ကျွန်မနှင့် သီတင်းကျွတ်

20:16 Posted by ကျောပိုးအိတ်

သီတင်းကျွတ်ပြီ
မီးပုံးပျံလွှတ်ရအောင်
မီးဇာကိုရေနံဆွတ်ပါ
မှိုင်းဝမှလွှတ်ပါ။

သီတင်းကျွတ်ပြီတဲ့။ မိုးလေကင်းလွတ်ပြီလို့ ထင်ရပေမယ့် ခုထိမလွတ်သေးပါဘူး။ မုန်တိုင်းတွေကလဲ ပေါ်ကောင်းတုန်းပါဘဲ။ မိုးကလဲရွာကောင်းတုန်း။ ၀ါအကျွတ်ကို အားကြိုးမန်တတ် လက်ချိုးပြီး ရေတွက်စောင့် နေသူများအတွက်တော့ မင်္ဂလာရှိတဲ့ အခါသမယပါဘဲ။

ကျွန်မအတွက်တော့ သီတင်းကျွတ်တာလဲ ကျွန်မနဲ့ မဆိုင်သလို။း( ။ လာလိုက်တဲ့မင်္ဂလာဆောင်ဖိတ်စာ။ ဆောင်ဆောင် နိုင်လွန်းတယ်။ (တကယ်တော့ မနာလိုပြီး အားကျတဲ့လေသံနဲ့ ) ဖိတ်တဲ့လူကလဲ ကြိုးနဲ့  တစ်ခါထဲချည်သွားတယ်။
တို့ မင်္ဂလာဆောင်မလာရင် နင့်မင်္ဂလာဆောင်လဲမလာဘူးတဲ့။ ဟော သွားပြန်တော့လဲ အနှောင့်အသွားက မလွတ်ချင်။ ဘယ်တော့လဲ။ ငှက်ပျောပင်စိုက်ထားပြီလား။ဘာညာနဲ့ ။ ဟူးးးးးးးးးးးးးးးးးးးးးးးးးးးး

တွေ့ တဲ့သူတိုင်းကလဲ ဘယ်တော့လဲ။သူများတွေကျွတ်ကုန်ပြီနော်။အားမကျဘူးလား။ရွှေလက်ဘယ်တော့ တွဲမလဲတဲ့။ စိတ်ရှိလက်ရှိသာ အော်လိုက်ရရင်တော့။ ဟော ချစ်စရာကောင်းတဲ့ကလေးလေးတွေ တွေ့ လို့  ချီလိုက်မိရင်လဲ ကိုယ်တိုင်မွေးပါလားတဲ့။ ဘာလုပ်လုပ် အနှောင့်အသွားကမလွတ်ချင်ဘူး။

ဝါကျွတ်ပြီနော်။စားရတော့မှာလားတဲ့။ ၀ါမကျွတ်လဲကျွေးနေတာကို။ဝါက သူ့ ဘာသာကျွတ်တာ။နှစ်တိုင်းလဲ ကျွတ်နေတာဘဲ။ ခုတော့ ဟွန့် ။ သူများမစွံတာ လူသိလိုက်တာ။

ပြီးတော့ လာလိုက်တဲ့ ဘုံကထိန်။ ဟောတစ်စောင် ဟောတစ်စောင်နဲ့ ။ လာသမျှအလှူခံကိုလဲ နှမြောတွန့်  တို ခြင်းမရှိ။ လှူခဲ့တာဘဲ။ အလှူခံဖြတ်ပိုင်းမှာ နာမည်ရေးတော့ ထုံးစံအတိုင်း တိုင်ကပတ်ပြန်ရော။ ကျွန်မနာမည် ဘဲပါပြီး နောက် တစ်ယောက်နာမည်မပါလို့ တဲ့။ နောက်တော့ အပြောဆိုလွတ်အောင် ဖေဖေနဲ့ မေမေနာမည် ထည့်တော့မှ နည်းနည်း အနေအစားချောင်တော့တယ်။

နောက်တစ်ခုက ဗျောက်အိုးဖောက်တာ။ ကျွန်မအရမ်းကြောက်ပါတယ်။လန့် လဲအရမ်းလန့် ပါတယ်။ တစ်ညနေမှာ အေးအေးလူလူ ရုံးကသူငယ်ချင်းတွေနဲ့ လမ်းလျှောက်နေတုန်း ဗျောက်အိုးသံအနီးကပ်ကြားလို့  လန့် ပြီးအော်မိတော့ အပျိုကြီးတွေများ ဒီအသံလေးလောက်ကို ကြောက်တယ်ပေါ့လေ။ ဒါဆို အကြောက်ပြေ ယောကျာင်္းမြန်မြန်ယူတဲ့။ ဘယ်လိုဘဲစဉ်းစားစဉ်းစား ဘာမှလဲမဆိုင်ဘူး။

စိတ်လေတယ်နော်။စိတ်လေတယ်။

5 comments:

စန္ဒကူး said...

ဟိဟီး.. အဲဒီအကြောင်းပြောရရင်တော့ သားအဖနှစ်ယောက်နဲ့မြင်းလေး ပုံပြင်သတိရတယ်.. ဘယ်လိုနေနေအပြောမလွတ်ပါဘူး.. အပျိုဆိုလဲ အပျိုမို့..ယူတော့မယ်ဆိုလဲ ယူမယ့်သူကဘာညာ.. ယူပီးသားဆိုလဲ သူ့ယောက်ျားကဘယ်လို ဘယ်ဝှာ...ကလေးရှိလဲ သူ့ကလေးရုပ်ကဘယ်လို..ဘာညာနဲ့..မပီးပါဘူး. ကိုယ့်ဘာသာကိုယ်သာပျော်အောင်နေပါတော့.. သူများပြောတာဂရုစိုက်နေရင် နေစရာမရှိတော့ပါဘူးလေ..
း) လူတွေကတော့ အတင်းတွန်းအားပေးတတ်သလို၊ အားပေးသလို.. နှမြောသလို၊ အကြံပေးသလို ပြောကြတာဘဲ..တကယ်တမ်းကိုယ့်ဘ၀ကိုယ်သာရင်ဆိုင်ရမှာဆိုတော့.. nevermind..း))

Anonymous said...

ဟဟဟဟဟဟဟ
ဟဟဟဟဟ
ဟဟဟဟ
ဝါးကားကားကား
ဒါကတော့ ဒီလိုပဲ ပြောခံရမှာပေါ့ .. တကယ်လည်း ဟုတ်နေတာပဲကို .. အဟေးဟေး ။။

နေဒေး။

မိုးစက်အိမ် said...

ယင်ကောင် နင်သီတင်းကျွတ်တာကို ရမယ်မရှာနဲ.နော်
နင်ဘာကိုဆိုလည်းဆိုတာ နာသိတယ် မပူနဲ. နာဌက်ပျော
တုံးပို.ပေးလိုက်မယ် ဟဲ ဟဲ

ကိုတိုးလေး said...

အင်းသီတင်းတော့တစ်နှစ်ကျွတ်ပြန်ပြီနော် ဘယ်တော့လည်းတော့မသိဘူးနော်။ဟိဟိ အဆင်ပြေပါစေနော်။

Anonymous said...

သီတင်းတခါကျွတ်တိုင်း အမိမြေကို လွမ်းမိပါတယ်ဗျာ... အမမြေကို လွမ်းမိသလို သူများတွေ မင်္ဂလာဆောင်တာ မြင်ရင်လဲ အားကျမိတယ်ဗျာ.... ဟင့်...။