ငှက်ကလေးနဲ့ စကားပြောခြင်း

06:38 Posted by ကျောပိုးအိတ်

တစ်နေ့ မှာပေါ့ ကျွန်မ ပန်းခြံထဲမှာ ထိုင်နေတုန်း ကျွန်မနားကို ငှက်ကလေးတစ်ကောင်လာနားတယ်။ ဆွတ်ဆွတ်ဖြူနေတဲ့ ငှက်ကလေးက ကျွန်မကို မော့ကြည့်လိုက် အစာစားလိုက်နဲ့ အလုပ်ရှုပ်နေတယ်။ ကျွန်မလဲ ဘာရယ်မဟုတ် ငှက်ကလေးအစာစားတာ ကြည့်နေမိတယ်။ ငှက်ကလေးက အစာဝလို့ လားမသိဘူး။ ကျွန်မကို စကားလာပြောတယ်။

မိန်းကလေးငယ် …… တို့ စကားပြောလို့ ရမလားတဲ့။
ငှက်ကလေးက ဒီလိုကမ်းလှမ်းလာတော့

ကျွန်မကလဲ ပြုံးရွှင်စွာနဲ့ ရပါတယ် ငှက်ကလေးရယ်……….. တို့ လဲပျင်းနေတာနဲ့ ။ ခုတော့ အဖော်ရပြီပေါ့လို့  ကျွန်မက ပြန်ပြောချိန်မှာ ငှက်ကလေးက ကျွန်မရဲ့  လက်ပေါ်မှာ လာနားတယ်။

ငှက်ကလေးက မေးခွန်း (၃)ခု မေးချင်တယ်။ မင်းဖြေနိုင်မလားတဲ့။ ကျွန်မကလဲ ဖြေနိုင်တဲ့ မေးခွန်းသာဆို ကြိုးစားဖြေပါ့မယ်လို့ ပြန်ပြောခဲ့တယ်။

ပထမဆုံးမေးခွန်းကို ငှက်ကလေးက မေးတယ်။
မိန်းကလေးငယ် မင်းမှာ ချစ်သူတွေအများကြီးရှိလားတဲ့။

ကျွန်မကသေချာပြန်ဖြေလိုက်တယ်။
ကျွန်မမှာ ချစ်သူအများကြီးမရှိပါဘူး။
ဒါပေမယ့် ရှိတဲ့တစ်ယောက်ကိုတော့ အများကြီးချစ်တယ်လို့ ။

ဒုတိယမေးခွန်းအနေနဲ့  ငှက်ကလေးက
တကယ်လို့ မင်းချစ်သူ မင်းကို မချစ်တော့ဘူးဆို ဘာလုပ်မလဲတဲ့။

ကျွန်မကပြုံးပြီးပြန်ဖြေခဲ့တယ်။
သူ မချစ်တော့ပေမယ့် ကျွန်မသူ့ ကိုချစ်တာ သူသိသွားရင်ကျေနပ်ပါတယ်လို့ ။

နောက်ဆုံးမေးခွန်းအနေနဲ့  ငှက်ကလေးက
တကယ်လို့ မင်းချစ်သူက မင်းကို လက်ထပ်ပါရစေလို့ ပြောလာရင် မင်းဘာလုပ်မလဲတဲ့။

ကျွန်မကလဲ ပြုံးပြီးပြန်ဖြေခဲ့တယ်။
သူ့ ကိုစချစ်ကတည်းက လက်ထပ်ဘို့ အထိရည်ရွယ်ပြီးချစ်လာခဲ့တော့ သူသာအဲဒိလို ကမ်းလှမ်းခဲ့မယ်ဆို အရမ်းကို ပျော်မိမှာပါ။ သူ ကျွန်မနဲ့ အိမ်ထောင်ပြုလိုက်ရလို့  ဘယ်တော့မှ နောင်တမရအောင် တစ်ဘ၀လုံး ပေးဆပ်ပြီးချစ်သွားမှာ။ သူ မကျန်းမာသည်ဖြစ်စေ၊ သူကျန်းမာသည်ဖြစ်စေ တစ်သက်လုံးအေးတူပူအမျှ နေသွားပေါ့လို့  ရိုးသားစွာနဲ့  ပြန်ဖြေခဲ့တယ်။

;P

7 comments:

Vista said...

ပရိုပိုစ်လုပ်နေသလိုပဲ တနည်းတလမ်းနဲ့ ဟိဟိ

မိုးစက်အိမ် said...

ဟုတ်ပ Vista ပြောသလိုဖြစ်နေပြီ . . . ယင်ကောင်ကတော့
နင်ကတော့ နာဒေါ်မြလေးလိုဘဲ ပြောလိုက်တော့မယ်
ပြောကိုမပြောချင်တော့ ဘူး :D

စန္ဒကူး said...

ပရိုပိုစ့် လုပ်တာကိုသွယ်ဝိုက်တဲ့နည်းနဲ့ အဖြေပေး နေတာများလား.. ဟိ

ကျောပိုးအိတ် said...

မဟုတ်ပါဘူး ကူးကူးရယ်။ စိတ်ကူးတည့်ရာ အရူးထ ထားတာပါ။

ဗစ်စတာရော မိုးစက်ရော အမြင်ရှင်းနော်။

ahphyulay said...

ရိုးရိုးလေးနဲ့ ဆန်းချင်နေပါလားဗျ။
အင်းလေ...မိန်းခလေး အများစုက ချစ်တာနဲ့  အိမ်ထောင်
ြ ပြုကြတာကို တစ်ထပ်ထဲ ပဲဖြစ်ချင်ကြတာပါ။
တစ်ထပ်ထဲဖြစ်နိုင်ခဲပေမဲ့  ညားပြီးမှ ချစ်သွားကြတာလဲ ရှိနေ
ကြပါတယ်လို့ ။
တကယ်အောင့် မေ့ ပြီး ညီမလုပ်သူကို ဆရာလုပ်နေတာလေ။
ဟဲ..ဟဲ........

သီဟသစ် said...

ဟာဟ

ဒီကောင်မလေးတော့ မရိုးတော့ဘူး
:)

စတာပါကွယ်။ ဒီလို ရိုမန်တစ်လေးတွေ ဖတ်ရတော့လည်း ကောင်းသား

ရွှင်လန်းချမ်းမြေ့ပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

မငုံ said...

ကောင်းလှချည်းလား။။ အတွေးလေး လှတယ်။