ချစ်သူတမ်းခြင်း

17:31 Posted by ကျောပိုးအိတ်

ငါမမေ့သေးပါဘူးကွယ်
ဘ၀မှာ
ဆုံးရှုံးမှုတွေများလာတော့လဲ
ငါ့မှာ
အရှုံးတွေနဲ့ ကျင့်သားရလာခဲ့ပါပြီ

နင့်ကိုအရမ်းချစ်ခဲ့မိတာ
ငါအသေအချာမှတ်မိနေဦးမှာပါ
နင်ကဘဲစကျောခိုင်းကျောခိုင်း
ငါကဘဲစကျောခိုင်းကျောခိုင်း
တစ်ဘ၀စာငါလွမ်းနေမှာပါ

ငါတစ်ယောက်ထဲ
ရင်ဘက်ထဲကအကြင်နာတွေ
ခြွေခြွေပြနေလို့ လဲအပိုပါဘဲ
ငါ့ဘက်ကတရားဝင်
ကြေညာပိုင်ခွင့်မှမရှိတာ

ရာဇ၀င်မှာတော့
အထီးကျန်နေခဲ့ရတဲ့
သမိုင်းတွေထင်ကျန်နေဦးမှာပါ

ငါမမေ့သေးပါဘူးဟာ
နင်ကသာအချိန်နာရီတွေစားသုံးရင်း
ငါ့ကိုမေ့ချင်မေ့နေမှာ

ဒီကဗျာလေးက ဘယ်သူရေးထားတာလဲမသိပါဘူး။ ကျွန်မမှာလဲ မသိတာတွေကအများသား။
မနေ့ ကကျွန်မစာအုပ်စင်ရှင်းတယ်။ ၂၀၀၆ ဒိုင်ယာရီစာအုပ်ထဲကနေထွက်လာတာ။ လက်ရေးနဲ့ ရေးထားတာ။
ခုတော့ ကဗျာလေးကိုသေချာဖတ်ကြည့်တော့ ကောင်းတာနဲ့ ပြန်မျှဝေပေးလိုက်ပါတယ်နော်။
နောက်ထက်တစ်ပုဒ်ရှိသေးတယ်။ နောက်မှနော်။ အဲဒါလဲသိဘူးရယ်။ ဘယ်သူရေးမှန်း။
း)
မူရင်းရေးသားသူသိရင်လဲ ကျေးဇူးပြုပြီး ကြောညာပေးပါနော်။

3 comments:

Anonymous said...

မူရင်းရေးသားသူလား မူရင်းရေးသူက ငါ လေ .. ဟဟဟ .. စတာ .. ငါလား ..ကဗျာဆို အစဖော်ပေးရင်တောင် အဆုံးရောက်အောင် မရေးတတ်ဘူး ... ကဗျာကောင်းလေးပဲ .. ဒီအချိန်မှာ ဒီကဗျာလေးကို မျှဝေတယ်ဆိုတော့ စိတ်ထဲမှာလည်း ဖော်မပြရဲတဲ့ အစိုင်အခဲ တစ်ခုခုများရှိနေမလား ... မသိတော့ပါဘူးလေ ... :D

Anonymous said...

ညီးကလည်း ငါရေးတာလေ ဒါတောင် သိဘူးလေအေ့ တော်ပြီ စိတ်ဆိုးသွားပြီ ဟဲဟဲ :P
သိပါတယ် ဒီလောက်ကောင်းနေမှာတော့ ညည်းရေးတာမဟုတ်ဘူးဆိုတာ သိလိုက်တယ်လေ အောက်လည်းရောက်ရော ကွက်တိဘဲ :D
အဆင်ပြေတယ်ဟုတ်

ကျောပိုးအိတ် said...

ဒေဒေးရေ ဘာအစိုင်အခဲမှရှိဘူးရယ်
မျှဝေပေးတာလေ
း)