ခွဲခွာချိန်

22:09 Posted by ကျောပိုးအိတ်

နှုတ်ဆက်တာခြင်း တူပေမယ့်
အနည်းဆုံးတော့ ဆုံစည်းဖို့အတွက်လား …
ခွဲခွာဖို့အတွက်လား ….
ဆိုတာကိုတော့ သိသင့်တာပေါ့….

ကွန်ပျူတာကိုပိတ်… လက်ဆွဲအိတ်ထဲထည့်…အထုပ်အပိုးတွေကို သယ်ပိုး.. ဖြေးဖြေးခြင်းပိတ်သွားမဲ့ ဓါတ်လှေခေါးကြားကနေ ငါ့အခန်းလေးကို ဖြေးဖြေးခြင်း ခိုး ကြည့်… 5နှစ်တာ နွေးထွေးမှုတွေနဲ့… ငါ့အရိပ် တစိတ်တလေများ ကျန်ခဲ့လေဦးမလား…

ကားပေါ်ကိုတက်… ပြုတင်းပေါက်က ကြည့်တော့..။လမ်းမ တစ် လျှောက် ရော်ရွက်တွေက ဟိုနား.. ဒီနား.. ခပ်ဝါးဝါး ဖြစ်နေတာ ရွှေအိုရောင်…

ဆေးရုံကြီးရှေ့က ဖြတ်မောင်းတော့..ထိုင်းဘုရင် ဘူမိဘောက ငါ့ကိုကြည့်နေမလား .. ကြည်နူးတာလား.. ကြေကွဲတာလား .. အားပေးတာလား… တားနေလေရော့ သလား…

အိမ်ပြန်ရမတဲ့လား…  ပျော်စရာကြီးဆိုပါလား… မျှော်နေကြသတဲ့လား.. ရင်ခုန်ရမတဲ့လား… သြော်…အိမ်ကိုပြန်ရမတဲ့လား…

ဌာနေကို မေလေ ပြန်ရတော့မယ်

21:14 Posted by ကျောပိုးအိတ်

ကျွန်မ ၂၈ . ၁ . ၂၀၁၁ မှာ မြန်မာပြည် အပြီး ပြန်ပါပြီရှင် .. မြန်မာပြည် ပြန်ရောက်ရင်တော့ ပို့ စ်တွေ ထပ်တင်ဖြစ်ပ့ါမလား ကျွန်မကိုယ်တိုင် မသေချာပါဘူး .. ဒီမှာနေခဲ့တုန်းက အိမ်မှာ အင်တာနက် တတ်ထားတာတောင် ပို့ စ်တွေ ပုံမှန်မရေးဖြစ်တဲ့ ကျွန်မက ဌာနေမှာရော ပုံမှန်ရေးနိုင်ပ့ါမလားလို့  ကျွန်မတွေးနေမိပါတယ် ...

ဘာဘဲပြောပြောပါလေ .. ကျွန်မရေးခဲ့သမျှတွေကို (စာရေး မကောင်းမှန်း သိပေမယ့်) တကူးတကန့်  လာရောက် ဝေဖန်ပေးကြတဲ့ ဘလော့ဂါ အကို .. အမ .. မောင်လေး .. ညီမလေးတွေကိုတော့ ကျွန်မ အမြဲ အမှတ်ရနေမှာပါ ..

ခုတော့ အပြီးပြန်ဖြစ်တော့မှာဆိုတော့ ပစ္စည်းတွေ သိမ်းဆည်းနေပါတယ် .. လုပ်အားပေးလေးများ လာကြမယ်ဆို တော်တော် ၀မ်းသာမိမှာ ..

အခုတော့ တစ်ယောက်ထဲ ....း(

လိုအပ်ချက် ဖယောင်းတိုင်

17:14 Posted by ကျောပိုးအိတ်


ဖယောင်းတိုင် ၅တိုင်ရဲ့ အလင်းအားကြောင့် အခန်းသေးသေးလေးတစ်ခန်းဟာ လင်းလက်လို့  နေပါတယ် .. အဲဒီအချိန်မှာ လေပြင်းက ရုတ်ကနည်းတိုက်လိုက်တာကြောင့် ဖယောင်းတိုင်၅တိုင်ထဲက ၁တိုင်ဟာ မီးငြိမ်းသွားခဲ့ပါတယ် ..

ပထမဆုံး မီးငြိမ်းသွားတဲ့ ဖယောင်းတိုင်ကို ကျွန်မက အချစ်ဖယောင်းတိုင်လို့  နာမည်ပေးချင်ပါတယ် .. အချစ်ဖယောင်းတိုင် ညိမ်းသွားတာကြောင့် အခန်းထဲမယ် အလင်းအားက နဂိုကထက်စာရင် လျှော့နည်းသွားတာကို တွေ့ ရပါတယ် ..
 
ကျွန်မတို့ ဘ၀မှာ အချစ်ဆိုတာသာ မရှိခဲ့ရင် ကျွန်မတို့ ရဲ့ ဘ၀မှာ အမှောင်ကျမှာ သေချာပါတယ် .. အချစ်ဆိုတဲ့နေရာမှာ မိသားစုချစ်တာတွေ .. ဇနီးမောင်နှံချစ်တာတွေ .. သူငယ်ချင်းချစ်တာတွေ .. လုပ်ဖော်ကိုင်ဖက် ချစ်တာတွေ အဲဒါတွေ အားလုံးပါဝင်ပါတယ် ..

အခန်းထဲမယ် နောက်ထပ် အလင်းတိုင် ၄တိုင်ဟာ လေယူရာကို ယိမ်းနွဲ့ လို့ နေပါတယ် .. လေပြင်းက နောက်တစ်ချက် တိုက်လိုက်တာကြောင့် ကျန်နေတဲ့ ဖယောင်းတိုင် ၄ တိုင်ထဲကနေ နောက်ထပ် ၁ တိုင်ရဲ့ မီးဟာ ငြိမ်းသွားခဲ့ရပြန်ပါတယ် …

ဒုတိယ ငြိမ်းသွားတဲ့ ဖယောင်းတိုင်ကို ကျွန်မက မေတ္တာဖယောင်းတိုင်လို့  နာမည်ပေးချင်ပါတယ် .. မေတ္တောဖယောင်းတိုင် ငြိမ်းသွားတာကြောင့် အခန်းထဲမယ် အလင်းအားက နဂိုကထက်စာရင် ပိုလျှော့နည်း သွားတာကို တွေ့ ရပါတယ် ..

ကျွန်မတို့ ရဲ့ ဘ၀မှာ မေတ္တာတရားသာမရှိခဲ့ဘူးဆိုရင် တစ်ပါးသူရဲ့  လိုအပ်ချက်တွေ .. တစ်ပါးသူရဲ့  ၀မ်းနည်းမှုတွေ .. တစ်ပါးသူရဲ့  ကြေကွဲမှုတွေ အားလုံးကို မျက်ကွယ်ပြုမိကြမှာပါ .. 

အခန်းထဲမယ် နောက်ထပ် အလင်းတိုင် ၃တိုင်ဟာ လေယူရာကို ယိမ်းနွဲ့ လို့ နေပါတယ် .. လေပြင်းက နောက် တစ်ချက် တိုက်လိုက်တာကြောင့် ကျန်နေတဲ့ ဖယောင်းတိုင် ၃တိုင်ထဲကနေ နောက်ထပ် ၁ တိုင်ရဲ့ မီးဟာ ထပ်ငြိမ်း သွားခဲ့ရပြန်ပါတယ် …

တတိယ  ငြိမ်းသွားတဲ့ ဖယောင်းတိုင်ကို ကျွန်မက ဂရုဏာဖယောင်းတိုင်လို့  နာမည်ပေးချင်ပါတယ် .. ဂရုဏာဖယောင်းတိုင် ငြိမ်းသွားတာကြောင့် အခန်းထဲမယ် အလင်းအားက နဂိုကထက်စာရင် ပိုပြီး လျှော့နည်း သွားတာကို တွေ့ ရပါတယ် ..

ကျွန်မတို့ ရဲ့ ဘ၀မှာ လူတိုင်းလူတိုင်းဟာ ဂရုဏာတရားသာ ကင်းမယ့်နေမယ်ဆို လူလူခြင်း ခေါင်းပုံဖြတ်မှုတွေ .. ရက်စက်မှုတွေ များလာမှာ အမှန်ပါဘဲ ..

အခန်းထဲမယ် နောက်ထပ် အလင်းတိုင် ၂တိုင်ဟာ လေယူရာကို ယိမ်းနွဲ့ လို့ နေပါတယ် .. လေပြင်းက နောက်တစ်ချက် တိုက်လိုက်တာကြောင့် ကျန်နေတဲ့ ဖယောင်းတိုင် ၂တိုင်ထဲကနေ နောက်ထပ် ၁ တိုင်ရဲ့ မီးဟာ ငြိမ်းသွားခဲ့ရပြန်ပါတယ် …

စတ္ထုထ ငြိမ်းသွားတဲ့ ဖယောင်းတိုင်ကို ကျွန်မက မုဒိတာဖယောင်းတိုင်လို့  နာမည်ပေးချင်ပါတယ် .. မုဒိတာဖယောင်းတိုင် ငြိမ်းသွားတာကြောင့် အခန်းထဲမယ် အလင်းအားက နဂိုကထက်စာရင် အရမ်းကို လျှော့နည်းသွားတာကို တွေ့ ရပါတယ် ..

ကျွန်မတို့ ရဲ့ ဘ၀မှာ မုဒိတာ တရားသာ ကင်းမဲ့နေမယ်ဆိုရင် အရာရာမှာ မနာလိုမှုတွေ .. နောက်ကွယ်မှာ ကြံစည်မှုတွေနဲ့  ပြည့်နှက်နေမှာ အမှန်ပါဘဲ ..

နောက်ဆုံးတော့ ဖယောင်းတိုင်လေး တစ်တိုင်သာ အခန်းထဲမယ် ကျန်နေခဲ့ပါတယ် .. နဂိုအလင်းရောင်ထက် အားနည်းလွန်းတဲ့ အခန်းထဲမယ် နောက်ဆုံးလက်ကျန် ဖယောင်းတိုင်လေးတစ်တိုင်သာ အထီးကျန်စွာ ကျန်နေခဲ့ပါတယ် .. 

နောက်ဆုံးကျန်ခဲ့တဲ့ ဖယောင်းတိုင်လေးကို ကျွန်မက လိုအပ်ချက်ဖယောင်းတိုင်လို့  နာမည်ပေးချင်ပါတယ် .. ဒီလိုအပ်ချက် ဖယောင်းတိုင်လေး တစ်တိုင်ကသာ တကယ်လိုအပ်နေတဲ့ ချစ်ခြင်း .. မေတ္တာ .. ဂရုဏာ .. မုဒိတာတွေကို တဖန်ပြန်ပြီး ထွန်းညှိပေးမယ်ဆိုရင် လောကမှာ အလင်းအား အကောင်းဆုံး ဖယောင်းတိုင် တစ်တိုင် ဖြစ်လာမှာ မလွဲပါဘူး .. 

ဒါကြောင့် ကျွန်မတို့ ရဲ့ ဘ၀မှာ လိုအပ်နေတဲ့ နေရာတိုင်းမှာ အသီးသီးသော အလင်းတိုင်များ ထွန်းလင်းနိုင်ပါစေလို့  ..
;P



ကျွန်မနဲ့  ထားဝယ်မြို့ 

21:09 Posted by ကျောပိုးအိတ်


ကျွန်မ ဒုတိယနှစ် စတတ်ချိန်မှာ ကျွန်မရဲ့  ဖေဖေက နယ်ကို တာဝန်အရ သွားရပါတယ် .. ကျွန်မကတော့ ဒုတိယနှစ်ရဲ့  စာမေးပွဲကို ဖြေဆိုပြီးချိန်ကျမှ ဖေဖေတာဝန်ကျရာ တောင်တန်းတွေ ပေါများတဲ့ နယ်မြို့ လေးကို ရောက်ရှိလာပါတယ် .. 

မိုးတွေအုံ့ မှိုင်းနေတဲ့ နေ့ တစ်နေ့ မှာတော့ မင်္ဂလာဒုံလေဆိပ်ကနေ တောင်တန်းတွေပေါများတဲ့ နေရာလေးကို စတင်ထွက်ခွာ လာပါတယ် .. လေယာဉ်ပြုတင်းပေါက်ကနေ မြင်နေရတဲ့ ကောင်းကင်ရှုခင်းဟာ 
အသက်ရှုဘို့ တောင် မေ့လောက်အောင် ဆွဲဆောင်လွန်းပါတယ် .. 

ဘယ်လောက်မှတောင် မစီးရသေးဘူး .. လေယာဉ်မယ်လေးက မကြာခင် လေယာဉ်ဆင်းတော့မယ်လို့  ပြောသံကြားလိုက်မိတယ် .. ကျွန်မအပြင်ကို ကြည့်လိုက်တော့ တောင်တန်းတွေကို အနီးကပ် တွေ့ နေရတယ် ..

တဖြည်းဖြည်းနဲ့  လေယာဉ်ကြီးက မြင့်ရာကနေ နိမ့်ဆင်းလာပြီး မကြာခင်မှာဘဲ ပြေးလမ်းကနေ 
ရပ်တန့် သွားပါတယ် .. လေယာဉ်ပေါ်ကဆင်းတော့ ကျွန်မကို ဖေဖေနဲ့ မေ လာကြိုပါတယ် .. ဒီလိုနဲ့  တောင်တန်းတွေပေါများလှတဲ့ ဒီမြို့ လေးကကျွန်မကို နွေးထွေးစွာနဲ့   စတင်ကြိုဆိုခဲ့ပါတယ် ..

အိမ်ကိုရောက်တော့ အိမ်ရဲ့ ပတ်ပတ်လည်မှာ လှပလွန်းတဲ့ တောင်တန်းတွေက ဘယ်နေရာကြည့်ကြည့် မြင်နေရလို့  ကျွန်မမှာ ပျော်မဆုံးဖြစ်ခဲ့ပါတယ်.. အဲဒိနေ့ က ကျွန်မချစ်တဲ့တောင်တန်းတွေရဲ့ ကြားက အိမ်ကြီးတစ်အိမ်မှာ ကျွန်မ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့ပါတယ် ..

ဒီလိုနဲ့  မကြားဘူးတဲ့ ဘာသာစကားတွေနဲ့  ရိုးသားလှတဲ့ တိုင်းရင်းသားတွေကြားမှာ ကျွန်မ နေရတာပျော်လာတယ် .. ကျွန်မ ပျင်းမှာစိုးလို့ ဆိုပြီး ဖေဖေရုံးက စာရေးမလေးတွေက လာအဖော်လုပ်ပေးပေမယ့် နားမလည်တဲ့ ဘာသာစကားကြားမှာ ကျွန်မ အလွဲလွဲ အချော်ချော် ဖြစ်နေခဲ့ရတယ် .. သူတို့ စကားပြောတာကို မနည်းနားလည်အောင် ကြိုးစားရင်း ရက်ကိုလစား လကိုနှစ်စားရင်း အချိန်တွေ တဖြည်းဖြည်း ကုန်လွန်လာခဲ့ပါတယ် .. 

ဒီလိုနဲ့  တတိယနှစ်ကျောင်းတတ်ဘို့ ရာ အချိန်ကျလာတယ် .. ကျွန်မက ရန်ကုန်မှာ ပြန်မတတ်ချင်တော့ဘူး .. ဒီတော့ ရန်ကုန်အိမ် မှာ ကျန်ခဲ့တဲ့ အမတွေကို ကျောင်းထွက်စာတင်ခိုင်းပြီး ကျွန်မ နယ်မှာ တတိယနှစ်ကို စတတ်ခဲ့တယ် ..  ဆိုင်ကယ်တွေနဲ့  ကျောင်းတတ်ရတာ ပျော်စရာတစ်မျိုးဘဲ .. ရန်ကုန်မှာတတ်တဲ့ ကျောင်းနဲ့  နယ်မှာတတ်တဲ့ကျောင်းက တော်တော်ကွာတယ် .. ရန်ကုန်မှာတုန်းက ဝေလေလေ ကျောင်းတတ်ခဲ့ပေမယ့် 
နယ်မြို့ လေးမှာတော့ အထက်တန်းကျောင်းမှာလိုဘဲ အချိန်ပြည့် တတ်ရတယ် .. ကျောင်းပြေးကြတာလဲ  
မတွေ့ သလို  ကန်တင်းကို အချိန်ပြည့်ထိုင်တာလဲ မတွေ့ ပါဘူး .. ကျောင်းကနေအိမ် .. အိမ်ကနေကျောင်းဘဲဆိုတော့ တတ်ရတာ ထူးဆန်းနေတယ် ..

ကျွန်မ ကျောင်းတတ်တော့ သူငယ်ချင်းတွေ တိုးလာခဲ့တယ် .. ဆိုင်ကယ်တစ်စီးနဲ့  နေရာစုံလျှောက်သွားခဲ့တယ် .. တွေ့ ကရာစားပြီး အိမ်မကပ်တာ များလာတယ် .. အဲဒီချိန်မှာ ကျွန်မတို့ ဖေဖေရဲ့  အထက်အရာရှိ(ဗိုလ်မှုးကြီး)သမီးက ကျွန်မတို့  နေတဲ့ မြို့ လေးကို အလုပ်ကိစ္စနဲ့  ပြောင်းလာပါတော့တယ် .. အိမ်မှာဝင်ထွက်နေပေမယ့် ကျွန်မနဲ့ က မတွေ့ တာ များတယ် ..

တစ်နေ့ တော့ တိုက်တိုက်ဆိုင်ဆိုင် အဲဒီအမနဲ့ တွေ့ တယ် .. အမကမေးတယ် .. မီးလေး အလုပ်မလုပ်ချင်ဘူးလားတဲ့ .. ကျွန်မကလဲ အမနဲ့ လုပ်ရမယ်ဆို လုပ်မယ်လို့  ပြန်ပြောမိခဲ့တယ် .. တကယ်တော့ ကျွန်မထင်ထားတာက အဲဒီအမက ဆရာဝန်ဆိုတော့ ဆေးရုံနဲ့  ဘဲ ဆိုင်တယ်ထင်ထားတာ .. NGO ဆိုတာ အဲကျမှ ကျွန်မသိတော့တယ်.. 

အဲဒီဆရာဝန်အမ ကောင်းမှုကြောင့် ကျွန်မ အလုပ်တစ်နေရာ ရခဲ့တယ် .. အလုပ်က ရွာတွေမှာလိုက်ပြီး ဆေးကုတာဆိုတော့ အရမ်းပျော်စရာ ကောင်းပါတယ် .. ကျွန်မတို့ အဖွဲ့ က MSF (နယ်စည်းမခြား ဆရာဝန်များ 
အဖွဲ့ ) ငှက်ဖျားအဖြစ်များတဲ့နေရာမှာ လူနာတွေကို အခမဲ့ ဆေးကုပေးပါတယ် .. ပထမတော့ ရွာကလူတွေ မလာကြပါဘူး .. အင်္ဂလိပ်အဖွဲ့ ဖြစ်နေတော့ လာရမှာ ကြောက်နေတယ် ..

နောက်တော့ ကျွန်မတို့ ရဲ့  စစ်မှန်တဲ့ ဆေးကုသမှုကို လက်ခံလာပြီး ရွာတော်တော်များများက လူနာတွေ လာပြကြပါတယ်.. ဆေးခန်းစဖွင့်ပြီး ၁လအကြာမှာတော့ လူနာက တစ်နေ့ ကို ၂၀၀ ပတ်ဝန်းကျင် လာလာပြကြတယ်.. ကျွန်မတို့  ဆေးခန်း ဖွင့်ထားတဲ့နေရာလေးက မြိတ်ထားဝယ် ကားလမ်းမပေါ်မှာ ရှိပြီး ထားဝယ်ကနေ ၃၄မိုင်ဝေးတဲ့ သရက်ချောင်းမြို့ နယ် စုံစင်ဖျား ကျေးရွာလေးမှာပါ … တစ်နေ့  တစ်နေ့  ၃၄မိုင်ကို အသွားပြန်လုပ်နေရတာကြောင့် ကျွန်မတို့ ဝန်ထမ်းတွေ အရမ်းကို ပင်ပန်းကြပါတယ် …

နောက်တော့ ကျွန်မတို့ ဆေးခန်းနဲ့ ၃မိုင်လောက်သာ ဝေးတော့တဲ့ ရာဘာခြံမှာ အဆောင်ရတာနဲ့  တနလာင်္နေ့ ကနေ သောကြာနေ့  ထိ ဆေးခန်းနဲ့ နီးတဲ့ အဲဒီရော်ဘာခြံထဲမှာဘဲ နေကြပါတယ် .. ရိုးသားလှတဲ့ တိုင်းရင်းသားတွေကြားမှာ အလုပ်လုပ်ရတာ ပျော်စရာ အရမ်းကောင်းပါတယ်.. 

ကျွန်မတို့ အဖွဲ့ က တနလာင်္နေ့  မနက် ၅း၃၀ဆိုတာနဲ့ ထားဝယ်မြို့ ကနေ စထွက်ပါတယ် .. သရက်ချောင်းမြို့ မှာ မနက်စာ စားပြီးဆေးခန်းရောက်ရင်တော့ မနက် ၈း၀၀ ကျော်ကျော်လောက် ရှိနေပါပြီ ..ကျွန်မတို့ ဆေးခန်းလေးက တောင်ကုန်းလေးနားမှာဆိုတော့ အဝေးကနေ ကြည့်ရင်တောင် မြင်နေရတယ် .. 

တနလာင်္နေ့ ဆို လူနာအရမ်းများတယ် .. လူနာက ၂၀၀ ပတ်ဝန်းကျင်လောက်လာကြလို့  အဲလိုနေ့ တွေမှာဆို ကျွန်မတို့ ရဲ့ မနက်စာ စားချိန်ဟာ မွန်းလွဲ ၃နာရီထက် မစောကြပါဘူး .. ဒါပေမယ့် ဆာရကောင်းမှန်းမသိလောက်အောင် လူနာတွေ ကြားမှာ အလုပ်များ နေခဲ့တယ် ..

ရုံးက၀န်ထမ်းတွေအကုန်လုံးက ကျွန်မကို ချစ်ကြတယ် .. ကျွန်မက အသက်အငယ်ဆုံးဆိုတော့ အားလုံးက အလိုလိုက်တယ် … ပြီးတော့ ဆရာဝန်တွေကလဲ ကျွန်မကို ချစ်ကြတော့ ကျွန်မက အုပ်စုထဲမှာ ဗိုလ်ဘဲ .. 
ဆိုးလို့ အရမ်းကောင်းပါတယ် ..

ကျွန်မတို့ နေရတဲ့ ရာဘာခြံအဆောင်လေးက မြေနီလမ်းလေးရဲ့  လမ်းဆုံးမှာ ရှိပြီး တစ်ထပ်တိုက်ပုလေးပါ ..
အရှေ့ မှာ မြေကွက်လပ်လေးနဲ့  တောင်တန်းပတ်ပတ်လည်နဲ့ မနီးမဝေးမှာလဲ စမ်းချောင်းလေးနဲ့ ဆိုတော့ နေချင်စရာ အရမ်းကောင်းပါတယ် .. ဆေးခန်းက ပြန်လာတော့ ကျန်တဲ့သူတွေက မောမောနဲ့  နားချင်ပေမယ့် 
ကျွန်မရဲ့ အလုပ်က တောင်တန်းကြီးတွေဘက် လမ်းလျှောက်ထွက်တာက ကျွန်မရဲ့  ဒုတိယတာဝန်ပါ… ကျွန်မ အေးအေးချမ်းချမ်း တစ်ယောက်ထဲ တွေးချင်ရာတွေးပြီး တစ်ခါတစ်ရံ တောင်တန်းကြီးတွေနားမှာ အိပ်ပျော်သွားတတ်တယ် ..

တစ်မေ့တစ်မော ထိုင်တတ်တဲ့ကျွန်မက ညနေအေးတောင်မှ တောင်တန်းကြီးတွေနားမှာထိုင်ချင်ပေမယ့် ထမင်းစားဘို့  လာခေါ်နေတာကြောင့် မထချင် ထချင်နဲ့ အမြဲလိုက်လာခဲ့ရတယ် .. တစ်ခါတစ်ရံ အရမ်းပူတဲ့ 
နေ့ တွေဆို ကျွန်မတို့  အဆောင် ဘေးနားက စမ်းချောင်းမှာ ရေသွားစိမ်ကြတယ် .. ပြန်လာရင် တစ်ရေးတမော အိပ်ကြတယ် .. ညဘက်ဆိုရင် ဂစ်တာတီးတဲ့ သူက တီးတယ် .. ဖဲရိုက်တဲ့သူက ရိုက်တယ် .. စာဖတ်တဲ့သူက ဖတ်တယ် .. အတင်းအုပ်တဲ့သူက အုပ်ကြတယ် .. ဆူညံနေကြတာဘဲ ..

ဒါပေမယ့် ၁၀နာရီ မီးပိတ်ကာနီးဆို အလျှိုလျှို တိတ်သွားရော .. ဂစ်တာတီးချင်တဲ့ သူကလဲ အိမ်ရှေ့  မြေကွက်လပ်မှာ သွားတီးတယ် .. ဖဲရိုက်တဲ့သူတွေကလဲ အသီးသီး ၀ိုင်းသိမ်းကြတယ်.. အတင်းအုပ်တဲ့သူတွေကလဲ အလိုက်သိစွာ အတင်းအုပ်တာကို လက်စသိမ်းပြီး ခြင်ထောင်ထဲ ၀င်ကြတယ် .. ဒါပေမယ့် ကျွန်မအခန်းကတော့ ညဥ့်နက်တဲ့အထိ ဖယောင်းတိုင်မီးက အမြဲလင်းနေတတ်တယ် .. ကျွန်မက စာဖတ်တာကိုး ..

ဆေးခန်းမှာ လူနာပါးတဲ့နေ့ တွေဆို Out reach ထွက်ကြတယ် .. အဲလို Outreach ထွက်မယ်ဆို ကျွန်မ အရမ်းပျော်ပါတယ် .. အဲဒီနေ့ ဆို အ၀တ်ပိုတွေပါ ယူသွားကြတယ် .. တစ်ရွာဝင် တစ်ရွာထွက် လူနာတွေ လိုက်ကြည့်တယ် .. တောတောင်အထပ်ထပ် ဖြတ်ကျော်လို့ ပေါ့ .. ပြန်လာရင် ဖုန်အလူးလူးနဲ့ ဆိုတော့ တွေ့ တဲ့ စမ်းချောင်းမှာ ရေ၀င်စိမ်ကြတယ် .. တစ်ခါတစ်လေလျှော်ရမယ့် အ၀တ်တွေပါ ယူသွားပြီး အဲစမ်းချောင်းမှာဘဲ လျှော်လိုက်တယ် .. ကျွန်မကတော့ အ၀တ်လျှော်တဲ့နေရာမှာ အရမ်းတော်ပါတယ် .. လျှော်ချင်တဲ့အ၀တ်ကို ဆပ်ပြာမှုန့် နဲ့ လူးလိုက်တယ် .. ပြီးရင် နယ်လိုက်တယ် .. ပြီးရင် စမ်းချောင်းအထက်ပိုင်းကို ပစ်တင်လိုက်တယ် .. ကျွန်မနားကို ရေစီးနဲ့  ပြန်ပါလာရင် ဆယ်ယူလိုက်တယ် .. ပြီးပြီ ကျွန်မရဲ့ အ၀တ်လျှော်ခြင်း .. 

တစ်ခါကပေါ့ ထူးထူးခြားခြား လူနာလိုက်ကြည့်ရင်းနဲ့  တောအုပ်တစ်ခုကို ဖြတ်ရတယ် .. တောအုပ်ထဲ စဖြတ်စမှာ ထူးထူးခြားခြား ယဉ်ပါးနေတဲ့ အနံ့ တစ်ခုကို ရလိုက်တယ် .. ဘေးဘီကို ကြည့်တော့လဲ မတွေ့ ဘူး .. နောက်တော့ ကျွန်မခေါင်းမော့ကြည့်လိုက်တော့ အိုးးးးးးးးး ကျွန်မခေါင်းပေါ်မှာရှိတဲ့ သစ်ကိုင်းကြီးရဲ့  အကိုင်းတွေမှာ သဇင်ပန်းတွေ ပေါက်နေတာ ကြည့်လှလိုက်တာ .. ကျွန်မမှာ ခုန်စွခုန်စွနဲ့  အဲသဇင်တွေကို ကြည့်ပြီး လမ်းလျှောက်ရတာ အရသာ တစ်မျိုးဘဲ .. (ကျွန်မတို့  အလုပ်လုပ်တဲ့နေရာက သဇင်ပန်း အရမ်းပေါပါတယ်)

တစ်ခါတစ်လေ လူနာလဲ ရွာထဲမှာလိုက်မကြည့်ဘူး .. အဆောင်ကို တန်းပြန်လာတဲ့အချိန်ဆို အဆောင်မှာ ကျွန်မတို့  တစ်ခုခု လုပ်စားကြတယ် .. မိန်းကလေးကလဲ နည်းတာကြောင့် ဘာလုပ်လုပ် ကျွန်မက ပါလေရာပေါ့ .. ကျွန်မချက်တော့မယ်ဆိုရင် ကျွန်မလက်ရာကိုဘဲ ယုံကြည်လို့ ထင်ပါရဲ့  တော်ရုံ မချက်ခိုင်းဘူး .. နောက်တစ်ခုက ကျွန်မချက်ပြီဆို တစ်ယောက်မှ ကောင်းကောင်းမနေရဘူး .. တွေ့ တဲ့သူအကုန်ခိုင်းတာကြောင့် ကျွန်မကို ဗိုလ်ကတော် ဟင်းချက်နည်းအတိုင်းဘဲတဲ့ ..း)

တစ်ခါတစ်လေ အဆောင်မှာ ကျွန်မတို့  စွန်လွှတ်ကြတယ် .. တစ်ခါတစ်လေ ကန်စွန်းဥ တူးပြီး ပြုတ်စားကြတယ် .. တစ်ခါတစ်လေ မြေပဲတွေနှုတ်ပြီး ပြုတ်စားတယ် .. တစ်ခါတစ်လေ ရုံးက အကိုတွေ ရွာထဲမှာ ကောင်မလေးတွေ သွားရှိတ်ရင် ကိုးလို့ ကန့် လန့်  ကျွန်မ ပါတတ်တယ် .. တစ်ခါတစ်ရံ ဒူးရင်းပင်တွေအောက်မှာ ဒူးရင်းသီးတွေ စားတတ်တယ် .. တစ်ခါတစ်လေ မင်းဂွတ်သီးတွေကို အကျီ င်္တွေ ပေတဲ့အထဲ စားကြတယ် .. တစ်ခါတစ်ရံ ကွမ်းသီးပင်အောက်မှာ သွားထိုင်တတ်ကြတယ် .. တစ်ခါတစ်ရံ ရွာထဲမှာ လူနာဆေးသွားကုကြတယ် .. တစ်ခါတစ်ရံ ရွာနီးချုပ်စပ်က ဘုရားဖူးထွက်ကြတယ် .. တစ်ခါတစ်လေ ရေတံခွန်တွေဘက် သွားတတ်ကြသေးတယ် .. တစ်ခါတစ်လေ ညဥ့်နက်တဲ့အထိ သီချင်းတွေဆိုတတ်ကြတယ် .. တစ်ခါတစ်ရံ ပိုးစုန်းကြူးလေးတွေ လိုက်ဖမ်းတတ်ကြတယ် .. ဒါ ကျွန်မတို့ အဖွဲ့ ရဲ့  ပျော်ရွှင်စရာ အပန်းဖြေနည်းလေးတွေပါ …

(ထားဝယ် MSF အလွမ်းပြေလေးပါ)

ကျွန်မနှင့် သီတင်းကျွတ်

21:18 Posted by ကျောပိုးအိတ်


သီတင်းကျွတ်ပြီ
မီးပုံးပျံလွှတ်ရအောင်
မီးဇာကိုရေနံဆွတ်ပါ
မှိုင်းဝမှလွှတ်ပါ။

သီတင်းကျွတ်ပြီတဲ့။ မိုးလေကင်းလွတ်ပြီလို့ ထင်ရပေမယ့် ခုထိမလွတ်သေးပါဘူး။ မုန်တိုင်းတွေကလဲ ပေါ်ကောင်းတုန်းပါဘဲ။ မိုးကလဲရွာကောင်းတုန်း။ ရာသီဥတု ဘယ်လိုဘဲ ဖြစ်နေပါစေ .. ၀ါအကျွတ်ကို အားကြိုးမာန်တတ် လက်ချိုးပြီး ရေတွက်စောင့် နေသူများအတွက်တော့ မင်္ဂလာရှိတဲ့အခါသမယပါဘဲ။ 

ကျွန်မအတွက်တော့ သီတင်းကျွတ်တာလဲ ကျွန်မနဲ့ မဆိုင်သလို။း( ။ လာလိုက်တဲ့မင်္ဂလာဆောင်ဖိတ်စာ။ ဆောင်ဆောင်နိုင်လွန်း တယ်။ (တကယ်တော့ မနာလိုပြီး အားကျတဲ့လေသံနဲ့ ) 

ဖိတ်တဲ့လူကလဲ ကြိုးနဲ့ တစ်ခါထဲချည်သွားတယ်။ တို့ မင်္ဂလာဆောင်မလာ ရင် နင့်မင်္ဂလာဆောင်လဲမလာဘူးတဲ့။ ဟော သွားပြန်တော့လဲ အနှောင့်အသွားက မလွတ်ချင်။ ဘယ်တော့လဲ။ ငှက်ပျောပင်စိုက်ထားပြီလား။ဘာညာနဲ့ ။ ဟူးးးးးးးးးးးးးးးးးးးးးးးးးးးး

တွေ့ တဲ့သူတိုင်းကလဲ ဘယ်တော့လဲ။သူများတွေကျွတ်ကုန်ပြီနော်။အားမကျဘူးလား။ရွှေလက်ဘယ်တော့ တွဲမလဲတဲ့။ စိတ်ရှိလက်ရှိသာ အော်လိုက်ရရင်တော့။ 

ဟော ချစ်စရာကောင်းတဲ့ကလေးလေးတွေ တွေ့ လို့  ချီလိုက်မိရင်လဲ ကိုယ်တိုင်မွေးပါလားတဲ့။ ဘာလုပ်လုပ် အနှောင့်အသွားကမလွတ်ချင်ဘူး။

ဝါကျွတ်ပြီနော်။စားရတော့မှာလားတဲ့။ ၀ါမကျွတ်လဲကျွေးနေတာကို။ဝါက သူ့ ဘာသာကျွတ်တာ။နှစ်တိုင်းလဲ ကျွတ်နေတာဘဲ။ ခုတော့ ဟွန့် ။ သူများမစွံတာ လူသိလိုက်တာ။

ပြီးတော့ လာလိုက်တဲ့ ဘုံကထိန်။ ဟောတစ်စောင် ဟောတစ်စောင်နဲ့ ။ လာသမျှအလှူခံကိုလဲ နှမြောတွန့်  တို ခြင်းမရှိ။ လှူခဲ့တာဘဲ။ အလှူခံဖြတ်ပိုင်းမှာ နာမည်ရေးတော့ ထုံးစံအတိုင်း တိုင်ကပတ်ပြန်ရော။ ကျွန်မနာမည် ဘဲပါပြီး နောက်တစ်ယောက်နာမည်မပါလို့  တဲ့။ နောက်တော့ အပြောဆိုလွတ်အောင် ဖေဖေနဲ့ မေမေနာမည် ထည့်တော့မှ နည်းနည်း အနေအစားချောင်တော့တယ်။

နောက်တစ်ခုက ဗျောက်အိုးဖောက်တာ။ ကျွန်မအရမ်းကြောက်ပါတယ်။လန့် လဲအရမ်းလန့် ပါတယ်။ တစ်ညနေမှာ အေးအေးလူလူ ရုံးကသူငယ်ချင်းတွေနဲ့ လမ်းလျှောက်နေတုန်း ဗျောက်အိုးသံအနီးကပ်ကြားလို့  လန့် ပြီးအော်မိတော့ အပျိုကြီးတွေများ ဒီအသံလေးလောက်ကို ကြောက်တယ်ပေါ့လေ။ ဒါဆို အကြောက်ပြေ ယောကျာင်္းမြန်မြန်ယူတဲ့။ ဘယ်လိုဘဲစဉ်းစားစဉ်းစား ဘာမှလဲမဆိုင်ဘူး။

စိတ်လေတယ်နော်။စိတ်လေတယ်။
(ရေးပြီးသား ပို့ စ်အဟောင်းလေးပါ) မဖတ်ရသေးရင်တော့ အသစ်ပေါ့ကွယ် .. ဟီးးးးးး