ကျွန်မနှင့် သီတင်းကျွတ်

21:18 Posted by ကျောပိုးအိတ်


သီတင်းကျွတ်ပြီ
မီးပုံးပျံလွှတ်ရအောင်
မီးဇာကိုရေနံဆွတ်ပါ
မှိုင်းဝမှလွှတ်ပါ။

သီတင်းကျွတ်ပြီတဲ့။ မိုးလေကင်းလွတ်ပြီလို့ ထင်ရပေမယ့် ခုထိမလွတ်သေးပါဘူး။ မုန်တိုင်းတွေကလဲ ပေါ်ကောင်းတုန်းပါဘဲ။ မိုးကလဲရွာကောင်းတုန်း။ ရာသီဥတု ဘယ်လိုဘဲ ဖြစ်နေပါစေ .. ၀ါအကျွတ်ကို အားကြိုးမာန်တတ် လက်ချိုးပြီး ရေတွက်စောင့် နေသူများအတွက်တော့ မင်္ဂလာရှိတဲ့အခါသမယပါဘဲ။ 

ကျွန်မအတွက်တော့ သီတင်းကျွတ်တာလဲ ကျွန်မနဲ့ မဆိုင်သလို။း( ။ လာလိုက်တဲ့မင်္ဂလာဆောင်ဖိတ်စာ။ ဆောင်ဆောင်နိုင်လွန်း တယ်။ (တကယ်တော့ မနာလိုပြီး အားကျတဲ့လေသံနဲ့ ) 

ဖိတ်တဲ့လူကလဲ ကြိုးနဲ့ တစ်ခါထဲချည်သွားတယ်။ တို့ မင်္ဂလာဆောင်မလာ ရင် နင့်မင်္ဂလာဆောင်လဲမလာဘူးတဲ့။ ဟော သွားပြန်တော့လဲ အနှောင့်အသွားက မလွတ်ချင်။ ဘယ်တော့လဲ။ ငှက်ပျောပင်စိုက်ထားပြီလား။ဘာညာနဲ့ ။ ဟူးးးးးးးးးးးးးးးးးးးးးးးးးးးး

တွေ့ တဲ့သူတိုင်းကလဲ ဘယ်တော့လဲ။သူများတွေကျွတ်ကုန်ပြီနော်။အားမကျဘူးလား။ရွှေလက်ဘယ်တော့ တွဲမလဲတဲ့။ စိတ်ရှိလက်ရှိသာ အော်လိုက်ရရင်တော့။ 

ဟော ချစ်စရာကောင်းတဲ့ကလေးလေးတွေ တွေ့ လို့  ချီလိုက်မိရင်လဲ ကိုယ်တိုင်မွေးပါလားတဲ့။ ဘာလုပ်လုပ် အနှောင့်အသွားကမလွတ်ချင်ဘူး။

ဝါကျွတ်ပြီနော်။စားရတော့မှာလားတဲ့။ ၀ါမကျွတ်လဲကျွေးနေတာကို။ဝါက သူ့ ဘာသာကျွတ်တာ။နှစ်တိုင်းလဲ ကျွတ်နေတာဘဲ။ ခုတော့ ဟွန့် ။ သူများမစွံတာ လူသိလိုက်တာ။

ပြီးတော့ လာလိုက်တဲ့ ဘုံကထိန်။ ဟောတစ်စောင် ဟောတစ်စောင်နဲ့ ။ လာသမျှအလှူခံကိုလဲ နှမြောတွန့်  တို ခြင်းမရှိ။ လှူခဲ့တာဘဲ။ အလှူခံဖြတ်ပိုင်းမှာ နာမည်ရေးတော့ ထုံးစံအတိုင်း တိုင်ကပတ်ပြန်ရော။ ကျွန်မနာမည် ဘဲပါပြီး နောက်တစ်ယောက်နာမည်မပါလို့  တဲ့။ နောက်တော့ အပြောဆိုလွတ်အောင် ဖေဖေနဲ့ မေမေနာမည် ထည့်တော့မှ နည်းနည်း အနေအစားချောင်တော့တယ်။

နောက်တစ်ခုက ဗျောက်အိုးဖောက်တာ။ ကျွန်မအရမ်းကြောက်ပါတယ်။လန့် လဲအရမ်းလန့် ပါတယ်။ တစ်ညနေမှာ အေးအေးလူလူ ရုံးကသူငယ်ချင်းတွေနဲ့ လမ်းလျှောက်နေတုန်း ဗျောက်အိုးသံအနီးကပ်ကြားလို့  လန့် ပြီးအော်မိတော့ အပျိုကြီးတွေများ ဒီအသံလေးလောက်ကို ကြောက်တယ်ပေါ့လေ။ ဒါဆို အကြောက်ပြေ ယောကျာင်္းမြန်မြန်ယူတဲ့။ ဘယ်လိုဘဲစဉ်းစားစဉ်းစား ဘာမှလဲမဆိုင်ဘူး။

စိတ်လေတယ်နော်။စိတ်လေတယ်။
(ရေးပြီးသား ပို့ စ်အဟောင်းလေးပါ) မဖတ်ရသေးရင်တော့ အသစ်ပေါ့ကွယ် .. ဟီးးးးးး


5 comments:

ကိုဇော် said...

ဟားဟား... ကျောပိုးအိတ် လေးကတော့ မင်္ဂလာဆောင်တွေ အားကျနေတာပေါ့လေ။
ဘာမှ မပူနဲ့ ကျောပိုးအိတ် အတွက် ခရီးဆောင်အိတ်ကြီး ရောက်လာလိမ့်မယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီတစ်ခါအိမ်ပြန်ရင် ကျွတ်ပြီလား
ဖိတ်စာပို့ဦးနော်း)

ကျောပိုးအိတ် said...

ဟုတ်အမ

ကျွတ်ပြီနဲ့ တူတယ် .. ဟီးးးးးးးး

H.M.N said...

အပျိုကြီးစိတ်ပျက်သံပါ..:D :D :P

H.M.N said...
This comment has been removed by the author.