စားမယ်ဝါးမယ် ;P

16:43 Posted by ကျောပိုးအိတ်


စားစရာတွေ စားစရာတွေ



အုန်းနို့ ဟင်းရည်။



ဒါက မျှစ်တာလပေါ့။ဝက်ခြေထောက်နဲ့ ချက်ထားတာ။ စားဘူးသမျှထဲမှာ အကောင်းဆုံးပါ။



ကြက်သား။

ဝက်သား။


ရွာအ၀င်လမ်းလေး။



မွေးနေ့ ရှင်သားသား။



မွေးနေ့ ရှင်သားသားနဲ့ သူ့ မေမေ။



စားမယ်စားမယ်။


ရွာအ၀င်လမ်းက ရေတံခွန်မှာ။

ဒီနေ့  ရုံးက ညီမလေးတစ်ယောက်က သူ့ သားလေးမွေးနေ့ တဲ့။ ညီမလေးဆိုပေမယ့် ကျွန်မထက်တော့ ၀ါရင့်နေတယ်။သူ့ ရဲ့ ကလေး လေးက ၁နှစ်ပြည့်ရှိသွားပြီ။ ကျွန်မတို့ များ ဟွန်းးးးးးးးးးးးးးးးး။



ကျွန်မတို့ အားလုံး ၉း၀၀နာရီမှာ ဆုံဘို့ ချိန်းလိုက်တယ်။ မြန်မာတွေဆိုတော့လဲ ချိန်းတိုင်းအတိအကျ ရောက်တယ်လေ။ ကျွန်မမှာဟိုလူ့ စောင့်ရ ဒီလူမျှော်ရနဲ့  ၁၀း၁၅မှ လူစုံတော့တယ်။



ကားလမ်းတစ်လျှောက် တောင်ယာစိုက်ခင်းတွေ၊ ညီညာဖြောင့်တန်းပြီးချိုင့်ခွက်ကင်းနေတဲ့ လမ်းတွေ။ အဲဒိရွာကိုသွားတဲ့ လမ်းဘေးမှာလဲ ရေတံခွန်တွေအများသား။ နောက်တော့ ရေတံခွန်မှာ ခဏနားပြီးမှ ဆက်လက်ချီတတ်လာခဲ့တယ်။



မွေးနေ့ ရှင်ရဲ့ ရွာကိုရောက်တော့ ပျော်စရာအတိ။ ကလေးလေးကလဲ ပီတိချစ်စရာ။ ဖြူဖွေးနေတာဘဲ။ လူကြီးတွေကလဲ ဧည့်ဝတ်ကျေတယ်။ စားစရာတွေကလဲ တစ်ပုံတစ်ပင်။



စားစရာက များလွန်းတော့ ဘာစားရမှန်းမသိဘူး။ ထမင်းအရင်စားမလား။ အုန်းနို့ ခေါက်ဆွဲ အရင်စားမလားတဲ့။ တော်တော်စဉ်းစားလိုက်ရတယ်။ ထမင်းကြတော့လဲ ဟင်းတွေက စုံမှစုံ။ ခေါက်ဆွဲကြတော့လဲ လက်မလွှတ်ချင်။

း)



ဒါပေမယ့် အကုန်စားခဲ့တယ်သိလား။


12 comments:

Anonymous said...

ချစ်ဆုံးအိတ်လေးရေ...

တကယ်ပဲချစ်စရာလေးဟယ်
အိတ်ကလေးကိုပြေားတာနော်
သားသားလေးရေားချစ်စရာနော်
မွေးနေ့ ရှင်လေးထာဝရပျော်ရွှင်ပါစေရှင်

အိတ်လေးကလေ အရမ်းပဲးးးးးးးးးးးးးးးးးးးးးးးးးးး
ချစ်စရာလေး ချစ်တယ်သိလား

ချစ်တဲ့
မြူးလေး

လင်းကြယ်ဖြူ said...

စားထားစားထား
စားနိုင်မှ အားရှိမယ်...
နောက်တစ်ခါ အလှုရှိလည်းလက်တို့ဦးနော..း )
ပျော်ပါစေ

ကိုတိုးလေး said...

စားထားစားထား
စားနိုင်မှာအားရှိတာတဲ့နော်။
အင်းတွေ့အုံးမှာပါ အမရေ ကိုတိုးလေးတို့နဲ့
လာလည်မှာအဝလိုက်ကျွေးခိုင်းမယ် ဟိဟိ
အခုကတည်းကပြောထားတာ ကိုတိုးလေးကိုတွေ့ရင်ထွက်ပေးနေအောင်လို့လေ။

rose of sharon said...

ဓာတ်ပုံထဲကကျောပိုးအိတ်က အမိုက်စားချစ်စရာလေးဘဲ... တာလပေါနဲ့ဝက်ခြေထောက်ကို အရမ်းကြိုက်တယ်...

မိုးသောက်ယံ said...

တာလပေါနဲ့ ၀က်ခြေထောက် စားချင်လိုက်တာ မစားဖူးလို့ :( တော်သေးတာပေါ့ စာအဆုံးထိ ဖတ်ပီးတော့မှ သက်ပြင်းချလိုက်ရတယ် .. မစားများ မစားဖူးလားလို့ :)

မိုးစက်အိမ် said...

အပေါ်ကနေ တောက်လျောက် သရေယိုလာတာ
အောက်က နောက်ဆုံး ပုံလည်း မြင်ရော အစား
အသောက် ပျက်သွားတယ်ဗျာ :D :P
အားပေး ခင်မင်လျက် ...

ဇော် said...

ဒေါ်လေးပိုးက ချောတယ်နော်။ =)

ahphyulay said...

မတွေ့ တာသိပ်ကြာသွားပြီဗျို့ ..။
တွေ့ မဲ့ တွေ့ တော့ လဲ ကရင်မုန့် ဟင်းခါးတဲ့ ။
တစ်ခါမှမစားဘူးဘူးဗျ။ ကြည့် ရတာကောင်းမဲ့ ပုံပဲ။
စားချင်လာပြီဗျို့ ....။

မိုးကောင်းသူ said...

အကုန်စားမယ် ၀ါးမယ်လုပ်သွားတယ်။ :D ကျောကျောလေးက ၂ ယောက် လာလာစားနေလို့ အစ်မက
တစ်ယောက်စာတော့ အိမ်ယူသွားတယ်နော့်။

Anonymous said...

သိပါတယ် ညည်း အစားကြီးမှန်း လူတွေသိအောင် ကြေငြာမနေနဲ့ တော်ကြာညည်းကို အီသီရိုးပီးယား ကလာတယ် ထင်နေဦးမယ် ဟဟ
ဟေးဟေး ရန်မစရတာကြာလို့

သီဟသစ် said...

ကျောပိုးအိတ်လေးရေ

သားငယ်လေးကို happy birthday လို့ပြောပေးပါ
အစားအသောက်တွေက ဖွယ်ဖွယ်ရာရာတွေပဲနော်

နေရာကရော ဘယ်မှာပါလိမ့်

ခင်မင်စွာဖြင့်
သီဟသစ်

Anonymous said...

အားတိုင်း..စားနေတာပဲလား။ကြည့်လဲလုပ်ဦးနော် စည်ပိုင်ူးဖြစ်နေမယ် သူများတွေကျ ကလေးနဲ့ ဘာနဲ့ အားကျရင်လဲ ကိုယ်တိုင်က အစားလျော့မှပေါ့