ကြွေလင့်ပန်း

20:05 Posted by ကျောပိုးအိတ်

သူ့ ကိုစတွေ့ တဲ့နေ့ က မိုးတွေအရမ်းရွာတဲ့နေ့ လေးတစ်နေ့ မှာပါ။ ဟောင်းနွမ်းပြီး ပြဲလုလုဖြစ်နေတဲ့ အ၀တ်အစားတွေက မိုးမိထားတာကြောင့် ပိုပြီးစုတ်ပြတ်နေသလို ခေါင်းကဆံပင်တွေကလဲ မလျှော်ရတာ ဘယ်လောက်ကြာနေပြီလဲမသိဘူး။ မိုးမိထားတာကြောင့် ခေါင်းက အနံ့ ကလဲ တော်တော်ဆိုးရွားစွာ ထွက်နေသေးရဲ့ ။

သူ့ ရဲ့ လက်ထဲမှာတော့ ၂နှစ်အရွယ် ကလေးလေးတစ်ယောက်ကို ပွေ့ လို့ ။ ခိုက်ခိုက်တုန်နေတဲ့သူ့ ပုံစံကို ကြည့်ပြီး ကျွန်မဘာလုပ်ရမှန်းမသိတော့ပါဘူး။ ဒါနဲ့ ကျွန်မရဲ့ ဂျာကင်ကိုသူ့ ကိုပေးလိုက်တော့ အားနာလွန်းစွာ ငြင်း ဆန်နေတယ်။ ဒါပေမယ့် ကျွန်မကဘဲ အတင်းထိုးပေးနေလို့ လား ၊ ဒါမှမဟုတ် ချမ်းလွန်းတဲ့ဒဏ်ကို မခံနိုင်လို့  လားတော့ မသိပါဘူး။နောက်ဆုံးမှာ ကျွန်မရဲ့ အနွေးထည်ဂျာကင်ကို တုန်ချိတဲ့လက်တွေနဲ့ တရိုတသေ ယူလိုက်ပါတယ်။

ကျွန်မသူ့ နာမည်ကိုမေးလိုက်တော့ စန်းမြင့်လို့ ခေါ်ပါတယ်တဲ့။ သူနေတဲ့နေရာက လူသူအရောက်ပေါက်နည်းတဲ့ နေရာ။ တစ်နည်းအားဖြင့်တော့ တောင်ယာထဲမှာပေါ့။ ယောကျာင်္းကလဲ ခုလတ်တလောမှာ ရောဂါဝေဒနာကို အသေအလဲခံစားနေရတယ်။ ဘယ်နေ့ သေမလဲ လက်ချိုးစောင့်နေရတယ်လို့ ပြောပါတယ်။

သူ့ မှာ ကလေး၅ယောက်ရှိပါတယ်။အကြီးဆုံးက ၁၃နှစ်တဲ့။ ခုသူ့ လက်ထဲမှာ ချီထားတဲ့ ကလေးလေးကလဲ သွေးစစ်ကြည့် ထားတာ သူတို့ နည်းတူ ရောဂါဝေဒနာ ကူးစက်ခံနေရတယ်။ ကျွန်မလဲ ဘာအလုပ်များ လုပ်ပါ သလဲမေးတဲ့အခါမှာ အကြီးဆုံးသား ၁၃နှစ်က နွားကျောင်းရင်း ရှာကျွေးတယ်လို့ ပြောပါတယ်။ ၀င်ငွေအရမ်းနည်း ငတ်တလှည့် ပြတ်တလှည်ပါတဲ့။ ၀င်ငွေကလဲနည်း။ ကုသလို့ မရတဲ့ရောဂါကလဲ ကူးစက်ခံထားရတာကြောင့် အရမ်းအားငယ်ကြောင်း ပြောလာပါတယ်။

အမှန်တကယ်အတိဒုက္ခရောက်နေတာကြောင့် ကျွန်မတို့ အဖွဲ့ မှ သူ့ အား လစဉ်ထောက်ပံ့ဘို့  ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်သူ့ ကိုတစ်လတစ်ကြိမ် ကျွန်မတွေ့ ခွင့်ရခဲ့ပါတယ်။ တွေ့ တဲ့အခါတိုင်း သူက ချိနဲ့ နေတဲ့လက်အစုံနဲ့  ကျွန်မကို အရိုအသေ အပေးပါတယ်။ သူနဲ့ စကားပြောတဲ့အခါတိုင်းမှာ ပြူးကျယ်ဝိုင်းစက်နေတဲ့ မျက်လုံးအစုံနဲ့  စိတ်ဝင်တစားအမြဲနားထောင်တတ်တယ်။ ကျွန်မကရယ်စရာစကားတွေပြောတိုင်း ကြီးလွန်းလှတဲ့ သွားတွေကို အဆုံးထိပေါ်အောင် ရယ်တတ်ပြန်တယ်။

၅လလောက်နေတော့ ရုတ်တရက်ဘာမှအကြောင်းမကြားဘဲ သူပျောက်သွားတယ်။ ကျွန်မတို့ လဲ သူနေတဲ့နေရာ ကို လူလွှတ်ပြီးစုံစမ်းခိုင်းတော့ သူ့ ယောကျာင်္းဆုံးကာနီးမို့ ဘယ်မှမသွားတာတဲ့။ သူလဲတော်တော် နေမကောင်းပါ ဘူးတဲ့။ ထုံးစံအတိုင်း ရောဂါတွေက ဟောတစ်မျိုး ဟောတစ်မျိုးနဲ့  အမျိုးစုံကို ၀င်နေတော့တာဘဲတဲ့။

သူနေတဲ့နေရာကို အရောက်သွားဘို့ ရာ တကယ်တမ်းမလွယ်လှပါဘူး။ ဒါပေမယ့် တွေ့ ချင်ဇောက အရမ်းများနေလို့ လား မသိဘူး။ကျွန်မရောက်အောင်သွားပါတယ်။ သူ့ ဆီရောက်တော့ တစ်နေကျိုးနေပါပြီ။ လမ်းကလဲ အရမ်း ကို ဆိုးဝါးပါတယ်။ လမ်းတစ်လျှောက်ကျွန်မမှာ ခဏခဏချော်လဲနေတာကြောင့် အချိန်ဖင့်သွားခဲ့တယ်။ နေညက်ဆုံးတော့ ဟိုမေးဒီစမ်းရင်းနဲ့ 
သူတို့ နေတဲ့နေရာကို ရောက်ခဲ့ပါတယ်။အနံ့  အသက်လုံးဝ မကောင်းတဲ့ တဲတစ်လုံးမှာ မိသားစုတွေက ပြွတ်သိပ်လို့ ။
နံလွန်းလို့ ရုတ်တရက်ကျွန်မပျို့ အန်တဲ့ အဆင့်ထိရောက်ခဲ့တယ်။

ကျွန်မတို့ ရုတ်တရက်ရောက်လာတော့ ခြေမကိုင်လက်မကိုင်ပျော်နေရှာတယ်။ သူ့ ယောကျာင်္းနဲ့ လဲ ရသလောက် မိတ်ဆက်ပေးရှာတယ်။သူ့ ယောကျာင်္းကလဲ လက်တစ်စုံကို မနိုင်တစ်နိုင်မပြီး အသိမှတ်ပြုရှာတယ်။ ပြီးတော့ ရသလောက်ခွန်အား နဲ့  ကျွန်မကို မသဲမကွဲညီးငြူရင်း မှာတမ်းတွေ ချွေနေပါတယ်။ သူ့ မိန်းမနဲ့  ကလေးတွေကို ကျွန်မ
တို့ လက်ထဲအပ်ပါတယ်။သူမရှိတဲ့နောက်မှာ ကူညီပါတဲ့။ကျွန်မတို့ လဲ ရောက်ပြီး သိပ်မကြာပါဘူး လိုအပ်တာတွေ ထောက်ပံ့ပေးပြီး ပြန်လာခဲ့တယ်။ ညနေရောက်တော့ ဖုန်းဝင်လာပါတယ်။ စန်းမြင့်ယောကျာင်္းဆုံးသွားပြီတဲ့။ သြော် သွားရှာပြန်ပြီ နောက်တစ်ယောက်။

နောက်တော့ ကျွန်မစန်းမြင့်ကို ပိုပြီးဂရုစိုက်လာမိတယ်။ မွေးရာပါခြေတစ်ဘက်မသန်စွမ်းတဲ့သူက ကျွန်မဆီလာမယ်ဆို
စွေ့ ကနည်းဘဲ ရောက်ရောက်လာတယ်။ အနီးကပ်ပေါင်းကြည့်တော့ စိတ်ရင်းလေးက အရမ်းဖြူစင် တာဘဲ။ ပြီးတော့ အရမ်းလဲ ရိုသေတယ်။စကားပြောလဲယဉ်ကျေးတယ်။

နောက်တစ်နှစ်လောက်ကြာတော့ သူရဲ့ သမီးအငယ်လေး ဆုံးပြန်တယ်။ ရူးမတတ်ငိုနေတဲ့ သူ့ ကိုအားပေး နှစ်သိမ့်ရင်း ကျွန်မပါ ရောငိုမိပါတယ်။ နောက်တော့ စန်းမြင့်တစ်ယောက် ချူခြာလာပါတယ်။ ဒီကြားထဲ တီဘီရောဂါပါ ထပ်မံကူးစက်ခံနေရတာကြောင့် ပိုပြီးပိန်ချုံးလာပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ကတော့ စန်းမြင့်ဆေးရုံတတ်နေရတယ်လို့ ပြောလာပါတယ်။ အလုပ်တွေအရမ်းများ နေတာ ကြောင့် ကျွန်မ မရောက်ဖြစ်ပါဘူး။ သောကြာနေ့ က ဖုန်းထပ်ဝင်လာတယ်။ စန်းမြင့်အခြေနေ လုံးဝမကောင်း တော့ပါဘူးတဲ့။ ကျွန်မလဲရှိတဲ့အလုပ်တွေပြစ်ထားခဲ့ပြီး စန်းမြင့်ရှိတဲ့ဆေးရုံကိ ပြေးလာခဲ့တယ်။

ခုတင်ပေါ်မှာလှဲနေတဲ့သူတစ်ယောက်က ကျွန်မကိုမြင်တာနဲ့ မျက်လုံးလေးကလက်သွားတယ်။ ပြီးတော့ ထုံးစံအတိုင်း လက်ကလေးနှစ်ဖက်မပြီး အရိုသေပေးတယ်။ ရုတ်တရက်ကျွန်မလုံးဝ မမှတ်မိပါဘူး။ အသားအရည်လုံးဝမရှိတော့ပါဘူး။ ပါးစပ်ကလဲ ဟမရအောင် အနာတွေပေါက်နေပါတယ်။ ကျောမှာလဲ အိပ်ယာနာတွေပေါက်လို့ ။ တစ်ကိုယ်လုံးလဲ ရစရာမရှိအောင် အနာတွေပေါက်လို့ ။

အသိတွေက ရှိတစ်ခါပျောက်တစ်လှည့်ဖြစ်နေတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ ကျွန်မကိုတော့ မှတ်မိရှာတယ်။ သူ့ ကို ကူးစက်ရောဂါအထူးကြပ်မတ်ဆောင်မှာ တင်ထားတယ်။ နောက်တော့ တာဝန်ကျတဲ့ ဆရာမရောက်လာပြီး ကျွန်မကို ကြာကြာမနေသင့်တာကြောင့် ပြန်ပါလို့ လာပြောလာပါတယ်။ ကျွန်မလဲ စန်းမြင့်ကို နှုတ်ဆက်ပြီး ပြန်လာခဲ့တယ်။ စနေ၊တနင်္ဂနွေရုံးပိတ်ရက်လဲ ဟိုလိုလိုဒီလိုလို ကုန်ဆုံးခဲ့တယ်။

တနလာင်္နေ့ ရုံးတတ်တော့ ကျွန်မလဲ ဆေးရုံမှာ စန်းမြင့်ကိုသွားကြည့်မယ်ဆိုပြီး ထွက်လာပါတယ်။ ကျွန်မရောက်တော့သူ့ ကို တင်ထားတဲ့ အထူးကြပ်မတ်ဆောင်ရဲ့ ကုတင်မှာ စန်းမြင့်မရှိပါဘူး။ တာဝန်ကျဆရာမ ကိုမေးကြည့်တော့ စနေမနက်စောစောကဘဲ ဆုံးသွားတယ်လို့ ပြောပါတယ်။ နောက်တော့ မိသားစုထဲက အကြီးဆုံးသားကိုမေးတယ်။ ဆွေမျိုးရှိလားတဲ့။ မရှိဘူးဆိုတာနဲ့ အဲဒိ စနေမနက်မှာဘဲ အားချင်းသဂြိုလ်လိုက် ပါတယ်လို့ ပြောပါတယ်။

ကျွန်မလေ တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ မိုးတွေအရမ်းရွာတဲ့နေ့ မှာ သူ့ ကိုစတွေ့ ခဲ့တယ်။ မိုးတွေအရမ်းရွာတဲ့
နေ့ မှာဘဲသူ့ ကိုပြန်ခွဲခွာခဲ့ရတယ်။ သြော် တွေ့ တော့ခဏ များလှတဲ့ဒုက္ခ။ စန်းမြင့်လို HIV ကူးစက်ခံရတဲ့သူတွေ ဘယ်လောက်များ နေမလဲ။ မသက်မသာသက်ပျင်းချရင်း………………………………………

7 comments:

နေဒေးသစ် said...

HIV ပိုး ကူးစက်ခံရတဲ့ သူဆိုတာ ငါ တကယ်အပြင်မှာ မမြင်ဖူးဘူး .. ရုပ်သံ ဇာတ်လမ်းတွေမှာတော့ ကြည့်ဖူးတယ် ..

လူချင်းတူကြတာတောင် ဘဝပေး ကုသိုလ်ခံခြင်း မတူကြတဲ့ လောကနိယာမထဲမှာ ခုလို ဆင်းရဲဒုက္ခရောက်နေတဲ့ ၊ အမှန်တကယ် အကူအညီလိုအပ်နေတဲ့ ၊ လူ့အသိုင်းအဝိုင်း တစ်ခုအတွက် ဖြည့်ဆည်းခွင့် ရနေတာ နင့်အတွက် အဖိုးမဖြတ်နိုင်တဲ့ ကုသိုလ်ကံပါရမီ တစ်ခု ဖြည့်ဆည်းခွင့် ရနေတယ်လို့ ငါထင်မိတယ် ..

ကောင်းပါတယ်ဟာ ..
သူတို့တွေ ခွဲခွာသွားကြပေမယ့် နင့်ရဲ့ ကူညီမှု အပေါ် ထားခဲ့ကြတဲ့ သူတို့ရဲ့ အသိအမှတ်ပြု မေတ္တာတရားကတော့ နင့်ဘဝတစ်လျှောက်လုံးမှာ မပျောက်ပျက်ပဲ ထင်ဟပ်နေမှာပါ ..

နေဒေး။

မဆုမွန် said...

စိတ်မကောင်းဘူး ကျောပိုးအိတ်လေးရယ်..
ဘာပြောရမှန်းတောင်မသိဘူး...

ကျောပိုးအိတ်လေးရဲ့ စေတနာနဲ့မေတ္တာတရားအတွက် သာဓုခေါ်သွားပါတယ်ရှင်

Anonymous said...

ချစ်ဆုံးအိတ်လေး
စိတ်မကောင်းစရာနော်
ဘာရေးရမှန်းတောင် မသိတော့ဖူး
စိတ်မကောင်းလိုက်တာ

Anonymous said...

သြော်... ဘဝတွေ.. ဘဝတွေ... ဖတ်မိ၊ ကြားမိတော့လဲ စိတ်မကောင်းဘူးဗျာ.. လူတိုင်း ဒီလိုအဖ်ြဆိုးမျိုးနဲ့ ဝေးကြပါစေ....။

ဂျပန်ကောင်လေး said...

ကျောပိုးအိတ်ရေ... ရင်တနင့်နင့်နဲ့ လာဖတ်သွားပါတယ်... ဒီရောဂါဟာ တကယ်ကြောက်စရာပါပဲ.. စီးပွားရေး အခံကလည်းမရှိတော့ ပိုဆိုးတာပေါ့.. စိတ်မကောင်းပါဘူးဗျာ...

ahphyulay said...

လူတိုင်းတော့ တနည်းမဟုတ်တနည်းနည်းနဲ့ တော့ သွားကြရ
မှာဖြစ်ပေမဲ့  ဒီလို ရောဂါကြီးနဲ့  မသွားရရင်တော့ 
အကောင်းဆုံးပါပဲဗျာ။ ဒါပေမဲ့  အခုတစ်လော ဒီရောဂါကြီး
ကို ကုစားကာကွယ်နိုင်မဲ့ ဆေးတွေ့ နေပြီလို့ ကြားတယ်။ထစ်ပြီး
စမ်းသပ်နေကြတယ်တဲ့ ။အမှောင်ကြီးထဲမှာခပ်ဖျော့ ဖျော့ လင်း
လဲ့ လာတဲ့ ဖရောင်းတိုင်မီးလေးလိုပေါ့ နော်။

မိုးစက်အိမ် said...

ဖတ်ရတာ စိတ်မကောင်းပါဘူး ဒါပေမဲ့  ဒီလို ဝေဒနာရှင်
ဒုက္ခသည်တွေကို ကူညီလုပ်ကိုင်ပေးနေတဲ့ နင့်စေတနာနဲ့ 
ကိုလုပ်ရပ်တွေကို ငါဂုဏ်ယူပါတယ် ယင်ကောင်ရာ . . .
ဒီလိုအဖြစ်မျိုးတွေ ဘယ်လောက်များရှိနေမလည်းဟာ :(