စားမယ်ဝါးမယ် ;P

18:43 Posted by ကျောပိုးအိတ်


ကျွန်မမြင်ဘူးတဲ့ မာလကာသီးက ၀ိုင်းဝိုင်းလေးတွေပါ။ ကြည့်ပါဦးနော်။ ရုပ်ဆိုးလိုက်တာ။



အိမ်ပြန်ရောက်တော့ ရေဆေးပြီးအသီးကိုခွဲကြည့်တော့ အဟုတ်ဘဲတော် အစေ့လုံးဝမပါဘူး။

း)



စားကြည့်တော့လဲ ချိုသားဘဲ။ အနံ့ ကမွှေးတေးတေးနဲ့ ။ အပြင်က ရုပ်ဆိုးသလောက် အရသာကတော့ တော်တော်ရှိ။

စားကောင်းကောင်းနဲ့ စားလိုက်တာ ညစာတောင် လွတ်သွားတယ်။

း)



မိုးလေကင်းတုန်းမှာ အပြင်ထွက်ပြီး ခြေလက်ဆန့် ဦးမှလို့ တွေးမိတယ်။ ဘာလို့ လဲဆိုတော့ ဒီနေ့ မိုးက တစ်နေ့  လုံးနီးနီး စွေပြီးရွာနေတာ။ ဒီတော့ ကျွန်မလဲ ဘာရမလဲ မိုးအေးအေးနဲ့ ကွေးတာပေါ့ ။

း)


ဒါပေမယ့် ဘယ်လောက်ဘဲမိုးရွာပါစေ ဟိုမြန်မာအိမ်က ၀ါဆိုသင်္ကန်းကပ်လိုက် အားပေးလိုက်၊ ဒီဘက်အိမ်က လာဖိတ်လိုက် သွားဆွဲလိုက်နဲ့  အဆင်ကိုပြေလို့ ။ စားပြီးတော့ ကွေးတာပေါ့။

း)


ညနေစောင်းတော့ မိုးက ဖွဲတယ်ဆိုရုံလေး ရွာနေတယ်။ ဒီတော့ ခြေဆန့် လက်ဆန့် နဲ့ အပြင်ထွက်ခဲ့တယ်။ သစ်သီးတန်းရောက်တော့ မျက်စေ့ကို အသီးတစ်မျိုးကိုသွားတွေ့ တယ်။


စိတ်ထဲမှာ ထင်လိုက်တာက ဂေါ်ရကားသီး။ ဒါပေမယ့်ပြန်တွေးတယ်။ သစ်သီးရောင်းတဲ့ အတန်းမှာ ဂေါ်ရကားသီး ဘယ်လိုမှ မရှိနိုင်ပါဘူး။ တစ်ခုခုမှားနေသလိုဘဲ။


ဒီတော့ ဆိုင်ကကောင်လေးက ကျွန်မကို သူတို့ ဘာသာစကားနဲ့  အမဘာယူမလဲတဲ့။ ကျွန်မက မြန်မာလိုဘဲ ပြန်မေးလိုက်တယ်။ အဲဒါဘာသီးလဲလို့ ။ ပထမတော့ ကောင်လေးကြောင်နေတယ်။ နောက်မှ အမက မြန်မာလားတဲ့။


ခက်တော့ခက်နေပြီ။ မြန်မာလို ပီပီသသကြီးပြောလိုက်တာတောင် အမကမြန်မာလားတဲ့။

း)


နောက်တော့ အဲဒိကောင်လေးက ဒါမာလကာသီးတဲ့။ ကျွန်မက ဟုတ်ရဲ့ လားဆိုတော့ ဘာလို့ လဲတဲ့။ ဂေါ်ရကားသီး မဟုတ်ဘူးလားဆိုတော့ ရယ်တယ်။ စားကြည့်အမ အထဲမှာ အစေ့လုံးဝမပါဘူးတဲ့။


ဒါနဲ့ ဘဲ ကျွန်မ ၁ကီလိုဝယ်လာတယ်။ ၄လုံးဘဲရတယ်။ အားလုံးဘဲ အရသာမြည်းကြည့်နော်။

း)


9 comments:

နေဒေးသစ် said...

အဲလို မာလကာသီးမျိုးတွေ့ဖူးတယ် ...
အပြင်မှာတော့ မဟုတ်ဘူး ...
ငယ်ငယ်တုန်းက ကြည့်တဲ့ မျောက်မင်း စွန်းဝူခုံးကားထဲကလေ ...
စားပြီးရင် မျောက်ဖြစ်သွားတယ်ဆိုလား ဘာဆိုလား ... :D

တကယ်စားချင်စရာ ... ပုံစံက ကဗျာဆန်တာပါ ...
ကွေးကွေးကောက်ကောက် ... ချစ်စရာလေး ... အဟေးဟေး :D

နေဒေးသစ်။

ဂျာမုန်းဒန် said...

မာလကာသီးလာစားတယ်။
မာလကာဆိုရင် ကွေးကွေးပဲဖြစ်ဖြစ်၊ ကောက်ကောက်ပဲဖြစ်ဖြစ်စားမှာပဲ။

Anonymous said...

အိတ်လေးးးးးးးးးးးးးးးးးးးးးး
မြင်မြင်ချင်းတော့ ဘာသီးလဲဟတောင်ဖြစ်သွားတယ်
ဟီးးးးးးးးးးးးးးးးးးးးရီနဲ့ သိလား
နောက်ကိုဒေးးးးးးးးးးးးကြီးထားတာတွေ့ ပြီး
ရီနေတယ်ခုလေ ဘာပဲဖြစ်ဖြစ်စားမှာပဲနော်းးးးးးးးးး

ချစ်တဲ့
မြူးလေး

မိုးကောင်းသူ said...

ရုပ်ဆိုးပေမယ့် စားကောင်းတယ်။ ၄ လုံး လား။ သူ ၂ လုံး ကိုယ် ၂ လုံး ယူသွားမယ်လေ။ နော်။ ကျောပိုးအိတ်လေးက အတွဲလိုက်လာလာစားတာဆိုတော့ အစ်မလဲ အတွဲလိုက်ယူသွားတယ်။ :)

rose of sharon said...

စားကောင်းဘို့ကအဓိက...

ဂျစ် said...

မာလကာသီးက ထူးဆန်းတယ်နော် ..
မြင်ဘူးလို့....စားလို့ကောင်းရင်ပြီးတာပဲ ။
ဂျစ်က မာလကာသီး ကြိုက်တယ်...

ခင်မင်စွာဖြင့်
ဂျစ်

ကိုတိုးလေး said...

ဘာသီးပဲဖြစ်ဖြစ်ရုပ်ဆိုးပေမဲ့ စားလို့ကောင်းဖို့ရာ အရေးအကြီးဆုံးမဟုတ်ဘူးလားအမရေ။ ဟင်းတွေရော အစားအစာတွေပါ အများကြီးတင်နေတာ နောက်တစ်ခါကျရင်ကျွေးရမယ်။

ခင်မင်လျက်

ကိုတိုးလေး

မဆုမွန် said...

အဲ့လို မာလကာသီးလေး မြင်ဖူးတယ် စားဦးမှပဲ အစေ့မပါတာ စိတ်ဝင်စားတယ် ဘာဖြစ်လို့လဲဆိုတော့ မာလကာသီး စားလွန်းလို့ မဆုမွန် အံသွားလေးတွေရဲ့ အဆုံးသွားပေါက် မှာ မာလကာသီးစေ့လေး တစ်စေ့စာ အပေါက်လေးရှိတယ် အခုထက်ထိ မဖာရသေးဘူး။ စားတိုင်း အစေ့အမြဲကျန်ကျန်ခဲ့လို့လေ။

စန္ဒကူး said...

မတွေ့ဖူးဘူး အဲလိုမာလကာသီး...
အရသာရော..အစေ့ပါတဲ့ဟာနဲ့တူတူဘဲလားဟင်..