုန်းက မကိုင်မခြင်းကို ခေါ်နေတာကြောင့် စိတ်မသက်မသာနဲ့ ကိုင်လိုက်တယ် (အိုင်တင် တစ်ပိသာနဲ့ ပေါ့)

ဟလို။
ဆရာမ…… လား။

ဟုတ်က။ဲ့
ဆရာမရေ ။ ဆရာမလူနာ ကိုအောင်လွင်ဦးလေ အခု အခြေနေ မကောင်းဘူး။

အွန်.. ဘယ်လိုအခြေနေမကောင်းတာလဲ။
အသက်မရှုတော့ဘူးဆရာမ။

အသက်မရှုတော့ဘူးဆိုတော့ သေပြီလား ။ (အဲ့ဂလို ဂရုဏာရှိတာ)
မသေတော့ မသေသေးဘူး။
ဟုတ်ပြီ ခဏစောင့်။ ကျွန်မတို့ လာကြည့်မယ်။

အဲဒီလို အူကြောင်ကြား ဖုန်းတစ်ခုကို ကျွန်မနားထောင်ပြီးတာနဲ့  ရုံးက ဆရာဝန်ဆီဖုန်းဆက်ပြီး နေခြစ်ခြစ်တောက် ပူနေတဲ့ ကြားကနေ ( ကယ်တင်ရှင်သဘောပေါ့နော် ) လူနာဆီ ပြေးရတော့တာပေါ့။ လူနာအိမ်ရောက်တော့ လူနာက ထင်သလောက်တော့ မဆိုးသေးပါဘူး။ ဒါပေမယ့် ရင်တော်တော်ကြပ်နေတယ်။ အသက်ရှုခက်နေတယ်။ လိုအပ်တဲ့ စမ်းသပ်မှုတွေ လုပ်ပြီး နောက်ဆုံး ဆေးရုံသာလျှင် ကောင်းဆုံးဆိုပြီး ဆေးရုံ တင်လိုက်တယ်။ (မကောင်းကျောင်းပို့ 
တော့မဟုတ်ဘူး။ ကိုယ့်လက်ထဲမှာ တစ်ခုခုဖြစ်မှာကြောက်လို့ )

ဆေးရုံမှာ လိုအပ်တာတွေ လုပ်ပေးပြီးတော့ ကျွန်မ တော်တော်မောနေပြီ။ 7eleven က ရေတစ်ဗူးဝယ်ပြီး သောက်နေမိတယ်။ သြော် ရေတောင် သောက်ရတာ အရသာရှိလိုက်တာနော်။ ဆေးရုံရှေ့ က ခုံတန်းလေးမှာ ရေသောက်ပြီး နားနေတုန်း အသက်ကြီးကြီး လူကြီးတစ်ယောက် ကျွန်မဆီ တန်းတန်းမတ်မတ် လာနေတယ်။ ဒါကလဲ သူသွားမယ့် လမ်းနဲ့  ကျွန်မနားနေတဲ့ ခုံတမ်းက လမ်းတည့်နေလို့ နေမှာပါဆိုပြီး အမှတ်တမယ့်ဘဲပေါ့။

နောက်အဲဒီလူကြီးကလဲ ကျွန်မကို သေချာစူးစိုက်ကြည့်တယ်။ ကြည့်လေ ဘယ်လောက်ကြည့်မလဲ။ ကျောပိုးအိတ်
တို့ က ရင်ကိုမခုန်သေး။ (အသက်မတူလို့ နေမယ်) နောက်တော့ အဲဒီလူကြီးက ကျွန်မကို ဖုန်းရှိလားတဲ့။ ဖုန်းတစ်ခါလောက် ပေးဆက်ပါတဲ့။ သြော် ဖြစ်ရလေ ဖုန်းဆက်ချင်လို့ ကြည့်နေတာကိုး။ (တော်သေးတယ် စိတ်ထဲက မပစ်မှားမိတာ)

နောက်တော့ ကျွန်မဖုန်းပေးဆက်လိုက်တယ်။ကျွန်မက အထွန့် တတ်လိုက်သေးတယ်။ နိုင်ငံခြားဖုန်း မခေါ်နဲ့  နော်ဆိုတော့ ဖုန်းငှားဆက်တဲ့ အဲလူကြီးကပြောတယ်။ ငါဒီလောက် မမိုက်ပါဘူးတဲ့။ သူ့ အပြောအရ ပြောမိတဲ့ ကျွန်မကဘဲ မိုက်သယောင်ယောင်။ ခက်တယ်နော်။ ခေတ်လူငယ်တွေများ။ အဲလေ ခေတ်လူကြီးတွေများ။

နောက်တော့ သူဖုန်းဆက်ပြီး ကျွန်မကို ဖုန်းပြန်ပေးတယ်။ ဘယ်လောက်ကျလဲတဲ့။ ကျွန်မလဲ ရုတ်တရက် ကြောင်သွားတယ်။ အဲဒီလူကြီးက ဖုန်းဆက်တာဘယ်လောက်ကျလဲ ။ ကျသလောက် ငါပြန်ပေးမယ်တဲ့လေ။ (အောင်မာ ကျေးဇူး အတင်မခံချင်ဘူးပေါ့လေ။ ကြည့်တော့ ဆံပင်က တစ်ခေါင်းလုံးဖွေးနေပြီ ။ မာနက ထားချင်သေး) မာနဆိုတာ သက်ကြီးတာ ငယ်တာနဲ့ မဆိုင်ပါဘူးနော်။ အဟိ။ ပျားရည်နဲ့  ၀မ်းပြန်ချသွားတာ။

ကျွန်မက ရပါတယ် အဘရယ် ။ ပေးစရာမလိုပါဘူးဆိုတော့ ပြီးတာဘဲတဲ့။(မူတောင် မမူဘူး ချက်ချင်းတုန့်  ပြန်ချက်)

ကျွန်မလဲ ဆေးရုံရှေ့ က ခုံတန်းလေးမှာဘဲ ရေဆက်သောက်နေလိုက်တယ်။ နောက်တော့ ဖုန်းထပ်လာပြန်ရော။ ကြည့်လိုက်တော့လဲ ဖုန်းနံပါတ်က မသိပြန်ဘူး။ မထူးတော့ဘူးဆိုပြီး ကျွန်မ ဖုန်းကိုင်လိုက်တယ်။

ဟလို။
သမင်ဖြူလား။

ဘုရားရေ ။ သမင်ဖြူမဟုတ်ဘူး ခရုသင်းပါ။
ဟာ ကြောင်တောင်တောင်နဲ့  … ဟဲ့ ငါပါ။

ဘယ်ကငါလဲ။
အောင်မလေး ပဲကတတ်နေသေးတယ်။ ငါ့အသံတောင် နင်မမှိတ်မိဘူးလား။

ဘုရားရေ.. ကျွန်မမှာ နင်နဲ့ ငါလို့  ပြောနေကျသူငယ်ချင်း တော်တော်ရှားတယ်။
နင်ဘာဖြစ်နေတာလဲ… ကြောင်တောင်တောင်နဲ့ ။
(ဘယ်သူမှန်း မသိဘဲ အဲဒီလို သြဘာပေးခံလိုက်ရတယ်)

နောက်တော့ ကျွန်မလဲ စိတ်ရှုပ်လာတာလဲ

ဘယ်သူလဲ ကျွန်မ မသိဘူး။
လို့  ခပ်ဆပ်ဆပ် ပြန်ပြောလိုက်မှ

တစ်ဘက်ကလဲ အသံတစ်ချက်တိတ်သွားတယ်။

ခုပြောနေတာ သမင်ဖြူလား။
ကျွန်မမှာ သမင်ဖြူလဲ မရှိဘူး။ ခရုသင်းလဲ မရှိဘူးဆိုမှ တစ်ဘက်ကရယ်ပါလေရော။ ကျွန်တော်ပြောတာ သမင်ဖြူ မဟုတ်ဘူး ခရေဖြူတဲ့လေ။ မဟီဒေါတက္ကသိုလ်မှာ ကျောင်းတတ်နေတဲ့ ခရေဖြူတဲ့လေ။

သြော် ဖြစ်ရလေ။ ရာသီဥတုက ပူတယ်လေ။ ဒါကြောင့် နားကြားလွဲတာနေမယ် (အပြစ်မရှိတဲ့ ရာသီဥတုကို ဒုတိယ အကြိမ် တရားခံစာရင်းထဲ ဆွဲထည့်လိုက်တယ်။)

သူပြောတဲ့နာမည်က ခရေဖြူ။ ကျွန်မကြားတာ သမင်ဖြူ။ နီးတော့ နီးစပ်တယ်နော်။ နောက်တော့ ဖုန်းမှားနေကြောင်း ပြောပြီး ဖုန်းချလိုက်ရတယ်။
း)

ဟူးးးးးးးးးးးးးးးးးးးးးးးးးး
မောတယ်တယ်နော်။ ၁၀၁ကြိမ်မြောက် သက်ပျင်းချခြင်းနဲ့ အတူ

ဒီနေ့  စားခဲ့တဲ့ မန်းလေးကြာဇံချက်

18:51 Posted by ကျောပိုးအိတ်


                                                             ကျွန်မစားတဲ့ ပန်းကန်

 အစာပလာလုံလင်စွာဖြင့် ။ 


သံပုရာသီးက ဈေးကြီးတာကြောင့် သံပုရည်ဘဲ ၀ယ်လာခဲ့တယ်။ ငရုတ်ကောင်းမှုန့်  ကြိုက်ရင်ထည့်စားပါ။ငံပြာရည် ။ ဒီငရုတ်သီးအရည်က ဘာလို့ ထားထားလဲ သိဘူးရယ်။

 ရေမဟုတ်ဘူးနော်။ အအီပြေ အချိုရည်လေး။    
 
အိုးကြီးကြီးဘဲ။ မလောက်မှာ မပူနဲ့ ။  
ရာသီဥတုက တော်တော်လေးပူနေတာကြောင့် တစ်ခုခု လုပ်စားရအောင် ဆိုတာနဲ့  ဒီနေ့ ရုံးမှာ အားလုံးရဲ့  သဘော တူညီချက်အရ မန်းလေးကြာဇံချက် ချက်စားကြတယ်။ ထုံးစံအတိုင်းပေါ့။ အရမ်းစားကောင်းတယ်။ ဘယ်လိုချက်လဲ မမေးနဲ့ နော်။ သိဘူး။ 
ရာသီဥတုကပူတယ်။ မန်းလေးကြာဇံချက်ကလဲ ပူတယ်။ စားရတာ ချွေးတွေကို ရွဲလို့ ။    
လက်စကြီးတယ်ဘဲ ပြောရမလား။ မလောက်ငှမှာ အရမ်းကြောက်တာကြောင့် အိုးကြီးကြီးနဲ့  ၂လုံးတောင်း ချက်ထားတယ်။ အချိန်တန်တော့လဲ ကုန်သွားတာဘဲလေ။