ဒီနေ့  စားခဲ့တဲ့ မန်းလေးကြာဇံချက်
18:51 Posted by ကျောပိုးအိတ်
19:58 Posted by ကျောပိုးအိတ်
17:40 Posted by ကျောပိုးအိတ်
ဒီနေ့  အင်္ဂလန်ကနေ ပြန်လာမယ့် သူငယ်ချင်းတစ်ယောက်ကို လေဆိပ်မှာ သွားကြိုခဲ့ပါတယ်။ မတွေ့ ရတာလဲ တော်တော်ကြာနေတာကြောင့် ရှိနေတဲ့ အလုပ်တွေကို ပစ်ထားခဲ့ပြီး လေဆိပ်ကို ရောက်အောင်သွားခဲ့ပါတယ်။ သူငယ်ချင်းကို ကားပေါ်ခေါ်တင်လာပြီး ရောက်တတ်ရာရာတွေ ပြောကြနဲ့  ပျော်စရာကောင်းလွန်းလှပါတယ်။
သူငယ်ချင်းနဲ့  အချိန်တော်တော်ကြာကြာ စကားပြောပြီး ပြန်မယ်ဆိုတော့ သူငယ်ချင်းက အင်္ဂလန်ပြန် လက်ဆောင်ဆိုပြီး ချောကလက် ၂ဗူး လက်ဆောင်ပေးခဲ့တယ်။ တကယ်တော့ သူမ ချောကလက်မကြိုက်ပါဘူး။ လူတော်တော်များများက ချောကလက်ကို ကြိုက်ပေမယ့် သူမကတော့ အားလုံးနဲ့  ဆန့် ကျင်စွာ ချောကလက် မကြိုက်ပါဘူး။ ဒါပေမယ့် သူငယ်ချင်းရဲ့ လက်ဆောင် ဖြစ်နေတာကြောင့် အားနာပြီး ယူခဲ့ရတယ်။
ကားပေါ်ရောက်တော့ သူမအရင်ဆုံးတွေးနေမိတာ ဒီချောကလက် ကိစ္စ။ ချောကလက်ဗူးက အကြီးကြီးဘဲ။ ပြီးတော့ ၂ဗူးတောင်မှဆိုတော့ ဘယ်သူ့ ကိုပြန်ပေးရမလဲ စဉ်းစားနေခဲ့မိတယ်။ နောက်ထပ် သူငယ်ချင်းရဲ့  ကလေးလေးက ချောကလက် အရမ်းကြိုက်တာ သူမပြန်စဉ်းစားမိသွားပြီး အဲဒီကလေးလေးကိုဘဲ အခုလက်ဆောင် ရလာတဲ့ ချောကလက်လေးကို ပေးတော့မယ်လို့  စိတ်ပေါ့ပါးစွာ ဆုံးဖြတ်လိုက်တယ်။
သူမကားကို ဂရုတစိုက်နဲ့ မောင်းလာခဲ့တယ်။ မီးပွိုင့်တစ်ခုရောက်တော့ ကားလမ်းမပေါ်မှာ ပန်းတွေလိုက် ရောင်းနေတဲ့ ကလေးလေး၂ယောက်ကို သူမတွေ့ ခဲ့တယ်။ ကားကြိုကားကြားထဲမှာ ပန်းလိုက်ရောင်းတာ တကယ်တော့ အန္တရာယ် အရမ်းများလှပါတယ်။ ဒါပေမယ့် သူတို့ ကတော့ အန္တရာယ်ဆိုတာကို မေ့ထားပြီး ၀မ်းစာရေးအတွက် ကားတွေဆီကို လိုက်ပြီး ပန်းတွေရောင်းနေကြတယ်။
သူမ ပန်းရောင်းတဲ့ ကလေးလေး၂ယောက်ကို ကြည့်ပြီး ပြန်စဉ်းစားမိတယ်။ သူမဘေးမှာ ပါနေတဲ့ ချောကလက်ဗူးကြီး ၂ဗူးကို အဲဒီကလေးတွေကိုဘဲပေးလိုက်တော့မယ်။ ပထမပေးမယ်လို့ စိတ်ကူးထားတဲ့ ကလေးလေးကတော့ မိဘတွေကချမ်းသာတယ်။ ဒီလိုတန်ဘိုးကြီးတဲ့ ချောကလက်ကို ၀ယ်ကျွေးဘို့  မိဘတွေကလဲ တတ်နိုင်တယ်။ဒီကလေးတွေကတော့ ဒီလိုချောကလက်ကို သိပ်ပြီး စားဘူးမယ်မထင်တာကြောင့် ရုတ်တရက်ဝင်လာတဲ့စေတနာနဲ့  ကလေးလေးတွေကို လှမ်းခေါ်ပြီး ချောကလက်ဗူးကို ပေးလိုက်တယ်။
ချောကလက်ဗူးလက်ခံရရှိတဲ့ ကလေးလေးတွေက အံ့သြတဲ့မျက်နှာနဲ့  သူမကို ကြည့်နေကြတယ်။ ပြီးတော့ ကျေးဇူးတင်ပါတယ်လို့ တောင် ပြန်မပြောဖြစ်ဘဲ ရောင်းမကုန်သေးတဲ့ ပန်းတွေနဲ့  ကလေးနှစ်ယောက်က သူမနဲ့  ဝေးရာကို ထွက်သွားကြတယ်။
နောက်တော့ လမ်းမကြုံတာနဲ့  သူမ ဒီမီးပွိုင့်ဘက်ကို မဖြတ်ဖြစ်တော့ပါဘူး။ ဒီနေ့ တော့ အလုပ်အတွက် လုပ်စရာရှိတာကြောင့် သူမ ဒီမီးပွိုင့်လေးကို ပြန်ရောက်လာပါတယ်။ မီးပွိုင့်မိနေတုန်း ဘာရယ်မဟုတ် ချောကလက်ပေးဘူးတဲ့ ကလေးနှစ်ယောက်ကို ပြန်သတိရလာတယ်။ ကလေးနှစ်ယောက်ကတော့ ထုံးစံအတိုင်း ကားကြိုကားကြားထဲမှာ ပန်းတွေရောင်းနေတယ်။
နောက်တော့ သူတို့ ပန်းရောင်းရာကနေ သူမဆီရောက်လာတယ်။ သူမက ပန်မ၀ယ်ချင်တာကြောင့် မသိသလိုဘဲနေလိုက်တယ်။ ဒီမှာတင် ပန်းရောင်းတဲ့ ကလေးလေးက သူမရဲ့  ကားမှန်ကို ခေါက်လာတယ်။ သူမကလဲ ပန်းမ၀ယ်ဘူးလို့ လက်ဟန်ခြေဟန်နဲ့ ဘဲ ပြလိုက်ပေမယ့် ချထားတဲ့ ကားမှန်ကိုတော့ မချပေးခဲ့ဘူး။ နောက်တော့ မီးပွိုင့်စိမ်းသွားတာနဲ့  သူမကားမောင်းလာခဲ့တယ်။ ကားမောင်းနေရင်း နောက်ကြည့်မှန်ကနေ ကြည့်လိုက်တော့ သူမကားကို မျက်စိတစ်ဆုံးလိုက်ကြည့်နေတဲ့ ကလေးလေးတွေကို တွေ့ လိုက်ရတယ်။
ဒီလိုနဲ့  မီးပွိုင့်ကို ဖြတ်ရတိုင်း ပန်းရောင်းတဲ့ ကလေးလေးတွေက သူမဆီလာပြီး မှန်တံခါးခေါက်တယ်။ ချောကလက်ပေးထားတာ မမှတ်မိဘဲ ငါ့ကို ပန်းလာရောင်းတယ်ဆိုပြီး စိတ်လဲတော်တော်တိုလာမိတယ်။ စိတ်တိုတာနဲ့ တပြိုင်နက် ကားမှန်ကိုချပြီး ပန်းမ၀ယ်ဘူးလို့ ပြောနေတာ နားမလည်ဘူးလားလို့  ခပ်ဆပ်ဆပ်လေး ပြန်ပြောလိုက်တယ်။
ဒီမှာတင် ကလေးလေးနှစ်ယောက်က သူမ မထင်မှတ်တဲ့ အပြုမှုကို လုပ်လိုက်တာကြောင့် သူမတော်တော် အံ့သြသွားတယ်။ ကလေးလေးတွေကပြောပါတယ်။ ကျွန်တော်တို့ ပန်းရောင်းဘို့ လာတာ မဟုတ်ပါဘူးတဲ့။ ကျွန်တော်တို့ ကို ချောကလက်ပေးခဲ့တုန်းက ပျော်လွန်းလို့  ကျေးဇူးတင် စကားတောင် မပြောခဲ့မိဘူး။ အိမ်မှာကျန်ခဲ့တဲ့ အငယ်လေးတွေကို ချောကလက်ကျွေးချင်လွန်းလို့  အမြန်ပြန်သွားခဲ့တာ။ ချောကလက်စားတိုင်းလဲ အန်တီကို သတိရပါတယ်။ ကျွန်တော်တို့ ဘ၀မှာ အဲဒီလောက်ကောင်းတဲ့ ချောကလက် တစ်ခါမှမစားဘူးပါဘူး။ ဒီတော့ ကျွန်တော်တို့ ကို ချောကလက်ပေးခဲ့တဲ့ အန်တီကို နေ့ တိုင်း စောင့်ခဲ့တယ်။ ကျေးဇူးတင်စကားလဲပြောချင်တယ်။ ပြီးတော့ ကျွန်တော်တို့ ကိုယ်တိုင် လုပ်ထားတဲ့ ဒီပန်းလေးတွေကို လက်ဆောင် အဖြစ် ပြန်ပေးချင်လွန်းလို့  မှန်ခေါက်မိတာပါတဲ့။
အဲဒီကလေးစကားကိုကြားပြီး သူမတော်တော်စိတ်မကောင်းဖြစ်သွားခဲ့တယ်။ ကလေးလေးတွေအပေါ်မှာ အထင်မှားခဲ့မိတာလဲ တော်တော် နောင်တရသွားခဲ့တယ်။ နောက်တော့ ကလေးလေးတွေ ကမ်းပေးတဲ့ စံပယ်ပန်း ၅ကုံးကိုယူပြီး သူမ အဲဒီမီးပွိုင့်ကနေ ထွက်လာခဲ့မိတယ်။
အိမ်ပြန်ရောက်တော့ ကလေးတွေပေးတဲ့ စံပယ်ပန်းကို ဘုရားမှာပြန်လှူခဲ့မိတယ်။ ကလေးတွေကိုလဲ စိတ်မကောင်းဖြစ်ခဲ့ရတယ်။
ကျွန်မတို့ ရဲ့ လူ့ စိတ်ဆိုကလဲ ခက်သားဘဲနော်။ အပြင်ပန်းကြည့်ပြီး ထင်ယောင်ထင်မှား မှတ်ကြတယ်။
မရှိတဲ့သူများ ကိုယ့်ဆီလာပြီဆို ချေးငှားတော့မယ်ထင်နေကြတယ်။
မလှတဲ့သူဆို စုန်းကဝေနဲ့  ခိုင်းနှိုင်းတတ်ကြတယ်။
လူတစ်ယောက် အ၀တ်အစား ၀တ်တာ စုတ်ပြတ်နေတယ်ဆို လမ်းမှာတွေ့ ရင်တောင် မခေါ်ချင်ကြဘူး။
လူတစ်ယောက်ရဲ့ အ၀တ်အစားကိုကြည့်ပြီး အဲဒီ လူရဲ့ အတွင်းစိတ်ကို ဘယ်သူမှ မဖတ်နိုင်ပါဘူး။
အာကျယ်အာကျယ်ပြောတတ်တိုင်း ရိုင်းတယ်လို့ ထင်မိကြတယ်။
ဒါပေမယ့် အဲဒီလိုပြောတတ်တဲ့ လူတွေရဲ့ အတွင်းစိတ်တွေကို ကျွန်မတို့ မဖတ်နိုင်ခဲ့ပါဘူး။
ပြောင်ချော်ချော်ပြောတတ်တဲ့ သူတွေကို ကျွန်မတို့ စိတ်ထဲမှာ ဘာကိုမှ အလေးအနက် မထားတဲ့ သူတစ်ယောက်လို့ 
ကျွန်မတို့ ထင်မိကြတယ်။
ဒါပေမယ့် အဲဒီလို ပြောင်ချော်ချော်နေတတ်တဲ့သူတွေရဲ အတွင့်းစိတ်ကို ကျွန်မတို့  မဖတ်နိုင်ခဲ့ဘူး။
ဒီတော့ ကျွန်မတို့ တွေဟာ လူတိုင်းရဲ့ စိတ်ကို ဖတ်နိုင်ဘို့  အမျာကြီးကြိုးစားရဦးမှာပါ။
ဖတ်ဘူးတဲ့ အင်တာနက်စာမျက်နှာကတဆင့် ဘာသာပြန် တင်ပေးထားတာပါ။
ကျွန်မဘာသာပြန်တာ ညံ့ကောင်းညံ့နေပါမယ်။ ဆီလျှော်အောင် ပြန်ဆိုထားပါတယ်ရှင်။
07:37 Posted by ကျောပိုးအိတ်
မနေ့ က မြန်မာပြည်က မောင်လေးတစ်ယောက်နဲ့  စကားတွေ အများကြီး ပြောဖြစ်တယ်။ ရောက်တတ်ရာရာတွေ ပြောလိုက် ရယ်လိုက်နဲ့ ။ စကားကောင်းနေတုန်း အဲဒီမောင်လေးက ရုတ်တရက် မမသိလား သားသူငယ်ချင်းရဲ့  ဂျီတော့မှာလေ မက်ဆေ့တင်ထားတယ်။ ဂျီတော့မှာ မက်ဆေ့တင်ထားတာ ဘာများထူးဆန်းလို့ လဲသားရယ်ဆိုတော့ ဟုတ်တော့ဟုတ်တယ်။ မထူးဆန်းပါဘူး။ဒါပေမယ့် အတွေးကောင်း လေးဖြစ်နေလို့ တဲ့။
ကဲပြောပါဦး။ ဘယ်လောက်တောင် အတွေးကောင်းနေလို့ လဲဆိုတော့ သူ့ သူငယ်ချင်းတင်ထားတာက
နောက်ဘဝ
ကိုရီးယားမှာ လူဖြစ်ခွင့်ရခဲ့ရင် ရုပ်ရှင်မင်းသား
အင်္ဂလန်မှာ လူဖြစ်ခွင့်ရခဲ့ရင် ဘောလုံးသမား
မြန်မာနိုင်ငံမှာ လူဖြစ်ခွင့်ရခဲ့ရင် လူကြီးသား
ဖြစ်ရပါစေတဲ့။
ဘာရယ်မဟုတ်ဘူး။ပြုံးမိပါတယ်။ ကျွန်မအိမ်ကိုစာလာဖတ်တဲ့သူတွေကရော နောက်ဘ၀အတွက် ဘာတွေများ ဆုတောင်းထားလဲ။ ဆုတောင်းထားတာရှိရင် ပြောပြပါလား။
09:36 Posted by ကျောပိုးအိတ်
ဖေဖော်ဝါရီလ ရောက်လာပြီဆိုတော့ နေရာတိုင်းမှာ ဗယ်လင်တိုင်းဒေးအတွက် အမှတ်တရ တွေပြင်ဆင်နေ ကြပါတယ်။ အဲဒီိနေ့ မှာ ချစ်သူကိုအဖြေပေးမယ်။ အဲဒီနေ့ မှာ ဘာတွေဝတ်မယ်။ ဘယ်ကိုသွား မယ်။ ဘာလုပ်မယ် ညာလုပ်မယ်နဲ့  ဒီ အသံတွေဟာ ကျွန်မတို့ ပတ်ဝန်းကျင်မှာ မကြားချင်မှ အဆုံးဖြစ်နေတယ်။
တကယ်တော့ ဗယ်လင်တိုင်းဒေးဆိုတာက မြန်မာလောကမှာ ပေါ်လာတာ သိပ်မကြာသေးပါဘူး။ မြန်မာ့ရိုးရာယဉ်ကျေးမှုလဲ မဟုတ်ဘူး။ မြန်မာတွေခေတ်မှီလာတာ၊ကမ္ဘာနဲ့  ရင်ဘောင်တန်း လာတာ ၀မ်းသာစရာပါ။
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့ 
၄၅ ရက်မြောက်နေ့
'ကလောဒီယပ်စ်' ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီး
ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က စိန့် ဗယ်လင်တိုင်းဆိုတဲ့တော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ နှိပ်စက်ပြီးခေါင်းဖြတ်ခံရတဲ့နေ့ပါ
သူတို့ဟာသူတို့ဂုဏ်ပြုရင်ပြုပါစေ။
ကျွန်မတို့ နဲ့  အဝေးကြီးပါ။
ဒီဗယ်လင်တိုင်းဒေးအတွက် ကြိုတင်ရင်ခုန်နေရတယ်။ ကဒ်လှလှလေးတွေ၊ နှင်းဆီပန်းလှလှလေးတွေ၊ ချောကလက်တွေ စတာတွေ ချစ်တဲ့သူတွေကို ပေးကြတယ်။ အဲဒီနေ့ ဆို လူငယ်တွေက အုတ်အုတ်ကျက်ကျက်၊ လူလည်တွေက ရှုပ်ရှုပ် ယှက်ယှက်၊ လူလတ်တွေက ကသုတ်ကယက်၊လူတတ်တွေက ဘရုတ်ဘယက်နဲ့  သေချာ နားမလည်သေးတဲ့၊ ဒါမှမဟုတ် ကြားဘူးနားဝဖြစ်နေတဲ့၊ဒါမှမဟုတ် ခေတ်မှီချင်ယောင်ဆောင်နေတဲ့၊ ဒါမှမဟုတ် သူများတွေက ဗယ်လင်တိုင်းလို့  လိုက်တိုင်း နေကြတဲ့ လူအချို့ က ဗယ်လင်တိုင်းဒေးကို ကြိုဆိုနေကြတယ်။
ကျွန်မတို့ လေးနက်စွာ ပြန်စဉ်းစားကြမယ်။ ဒီဗယ်လင်တိုင်းဒေးမတိုင်ခင် ကပ်ရက်နေ့ စွဲကဘာလဲ။ ဖေဖော်ဝါရီ ၁၃ရက်နေ့ ပါ။ သချာင်္သဘောအရ ၁၃ ပြီးမှ ၁၄ လာတာ။ သမိုင်းအရဆိုရင်လဲ မြန်မာမှန်ရင် ဗိုလ်ချုပ်အောင်ဆန်းက အရင်လာသင့်တယ် ထင်ပါတယ်။
လွန်ခဲ့သော ၉၄နှစ်အချိန်တုန်းက ဆောင်းအကုန်နွေအကူး အေးမြတဲ့ လေတွေတိုက်နေတဲ့ စနေနေ့ မနက် စောစောပိုင်းမှာ မြန်မာနိုင်ငံအထက်ပိုင်း မကွေးခရိုင်၊ နတ်မောက်မြို့ မှာ ထိန်လင်းဆိုတဲ့ ကလေးလေး တစ်ယောက်ကို မွေးဖွားလာခဲ့တယ်။ အဲဒီထိန်လင်းဆိုတဲ့ကလေးလေးက အသက်ကြီးလာတော့ စာပေကို ချစ်တယ်။ အမှန်တရားကိုချစ်တယ်။ ချစ်သူကိုချစ်တယ်။ ရင်သွေးတွေကိုချစ်တယ်။အဲဒါတွေအားလုံးထက် သူနေတဲ့တိုင်းပြည်ကို ပိုချစ်တယ်။
ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊ ယောက်ျားကောင်းတို့ရဲ့  သီလ၊ယောက်ျားကောင်းတို့ရဲ့ စာဂ၊ ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊ ယောက်ျား ကောင်းတို့ရဲ့  ပညာ၊ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊သူ့မှာ အားလုံးပြည့်စုံနေတယ်။
တိုင်းပြည် လွတ်လပ် ရေးရအောင် နေ့ မအား ညမနား အလုပ်တွေလုပ်ခဲ့တယ်။ ဗိုလ်ချုပ် ဘာတွေလုပ်သွားလဲ။ ဘာတွေကောင်းခဲ့လဲ။ နောက်ဆုံးချိန်ထိ တိုင်းပြည်ကို ဘယ်လိုပေးဆပ်သွားလဲဆိုတာ မြန်မာမှန်ရင် အားလုံးသိပါတယ်။
ယောကျာင်္းကောင်းတစ်ယောက်၊ဖခင်ကောင်းတစ်ယောက်၊အကြွေစောခဲ့တဲ့ ကြယ်တစ်ပွင့် ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့  လွတ်လပ်ရေး ဖခင်ကြီး၊ မျိုးချစ်အာဇာနည် သူရဲကောင်းတစ်ယောက်ရဲ့  မွေးနေ့ ကို မေ့နေတာ အရမ်းရင်နာစရာ ကောင်းပါတယ်။
ငယ်ငယ်တုန်းက စာထဲမှာ သင်ခဲ့ရတဲ့ အခုချိန်ထိ မှတ်မိနေသေးတဲ့ ကဗျာလေးကို ပြန်တင်ပေးလိုက်ပါတယ်။
ဖေဖေါ်ဝါရီဆယ့်သုံးမှာဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊ရှေ့ နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊မိခင်ဒေါ်စု သား
အခုတော့
ကိုယ်နဲ့ ဘာမှမဆိုင်တဲ့အီတလီက သူတော်စင်ကိုသူတို့ဟာသူတို့ ဂုဏ်ပြုကြရာကဖြစ်လာတဲ့ 'ဗယ်လင်တိုင်းနေ့' ဆိုတာထက်
အဲဒီနေ့မတိုင်ခင် တစ်နေ့ဟာ (ဖေဖော်ဝါရီ ၁၃ရက်နေ့ ဟာ) ကျွန်မတို့ တွေအတွက် ပိုပြီး လေးနက်ပြန့်ကျယ်တဲ့ အဓိပ္ပာယ်ရှိနေတဲ့ နေ့ လေးတစ်နေ့ ပါ။
လောကမှာ အရေးအကြီးဆုံးက အရေးမကြီးတာတွေကိုအရေးတကြီးမလုပ်မိစေဖို့ပါ။
ကျွန်မ နိုင်ငံရေး လုံးဝမလုပ်ပါ။ နိုင်ငံရေးအကြောင်းလဲ စိတ်ဝင်စားတဲ့အထဲမှာ မပါဘူးလို့ ပြောလို့ ရတဲ့ ရုံးနဲ့ အိမ် ၊ အိမ်နဲ့ ရုံး အချိန်ကုန်နေတတ်တဲ့ ရုန်းကန်နေရတဲ့ သာမန် မိန်းမတစ်ယောက်ပါ။ ဒီပို့ စ်က ကြုံတိုင်းရွာလို့ ခေါ်တဲ့ ဆိုက်တစ်ခုမှာ မောင်လေးတစ်ယောက်တင်ထားတဲ့ ကဗျာလေးကို ကျွန်မကနေ ပြန်ပြီး အကျယ်ချဲ့ ထားတာပါ။
တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်းလဲတူမှာ မဟုတ်ပါဘူး။ ဒီပို့ စ်နဲ့ ပတ်သက်ပြီး ကိုယ်ထင်တာ ကိုယ်ရေးထားတာပါ။ ဘလော့ဂါတစ်ယောက်ပြောဘူးတဲ့စကားအတိုင်း လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်။
Free CSS Templates | Converted into Blogger Templates by Theme Craft | Falcon Hive