စားမယ်ဝါးမယ် ;P

15:32 Posted by ကျောပိုးအိတ်


ပုဇွန်ဟင်းပါ။ ငရုတ်သီးနဲ့ ချက်ထားတာ။ပင်စိမ်းကတော့ နောက်မှအုပ်လိုက်တယ်။အနံ့ မွှေးအောင်။

း)



အစိမ်းကြော်။ ဒီတစ်ခါတော့ ဂေါ်ဖီထုတ်နည်းတယ်။ တော်တော်စုံတယ်။

း)



ကင်ပွန်ချဉ်ရွက်ဟင်းချို။ ကျွန်မအရမ်းကြိုက်တယ်။

း)



သစ်တိုသီးငါးပိချက်။ငါးခြောက်လဲပါသေးတယ်နော်။

း)



ကဲ….. စားလို့ ရပါပြီရှင်။ အားမနာနဲ့ နော်။ ကျန်သေးတယ်။

း)



ဒီနေ့ ကထုံးစံအတိုင်း ရုံးပိတ်တော့ ဖွယ်ဖွယ်ရာရာချက်စားဖြစ်တယ်။ ရုံးဖွင့်ရက်ကျတော့ သေချာမချက်ဖြစ်ဘူး။

ဒီလိုရုံးပိတ်မှ စားချင်တာစားရတော့တယ်။





11 comments:

Anonymous said...

စားချင်သောက်ချင်စိတ် ကုန်နေတာ ဒီလိုဖွယ်ဖွယ်ရာရာလေး ကျွေးမွေးဧည့်ခံတဲ့သူ ရှိတော့ ပျော်လိုက်တာ ....
အရမ်းစားလို့ ကောင်းတယ် .. တကယ်ပဲ
မစားဖူးတာတွေ မပါပေမယ့် ကိုယ့်လက်ရာထက် သူများချက်ထားတဲ့ လက်ရာကို စားရတာ ပိုပြီး အရသာ ရှိတယ် ထင်မိတယ် ...
အရမ်းကောင်းတယ် မီးငယ်ရေ ...
တော်တယ် ....
ဒီနေ့ ဘာချက်ရမှန်း မသိဘူး ဖြစ်နေတာ ...
နင်ချက်ပြတဲ့ အတိုင်းလေး ချက်စားလိုက်ဦးမယ်

ဒေးဒေး။

သုခုမလေဒီ said...

အိမ်မှာစားမကောင်းတိုင်း ဒီမှာလာသရေကျလို့ ရပြီ။း)
အလည်လာတယ်နော် ။ ကြည့်ပြီးပြန်ပြီ ဘိုင်။
စီဗုံးမရှိလို့ ... ဒီကပဲအော်ရတယ်။ :P

မြူးလေး said...

အိတ်လေး

နေမကောင်းတော့ ဘာမှမစားချင်ဘူး
ဘယ်မှမသွားချင်ဘူး
အိတ်လေးကိုသတိရလို့လာလည်တာနော်
သစ်တိုသီးငပိကျက်လေးစားချင်တယ်
လာပို့ပေးနော်အိတ်လေး
နေကောင်းအောင်ဆုတောင်းပေးတာကျေးဇူးနော်


ချစ်တဲ့
မြူးလေး

မဟာဆန် said...

အတို့..အတို့..တို့စရာလေးတွေ စားချင်လိုက်တာ
ရုံးပိတ်ရက်မှာ ဟင်းတွေ များကြီးချက်စားတယ်ပေါ့
တို့တော့ ပျင်းလွန်းလို့ readymade တွေပဲ စားနေတယ်
သြော်..နောက်ပြီးတော့..မမရဲ့ပို့စ်မှာ မန့်လို့ရတယ် ညီမရေ..
ညီမ စီဘောက်ထဲမှာ ”သမီး မန့်တာ မရဘူးတော့” လို့ ပြောလိုက်ပုံလေးကို ချစ်လွန်းလို့လေ။ ကလေးလေး လာပြောနေသလို ကြားနေမိတာ။ ကိုမင်းညိုကတောင် “ဟ..ကလေးလေးကွ”ဆိုပြီး ”ရပါတယ်ကွဲ့ (အသံသြသြကြီးဖြင့်)” ဆိုပြီး ညီမကို စလိုက်သေးတယ်။

PAUK said...

စားချင်စရာ..

လုလု said...

ညီမလေးရေ့ 
ဟိုရက်က နေမကောင်းဘူးပြောလို့ စိတ်ပူမိခဲ့သေးတယ်။ အခုတော့ ဟင်းတွေ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စားသောက်နေပြီဆိုတော့ နာလန်ထလေး ဖြစ်နေပြီထင်တယ်နော်။ မမလည်း အတူလာစားမယ်နော်။

ကိုတိုးလေး said...

အမရေ ဒီမှာလာပြီးသရေကျသွားတယ်နော်။ ကိုယ်တိုင်ချက်မစားတတ်တော့လေ။ သူများချက်ထားတာတွေကိုပဲ သရေကျသွားတော့တယ်နော်။
အဆင်ပြေပါစေနော်

Yu Ya said...

ကျောပိုးအိတ်လေးရေ... စာချင်သောက်ချင်စိတ်တွေကို ပိုမို ရှင်သန်ကြီးထွားစေနေပါလား..
ကျွန်တော်ဆီကို လည်းလာလည်ဖို့ ဖိတ်ခေါ်ပါတယ်။
www.yuya2007.blogspot.com

ကျေးဇူးတင်စွာဖြင့်
yu ya

ဂျစ် said...

ကင်ပွန်ချဉ်ရွက်ဟင်းချို ကြိုက်လို့
အ၀သောက်သွားတယ်....ဗျို့

ခင်မင်သောအားဖြင့်
ဂျစ်

Anonymous said...

စားသောက်ဆိုင်သာ ဖွင့်စားတော့ဟာ ဘာမှလုပ်စားမနေနဲ့တော့

မိုးကောင်းသူ said...

တစ်ယောက်တည်းကုန်လို့လား။ မကုန်ရင်ပြောနော်။