ကျောပိုးအိတ်ရဲ့ ညစာ

18:28 Posted by ကျောပိုးအိတ်


မျှစ်ချဉ်နဲ့ ဝက်နံရိုး



ငါးဖယ်ငါးဆုပ် (ငါးအကောင်းမစားနိုင်တော့ ငါးဆုပ်ဘဲစားနေရတယ်)



ငါးသေတာကြော်




စားချင်စရာ ထမင်းပွဲ



မစားဘူး မစားဘူး ၀မယ်လို့ …………………….. ကြွေးကြော်ထားပေမယ့် လက်တွေ့ မှာတော့ စားတာ တားမနိုင် ဆီးမရဘဲ။ စားတော့မယ်ဆို ကိုယ့်ကို ပြန်ဖြေသိမ့်တယ်။ စားသာစား အစားလဲဆေး ဆေးလဲအစာ ဆိုပြီးတော့။

အဟိ



ခုလဲ ညစာစားရင် ၀တယ်ဆိုတာ သိနေပေမယ့် စားဖြစ်တယ်။




13 comments:

နေဒေးသစ် said...

ဟဲဟဲ .. :D
လောင်းတိုင်း နိုးစီး .. မအိတ်ကြီး
နေကောင်းလား :)
ညနေစာလာစားတာ ..
လက်ရာကောင်းလေးတွေ မစားဖြစ်တာကြာလို့ ညနေစာတော့ ဒီအိမ်မှာပဲ အမုန်းဆွဲ ဗုံးကျဲခဲ့ပီ ..
တစ်ခုလောက် မေးကြည့်ချင်လို့ ..
ခုလို ဟင်းကောင်းဟင်းလျာတွေ အစပ်အဟပ်တည့်အောင် ဘယ်ကတည်းကများ ဆည်းပူးလေ့လာသင်ကြားခဲ့သလဲလို့ ..
တပည့် ခံချင်လို့ပါ ..
သင်တန်းသားသစ်ပါ ..
သင်တန်းတက်ချင်လို့ပါ ခင်ဂျ ..
အဟတ် :D

နေဒေးသစ်။

မေဇင် said...

ညစာ စားရင် ၀ တယ်ဆိုလို့ နောင့် လဲ မစားပဲ နေချင်ပေမယ့် ... မနေနိုင်... ဟင်း..ဘာဟင်းမှ မပါဘူး ဆီဆမ်းစားရင်တောင် စားကောင်းမယ့် အနေအထားဆိုတော့ ဒီလို ၀က်နံရိုး နဲ့ မျှစ်ချဉ် ဆိုရင်တော့... လာထားပဲ... ဟိဟိ...။

ကိုနေဒေး ကြီးတော့ မတွေ့တာကြာ...။ သွားလို့လဲ မရ နဲ့

ဂျာမုန်းဒန် said...

ဟေ့....
ကျောပိုးအိတ်လေးရဲ့ညစာကိုလာစားတယ်။
ရှယ်ပဲကွာ။

subuueain said...

စားသာစား။ ဝမှလှတာပေါ့။ :D

မိုးစက်အိမ် said...

ယင်ကောင်တောင် ရေကူးတတ်တော.မယ် ထင်တယ် :P

လင်းကြယ်ဖြူ said...

နေမကောင်းပြီးခါစ ..ဗိုက်ဆာနေတာနော်..
ခေါ်ဖိတ်ကျွေးလို့ကတော့ အကုန်ပြောင်သွားမယ်..
တော်တော်ကောင်းမယ့်ပုံတွေပဲ ဟ...
ပျော်ပါစေ ဘော်ဒါရေ

Anonymous said...

စီးတောင်လောင်းတိုင်း..အဲလေဟုတ်ပါဘူး longtimenosee ဟဲဟဲ မစားလဲဝမှာဘဲ စားလဲဝမှာဘဲ မမfat fat ထထ dance နော်
ဟေးဟေး ရန်မစရတာအတော်ကြာတော့ တော်တော်တောင်ပျင်းနေပြီ :P

မိုးကောင်းသူ said...

မျှစ်ချဉ်နဲ့နံရိုးချက်လေး စားချင်သား။ ငါးဖယ်ငါးဆုပ်က ဒီမှာ ဈေးကြီးတယ်နော့် ညီမလေးရေ။

ဇော် said...

အားပါး
ကောင်းချက်ကယ်... အပီသုတ်သွားတယ်။ ရတယ်ဟုတ် မမပိုး။ ဟဲ။ =]

rose of sharon said...

ဟုတ်သားဘဲ... အစားလဲဆေး ဆေးလဲအစာ... ဟားဟား

သီဟသစ် said...

ဟင်း အစားတွေနဲ့ နှိပ်စက်ပြီ
:D

ကိုတိုးလေး said...

ဟင်း အစားတွေနဲ့ပဲ နှိပ်စက်နေတာ နောက်ကျရင် တွေ့ပါအုံးမယ် အဲ့ကျမှာ လာစားပြစ်အုံးမယ်။

Anonymous said...

ငါးသေတာကြော် ဆိုတာဘာလဲဟင် ငါးသေမှကြော်လို့လား.. မသေခင်ကြော်ရင် ငါးရှင်တာကြော်ပေါ့ ဒီလိုလား