မနက်စာ အဆာပြေ ပဲပြုတ် ထမင်းဆီစမ်း

10:41 Posted by ကျောပိုးအိတ်


ပဲပြုတ်ဆီစမ်းလေးပါ။ မြန်မာပြည်က ပဲပြုတ်လိုတော့ စားမကောင်းဘူး။



ထမင်းက ခုဘဲအိုးထဲကနေ ခပ်လိုက်တာ။ အငွေ့ တထောင်းထောင်းနဲ့ ။



ထမင်းပူပူနဲ့ ပဲပြုတ်ဆီစမ်း။



လာလည်တဲ့ သူငယ်ချင်းတွေနဲ့ တူတူစားမယ်နော်။ လာလာ စောင့်နေတယ်။ စားသေးဘူး။

း)


ချော်လဲထားတဲ့ အရှိန်နဲ့  ရုံးကနေ ခွင့်ယူထားတယ်။ ဒဏ်ရာက အရမ်းအများပေမယ့် အထိုင်အထမှာ နာတယ်လေ။ ဒိတော့ ခွင့်တင် အိမ်မှာနှပ်တာပေါ့။ အရာရှိကလဲ ချောချောချူချူ ခွင့်ပေးတယ်။ မမြင်ရပြီးရော သဘောလား သိဘူးရယ်။

း)


ဒီနေ့ မနက် ဗိုက်ဆာတာမှ တအားရယ်။ တစ်ခါမှ အဲလောက်ထိ မဆာဘူးပါဘူး။ အိမ်တွေလိုက်လည်တော့လဲ ချက်ထားလိုက်ကျတာ။ မမတွေ ချက်တာမြင်ပြီး ဗိုက်ထဲက ပိုးကောင်လေးကလဲ အဆာတောင်းတယ်တော့။

ဂွီတဲ့။


အဲဒိအချိန်မှာဘဲ ကျွန်မ ရုံးက အမတစ်ယောက်က လက်ထဲမှာ ချိုင့်တစ်လုံးဆွဲပြီး ရောက်လာတယ်။ သူက သမီးဘာစားပြီးပြီလဲတဲ့။ ညှိုးငယ်တဲ့ မျက်နှာလေးနဲ့ ဘာမှစားရသေးဘူးလို့ ပြောလဲပြော သူ့ လက်ထဲက ချိုင့်ကိုလဲ အကဲခတ်ပေါ့။


ထင်တဲ့အတိုင်းဘဲ ကျွန်မအတွက် မနက်စာ လာပို့ တာတဲ့။ အောင်မလေးနော်။ ပျော်လိုက်တာ။ စားရချည်သေးရဲ့ ။ ဟန်ဆောင်ပြီးတော့တောင် အို ဘာလို့ လာပို့ ရတာလဲ အားနာစရာကြီး လို့ တောင် မပြောနိုင်ပါဘူး။


ချိုင့်ထဲမှာ ပါတာလေးက ပဲပြုတ်ပါ။ ဆီကိုအိနေအောင် ထည့်ထားတယ်။ ဒါပေမယ့် ထမင်းမပါဘူး။ ကျွန်မက ထမင်းလဲပါဘူးဆိုတော့ ထည့်လာချင်ပါတယ်။ ဒါပေမယ့် အမတို့ အိမ်က ဆန်မကောင်းလို့ ပါတဲ့။


ပဲပြုတ်ကို နှိုက်စားနေတဲ့ ကျွန်မလက်တောင် တွန့် သွားတယ်။ ဟုတ်ပါတယ်။ ကျွန်မအားနည်းချက်ပါ။ ဘာဟင်းနဲ့ ဖြစ်ဖြစ် စားတတ်တယ်။ ဟင်းမရှိတောင် ဆီနဲ့ ဆားနဲ့ နယ်ပြီးစားတတ်တယ်။ ဒါပေမယ့် ဆန်မကောင်းရင် ဘယ်လောက်ဘဲ ဟင်းကောင်းနေစေ စားဘူးတော့။


ဒီတော့လဲ အမြန် ထမင်းအိုးတည်ရတာပေါ့။ ဒီနေ့ မှ ထမင်းအိုးကလဲ တယ်ကြာတာဘဲ ကျက်ဘို့ ။ ထမင်းကျက်တယ်ဆိုတာနဲ့ ပဲပြုတ်

နဲ့ နယ်ပြီး စားလိုက်တယ်။ စားကောင်းလိုက်တာနော်။


11 comments:

Vista said...

၁ ကွ ဟိဟိ စားစား စားပြီးဆေးလည်းလိမ်းအုံး

မိုးကောင်းသူ said...

၂ ကွ။ တစ်တော့ ရဖူးသေးဘူး။ ပဲပြုတ်ကိုဝယ် ဆီနဲ့ဆမ်းလို့ရယ်။။။။။။။။။။။။။ ဟိဟိ။ ဂရုစိုက်အုံးနော်။

Anonymous said...

မင်္ဂလာပါ ကျောပိုးအိတ်လေး

တော်တော်နေသေးလား ဆေးလိမ်းလေးနော်
နာတာများမြန်မြန်ပျောက်ကင်းပါစေ

ပဲပြုတ်ထမင်းတအားကြိုက်တာ
အားရပါးရများကြီးစားသွားတယ်နော်

ထောပတ်သီး

ကိုတိုးလေး said...

နေ့တိုင်းကို စားစရာတွေချည်းပဲတင်နေတာပဲနော်။ ဒီတစ်ခါလာရင် လာစားအုံးမှာပဲ ကျွေးမယ်ဟုတ်။ မနက်ခင်းထမင်းကို ပဲပြုတ်ဆီဆမ်း မစားရတာကြာပေါ့ဗျာ။ အဆင်ပြေပါစေနော်အမရေ။

မဟာဆန် said...

ညီမလေး..သမီးလေးရေ..ချော်လဲတာ ခြေထောက်ထိသွားတာလား။ သေချာဂရုစိုက်နော်။ ခွင့်ရတုန်းဆိုပြီး လျှောက်လည်မနေနဲ့အုံး။ အသောက်လွန်ပြီး မူးလဲတာလား မသိ..ဟား ဟား။ ပဲပြုတ်ဆီဆမ်းလေးနဲ့ ထမင်းပူပူလေး စားချင်လိုက်တာ။ မြန်မာမှာတုန်းကတော့ မနက်စာစားနေကျမို့ မထူးဆန်းဘူး။ ဒီရောက်မှ တစ်ခါမှ မစားရသေးဘူး။ စားချင်တယ်။

rose of sharon said...

ချော်လဲထားတာတောင်ပဲပြုတ်နိုင်သေးတယ်နော်

Anonymous said...

အိတ်လေးးးးးးးးးးးးးးးးးးးးးး

အနာကဘယ်လိုနေသေးလဲဟင်??????????
မောင်တော်ကရော သေချာဂရုစိုက်ရဲ့လား???????
ဆေးရောလိမ်းရဲ့လား?????????????????????
မြူးလေးရော တွေ့ ချင်ပါတယ်ရှင်
နေကောင်းအောင်နေနော်းးးးး အိတ်လေး
လျှောက်မလည်နဲ့သိလားးးးးးးးးးးးးးးးးးးးးးးးး
အိမ်မှာနေပြီးအပြတ်ခိုင်းစားပလိုက်လေဟီးးးးး
သွားပြေားနဲ့ သယ်ရင်းလေးကိုချစ်လို့ သင်ပေးတာ
မြူးလေးတော့လေ ရရင်ကတော့လေ အပြတ်ကိုခိုင်းစားပြစ်လိုက်မှာသိလား
ပဲပြုတ်လေးကလေ မြူးလေးလဲကြိုက်တယ်
အိတ်လေးပဲစားလိုက်နော် မြူးလေးကဒီမှာလေလုတ်စားလို့ ရတယ်သိလား
အလိမ္မာတုန်းလေးဟုတ် အိမ်မှာပဲနေနော်းးးးးးးးးးးး အိတ်လေး

ကိုနေဒေးးးးးးးးးးးးး ကလဲထပ်ပြီးပျောက်ပြန်ပြီနော်
စုံစမ်းအုံးလေ ပြန်ပေးဆွဲခံထိပြီလားမှမသိတာနော်
အိတ်လေးအိတ်လေးအိတ်လေးအိတ်လေးးးးးးးးးးးးးးး

ချစ်တဲ့
မြူးလေး

မေဇင် said...

ဟယ်...စားချင်လိုက်တာ...။ အဲ့လိုပါပဲ...မြင်တာမြင်ရမကြင်ရပဲ..သရေကျကျပြီးပြန်ရတဲ့ အိမ်လေးတွေရှိတယ်..း( ။ ဘာလို့ ချော်လဲ တာလဲဟင်..ဂရုစိုက်နော်..။

Dream said...

;( :(

သူများကို သရေကျအောင် လုပ်တယ်...ရဖူးရဖူး...

တကယ်လုပ်ကျွေး... အဲလိုမျိုး မစားရတာ ကြာပြီ... :)

စားချင်တယ်...

ဇော် said...

အားး
ပဲပြုတ်နဲ့ ထမင်းဆီစမ်းကို တအားလွမ်းသွားပြီ ပိုးပိုးရ။ =)

အိပ်မက်ကဗျာ said...

ဒီအစားအစာတော့အကြိုက်ဆုံးပါပဲဗျာ...အားပါးတရလာ
စားသွားပါတယ်ဗျာ..အခုလိုအခမယ့်ကျွေးတာကျေးဇူးပဲဗျို့ 