လ၀ါဆိုနှင့် မုန့် ဖက်ထုပ်

19:22 Posted by ကျောပိုးအိတ်


မုန့် ဖက်ထုပ် ပူပူလေးပါ

း)




ကျွန်မရဲ့ အနုပညာမြောက်တဲ့ မုန့် ဖက်ထုပ်

း)



သကြားနဲ့ အုန်းသီးဌာပနာထားတာ။ အုန်းယိုများမှများ

း)



အရမ်းအရသာရှိပါတယ်။ မြည်းကြည့်နော်။

း)




မနက်ဖြန်ကတော့ မြန်မာပြည်သား ဗုဒဘာသာဝင်တို့ ရဲ့  အထဋ်အမြတ်ထားရာ ၀ါဆိုလပြည့်နေ့ ပါ။ သောကြာနေ့ တုန်းက ၀ါဆိုလပြည့်နေ့ မှာ ဘာတွေလုပ်ရင်ကောင်းမလဲလို့  ရုံးဝန်ထမ်းတွေနဲ့  တိုင်ပင်မိပါတယ်။



အများအားဖြင့်တော့ ဘုန်းကြီးပင့်ပြီး ၀ါဆိုသင်္ကန်း ကပ်မယ်တဲ့။ ကျွန်မက အားလုံးလဲပျော်ရအောင် ဘာလုပ်ရင် ကောင်းမလဲလို့ မေးတာဆိုတော့ အားလုံးဝိုင်းစဉ်းစားကြတယ်။ နောက်ဆုံးမှာ ဦးဆောင်မေးခဲ့တဲ့ ကျွန်မကဘဲ

မုန့် ဖက်ထုပ် လုပ်ပြီး ဘုန်းကြီးကျောင်းပို့ မယ်။ ပြီးရင် မြန်မာအိမ်တွေကိုလိုက်ဝေမယ်။ ဘယ်လိုလဲဆိုတော့

အားလုံးက ဂွတ်…………..တဲ့။



ရုံးကသူတွေကမေးတယ်။ အဲဒိအလှူက ကျွန်မတစ်ယောက်ထဲ လုပ်မှာလားတဲ့။ ကျွန်မက ပါချင်တဲ့သူ ပါလို့  ရတယ်။ နည်းတယ် များတယ်မဟုတ်ဘူး။ ၀ိုင်းလှူလို့ ရတယ်ဆိုတာနဲ့  အလှူလိုက်ခဲ့ပြီး ရတဲ့ ပိုက်ဆံလေးနဲ့  ကျွန်မတို့  မုန့် ဖက်ထုပ် ထုပ်ခဲ့တယ်။



စနေနေ့ မှာ မုန့် ဖက်ထုပ် ထုပ်ရန်အတွက် ငှက်ပျောရွက် ရှာပုံတော် ထွက်ခဲ့တယ်။ လိုအပ်တဲ့ ငှက်ပျောရွက် တွေ ရှာပြီးတဲ့အခါမှာ ရေသေချာဆေးတဲ့သူကဆေး။ အုန်းသီးခွာတဲ့သူကခွာ ။

(အဲကျွန်မတော့ ဘေးနားမှာ ခွက်တစ်လုံးနဲ့ ရတဲ့အုန်းရည်မှန်သမျှကို မ၀နိုင်စွာ သောက်ခဲ့သေးတယ် ) လိုအပ်တဲ့ ပစည်းတွေဝယ်ဘို့ ဈေး သွားတဲ့သူက သွားနဲ့  အားလုံးပျော်နေကြတယ်။



ဒီနေ့ မနက်စောစောမှာတော့ ရေစိမ်စားတဲ့ ကောက်ညှင်းတွေကို မုန့် ကြိတ်စက်နဲ့ ကြိတ်တယ်။ (မုန့် နှစ် ရယ်ဒီမိတ်ရှိပေမယ့်ကျွန်မတို့ မ၀ယ်ခဲ့ပါဘူး။ ) ရလာတဲ့ မုန့် နှစ်တွေကို ငရုတ်ဆုံတွေနဲ့ ဖိထားပြီး ရေစစ်ထား လိုက်တယ်။



အုန်းယိုက ထိုးတဲ့သူကထိုး၊ ငှက်ပျောရွက်ကို ဆီသုတ်တဲ့သူကသုတ်၊ မီးမွှေးတဲ့သူကမွှေးနဲ့  အားလုံး ပျော်ပျော်ပါးပါးအလှူမှာ ပါဝင်ကြတယ်။



ကျွန်မသေချာဓါတ်ပုံရိုက်ချင်ပေမယ့် ကျွန်မကင်မရာကို သူငယ်ချင်းတစ်ယောက်က သူ့ သားမွေးနေ့ အတွက် လာငှားသွားလို့  ပေးလိုက်ရတယ်။ ပေးပြီးမှ နောင်တတော်တော်ရနေတယ်။ မှတ်တမ်းတင် ဓါတ်ပုံတစ်ပုံမှ မရှိတာ ။

း(



တကယ်တော့ ကျွန်မ မုန့် ဖက်ထုတ် မထုတ်တတ်ပါဘူ။ သူများတွေထုတ်တာကြည့်ပြီး လိုက်ထုတ်ကြည့်တာ တော်တော်ပုံဆိုးပန်း ဆိုးထွက်လာတာ တွေ့ ရတယ်။ ညနေအေးတော့ သူငယ်ချင်းက ကင်မရာလာပြန်ပေးတာ

နဲ့  ပုံအများကြီးမရိုက်လိုက်ရပေမယ့် ကျွန်မထုတ်ထားတဲ့ မသေသပ်တဲ့ မုန့် ဖက်ထုတ်လေးကို တင်ပြလိုက်ရပါ တယ်။



မနက်ဖြန်နံနက်မှာ ဘုန်းကြီးကျောင်း သွားကပ်မယ်။ မြန်မာအိမ်တွေကိုတော့ ညနေအေးတကည်းက လိုက်ဝေလိုက်ပါပြီ။ အဲပြီးတော့ မနက်စောစောထမယ်။ ဘုရားပန်းတွေဝယ်ပြီး နီးစပ်ရာအိမ်တွေကို လိုက်ဝေမယ် စဉ်းစားထားပါတယ်။ အိပ်ယာကစောစောထမှဖြစ်မယ်။ မဟုတ်ရင် ဘုရားပန်းကောင်းကောင်းရမှာ မဟုတ်ဘူး။



အားလုံးဘဲ ကျွန်မရဲ့ လက်ရာမြောက်လှတဲ့ မုန့် ဖက်ထုတ်လေး သုံးဆောင်သွားပါဦးလို့ 

း)



မုန့် ဖက်ထုတ်က ၃ထုတ်ပုံလေးဘဲရိုက်ထားလိုက်တယ်။ ထုတ်တာကများပေမယ့် လိုက်ဝေလိုက်တာရော၊ ဘုန်းကြီးကျောင်းအတွက် ဦးချထားတာရော၊ ဘုရားဆွမ်းတော်အတွက်ဦးချထားတာရောနဲ့ သိပ်မကျန်တော့ဘူး။ နောက်ပြီးဘုရားအတွက် ဦးချထားတာကြောင့် ဓါတ်ပုံမရိုက်ကောင်းဘူးထင်လို့  အများကြီးမရိုက်တော့တာပါ။

း)

8 comments:

Anonymous said...

အိတ်လေးးးးးးးးးးးးးးး
မုန့် ဖက်ထုတ်လေ မထုတ်တတ်ဖူးရယ်လေ
လှတယ်နော်ထုတ်ထားတာလေ
စားလို့လဲကောင်းမှာနော်
မြူးလေးကလေ သကြားနည်းပြီးအုန်းသီးများများ
ကြိုက်တယ်သိလား
စကားမစပ် ကိုနေဒေးဘယ်မှာလဲ ရှာကြအုံးလေ
ပြန်ပေးဆွဲခံထိပြီလားမသိဘူး
သတင်းထဲလဲမတွေ့ မိပါဘူး

ချစ်တဲ့
မြူးလေး

ကျောပိုးအိတ် said...

သူဘလော့ခဏပိတ်ထားတယ်တဲ့လေ။ အသစ်မတင်နိုင်တာ စာလာဖတ်တဲ့ သူငယ်ချင်းတွေကို အားနာလို့ တဲ့။

ဒေဒေးတစ်ယောက် ကျန်းခန်းသာလို့ မာနေတယ် မြူးလေးရေ။
း)

မေလေး said...

ညီမလေးရေ
တရားနာပြီးမုန့်ဖတ်ထုပ်စားသွားတယ်နော်။

နေဒေးသစ် said...

မုန့်ဖက်ထုပ် စားချင်လိုက်တာ ....
နဲနဲလေး သေးနေတာက လွဲရင် အားလုံး ကောင်းပါတယ် ...
ငါကတော့ ၃ ၄ ထုပ်လောက်နဲ့ မရ ... အနဲဆုံး ၁၀ ထုပ်မှ ...
ငယ့်ကိုလည်းကျွေးရဦးမယ်လေ .... သူလည်းစားချင်မှာပေါ့ ... haha
နေဒေးသစ်။

မိုးကောင်းသူ said...

အနုပညာမြောက်တဲ့ မုန့် ဖက်ထုပ်လာစားပါတယ်။

rose of sharon said...

မုန့်ဖက်ထုတ်လေးကစားချင်စရာလေး

Anonymous said...

မုန့်ဖက်ထုပ် လာဝါးသွားတယ်ဗျို့

မဆုမွန် said...

မရမ်းကုန်းမှာ နေတုန်းက ညညဆို မုန့်ဖတ်ထုတ် မုန့်ဖတ်ထုတ်ဆိုပြီး လိုက်ရောင်းတာ တရေးနိုး အမေ ၀ယ်ကျွေးတာ သတိရတယ် မုန့်ဖတ်ထုတ်စားချင်လိုက်တာ.နော်