လမင်းနဲ့ ပင်လယ်

19:27 Posted by ကျောပိုးအိတ်

ကိုယ်က ကောင်းကင်ပြာပြာကြီးအောက်မှာ တည်ငြိမ်စွာနဲ့ လဲလျှောင်းလို့ ။ တစ်ခါတစ်ရံ မဟူရာ ကောင်းကင် ကြီးအောက်မှာ ငြိမ်သက်စွာနဲ့ နေခဲ့တယ်။ ပူလွန်းတဲ့ နွေနေ့ တွေဆို လူတော်တော်များများက ကိုယ့် ရင်ခွင်မှာ လာပြီ ခုံလုံကြတယ်။ ပျော်ပါး ကြတယ်။ ကိုယ်ကသူတို့ တွေပျော်ပါးနိုင်ဘို့ အတွက် လှိုင်းလုံးလေး တွေ ဖန်တီး ပေးရတယ်။ တစ်ချို့ ရေလုပ် သားတွေဆို ကိုယ့်ရင်ခွင်နက်ထဲက သားငါးပေါင်းစုံတို့ ကို ၀မ်းစာအတွက် ရှာဖွေ သွားကြတယ်။

ကိုယ့်ကိုတော်တော်များများက ဝေဖန်ကြတယ်။ တစ်ချို့ က ကိုယ်ကို ငြင်သာတယ်တဲ့။ ငြင်သာတဲ့အချိန်မှာ ကိုယ်က လေပြေ လေညှင်းလေးတွေ တိုက်ခက်ပေးတယ်။ ကောင်းကင်ပြာပြာအောက်မှာ တည်ငြိမ်တဲ့ အလှ တစ်မျိုးနဲ့ တင့်တယ်တယ်လို့ ပြော ကြတယ်။ အဲဒိချိန်ဆို ကိုယ့်ဘေးမှာ လူတော်တော်များများရှိနေကြတယ်။

တစ်ချို့ ကြတော့လဲ ကိုယ်က ဒေါသကြီးတယ်တဲ့။ ကိုယ်ဒေါသကြီးတဲ့အချိန်ဆို အရမ်းကြောက်စရာ ကောင်းတာ ဘဲတဲ့။ အဲဒိချိန်ဆို ကိုယ့်မျက်နှာက နီရဲပြီး တစ်ဖြည်းဖြည်းမှောင်လာတယ်တဲ့။ ကြမ်းတမ်းတဲ့ လှိုင်းလုံးတွေကို တစ်လုံးပြီး တစ်လုံး ထုတ်လာတယ်။ ခက်ထန်တဲ့ လေတွေကို ကိုယ့်ဆီကနေ လွင့်လာအောင် လုပ်ပေးတယ်တဲ့။ အဲဒိချိန်ဆို ကိုယ်တစ်ယောက်ထဲ ဒေါသကြီးနေလိုက်တာ။ကိုယ့်ဘေးမှာ ဘယ်သူမှမရှိဘူး။

ကိုယ်က လူတွေချစ်အောင် နေတတ်သလို လူတွေမုန်းအောင်လဲလုပ်တတ်တဲ့ ပင်လယ်ကြီးပေါ့။

တစ်နေ့  ကိုယ်ဟာ မဟူရောင် ကောင်းကင်ကြီးကြီးအောက်မှာ ငြိမ်သက်စွာနဲ့  လောကကို အလှဆင်နေခဲ့တယ်။ ကိုယ်ရင်ခွင်မှာ ငွေလှိုင်းဖြူဖြူလေးတွေက ခုန်ကာပေါက်ကာ မြူးထူးနေတယ်။ အဲဒိလို ကိုယ်ငြိမ်နေတဲ့ အချိန်မှာ လှပပြီးတိုးငြင်းလွန်းတဲ့ခြေသံ တစ်စုံကို ကိုယ်ကြားမိလိုက်တယ်။ ဘယ်လောက်များဆွဲဆောင်တဲ့ ခြေသံပါလိမ့်။ ကိုယ့်ရင်ခွင်က လှိုင်းလေးတွေတောင် အဲဒိ ခြေသံနောက် ကောက်ကောက်ပါသွားရလောက်တဲ့အထိ ဖြစ်သွား တယ်။

နောက်တော့ ကိုယ်အဲဒိခြေသံလေးကို မက်မောလာတယ်။ အဲဒိခြေသံပိုင်ရှင်လေးလာမယ့် ရက်လေးတွေကို မဟူရာကောင်းကင် ကြီးအောက်မှာ ရင်ခုန်စွာနဲ့ မျှော်နေတတ်တယ်။ ကိုယ်ဟာ အမှောင်ညတွေကို မျှော်လင့် တတ်လာတယ်။ အဲလိုကိုယ့် ရင်ခွင်ကို လှိုင်းထန်အောင် လုပ်တဲ့ တရားခံလေးက လမင်းလေးပေါ့။

လမင်းလေးမရှိတဲ့နေ့ တွေမှာ ပင်လယ်ဟာ လမင်းများကြားလေမလားဆိုပြီး ဆူညံပြီးခေါ်တတ်ပေမယ့် လမင်း ကတော့ မကြား ခဲ့ဘူး။ လာမလိုလိုနဲ့ ပုံရိပ်ယောင်တွေ ထားရစ်ခဲ့တယ်။ ကိုယ့်ကိုမုန်းလို့ ရှောင်ဖယ်နေတာလား လမင်းလေးရယ်။

ငွေရောင်လမင်းလေးရေ မင်းက ကိုယ့်အဝေးကို တစ်ခါတစ်ရံထွက်ခွာသွားပေမယ့် ကိုယ်ကတော့ မင်းလာလေ မလားလို့ ညစဉ် ညတိုင်း မဟူရာကောင်းကင်ကြီးကို မော့မော့ကြည့်နေရတာ အမောပါဘဲ။ ကိုယ့်ရဲ့ အဖြစ်တွေကို ကိုယ့်ရဲ့ သခင် ငွေလမင်းလေး သိမှသိပါလေစ။

ကိုယ့်ရင်မှာတော့ လမင်းကိုလွမ်းတဲ့စိတ်နဲ့  ရင်ခွင်တစ်ခုလုံး ဒဏ်ရာတွေနဲ့  ပြည့်နှပ်လို့ နေခဲ့ပါပြီ။ ကိုယ်က ဟန်မဆောင်တတ် ဘူး။ ကိုယ်ဆူညံစွာနဲ့ ပေါက်ကွဲခဲ့တယ်။ ကိုယ့်မျက်ရည်တွေ အများကြီးရွာသွန်းခဲ့တယ်။ ဟုတ်တယ်။ ကိုယ်က ဒေါသကြီးတယ်။ ကိုယ်ချစ်တဲ့လမင်းလေးမလာတဲ့အတွက် ကိုယ်ဒေါသကြီးရပြီ။ ဒါပေမယ့် လမင်းလေးကတော့ လာနေကျရက်တွေရဲ့ ညချမ်းလေး မှာ လောကကို အေးမြတဲ့အလင်းရောင်တွေပေးနေခဲ့ တယ်။

တကယ်တော့လေ လမင်းနဲ့ ကိုယ်နဲ့ က ဘယ်လိုမှ တွေ့ ဆုံဘို့ ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေမှာ ဘာလို့ တွေ့  ခဲ့ကြတာလဲ။ ကြမ်းတမ်းနဲ့ ကိုယ်နဲ့  အေးမြတဲ့လမင်းလေးက ဘယ်တော့မှဆုံနိုင်တော့မှာ မဟုတ်ပါဘူး။

;P

ခုတလော နားထောင်ဖြစ်တဲ့ ဝိုင်းဝိုင်းရဲ့ လမင်းနဲ့ ပင်လယ်သီချင်းကို ကိုယ့်သဘောနဲ့ ကိုယ် သရုပ်ဖော်ထားတာ။
မူရင်း သီချင်းရေးဆရာသိရင်တော့ ကျွန်မကို လာသတ်မလားဘဲ။ ကျွန်မလုပ်တာနဲ့ သီချင်းရေးဆရာရဲ့ စာသား တွေ ပျက်စီးကုန်ပြီ။
အဟိ

6 comments:

ကိုရင်နော်ခင်လေးငယ် said...

ပိုးပိုးရေ...
ခံစားရေးဖွဲပုံလှလှလေးပါလားနော်..

အဲ့ဒီ ပင်လယ်ကြီးရဲ့ ရင်ခွင် အတွင်းနက်နက်မှာ လမင်းလေးက အရိပ်အဖြစ် အိပ်စက်နေတတ်သေးတာနော်..
အရိပ်ကလေးက အစစ်မှ မဟုတ်တာ..

လမင်းစစ်စစ်ရေ..
အဲဒီပင်လယ်ပြင်ကျယ်ကြီးထဲကို “ပလုံ” ကနဲ မြည်အောင် ခုန်ချလိုက်တော့..

ပင်လယ်ကြီးက ကြင်နာစွာ ထွေးပွေ့ထားပါလိမ့်မယ်..

း)

ချစ်ခင်စွာဖြင့်..

မိုးစက်အိမ် said...

ထင်တယ် ငါ ထင်တယ် ဒါ ၀ိုင်းဝိုင်း သီချင်းပါလို.
အပေါ်ကတော.ခံစားလာတာ အမယ် ဒီကောင်မလေး
မဆိုးဘူးပေါ. မောင်လှမျိုး နီးနီး ကောင်းတယ်ထင်တာ
ဘယ်နှယ် အောက်ဆုံးကျမှ ငါထင်တဲ. အတိုင်း
ဝိုင်းဝိုင်း ဖြစ်နေတာကိုး နင်သွားတာဘဲ :P

လင်းကြယ်ဖြူ said...

လမင်း အလွမ်းလေး လာခံစားသွားပါတယ်..
လမင်းနဲ့ ပင်လယ် ...
မြင်သာမြင် မကြင်နိုင်ကြပါလား....

ပျော်ပါစေခင်ဗျာ

စန္ဒကူး said...

စဖတ်လိုက်တာနဲ့ ၀ိုင်းဝိုင်းသီချင်းကို တန်းမြင်ပြီး ကြားယောင်မိတယ်..
ရေးထားတာ ထိတယ်.. အဓိပယ်ဖွင့်ဆိုတာလဲ ကွက်တိလို့ထင်တာပါပဲ...း)

rose of sharon said...

သီချင်းအရသာမပျက်ပါဘူး... ဒီလောက်အရေးအသားကောင်းတာကို

Anonymous said...

သူရေးတာမျးလားလို့ ချီးကျွေး အဲလေ ချီးကြူးမလို့ဟာ အင်ထုတယ်..။ ဘာဖြစ်ဖြစ် ဟင်းပုံတွေထက်စာရင်တော့ ဖတ်ရတာ အရသာရှိတယ်...။