ယိုးဒယား မုန့် ဟင်းခါးစားရအောင်

05:23 Posted by ကျောပိုးအိတ်

ချစ်ဆုံးသူငယ်ချင်း ဒေးဒေးက ဗိုက်ဆာတယ်လာလာအော်နေတာနဲ့  သူ့ ကိုလဲကျွေးရင်း ကိုယ်တိုင်လဲ ငတ်ရင်း အဲလေ ကိုယ်တိုင်လဲစားရင်း ကျန်တဲ့သူငယ်ချင်းတွေလဲ ၀ါသနာပါရင် မုန့် ဟင်းခါးစားရအောင် ဖိတ်လိုက်ပါ တယ်။


မြန်မာမုန့် ဟင်းခါးလောက်တော့ မကြိုက်ဘူး။ ကျွန်မကဘဲ မြန်မာဆိုတဲ့ အစွဲရှိနေလို့ လားတော့ မသိဘူး ငါးပိလေးပါမှ စားချင်တာ။ ပြီးတော့ မုန့် ဟင်းခါးကို မုန့် ဖတ်နဲ့ မစားချင်ဘူး။ ညှပ်ခေါက်ဆွဲနဲ့  စားချင်တယ်။ အကြော်စုံမပါရင်တောင် အီကြာကွေးလေးပါမှ စားချင်တာ။


ဒါပေမယ့် ရောမရောက် ရောမလိုကျင့်ရတော့မှာပေါ့။ ညှပ်ခေါက်ဆွဲနဲ့  စားချင်ပေမယ့် ဒီမှာ ညှပ်ခေါက်ဆွဲ မရှိဘူး။ အရမ်းလဲမငြီးရဲပါဘူး။ ကိုယ့်ထက် မြန်မာနိုင်ငံနဲ့ ပိုဝေးတဲ့ သူတွေရှိနေလို့ ။ သူတို့ ဆို ကျွန်မထက် ပိုလွမ်းမှာဘဲနော်။ မြန်မာအစားအစာတွေကို။






ဒါကတော့ မုန့် ဖတ်။ ချစ်စရာလေးနော်။ ကျွန်မ မုန့် ဖတ် ၃ပန်းကန်စားလိုက်တယ်။ အစားကြီးတာ ဟုတ်ပါဘူး။ သူထည့်ထားတာ နည်းနည်းလေး။

း)


ဒါကတော့ငှက်ပျောပင်ဖတ်ပါတဲ့ ဟင်းရည်က တစ်ခွက်။


ဒါကတော့ ငါးများများနဲ့  (ငါးပိနည်းနည်းပါတယ်)က ဟင်းရည်တစ်ခွက်။



ဒါကတော့ အုန်းနို့ နဲ့  မြေပဲဆံနဲ့  အတော်ချိုတဲ့ ဟင်းရည်က တစ်ခွက်။



ဒါကတော့ ၀က်သွေးရယ်၊၀က်နံရိုးရယ်၊ ခရမ်းချဉ်သီးရယ်ပါတဲ့ ခပ်ကျဲကျဲဟင်းရည်က တစ်ခွက်ပါ။



မုန့် ဟင်းခါးဟင်းရည် လာပါပြီရှင်။ ဟင်းရည်က တစ်ခါချရင် ၄မျိုးချပါတယ်။ အုန်းနို့ နဲ့  မြေပဲဆံနဲ့  အတော်ချိုတဲ့ ဟင်းရည်က တစ်ခွက်။ ငါးများများနဲ့  (ငါးပိနည်းနည်းပါတယ်)က ဟင်းရည်တစ်ခွက်။ ငှက်ပျောပင်ဖတ်ပါတဲ့ (ကျန်တဲ့ဟင်းရည်ခွက်တွေမှာ ငှက်ပျောပင်ဖတ်မပါဘူး) ဟင်းရည်က တစ်ခွက်။ ၀က်သွေးရယ်၊၀က်နံရိုးရယ်၊ ခရမ်းချဉ်သီးရယ်ပါတဲ့ ခပ်ကျဲကျဲဟင်းရည်က တစ်ခွက်ပါ။





ဒါလေးက သပလာနံ ဟင်းရွက်အစုံပါ။ အကုန်ထည့်စားနော်။ သြော် ဘာတွေပါလဲဆိုတော့ ပဲပင်ပေါက်နဲ့ 

မုန့် ညှင်းဖြူ ရေနွေးဖျော ၊ ကြက်သွန်ဖြူဆီကျက်(ဆီစစ်ထားတဲ့ ကြက်သွန်ဖြူအဖတ်လေးတွေ၊ ကြက်ဟင်းခါးသီး ပဲသီး၊ ပင်စိမ်းရွက်၊ ပဲသီး၊ သခွားသီး၊ ငှက်ပျောဖူး၊ကြံမဆိုင်။



အားလုံးစားပြီးရင် ကြက်ကြော်နော်။


8 comments:

Vista said...

ကြက်ဟင်းခါးသီးလည်းပါတယ်နော် ဟိဟိ

rose of sharon said...

ကိုယ်သာဆိုရင် ငှက်ပျောပင်ဖတ် ပါတဲ့ဟင်းရည်နဲ့ဘဲစားမှာ

နေဒေးသစ် said...

ဟီးဟီး .. ရှဲ့ရှဲ့ မီးမီး
စားကောင်း သောက်ကောင်း ...
ကြက်ကြော်ရော မုန့်ဟင်းခါးရောကောင်း ..
ငါလည်းချက်စားဦးမယ် ..

စကားမစပ် ဝါတွေလည်း ကျွတ်ကုန်ကြပြီနော် ..
ဟင်းဟင်း ..
ဒီလောက်ဆို သိပါ ..
စီဒိုးနားမှာ ရေခဲမုန့် စားချင်တယ် ..
ဘယ်တော့လဲ ဆိုတာ အမြန် အကြောင်းပြန်ပါ ..

ဒေးဒေး။

Anonymous said...

အညာ မုန့်ဟင်းခါးကျနေတာပဲ အညာမှာ မုန့်ဟင်းခါးကို ကြက်သားနဲ့ ချက်တာဗျ..

မဆုမွန် said...

နာနတ်သီးရယ် မျှစ်ရယ် ခရမ်းကြွပ်သီးရယ် ငါးသေတ္တာငါးခြောက်ရယ် ပဲသီးတောင့်ရယ်နဲ့ ရောချက်ထားတဲ့ ယိုးဒယားမုန့်ဟင်းခါးအစပ်ကို တော်တော်ကြိုက်တယ် သူတို့က မုန့်ဟင်းခါးစားတာ ပဲစောင်းခါးသီးတွေရော ခရမ်းကြွပ်သီးတွေရော ပင်စိမ်းရွက်တွေရော သပြေချဉ်တွေရော ပဲပင်ပေါက်နဲ့သခွားသီးပိုးတီချဉ်လေးတွေရော မုန်ညင်းချဉ်တွေရော ထည့်စားကြတယ် ရှိရှိသမျ အရွက်တွေ အကုန်ထည့်သလောက် ထူးခြားတာ တစ်ခုက နံနံပင် လုံးဝ ထည့်မစားဘူး မြောက်ပိုင်းဝက်နံရိုးမုန့်ဟင်းခါးကလွဲရင် ရယ်ရတယ်နော်

Anonymous said...

ချစ်ဆုံးအိတ်လေး
နေကောင်းရဲ့လား
အဟင့် မုန့် ဟင်းခါးလေး
ကြိုက်မှကြိုက် သိလား
အကုန်စားသွားတယ်နော်

ချစ်တဲ့
ချစ်ဆုံးမြူးလေး

မိုးစက်အိမ် said...

ယင်ကောင် ငါကြိုက်တာကို ရွေးစားတယ် ... :(
ငါကျတော. လာမခေါ်ဘူး စိတ်ပုတ် ယင်ကောင် :P

မေလေး said...

စားချင်လိုက်ထှာ