လိုအပ်ချက် ဖယောင်းတိုင်
ဖယောင်းတိုင် ၅တိုင်ရဲ့ အလင်းအားကြောင့် အခန်းသေးသေးလေးတစ်ခန်းဟာ လင်းလက်လို့  နေပါတယ် .. အဲဒီအချိန်မှာ လေပြင်းက ရုတ်ကနည်းတိုက်လိုက်တာကြောင့် ဖယောင်းတိုင်၅တိုင်ထဲက ၁တိုင်ဟာ မီးငြိမ်းသွားခဲ့ပါတယ် ..
ပထမဆုံး မီးငြိမ်းသွားတဲ့ ဖယောင်းတိုင်ကို ကျွန်မက အချစ်ဖယောင်းတိုင်လို့  နာမည်ပေးချင်ပါတယ် .. အချစ်ဖယောင်းတိုင် ညိမ်းသွားတာကြောင့် အခန်းထဲမယ် အလင်းအားက နဂိုကထက်စာရင် လျှော့နည်းသွားတာကို တွေ့ ရပါတယ် ..
ကျွန်မတို့ ဘ၀မှာ အချစ်ဆိုတာသာ မရှိခဲ့ရင် ကျွန်မတို့ ရဲ့ ဘ၀မှာ အမှောင်ကျမှာ သေချာပါတယ် .. အချစ်ဆိုတဲ့နေရာမှာ မိသားစုချစ်တာတွေ .. ဇနီးမောင်နှံချစ်တာတွေ .. သူငယ်ချင်းချစ်တာတွေ .. လုပ်ဖော်ကိုင်ဖက် ချစ်တာတွေ အဲဒါတွေ အားလုံးပါဝင်ပါတယ် ..
အခန်းထဲမယ် နောက်ထပ် အလင်းတိုင် ၄တိုင်ဟာ လေယူရာကို ယိမ်းနွဲ့ လို့ နေပါတယ် .. လေပြင်းက နောက်တစ်ချက် တိုက်လိုက်တာကြောင့် ကျန်နေတဲ့ ဖယောင်းတိုင် ၄ တိုင်ထဲကနေ နောက်ထပ် ၁ တိုင်ရဲ့ မီးဟာ ငြိမ်းသွားခဲ့ရပြန်ပါတယ် …
ဒုတိယ ငြိမ်းသွားတဲ့ ဖယောင်းတိုင်ကို ကျွန်မက မေတ္တာဖယောင်းတိုင်လို့  နာမည်ပေးချင်ပါတယ် .. မေတ္တောဖယောင်းတိုင် ငြိမ်းသွားတာကြောင့် အခန်းထဲမယ် အလင်းအားက နဂိုကထက်စာရင် ပိုလျှော့နည်း သွားတာကို တွေ့ ရပါတယ် ..
ကျွန်မတို့ ရဲ့ ဘ၀မှာ မေတ္တာတရားသာမရှိခဲ့ဘူးဆိုရင် တစ်ပါးသူရဲ့  လိုအပ်ချက်တွေ .. တစ်ပါးသူရဲ့  ၀မ်းနည်းမှုတွေ .. တစ်ပါးသူရဲ့  ကြေကွဲမှုတွေ အားလုံးကို မျက်ကွယ်ပြုမိကြမှာပါ ..
အခန်းထဲမယ် နောက်ထပ် အလင်းတိုင် ၃တိုင်ဟာ လေယူရာကို ယိမ်းနွဲ့ လို့ နေပါတယ် .. လေပြင်းက နောက် တစ်ချက် တိုက်လိုက်တာကြောင့် ကျန်နေတဲ့ ဖယောင်းတိုင် ၃တိုင်ထဲကနေ နောက်ထပ် ၁ တိုင်ရဲ့ မီးဟာ ထပ်ငြိမ်း သွားခဲ့ရပြန်ပါတယ် …
တတိယ ငြိမ်းသွားတဲ့ ဖယောင်းတိုင်ကို ကျွန်မက ဂရုဏာဖယောင်းတိုင်လို့  နာမည်ပေးချင်ပါတယ် .. ဂရုဏာဖယောင်းတိုင် ငြိမ်းသွားတာကြောင့် အခန်းထဲမယ် အလင်းအားက နဂိုကထက်စာရင် ပိုပြီး လျှော့နည်း သွားတာကို တွေ့ ရပါတယ် ..
ကျွန်မတို့ ရဲ့ ဘ၀မှာ လူတိုင်းလူတိုင်းဟာ ဂရုဏာတရားသာ ကင်းမယ့်နေမယ်ဆို လူလူခြင်း ခေါင်းပုံဖြတ်မှုတွေ .. ရက်စက်မှုတွေ များလာမှာ အမှန်ပါဘဲ ..
အခန်းထဲမယ် နောက်ထပ် အလင်းတိုင် ၂တိုင်ဟာ လေယူရာကို ယိမ်းနွဲ့ လို့ နေပါတယ် .. လေပြင်းက နောက်တစ်ချက် တိုက်လိုက်တာကြောင့် ကျန်နေတဲ့ ဖယောင်းတိုင် ၂တိုင်ထဲကနေ နောက်ထပ် ၁ တိုင်ရဲ့ မီးဟာ ငြိမ်းသွားခဲ့ရပြန်ပါတယ် …
စတ္ထုထ ငြိမ်းသွားတဲ့ ဖယောင်းတိုင်ကို ကျွန်မက မုဒိတာဖယောင်းတိုင်လို့  နာမည်ပေးချင်ပါတယ် .. မုဒိတာဖယောင်းတိုင် ငြိမ်းသွားတာကြောင့် အခန်းထဲမယ် အလင်းအားက နဂိုကထက်စာရင် အရမ်းကို လျှော့နည်းသွားတာကို တွေ့ ရပါတယ် ..
ကျွန်မတို့ ရဲ့ ဘ၀မှာ မုဒိတာ တရားသာ ကင်းမဲ့နေမယ်ဆိုရင် အရာရာမှာ မနာလိုမှုတွေ .. နောက်ကွယ်မှာ ကြံစည်မှုတွေနဲ့  ပြည့်နှက်နေမှာ အမှန်ပါဘဲ ..
နောက်ဆုံးတော့ ဖယောင်းတိုင်လေး တစ်တိုင်သာ အခန်းထဲမယ် ကျန်နေခဲ့ပါတယ် .. နဂိုအလင်းရောင်ထက် အားနည်းလွန်းတဲ့ အခန်းထဲမယ် နောက်ဆုံးလက်ကျန် ဖယောင်းတိုင်လေးတစ်တိုင်သာ အထီးကျန်စွာ ကျန်နေခဲ့ပါတယ် ..
နောက်ဆုံးကျန်ခဲ့တဲ့ ဖယောင်းတိုင်လေးကို ကျွန်မက လိုအပ်ချက်ဖယောင်းတိုင်လို့  နာမည်ပေးချင်ပါတယ် .. ဒီလိုအပ်ချက် ဖယောင်းတိုင်လေး တစ်တိုင်ကသာ တကယ်လိုအပ်နေတဲ့ ချစ်ခြင်း .. မေတ္တာ .. ဂရုဏာ .. မုဒိတာတွေကို တဖန်ပြန်ပြီး ထွန်းညှိပေးမယ်ဆိုရင် လောကမှာ အလင်းအား အကောင်းဆုံး ဖယောင်းတိုင် တစ်တိုင် ဖြစ်လာမှာ မလွဲပါဘူး ..
ဒါကြောင့် ကျွန်မတို့ ရဲ့ ဘ၀မှာ လိုအပ်နေတဲ့ နေရာတိုင်းမှာ အသီးသီးသော အလင်းတိုင်များ ထွန်းလင်းနိုင်ပါစေလို့  ..
;P
4 comments:
ကောင်းလိုက်တဲ့ တင်စားချက်လေးတွေ...း))))
ခင်မင်တဲ့
နေ၀သန်
ကျောပိုးအိတ်လေးလဲ လိုအပ်တဲ့နေရာမှာ ထွန်းညှိပေးနိုင်တဲ့ ဖယောင်းတိုင်လေး ဖြစ်ပါစေနော်..
တယ်ကောင်းပါလား ကျောပိုးအိတ်လေး။
အဲဒီလို လိုအပ်ချက် ဆိုပြီး လင်းနေနိုင်တဲ့ ဖယောင်းတိုင် နှစ်တိုင်ဆုံကြရင် ပိုကောင်းမယ်။ တခြား အရာတွေကို မြန်မြန်ထွန်းနိုင်တာပေါ့။
တင်စားထားတဲ့ ဖယောင်းတိုင်တွေအားလုံး ထွန်းလင်းနေရင် အကောင်းဆုံးပဲ။
Post a Comment