ကျီးမနိုးပွဲ

21:48 Posted by ကျောပိုးအိတ်

မနေ့ က တန်ဆောင်မုန်းလပြည့်နေ့ ။ မြန်မာပြည်မှာဆိုရင်တော့ ဆေးပေါင်းခတဲ့ညပေါ့။ ပြီးတော့ ကျီးမနိုးပွဲ (သူခိုးကြီးပွဲ)ကို နှစ်စဉ် ရိုးရာမပျက် ဆင်နွဲကြမှာပါ။

ဒီကိုရောက်နေတဲ့ မြန်မာတွေတော့ ရှိတယ်။ ဒါပေမယ့် ဘယ်သူမှ ကျီးမနိုးပွဲမလုပ်ကြပါဘူး။ မယ်ဇလီဖူးသုတ် တော့ သုတ်စားကြတယ်။

ဟိုးလွန်ခဲ့တဲ့နှစ်တွေက ကျွန်မတို့ ကျီးမနိုးပွဲလုပ်တာလေးကို ပြန်သတိ အောက်မေ့မိပါတယ်။ ကျွန်မတို့ လမ်းထိပ် မှာ အရမ်းကြီးတဲ့ ခရေပင်ကြီးတစ်ပင်ရှိတယ်။ အဲဒိခရေပင်ကြီးက ၁၂ရာသီလုံးနီးပါး အမြဲခရေပန်းတွေ ပွင့် တတ် တယ်။ အပင်အောက်ကို ဖြတ်တိုင်း ခရေပန်းရဲ့ မွှေးရနံ့ နဲ့ အတူ ရင်ထဲမှာလဲ အမြဲအေးမြခဲ့တယ်။ လေအဝှေ့ မှာ ကြွေကြလာတဲ့ ခရေပန်းပွင့်လေးတွေကို ပြေးပြေးကောက်ပြီး လက်ကိုင်ပုဝါထဲထည့်ပြီးမွှေးရတာ အရမ်းကြည်နူးဖို့ ကောင်းတယ်။

ငယ်ငယ်တုန်းကဆို ခရေပန်းသွားကောက်တယ်။ ကျွန်မလိုအရွယ်လေးတွေ လာကောက်ကြတာ အများကြီးဘဲ။ ခရေပန်းကောက်ပြီးပြန်လာတိုင်းလဲ အမြဲအရိုက်ခံရတယ်။ ဘာလို့ လဲဆိုတော့ အဲဒိခရေပင်ကြီးက ကားလမ်း ဘေးမှာဆိုတော့ ကားတွေဘာတွေတိုက်မှာ အိမ်ကစိုးရိမ်ပြီး နောက်မကောက်ဘို့ ဆူတယ်။ မရတော့ အရိုက်ခံ ရတာပေါ့။

ခရေပင်ကြီးက နေ့ ဆို အရိပ်ပေးတယ်။ ညဆို လူစည်အောင် လုပ်ပေးတယ်။ အဲဒိခရေပင်ကြီး အောက်မှာ နွေရာသီညဆိုလူအရမ်းစည်ပါတယ်။ အေးအေးလူလူ လေညှင်းခံထွက်ပြီးစကားပြောတဲ့သူတွေလဲ အများကြီးဘဲ။ နောက်တော့ ဈေးကွက်စီးပွားရေးအနေနဲ့  ၀က်သားဒုတ်ထိုးဆိုင်၊ အကြော်ဆိုင်၊လက်ဘက်သုတ်ဆိုင်၊ ကြံရည်ဆိုင် လေးတွေ နောက်ပိုင်းမှာ တိုးလာတယ်။

နောက်သိပ်မကြာဘူး အပင်အောက်တည့်တည့်မှာ တဲသေးသေးလေးနဲ့ ကွမ်းယာဆိုင် ပေါ်လာတယ်။ ကွမ်းယာ ဆိုင်က ရောင်းတာ ကုလား။ အသားကလဲ မဲလိုက်တာ မှောင်နေတာဘဲ။အင်းပေါ့လေ ဘယ်ကုလားကရောဖြူလို့  လဲ။ အဲတဲသေးသေးလေး(တဲဆိုပေမယ့် ကွမ်းယာပစ္စည်းတွေနဲ့ တင်ပြည့်နေတာ) ရောက်လာမှဘဲ ကျွန်မတို့ ရဲ့  ခရေပင်ကြီးအောက်က မလှတော့ဘူး။ ကွမ်းတံထွေးတွေနဲ့ ညစ်ပတ်လာတယ်။ ကွမ်းယာရောင်းတဲ့ကုလားက ညဆို အဲဒိ သေးသေးကွေးကွေးကွမ်းယာတဲလေးထဲမှာ အိပ်တတ်တယ်။

ခရေပန်းဖြူဖြူလေးတွေက ကွမ်းတံတွေးတွေနဲ့ ရောလို့ ။ နောက်တော့ ကျွန်မတော်တော်ကြည့်မရဖြစ်လာတယ်။ ဘယ်လိုပထုတ်ရမလဲ အမြဲစဉ်စားတယ်။ အဲလိုညစ်ကျယ်ကျယ်ညဏ်ဆို ကျွန်မက သိပ်ထွက်တာ။

ဒီလိုနဲ့  တန်ဆောင်မုန်းလပြည့်နေ့ ကို ရောက်ရှိလာပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့ ဆို ကျွန်မတို့  ရပ်ကွက် မှာ ဆွမ်းကြီးလောင်းပွဲ အမြဲလုပ်တယ်။ ညဘက်ဆို အရမ်းစည်တာဘဲ။ စည်တော်အကတွေ၊ အခြောက် တွေ (မိုးကြိုးငှက်ငယ်လေးများအဖွဲ့ )၊အလှပြကားတွေ၊နာမည်ကြီးအဆိုတော်တွေပါတဲ့ စတိတ်ရှိုးတွေနဲ့ အမြဲလိုစည် ကားတယ်။

ကျွန်မတို့ ရဲ့ ခရေပင်အောက်ကို ညစ်ပတ်အောင်လုပ်တဲ့ကုလားကိုလဲ ပညာပေးချင်နေတယ်။ ကြိုတင်ကြံစည်ရတာကလဲ တော်တော်လေးကို ပျော်စရာကောင်းတယ်။ ကိုယ့်အကြံအစည်နဲ့ ကိုယ်မို့  လမ်းလျှောက်ရင်တောင် ရင်ကခုန်တုန်တုန်၊ မြောက်ကြွကြွ။ဒီလိုဖြစ်ဘို့  ကျွန်မတို့ မှာ တော်တော်လေး စည်းရုံးဆင်းရတယ်။

ကျွန်မတို့ အကောင်ထည်ဖော်မယ့် ကျီးမနိုးပွဲလေးလုပ်ဘို့ အချိန်တန်လာပါပြီ။ ကုလားကလဲ တစ်နေကုန် ကွမ်းယာရောင်း ထားရတော့ ညစောစောအိပ်မယ်ဆိုပြီး ဆိုင်စောစောသိမ်းပါတယ်။ အရမ်းကံကောင်းပါတယ်။ အစစ အစဉ်ပြေနေတယ်လေ။

ညသန်းခေါင်ကြတော့ ကုလားရဲ့ ဟောက်သံက ကွမ်းယာတဲလေးအပြင်တောင် ဖောက်ထွက်လာပါတယ်။ ဒီတော့ကျွန်မတို့ လဲ စတင်အကောင်ထည်ဖော်တာပေါ့။ ကွမ်းယာတဲလေးရဲ့ အမိုးပေါ်မှာ တံခါးချိတ်တဲ့ သံကွင်းကြီးပါ တယ်။ အဲဒိသံကွင်းထဲကို နိုင်လွန်ကြိုးထည့်ပြီး အားကောင်းတဲ့ ယောက်ကျာင်္းတွေက ကြိုးနဲ့ ခရေပင်ပေါ်ရအောင် တင်တယ်။ ကုလားကလဲ သူ့ ကို လှုပ်သိပ်နေတယ်ထင်နေလားမသိဘူး။ ဟောက်သံက စည်းချက်ညီညီထွက်လို့ ။ ၁နာရီနီးပါး ကွမ်းယာတဲလေးကို ခရေပင်ပေါ်တင်ရတယ်။ နောက်ကြိုးပြေမှာဆိုးတာကြောင့် မြေကြီးမှာလဲသေချာ ပနတ်ရိုက်ထားရသေးတယ်။

နောက်တော့ အားလုံးကိစ္စပြီးတာနဲ့  ဟန်မပျက်အိမ်ပြန်လာပြီး အိပ်လိုက်တယ်။ ကျွန်မပြန်လာတော့ တစ်အိမ်လုံး အိပ်မောကြနေကြတယ်။ ကျွန်မခြေလက်ဆေး၊ သွားတိုက်၊မျက်နှာသစ်ပြီး အိပ်လိုက်တယ်။ အိပ်တယ်ဆိုပေမယ့် တကယ်တော့ အိပ်မပျော်ဘူး။ မနက်မိုးမြန်မြန်လင်းချင်ပြီ။မနက်ကျရင် ဘာဖြစ်မလဲဆိုတာ အရမ်းသိချင်နေပြီ။ နောက်တော့လဲ ကျွန်မအိပ်ပျော်သွားတယ်။

ဘယ်လောက်ထိအိပ်ပျော်သွားလဲမသိဘူး။ ဆူညံဆူညံအသံကြားတော့ ကျွန်မနိုးလာတယ်။ အခြေနေသိရအောင် အိမ်ပြင် ထွက်ကြည့်လိုက်တော့ ဟေးးးးးးးးးးးးးးးးးဟေးးးးးးးးးးးးးးးးးးး ကွမ်းယာကုလားလေ ငိုနေတယ်တော့။ သူ့  မှာ အောက်ဆင်းမရ အပေါ်တတ်မရနဲ့ ။ သူ့ ကွမ်းယာတဲလေးကလဲ လေထဲမှာလွှင့်လို့ ။ လူတွေကလဲ ထူးထူး ဆန်းဆန်းကြည့်နေကြ တယ်။တီးတိုးတီးတိုး သဖန်းပိုးလုပ်နေတယ်။ ဘယ်သူ့ လက်ချက်လဲဘာညာပေါ့။ အဲဒိအချိန်မှာ ကျွန်မက မသိချင်ယောင် ဆောင်နေလိုက်တယ်။ မဟုတ်ရင် အရိုက်ခံရမှာပေါ့။ နောက်တော့မှ ရပ်ကွက်ထဲက အကိုကာလသားများရဲ့ အကူညီနဲ့  ကွမ်းယာတဲလေးမြေပေါ်ပြန်ခလာရတယ်။ အဲဒိနောက်ပိုင်း ကုလားလဲ ပြောင်းပြေးပါလေရော။

ဒါကလေ ငယ်ငယ်တုန်းက ဆိုးခဲ့တဲ့ ကျွန်မတို့ ရဲ့ ကျီးမနိုးပွဲပေါ့။ ဒီလိုအချိန်လေးတွေ ပြန်လိုချင်သေးသားနော်။

5 comments:

မိုးစက်အိမ် said...

ယင်ကောင်နင်ဟာလေ ကုလားလည်းအလွှတ်မပေး
ပါလားဟင် (စတာပြောပါတယ် ဟီးးးးးးးးး ) ကြပ်ကြပ်
သတိထား . . . :D :P

rose of sharon said...

ဟုတ်ပကွယ်... ငယ်ဘဝတွေက လွမ်းစရာ........

blueskyforest said...

အမှတ်မထင်ရောက်လာပြီး ကျီးမနိုးပွဲကိုဖတ်မိတော့ သဘောကျသွားတယ်ဗျာ။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ အတွေ့အကြုံတွေရှိရင် လုပ်ပါဦး။

ahphyulay said...

ကျီးမနိုးပွဲနဲ့ ပတ်သက်လို့ ကျွန်တော်လည်းငယ်ဘဝလေးထဲမှာ
ထည့် ရေးဘူးတယ်လေ၊ ဒိလိုပါပဲ ငယ်ဘဝလေးတွေက ကြီးဘဝတွေ
နဲ့ မတူပဲ အမြဲတန်းလတ်ဆတ်၊လန်းဆန်းနေတတ်တ။၊ ဟဲဟဲ..ကွမ်း
ယာဆိုင်လောက်ကတော့ အပျော့ ပါဗျာ။

မြစ်ကျိုးအင်း said...

ကုလားငိုတာလည်း မပြောနဲ့လေ လုပ်ပုံက တော်တော် ဥာဏ်ပြေးတာပဲ။

ဖတ်ရင်းနဲ့ ကုလား ဖြစ်နေမယ့်ပုံမြင်ယောင်ပြီး ရယ်နေမိတယ်။

ငယ်ဘ၀မှာ ပျော်စရာတွေ အများကြီးပဲနော်။