ကျွန်မနှင့် ပရမ်းပတာနေ့ 

17:01 Posted by ကျောပိုးအိတ်

ဒီနေ့ မနက်စောစော အိပ်ယာထဲကနေ ကလေးတွေရဲ့ အသံစာစာလေးတွေ အတိုင်းသားကြားနေရတယ်။ ကျွန်မက အိပ်ချင် မူးတူးနဲ့  နားစွင့်နေလိုက်တယ်။ ခါတိုင်းဆို ကျွန်မကဘဲ ဒီကလေးတွေအော်သံမကြားတာလား။ ဒီနေ့ မှထူးထူးခြားခြား ကြားနေ ရတာလား။ အိပ်ယာထဲမှာ မျက်စိမဖွင့်ဘဲ အတွေးပွားနေမိတယ်။

မကြာပါဘူး။ ကျွန်မရဲ့ အိမ်တံခါးကို လာထုသံ ကြားရတော့တာဘဲ။ နာရီကြည့်လိုက်တော့ ၇း၀၀နာရီ ပတ်ဝန်းကျင်ဘဲရှိ နေသေးတယ်။

ကျွန်မလဲ အိပ်ချင်မူးတူးစိတ်နဲ့  ဘယ်သူလဲ ဘာညာဆိုပြီး အိမ်တံခါးလဲဖွင့်လိုက်ရော……………

မျက်နှာဖုံးတတ်ထားတဲ့ လူတစ်ယောက်က အိမ်ရှေ့ တံခါးပေါက်မှာ နေရာယူနေတယ်။ သူတတ်ထားတဲ့ မျက်နှာဖုံးက ကြောက်စရာကြီး။ ဘယ်လိုပုံနဲ့  ပြောရမလဲ။ ကြက်ငှက်တုတ်ကွေးဖြစ်လို့  တစ်ကိုယ်လုံးစွပ်ထားတဲ့ ၀တ်ရုံကြီး။ ပြီးတော့ ပိုပြီးဆိုးတာက လက်ထဲမှာ ဘာစက်ကြီးကိုင်ထားလဲမသိဘူး။

ဒီတော့ ကျွန်မလဲ လန့် ဖျန့် ပြီး ဘာပြောရမှန်းမသိဘူး။ အိပ်ချင်နေတဲ့ မျက်စိလဲ ကျယ်သွားတယ်။ ပြီးမှ ခြင်ဆေးလာ ဖြန်းတာတဲ့။ အင်းဖြစ်ရမယ်။ သြော် သူ့ လက်မှာကိုင်ထားတာ ခြင်ဆေးဖျန်းတဲ့ စက်ကြီးပေါ့။ သိပါဘူးအေ ။ လူဖြင့်လန့် သွား တာဘဲ။ အဲဒါကြောင့် ကလေးတွေဆူညံနေတာကိုး။

အဲဒိလူက အပြင်ထွက်ပေးပါဆိုလို့ ဘုမသိ ဘမသိ အပြင်ထွက်ပေးရသေးတယ်။ အဲဒိလူက စက်ကြီးနဲ့  မှုတ်လိုက်တာ တစ်အိမ်လုံးကို မီးခိုးဖုံးသွားတယ်။ ပြီးတော့ အဲဒိမီးခိုးတွေ ထွက်မှာ စိုးလို့ တံခါးပိတ်ထားပါတဲ့။

ဒီအထိအဆင်ပြေနေသေးတယ်။ ဘာမှမဖြစ်သေးဘူး။ သတိရပြီး နာရီကိုကြည့်လိုက်တော့ ရုံးချိန်ရောက်တော့ မယ်။ ရေလဲမချိုးရသေးဘူး။ အိမ်ထဲမှာလဲ မီးခိုးနံ့ တွေကို မွှန်နေတာဘဲ။ ခြင်မပြောနဲ့ လူတောင် ပြေးချင် တယ်။

ကျွန်မက ရုံးနောက်ကျမှာစိုးလို့  အပြေးတစ်ပိုင်းနဲ့ အိမ်ထဲကို လှမ်းဝင်လိုက်တော့ ကိုယ့်အရှိန်ကိုယ် မထိန်းနိုင် တာရယ်၊ ကြမ်းပြင်က မနေ့  ကမှ တိုက်ထားပြီ ခုတော့ ဆီတွေနဲ့ ရွှဲနေတာကြောင့် ကျွန်မချော်လဲခဲ့တယ်။

ကံကောင်းချင်တော့ ခေါင်းက တံခါးနဲ့ ပြန်မရိုက်ခြင်းပါ။ မဟုတ်လို့ ကတော့ ကျောပိုးအိတ် သေပြီပေါ့။
း(

ပြန်စဉ်းစားကြည့်တော့မှ ခုနက ခြင်ဆေးမှုတ်တဲ့ စက်ကြီးထဲကနေ ဆီတွေထွက်ကျတာနေမှာ။ ပြီးတော့ ကြမ်းပြင်က ကြွေပြား ဆိုတော့ အတိုင်းမသိပေါ့။

အဲဒိလိုပျာတာ။

ခုတော့ ခုတော့ ခါးနာနေတယ်။ ချော်လဲတဲ့အရှိန်ကို လက်က ထောက်လိုက်တော့ လက်လဲနာနေတယ်။ ခုတောင်လက်နာ နေတာ။ ကျိုးပြီနဲ့ တူတယ်နော်။ ဒီလိုဘဲနေရင် လက်က ပိုနာမှာစိုးလို့  လှုပ်ရှားနေတာ။

စာရိုက်တာတောင်မှ လက်တစ်ဘက်တည်းနဲ့ ရိုက်နေရတယ်။
း(

7 comments:

~PakKaramu~ said...

Pak Karamu reading your blog

rose of sharon said...

အို..ဖြစ်မှဖြစ်ရလေကွယ်...get well soon...

ဂျာမုန်းဒန် said...

အိုး.....မြန်မြန်ပြောက်ပါစေကွယ်။ အုန်ဖွ..အုန်ဖွ
လက်နာတာတောင် ရေးတယ်ဆိုတော့ဝါသနာတော့မသေးဘူးပဲ။
လေးစားပါတယ်ရှင်.။
ခင်တဲ့
မဂျာမုန်းဒန်

မိုးကောင်းသူ said...

လက်တစ်ဖက်တည်းနဲ့ ဒီလောက်အများကြီး ဘယ်လိုများရိုက်လဲဟင်။

Anonymous said...

အိတ်လေးးးးးးးးးးးး

ဘီလိုဖစ် ဖွဖွ နော် အာဝါးးးးးးးးးး ပေးလိုက်တယ် လက်ကိုနော်
ီးးးးးးးးးကြောက်သွားနဲ့ နေကောင်းအောင်နေနော်
လာနေမယ်လေ အဲ့လို ကြားဖြတ်ရတာကြိုက်တယ်
ဟီးးးးးးးးးးးးး အိတ်လေးမောင်တော်သွားပြေားနဲ့သိလား
ငြိမ်ငြိမ်လေးနေနော် ဘာစားမလဲအော်ဒါမှာလား
မြူးလေးလာပို့ မယ်သိလား

ချစ်တဲ့
မြူးလေး

တွဲလေးနဲ့ တော့လာချင်သားနော်
ရှိဖူးရယ်လေ ကြော်ငြာဝင်သွားတာပါ

ကျောပိုးအိတ် said...

ဆုတောင်းပေးတာရယ် စိတ်ပူပေးတာရယ်နဲ့ တင် ဝေဒနာက တစ်ဝက်ထွက် အဲလေ တစ်ဝက်သက်သာနေပါပြီ။

တကယ်တော့လေ ဒီတစ်ပုဒ်ရေးဘို့  ကျောပိုးအိတ် အချိန်အများကြီးပေးရတယ်။ ရိုက်လိုက်
နားလိုက်နဲ့ ။ မပုကြွယ်နဲ့ ခရုငယ်လိုပေါ့။ တင်စားချက်
း)

လက်တစ်ဘက်တည်းနဲ့ ရိုက်ထားလို့ ပါ။
း)

သြော် တစ်ခုရှိသေးတယ်။ ကျောပိုးအိတ်ရဲ့ ရောဂါပေါ့။

အငြိမ်နေလို့ မရဘူး။ တစ်ခုမဟုတ် တစ်ခု လှုပ်နေရမှ။
း)

မေမေကတော့ပြောတယ်။ ငါ့သမီးလေး ငြိမ်တဲ့နေ့ က သေတဲ့နေ့ ဘဲတဲ့။
း)

အားလုံးကို ကျေးဇူးတင်သောအားဖြင့်
အာဘွားးးးးးးးးး
း)

အဲဒိအာဘွားက ချစ်သူဆီကနေ ဖဲ့ပေးတာနော်။
အဟဲ။
း)

ဒီတော့ ခုလောလောဆယ် ဘာမှချက်ဘူးရယ်။ ရုံးကလဲခွင့်ယူထားတယ်။

မန်မန်လိုက်စားမယ့် အိမ်စာရင်းကို ကြေညာပါတော့မယ်။ အားလုံးဘဲ မျက်ခုန်းလှုပ်ကြပါကုန်။
း)

၁။မမမိုးကောင်းသူ
၂။မြူးလေး
၃။မမဂျာမုန်း

ခုလောလောဆယ်တော့ ဒီအိမ်တွေမှာ မန်မန် လိုက်စားမယ်။ သြော် စုံတွဲလာမှာနော်။
း)

ကျန်တဲ့အိမ်တွေကလဲ ကျွေးချင်တယ်ဆို အားမနာ
နဲ့ နော်။ လက်တို့ လိုက်။
း)

နေဒေးသစ် said...

ဟဲဟဲ
ဟဲဟဲ
ဟဲဟဲ ...

နောက်ကျမှ ရောက်လာပြီး သတင်းမေးလို့ စိတ်ဆိုးနေမှာ စိုးလို့ ကြိုပြီး ရီပြထားတာ :D
နေကောင်းလား လက်နာ သက်သာ သွားပြီလား ...
ပိုးကတော့ မသေးဘူးနော် ..
လက်နာတာတောင် စာကရိုက်တုန်း ... haha
ငယ်ချင်းလေး မြန်မြန် နေကောင်း သက်သာ ပျောက်ကင်း ပျော်ရွှင် ငြိမ်းချမ်း စိမ်းလန်းပါစေ :D

နေဒေးသစ်။