ပြုတင်းပေါက် နှင့် မှန်

21:43 Posted by ကျောပိုးအိတ်

ဆောင်ရွက်မှု တစ်ခုခု အောင်မြင်သွားတဲ့အခါမှာ အဲဒါဘယ်သူ့ ကြောင့်လဲ ။ မင်းသိချင်ရင် ပြုတင်းပေါက်ကနေ ကြည့်လိုက်ပါ။ တခြားလူတွေကို မင်းမြင်ရမယ်။ တခြားလူတွေကြောင့် မင်းဟာအောင်မြင်ခဲ့တာပါ။

အရေးကြီးတဲ့ အရာတစ်ခုခု ဆုံးရှုံးပျက်ဆီးသွားတဲ့အခါ အဲဒါဘယ်သူကြောင့်လဲ။ မင်းသိချင်ရင် ကြည့်မှန်တစ်ချပ်ကို ကြည့်လိုက်ပါ။ မှန်ထဲမှာ မြင်ရမှာက မင်းကိုမင်းပါဘဲ။ မင်းကြောင့် ပျက်စီးသွားခဲ့တာပါတဲ့။

မူရင်း စာရေးဆရာမကြီး ဂျူးရဲ့ ( သူမင်းကို ဘယ်တော့မှ ) ဆိုတဲ့ စာအုပ်မှ ကူးယူဖော်ပြထားပါတယ်။

4 comments:

Anonymous said...

အင်း အတိုင်းအတာ တစ်ခုထိတော့ လက်ခံလို့ ရပါတယ် ... ဒါပေမယ့် ပျက်စီးမှုတိုင်းဟာ ကိုယ့်ကြောင့်ချည်းပဲ လို့ တစ်ထစ်ချ ယုံကြည်လိုက်မယ်ဆိုရင်တော့ အဲလူဟာ မိမိကိုယ်ကိုယ်အပြစ်မြင်တတ်လာသူ ... ပျက်စီးဆုံးရှုံးတွေ မကြာတခဏ ကြုံရတဲ့ အခါ ကိုယ့်ကိုယ်ကိုယ် မကျေနပ်နိုင်သူ တစ်ယောက် ဖြစ်လာတတ်ပါတယ် ... ဒါဟာ မှန်ကန်လွန်းတဲ့ အတွေးအခေါ်တစ်ခုတော့ မဟုတ်ပါဘူး ... ပျက်စီးဆုံးရှုံးမှုတိုင်းဟာ ကိုယ့်ကြောင့်လည်း ပါသလို ကိုယ့်ပတ်ဝန်းကျင် ကိုယ့်ကိုယ် မနာလိုသူ တစ်ချို့ရဲ့ ပယောဂကြောင့် ဖြစ်သွားတတ်တာမျိုးလည်း ရှိတတ်ပါတယ် .. တစ်ခြားလူတွေကြောင့် မင်းအောင်မြင်ခဲ့တယ် ဆိုတဲ့ စကားကိုတော့ ၈၀ % ထောက်ခံပါတယ် .. ဆရာမဂျူးက စကားလုံးလှအောင် သုံးနှုန်းခဲ့တယ် ထင်ပါတယ် .. ချွင်းချက်တွေတော့ ရှိနေတာပေါ့လေ .... ကျေးဇူးပါ ...

မဆုမွန် said...

မှန်ကို ကြည့်ဖြစ်လိုက်တယ်...ပြူုတင်းပေါက်ကို ကြည့်တော့ .. နေရယ် လရယ် တွေ့ရတယ်

မြူး said...

ဟေ့ ...လာဖတ်တယ်နော်
မှန်ကြည့်ပြီးတော့အပြစ်တွေ
ရှာကြည့်အုံးမယ်
ခက်တာကကို့ ကိုယ်ကိုအပြစ်
ရှိတယ်လို့မထင်တတ်တာပါ ဟိဟိဟီးးးးးးးး

Anonymous said...

အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ ဘယ်တော့မှ သူများ အားမကိုးဘူး......
ကိုယ့်အားလဲ ကိုယ်မကိုးဘူး ..ဟီး ဒါဆိုဘာလုပ်လဲမေး.. တုံးတိုက်တိုက် ကျားကိုက်ကိုက် ကိုယ်လုပ်ချင်တာ ဇါတ်လုပ်လိုက်တာပဲဗျ