ကော်ဖီနဲ့ ပုရစ်ကြော်

07:52 Posted by ကျောပိုးအိတ်


ပုရစ်ကြော်


ပရီမီယာကော်ဖီပူပူလေး

ကော်ဖီနဲ့ ပုရစ်ကြော်



ကျွန်မခုတလော တော်တော်လေးကို အလုပ်ရှုပ်နေပါတယ်။ အပိုလုပ်တွေလား အလုပ်ပိုတွေလား သိတော့ ဘူးရယ်။ ကျွန်မတို့ စီမံကိန်းက နောက်ထပ် ကျန်းမာရေးဝန်ဆောင်မှုအသစ်တွေ ထပ်တိုးလာလို့  ရုံးမှာတင် အချိန်ကုန်နေတယ်။ ကျွန်မရာထူးလဲ တိုးလာတာလား လျှော့သွားတာလား ဘာမှန်းကိုမသိလောက်အောင် အလုပ်တွေပိနေတယ်။


ကျွန်မဘလော့ကိုလဲပစ်ထားတာ ကြာလှပေါ့။ အိမ်လေးက မိုးတွင်းဆိုတော့ မှိုတောင်တတ်နေပြီ။ ပင့်ကူအိမ် ကြွက်သိုက်တွေပါ ရောက်နေပြီလားမသိဘူး။ ကျန်တဲ့ အိမ်တွေလိုက်လည်ခဲ့ပေမယ့် ခြေရာတောင် မထားခဲ့ မိပြန်ဘူး။ အွန်လိုင်းလဲမရောက်။ ပြန်လာတာနဲ့ ရေမိုးချိုးပြီး တန်းအိပ်လိုက်တယ်။


စားတာတွေလဲ စားရတာ အရသာကမရှိ။ ဘာစားလို့ စားချင်နေမှန်းလဲမသိ။ နောက်တော့ ဘာရယ်ဟုတ်ဘူး။ ရုံးက ညီမလေး တစ်ယောက်က ကျွန်မကို ပုရစ်ကြော်ယူလာပေးတယ်။ ပုရစ်ကြော်ကို တော်တော်များများ ကြိုက်ကြသလို တော်တော်များများလဲ ကြောက်ကြတယ်။ ကြိုက်တဲ့သူကြတော့လဲ အရသာက စိမ့်နေတာ။ ကြောက်တဲ့သူကြတော့လဲ အရသာခံဘို့ နေနေသာသာ ပါးစပ်ထဲတောင် မထည့်ရဲဘူး။


ဒါပေမယ့် ကျွန်မကတော့ ကြိုက်တယ်။ ခုပုရစ်ကြော်လေးက စားကောင်းတယ်။ ၀ယ်လာတာမဟုတ်ဘူး။ အိမ်မှာ သေချာကြော်လာတာတဲ့။ ရုံးကညီမလေးက ကျွန်မကို သေသေချာချာ ရှင်းပြတယ်။ ကျွန်မက ရွံတတ်လို့ ။မေမေကလဲပြောပါတယ်။ စေ့စေ့တွေး ဘာမှတောင်စားစရာမရှိတော့ဘူးတဲ့။ အဲဒိတော့ စားချင်လာရင် စေ့စေ့ မတွေးနဲ့ တဲ့။


ပုရစ်ကြော်လေးမှာ ဂျင်းလဲပါတယ်။ ကြက်သွန်ဖြူလဲပါတယ်။ ပြီးတော့ ဘာအရွက်တွေလဲမသိဘူးပါတယ်။ ကျွန်မလဲ ဘာစားရမှန်း မသိတဲ့အချိန်မှာ ပုရစ်ကြော်လေးစားလိုက်ရတော့ တော်တော်လေးကို အရသာရှိ သွားတယ်။


တကယ်တော့ အအေးလေးနဲ့  ပုရစ်ကြော်လေးနဲ့ တွဲသောက်ရမှာ။ ဒါမယ့် မိုးအေးနေတာကြောင့် ကော်ဖီနဲ့ ဘဲ တွဲသောက်ဖြစ်ခဲ့တယ်။ ကော်ဖီထဲမှာဆို ကျွန်မက ပရီမီယာကော်ဖီကို ကြိုက်တယ်။ ကော်ဖီတစ်ခွက်သာ သောက်ရမယ်ဆိုရင် တစ်နေ့ လုံးနေလို့ ထိုင်လို့ ကောင်းနေရောဘဲ။


ခုလဲ ကော်ဖီပူပူလေးနဲ့ ပုရစ်ကြော် ကောင်းကောင်းလေးနဲ့  ဧည့်ခံလိုက်တယ်နော်။ အဲ ပုရစ်ကြော် မကြိုက်တဲ့သူတွေကိုတော့ နောက်မှ သက်သက် တစ်ခုခုလုပ်ကျွေးမယ်။




8 comments:

မိုးကောင်းသူ said...

ပုရစ်ကြော် လာစားသွားတယ်။ ဒီကော်ဖီတော့ ကြိုက်မှကြိုက်ပဲ။

Anonymous said...

ပရော်ကျစ်တော့ ငယ်ငယ်က စားတယ်ဗျ။ ကိုယ်တိုင်လိုက်ပရစ်ဖမ်းတော့မှပဲ ရွံပြီး မစားတော့တာ.. .။ ကော်ဖီတော့ သောက်သွားတယ်။

subuueain said...

ပုရစ်ကြော်တော့အရမ်းကြိုက်တယ်။

မိုးစက်အိမ် said...

ကျောပိုးအိတ်ဖြစ်ပါ.မလားဟ ကော်ဖီနဲ.ပုရစ်ကြော်
ကဗျာမဆန်ဘူးဟာ :D နင်က ကော်ဖီတစ်ခွက်
သောက်ရရင်ကျေနပ်တယ်ဆိုတော. နောက်ကျ
မကျော ယူတဲ.လူကိုလာဖွအုံးမယ် ဟိဟိ...

Unknown said...

ညီိမလေးရေ ကော်ဖီဆိုတာနဲ့ မနေနိုင်ဘူး ၀င်လာသောက်သွားတယ်။ ဟားးး ကောင်းမကောင်း

မေဇင် said...

ဟားးးးးးးးးးးးး ဆိုးတယ် ဆိုးတယ်... နောင့် ပုရစ်ကြော် အရမ်း တအား နဲ့ကိုကြိုက်တာ....။ သိလား... ဟင့် ခု စားချင်သွားပြီ.... ဘီလိုလုပ်မလဲ....။ ဒီမှာ မရဘူးကွယ်... ရှာတာပဲ... ။ လတ်လတ်ဆက်ဆက် မရဘူး... ဘယ်တုန်းက ကြော်ထားတယ် မသိတဲ့ အထုတ်လေး တွေပဲ တွေ့တယ်....း)) ရွာ ပြန်စားမယ်.။

သီဟသစ် said...

ပုရစ်ကြော်ကို ရေနွေးကြမ်းလေးနဲ့သောက်လိုက်ရရင် ...

လင်းကြယ်ဖြူ said...

အားပါး.ပုရစ်ကြော်
တော်တော်စားလို့ကောင်းတယ်..
Premier လေးနဲ့ဆိုတော့ ပို မိုက်သားတာပေါ့လေ...
ရန်ကုန်မှာတုန်းကတော့ အမြဲစားဖြစ်တယ်
ခုတော...မြင်သာမြင် ..မကြင်နိုင်တဲ့ ဘ၀ပါ....း )
ပျော်ပါစေခင်ဗျာ