အပျိုကြီးလေသံ

07:33 Posted by ကျောပိုးအိတ်

တကိုယ်တည်း အပျိုကြီးပေမယ့်
ဟဲ့- တို့သွေးကို လာမစမ်းနဲ့ ပြာနှမ်းသွားမယ်။

မပူချင်တာကို မယူချင်လို့ မထင်စမ်းနဲ့ ...စာဖွဲ့ပြမနေချင်ပါဘူး။

အပျိုကြီး ... အပျိုကြီးနဲ့ ခနဲ့တဲ့တဲ့ စကားလုံး
ပြုံးတုံ့တုံ့ မျက်နှာပေး

အပျိုကြီးဖြစ်ခြင်း သူ့အဘ စီးပွားအိုး
တုတ်နဲ့ထိုးမိသလား။
မနိုင်ဝန်ဒဏ် သူခံနေရလို့လား။

တို့မှာ သိက္ခာရှိတယ်။ မာနရှိတယ်။
(အပျိုကြီးဆိုတဲ့)
ဂုဏ်ရှိတယ်။

ရည်ရွယ်ချက်ပန်းတိုင်ဆိုတာရှိတယ်။
လျှောက်ရမယ့်လမ်း စမ်းတဝါး ဖြစ်မနေဘူး
အရူးတွေအလုပ် အရှုပ်ထုပ် တို့မလုပ်
အဟုတ်ထင်မနေကြနဲ့။

တို့ဘဝမှာ အိမ်ရာထွက်လည် ချုပ်ချယ်မယ့်သူ ရှိဘူး။
ဒီကို ဟိုသွား တားမြစ်မယ့်သူ မရှိ
စီးပွားတွက်ခက် ရိုက်နှက်မယ့်သူလည်း ဝေးတာမို့
ပူပင်ကင်းလှ ဒီဘဝကို
(....) နေသားကျခဲ့ပြီ။

ကျွန်မရေးတာ မဟုတ်ပါဘူးရှင့်။ ကျွန်မနဲ့ အရမ်းခင်တဲ့ မဂျာမွန်းဆိုတဲ့ အမဆီက ကူးလာတာ။
း)

13 comments:

subuueain said...

မိုက်တယ်ကွာ..သဘောကျတယ် ဟဲဟဲ

Anonymous said...

ဒီကဗျာကို မေလေးရဲ့နားနေရာဆိုတဲ့ ဘလော့ဂ်မှာ ပထမဆုံးဖတ်ဖူးတယ်။ လင့်သွားရှာလိုက်အုံးမယ်

Anonymous said...

http://maylaylwin.blogspot.com/2009/12/blog-post_17.html

ကျောပိုးအိတ် said...

ဟုတ်တယ်နော်

ကျွန်မက အမ မေလေးရေးမှန်း မသိဘူးရှင့်။
အထက်ကပြောခဲ့သလို ကျွန်မနဲ့ အရမ်းခင်တဲ့ အမဂျာမွန်းဆီက ကူးလာတာ..

ကဗျာလေးက ကောင်းတာနဲ့  ပြန်မျှဝေတာပါ..

ခုလို ပြောပြပေးတာ ကျေးဇူးတင်ပါတယ်ရှင့်။
ူး)

Maung Myo said...

အမယ် အမယ်လုပ်မနေနဲ့ တကယ်တော့ ခံစားချက်တွေတိုက်ဆိုင်နေလို့မှတ်လား =)

ကျနော် အပျိုကြီးလို့တစ်ခါမှမခေါ်ဘူးနော် ။

မြစ်ကျိုးအင်း said...

အပျိုကြီးလို့ ခေါ်ရင် ပြန်ပြောဖို့ ခုထဲက ကြိုတင် လေ့ကျင့်ထားတာနဲ့ တူတယ်။

နေ၀သန် said...

း)))... ဖတ်လိုက်တာနဲ့ ဟန်ပန်တွေတောင် မျက်စိထဲ မြင်ယောင်လာတယ်... ကျောပိုးအိတ်ရေ... အခုမှ လင့်ခ်ပြန်တွေ့တာနဲ့ ပြန်လင့်ခ်ထားတယ်....း)))

ခင်မင်တဲ့
နေ၀သန်

rose of sharon said...

အပျိုကြီးဆိုတာ လူတိုင်းမလုပ်နိုင်ကြပါဘူး... ဂုဏ်ယူကြပါအပျိုကြီးတို့ရေ...

စန္ဒကူး said...

ကျောပိုးအိတ်လေး...

ဒီကဗျာအပြည့်ဝထောက်ခံတယ်... ဟားဟား

မိုးစက်အိမ် said...

ယင်ကောင်နင်မစွံတိုင်း ဒီကဗျာကိုအားကျနေတာမလား :P

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာလေးကို မေလေးဆီမှာဖတ်တုန်းကလဲ သဘောကျတယ်.. ခုပြန်ဖတ်တော့လဲ သဘောကျတာပါဘဲ..
တိုက်ဆိုင်လို့ဘဲ ဖြစ်မယ်..း)

သူကြီးမင်း (တုံးဖလား) said...

တော်ကြာ ဒီကဗျာကို ဖတ်ပြီး အားလုံး အပျိုကြီးတွေချည်းဖြစ်ကုန်ဦးမယ်။းဝ)

လင့်ခ်ကလေးကို ယူသွားပါတယ်။

H.M.N said...

ဒီမှာလဲတွေ့ ပြန်ပြီ..ဒီကဗျာလေးကို..ဟဲဟဲ