စားမယ်ဝါးမယ် ;P

22:35 Posted by ကျောပိုးအိတ်


စားနော်။ စားစား ။ အစားများသွားရင်လဲ အေးဆေးနော် ။ ဘေးမှာ အစာကျေဆေးပါချထားပေးမယ်။

း)



ဒီတစ်ခါတော့ ထမင်းပါလာပါပြီရှင်။



ငါးပိကြော် ၊ တို့ စရာ နဲ့  ငါးပိရည်


ငါးပိကြော် နဲ့ တို့ စရာ


ဝက်သားနဲ့ ကန်စွန်းရွက်နဲ့ ကြော်ထားတာ။ မီးအားနည်းလို့ ထင်တယ်နော်။ ကန်စွန်းရွက်တွေမဲသွားတယ်။

အမြင်သာဆိုးတာနော် ။ အရသာရှိမှရှိ ။

အဟဲး)



ပုဇွန်နဲ့ ခရမ်းသီးချဉ်ဟင်းပါ ။ ချက်လိုက်တာ ဘာမှားသွားလဲမသိဘူ ။ တကယ်ကိုအရသာရှိပါတယ်။

း)


ငါးဖယ်ငါးဆုတ်ပါ ။ ရှမ်းနံနံအုပ်ထားတယ် ။ ရှုကြည့် မွှေးတယ်နော် ။ ရှမ်းနံနံရွက်အနံ့  ။


ဘာရေးရမှန်းမသိလို့ ဆားချက် အဲလေ ထမင်းချက်ကျွေးလိုက်တယ်နော်။

ဟောတော့ ရေ …………. သောက်ရေချထားပေးမိဘူး။

အယ်……………ပြီးတော့ စားပွဲဘဲပါတယ်။ ထိုင်ခုံလဲပါဘူး။

မတ်တပ်ဘဲစားသွားတော့နော်။ အဟီးးးးးးးးးးးးးးးးး

ဇွန်းလဲပါဘူးရယ်။ မြန်မာဆန်ဆန် လက်နဲ့ ဘဲစားတော့နော်

း)




7 comments:

Anonymous said...

ငါခုထိ ညစာ စားရသေးဘူး .. ကျေးဇူးပဲ လာခေါ်ခေါ်ချင်းလိုက်လာတာ ... ချက်တတ်လိုက်တာ .... ကန်ဇွန်းရွက်ကြော်တော့ အရုပ်ဆိုးတယ်ကွယ် ... ဘယ်လိုများ ကြော်လိုက်သလဲ ... မှန်မှန်ပြောစမ်း .. :D
ဒါပေမယ့် စားလို့တော့ တကယ်ကောင်းတာ ပြောလို့ ပြောတာ မဟုတ်ဘူး ... အစာကြေဆေးတောင် နင့်ဆီမှာ မလောက်လို့ ကိုယ့်ဘာသာ နောက်တစ်ဘူးဝယ်စားရတယ် .. အဟ ..ငါကတော့ တို့စရာ ငါးပိရည်နဲ့ ငါးဖယ်ငါးဆုပ် တော်တော်ကြိုက်တယ် ချဉ်ရည်ဟင်းလည်း ကောင်းတာပဲ ငါးပိကြော်ကတော့ အကြိုက်ဆုံးပေါ့ .. အားလုံး ဂွတ်တယ် .. လိုက်ပွဲပေး .. ငယ်ခေါ်လာဆိုလို့ သူပါပါလာတယ်နော် .. သူက တစ်အိုးချက်မှ ဝတာ ... ဟဟ :D

မြူး said...

ဒီလိုလေးခေါ်ပါရစေရှင်
အိတ်လေးရေးးးးးးးးး
လှလားဟင် နာမည်မေးပါတယ်
ခေါ်ကျွေးအပြင်မှာနော်
မြူးလဲချက်ချင်တော့ဖူရယ်လေ
ခေါ်ကျွေးနော်
ဒါနဲပမေးရအုံးမယ်
ကိုဒေးးးးးးးးးးးးးးးးးးးကြီးကပို့စ်ရေးနေတာလားဟင်
အရှည်ကြီးရေးနိုင်တယ်သိလား
တ့ာတာ
ခင်တဲ့

ကိုတိုးလေး said...

အင်းသူများတွေချက်ထားတာတွေ့လို့ ဝင်စားသွားတယ်နော်။ ကန်စွန်းရွက်က မည်းသာနေတာ အရသာတော့ရှိသားနော်.............. အပြင်မှာဆိုရင်လည်းအဲ့လိုခေါ်ကျွေးအုံးနော် စိတ်ဆိုးဘူးသိလား...................။



ခင်မင်စွာဖြင့်


ကိုတိုးလေး

Nyimuyar's Thet Htar said...

ဟင်းတွေ တွေ့ လို့ မြူးဆီကနေ လိုက်လာလည်သွားတယ်နော် ငါးဖယ်ဟင်းကြိုက်တယ် တို့စရာရောပဲ

Thet Htar

မိုးကောင်းသူ said...

ညီမလေး မြူးဆီကနေတဆင့် လာစားပါတယ်။ အတို့အားလို့စားသွားတယ်နော်။ ကျန်တာလဲ စားတယ်။

မိုးကောင်းသူ said...

လင့်ထားလိုက်မယ်နော်။ ခွင့်ပြုပါ။

သားကြီး said...

ငါးပိကြော်နဲ့တို့စရာမြင်တော့
တယ်လည်းဟန်မဆောင်နိုင်ဘူး
လက်တောင်မဆေးတော့ဘဲမတ်တတ်
ဝါးသွားတယ် :P